Author: Ka K

အဥ္စနလီညှင်း(လေး၀တီFM) ၁၂ ၊ဇန်န၀ါရီ ၊၂၀၂၅ မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်ကြီးဗျူဟာကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းက စပြီး ဂုတ်ကြီးကျေးရွာ၊ လင်းတဲ ကျေးရွာနဲ့ စွန်တက်ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “တိုက်ပွဲဖြစ်နေတာမနေ့ညကပင် အခုလည်းဖြစ်နေတယ်၊ ဂုတ်ကြီးနဲ့ အဲ့အနီးအနားက ရွာတွေ ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာကြဲနေတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦး က ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ မကွေးတိုင်းနဲ့ ရခိုင်ရိုးမ အစပ်က တိုက်ပွဲတွေမှာ PRA(မကွေး) ၊အရှိုချင်းကာကွယ်ရေးတပ်(ACDF) စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ ဂုတ်ကြီးမှာက အဓိက ဗျူဟာစခန်းကုန်းကြီးရှိတယ် ။ အမြှောက်တပ်အထိုင်ချထားတယ်။ ရဲစခန်းတွေ လည်းရှိတယ် ပဒါန်းမြို့က လာရင် အမ်းရိုးမကို မတက်ခင် လမ်းပိုင်းပေါ်က ရွာကြီးလည်းဖြစ်ပါတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီ ဂုတ်ကြီး အမြှောက်စခန်းမှာ စစ်ကောင်စီအင်အား ၂၀၀ ကျော်နဲ့ အထိုင်ချထားပြီး ငဖဲမြို့နယ်၊ ပဒါန်းဘက်ကို စစ်ကျွံ မလာအောင် ကာကင်းတွေလည်းအထပ်ထပ်ကာထားတယ်လို့ ဒေသ သတင်းရင်းမြစ် က ဆိုပါတယ်။ စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ ကို ပဒါန်းဘက်ကို အဝင်မခံဘဲ လမ်းပိုင်းတွေကိုလည်း ပိတ်ဆို့ထားတာဖြစ်ပါတယ်။ လေးဝတီ…

Read More

ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆင်စွယ်ဂမုန်း ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။ ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။ ၂။ ဆင်ဂမုန်း ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း…

Read More

တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရှိ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ ၃၂ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်န၀ါရီ ၁၁ရက်)တွင် ထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)ဗျူဟာ ၃၂ ‌စစ်ကြောင်းများဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၄အတွင်း ဖော်ဆောင်ခဲ့သော တိုက်ပွဲသတင်းများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပေါင်း (၈၈) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနှင့် ကာကင်းတပ်စခန်းငယ် (၁၁)ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ အကြိမ် (၁၀၀)ကျော်နှင့် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆,၃၇၄) ကြိမ်နှင့်အထက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၁၃ဦး သေဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု အတည်ပြုရရှိကြောင်း၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၉၀ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။ သို့သော် မြေပြင်အခြေအနေအရ အတည်ပြု၍မရသော အချက်အလက်များကိုချန်လှပ်ထားသည်ဟုလည်း အသိပေးသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း…

Read More

ဇန်နဝါရီ ၁၁ ရက် အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ထိုးစစ်မှာ ရွှေသောင်းယံမြို့အထိ ရောက်ရှိလာ၍ ချောင်းသာကမ်းခြေသွားသည့် ပုသိမ်-ချောင်းသာလမ်းကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ပိတ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ရွှေသောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့မှာ တစ်ဆက်တည်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာ သွားရသော ခရီးဖြစ်ကြောင်း အမည်မဖော်လိုသည့် ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။ “မကျီးဇင်က တိုက်ပွဲတွေဟာ ရွှေသောင်ယံမြို့အထိ ရောက်နေပြီ။ AA နဲ့ PDF တပ်ဖွဲ့တွေဟာ ရွှေသောင်ယံက ထွေ/အုပ်ရုံးနဲ့ ဆေးရုံကို ထိန်းချုပ်ထားတယ်လို့ သိရတယ်။ ဒါ့ကြောင့် ချောင်းသာက လူတွေလည်း တိမ်းရှောင်ဖို့ လုပ်နေကြပါတယ်။ ချောင်းသာနဲ့ ရွှေသောင်ယံက နီးနီးလေပဲဆိုတော့လေ။ ပြီးတော့ ပုသိမ်-ချောင်းသာ ကားလမ်းကိုလည်း ဒီလ ၁၃ ရက်နေ့ စပိတ်တော့မယ်လို့ စကစ ဘက်က သတင်းတွေထွက်နေတယ်။ လမ်းပိတ်ပြီး စစ်လက်နက်၊ လူအင်အား အများအပြားပို့မယ်လို့ သတင်းတွေထွက်နေတယ်။ အခြေအနေတွေက ဆက်လက် တင်းမာလာဖို့ပဲရှိပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ဂွမြို့သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဧရာဝတီ-ရခိုင်အစပ်ရှိ မကျီးဇင်ကျေးရွာက စစ်ကောင်စီ စခန်းများကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့သည်။ ယင်းမှတစ်ဆင့် ပူးပေါင်းတပ်ဖွဲ့မှာ ရွှေသောင်ယံမြို့အထိ ထိုးဖောက်ဝင်ရောက်ကာ မကျီးဇင်ကတပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွှေသောင်ယံကမ်းခြေ၌ ခုခံရင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ “စစ်ကောင်စီဟာ ပုသိမ်ကနေ အခု တိုက်ပွဲဖြစ်နေတဲ့ ရွှေသောင်ယံနဲ့ ငသိုင်းချောင်းမြို့ကတစ်ဆင့်…

Read More

ဇန်နဝါရီ ၁၁ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ တော်လှန်ရေးတပ်များက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ ရှိ စိုင်ကောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ရောက်ရှိလာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်တပ် လော်ဘီ ကျော်စိုးဦးက မိုင်တိုင်၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် မိုင်တိုင် ၂၆၂ အမြန်လမ်းက စိုင်ကောင်းရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ဖို့ လာကြတာပေါ့။ ကျနော်တို့ ဆင်းလာတဲ့ အချိန်မှာ ရွာသစ်ကျေးရွာအနီးမှာ စစ်ကားနဲ့ ထိပ်တိုက် တွေ့တဲ့ တိုက်ပွဲဖြစ်တယ်။ ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ…

Read More

စစ်ကောင်စီတပ်၏ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၁ ဦး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသများသို့ လက်နက်ချ ပူးပေါင်းလာကြောင်း စစ်ဒေသ ၂ ခု က ယနေ့ညတွင် ထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး ဇန်နဝါရီ ၇ ရက်က လက်နက်ချ ပူးပေါင်းလာကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ယနေ့ညတွင် ထုတ်ပြန်သည်။ ၎င်းတို့နှင့်အတူ (၈၁)မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါလှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ စစ်တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။ လက်နက်ချသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားကြောင်းကို ဖော်ပြထားသည်။ အလားတူ ဇန်နဝါရီ ၉ နှင့် ၁၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး လက်နက်အပါဖြင့် PDF တပ်ရင်းများထံ လက်နက်ချခဲ့ကြသည်ဟု NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီ ၉)တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား…

Read More

မြန်မာစစ်တပ်မှာ ရုရှားထုတ် Su-30 SME တိုက်လေယာဉ် ၆ စီး ထပ်ရောက်လာတယ်လို့ eurasiantimes သတင်းမှာ ဇန်နဝါရီ ၁၀ ရက် သောကြာနေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ၂၀၁၈ စာချုပ်အရ ရုရှားတိုက်လေယာဉ် ၆ စီးကို အကြွေးနဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ် ၂ စင်းက ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မိတ္ထီလာလေတပ်စခန်းကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီ Su-30 တိုက်လေယာဉ်တွေဟာ နယ်မြေစည်းရိုးလုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ အဓိကလေယာဉ်တွေအဖြစ် အသုံးပြုသွားမယ်လို့ ရုရှားကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Alexander Fomin အယ်လက်ဇန်းဒါး ဖိုမင်က ရုရှားသတင်းဌာန TASS ကို ပြောကြားပါတယ်။ Su-30SME တိုက်လေယာဉ်တွေ ကိုတော့ နေပြည်တော်လေတပ်စခန်းမှာ ထားရှိပြီး တနိုင်ငံလုံးအတွက် ဖြန့်ကျက်အသုံးပြုမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ လေကြောင်းစွမ်းရည် မြှင့်တင်နေပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တရက်တည်းမှာတင် ရုရှားထုတ် Mi-17 ရဟတ်ယာဉ် ၆ စီး၊ တရုတ်ထုတ် FTC-2000G တိုက်လေယာဉ် ၆ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနဲ့ Y-8 ထောက်ပံ့ရေးလေယာဉ် ၁ စီးတို့ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အခုရောက်ရှိလာတဲ့ Su-30SME တိုက်လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ်၊ လူနှစ်ယောက်ထိုင် Su-30 ရဲ့…

Read More

လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ People’s Spring ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။ လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People’s Spring ကို အသိပေးထားပါတယ်။ အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင်…

Read More

မင်းထက် မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်းကို အာရက္ခတပ်တော်( AA )နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(ဇန်နဝါရီ ၉ ရက်) ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ အဆိုအရသိရပြီး AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတဦးကပြောသည်။ “စစ်တပ်က အရင်ရက်တွေတည်းက တဖြည်းဖြည်းတပ်ဆုတ်နေတာ အခုတော့ ဗောမိအထိ တပ်အကုန်ဆုတ်သွားပြီ၊ သူတို့(စစ်ကောင်စီတပ်)ဘက်က အခြေအနေမကောင်းမှန်းသိလို့ ထွက်ပြေးနေတာတွေလည်းအများကြီးပဲ တပ်ပြေးတွေပေါ့”ဟု ၎င်းကဆိုသည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် မကျီးစင်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်က ဧရာဝတီတိုင်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဂွမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ဂွမြို့တဖက်ကမ်း မကျီးငူ၊ ရွှေရချိုင်၊ သင်ပေါင်းတော၊ ချမ်းသာ၊ တာလောင်ကြီး၊ တောင်ပေါက်၊ ကျောက်ချွန် ကျေးရွာတို့မှတဆင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းဝချိုင်ကျေးရွာအထိ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး အဆိုပါကျေးရွာသို့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ စစ်ကူအင်အား အများအပြားပို့ကာ ခံစစ်ပြင်ခဲ့သည်။ ဒီဇင်ဘာလကုန်ခန့်တွင် AA နှင့် ပူးပေါင်းတပ်တို့က ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ချောင်းဝချိုင်ကျေးရွာတွင်…

Read More

လွယ်လွန်းလို့ဆိုပြီး ဆေးနည်းကိုအထင်မသေးပါနဲ့ ( ဒုတိယအကြိမ် ) ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာအသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံလေးဘက်နာ၊လေဖြတ်လေငန်းရောဂါအစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်းတစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆိုသန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ(၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှအသုံးပြုသင့်ပါသည်။ {တစ်နည်း} အသည်းကင်ဆာ သမားများပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကိုဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ်ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။လေဖြတ်သူများ လိမ်းလည်းလိမ်းသောက်လည်းသောက်ပါ။ ဒူးနာ ခါးနာ ဇက်ကြောတက်ညောင်းညာကိုက်ခဲသူများ အခေါက်သွေးလိမ်းရုံနှင့်ပင် သက်သာပျောက်ကင်းပါသည်။

Read More