ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့ (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ နပခဌာနချုပ်ထဲသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊ အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း ဆင်းသက်သွားသည် ဟု သိရကြောင်း ပြောသည်။ “အခု နွံနစ်နေလို့ လုံခြုံရေးကားတွေ၊ ဘက်ဟိုး ၊ ဘူဒိုဇာတွေနဲ့သွားကြတယ်လို့ သိရပါတယ်” ဟု ထိုသူ က ဆိုသည်။ အမ်းမြို့နယ်ဘက်မှ ပျံသန်းလာသော Mi 17 ရဟတ်ယာဉ်တစ်စီး မွန်းလွဲ ၂ နာရီခန့်အချိန်က မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ပြီး ယခုအချိန်အထိရှိနေသေးကြောင်းသိရသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထိုဖြစ်ရပ်အကြောင်း ကြားသိထားသော်လည်း အသေးစိတ်စုံစမ်းဆဲဟု ဆိုသည်။ “အချိန်ရော နေရာရော စုံစမ်းနေပါတယ်။ အမ်းမြို့နယ်ထဲမှာ မဟုတ်ပါဘူး။ မကွေးတိုင်းဘက်ထဲမှာ ကျတယ်လို့…
Author: Ka K
Update News- မိထ္တီလာ၊ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိပြီး စစ်ကောင်စီကမူ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်၍ ဒရုန်းလွှတ်သောနေရာများကို လိုက်လံရှာဖွေနေဟု သတင်းထုတ်ပြန် ရန်ကုန်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ရှမ်းတဲလေတပ်စခန်း အပါအဝင် တပ်နေရာများကို ဒုံး၊ ဗုံးများဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နောက် ဆက်တွဲ သတင်းများအရ ရှမ်းတဲလေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့် အရာရှိနှင့်စစ်သည်တချို့ သေဆုံးဒဏ်ရာရရှိမှုတချို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။ “ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်လာရာတွင် မန္တလေးတိုင်း၊ ရှမ်းတဲလေတပ်သို့ လာရောက်တိုက်ခိုက်သော Fixed Wing Drone များ ပေါက်ကွဲပျက်စီးသွားကြောင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်နှင့်ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်သို့ Fixed Wing Drone များ တိုက် ခိုက်ရန် ပျံသန်းလာစဉ် လေထဲတွင် ၈စီးခန့် ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မိတ္ထီလာမြို့နယ်၊ရှမ်းတဲကျေးရွာမြောက်ဘက် ရှမ်းတဲလေတပ်ကို Fixed Wing Drone များဖြင့် တိုက်ခိုက်ရာ လေကြောင်းရန်…
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တပ်ရင်းများ၊ ကာကင်းစခန်းများ၊ ဗျူဟာကုန်းများ၊ သင်တန်းကျောင်း အများအပြား သိမ်းပိုက်ခံထားရကြောင်း၊ လက်နက်ချ အလင်းဝင်သူများလည်းရှိနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA ၏ လက်ထဲသို့ ကျရောက်မည့်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းက မည်သည့်အကြောင်းနှင့်မျှ၊ မည်သည့်နည်းနှင့်မှ နပခကို စွန့်ခွာခြင်းမပြုကြရန်၊ လုံး၀ လက်လွှတ်မခံကြရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လိုအပ်တဲ့စစ်ကူ၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ ရတဲ့နည်းနဲ့ ပေးပို့ဖို့၊ နပခဌာနချုပ်ကို လုံး၀(လုံး၀) အကျခံဖို့ မဖြစ်နိုင်ဘူး။ လက်လွှတ်မခံဖို့နဲ့ ဆုတ်ခွာခြင်းမပြုဖို့ ဒုတပ်ချုပ်က ညွှန်ကြားချက်ပေးပါတယ်။ နပခနဲ့သက်ဆိုင်တဲ့ ကစထမှူး ၃ ၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး စစ်တိုင်းဗျူဟာမှူးတွေ၊ လုံနယ်ဝန်ကြီးတွေပါ လမ်းညွှန်မှု ခံယူရပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ ယခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှာ ဒုတိယမြောက် တိုက်ခိုက်ခံရသော စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကာ ဆုံးရှုံးလက်လွှတ်ရမည့် အခြေအနေများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရှိရသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိကြီးများ ထိခိုက်ဒဏ်ရာရရှိမှုများ၊ စစ်အရာရှိများ သေဆုံးမှုများ မြင့်တက်လာနေသည့်အပြင် စစ်တိုင်းမှူး ဗိုလ်ချုပ်…
ဟာနာဆန်/People’s Spring စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်သားများဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း မြောင်နယ်အခြေစိုက် Civilians Defense Security Organization Myaung အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ နိုဝင်ဘာပထမပတ်အတွင်းကစတင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါရသူများအား ရေစကြိုမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ “ဝမ်းပျက်ဝမ်းလျှောကြောင့် ဗိုလ်မှူးတစ်ဦးသေတယ်။ ကျန်တဲ့ ရောဂါဖြစ်တာတွေတော့ များတယ်ပြောတယ်။ ဖြစ်တဲ့သူတွေကို ဟိုဘက်(ရေစကြိုဘက်)ပို့ပြီးတော့ ကောင်းတဲ့သူတွေနဲ့ လူပြန်ချိန်းလိုက်တယ်။”ဟု ကိုနွေဦးက ပြောသည်။ ကျောက်ရစ်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းတွင်းမှ အပြင်ထွက်လေ့မရှိဘဲ ဘန်ကာနှင့် ကတုပ်ကျင်းများအတွင်း၌သာ နေထိုင်ကြောင်း၊ထို့အပြင် မြစ်ရေဝင်ခြင်းနှင့် မိုးအဆက််မပြတ် ရွာသွန်းမှုတို့ကြောင့် ရေဝပ်ခဲ့၍ ရေမသန့်ရာမှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။ ထို့အပြင် မြောင်မြို့နယ်အတွင်း ကျေးရွာ ၃ရွာရှိ အခြေခံပညာကျောင်းများတွင်လည်း ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ တုပ်ကွေးမိဖျားနာခြင်းများ ဖြစ်ပွားနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ “ဆရာ၊ ဆရာမတွေပါ ဖြစ်နေကြတယ်။ မနက်ဖြန်ကို နောက်တစ်ကျောင်းသွားရမယ်။ ချက်ချင်းလုပ်မပေးရင် ကျောင်းက ပိတ်ရမယ့်အနေအထားမျိုး ရောက်လာတဲ့အတွက်ကြောင့် မနက်ဖြန်ကို ကျန်းမာရေးအဖွဲ့နဲ့ ချက်ချင်းသွားပေးရမယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။ ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ပြောကြားပြီး အရေအတွက်ကိုမူ ဖြေကြားခြင်းမရှိသေးပေ။ အဆိုပါ ကလေးငယ်များအား ကုသပေးရန် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။ ကာလဝမ်းရောဂါသည်…
ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း စစ်တပ်လော်ဘီချန်နယ်များက ဖော်ပြရေးသားထားသည်။ ယနေ့တွင် ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားသည်။ “ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်”ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ခေါ်ပြီးတော့ ကျနော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။ အသေးစိတ်တော့ ကျနော်ဘာမှ မသိဘူး။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော်နှုတ်ဆက်ပါတယ်” ဟု ငါးမင်းဆွေက ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ယာမှာနေထိုင်တဲ့ ဦးမင်းဆွေ(ခေါ်) ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငါးမင်းဆွေအမည် လူမှုကွက်ရက်တွင် “ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ”ဟု စစ်ဝတ်စုံဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ မျက်နှာနေရာတွင် ၎င်း၏ မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်၍ လူမှုကွန်ရက်တွင် တင်ခဲ့ကြောင်း၊ ထို့ပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့”…
ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်က အတည် ပြုသည်။ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် NLD အစိုးရ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သည့် Ever တံဆိပ် လျှပ်စစ်မီတာများကို ဝယ်ယူရန် ငြင်းပယ်ခဲ့မှုဖြင့် စစ်ဗိုလ်ချုပ်များ၏ အငြိုးထား ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရသည့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရသည့် မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာ ပိုင်များက လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၁၁ ရက်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်ပေးကြောင်း အမိန့်စာဖတ်နေချိန်တွင်လည်း NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်မှာ သတိမရှိတော့ဘဲ မေ့မျောနေချိန်လည်းဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးဆေးရုံကြီး၊ ICU တွင် ကျန်းမာရေးဆိုးရွားနေ၍ ဆေးကုသချိန်ရောက်မှသာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည်ဆိုသော အမိန့်စာကို…
ရန်ကုန်၊ နိုဝင်ဘာ ၉ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြော ဆိုသည်။ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။ “ပေါက်ကွဲသံတွေကြားရတာ။ အဲဒါ လေတပ်ထဲက မိတ်ဆွေကို လှမ်းမေးတော့ ရှော့တိုက်ဒုံးနဲ့လာပစ်တာလို့ပြောတယ်။ ဘာတွေ ထိလဲမေးတော့ မသိသေးဘူးဆိုပြီးပြောတယ်။ ဒီမနက်အထိတော့ အဆက်အသွယ်မရသေးဘူး။ အရင် ပေါက်ကွဲသံအကျယ်ကြီး ၂ ချက်။ နောက်ပေါက်ကွဲသံ ခပ်သေးသေး ၁ ချက် ကြားရတယ်” ဟု တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း မှော်ဘီလေ တပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည် ပြုပြောဆိုကြသည်။ အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ စောင့်နေသော အကြမ်းဖက်စစ် ကောင် စီတပ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။…
ဗီဒီယို ခရက်ဒစ်ပေးပါသည်။ ဆက်လက်ဖတ်ရှုရန်
အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက်ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။ “ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ(၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီးတွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦးစီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ “တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက ကျောက်ဖြူကို ရောက်နေတယ်။ သူလည်း အမ်းကျမှာသိလို့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေလုံခြုံရေး အကြောင်းပြပြီး ထွက်ပြေးတာ လို့သိရတယ်”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ AA၏ ၁၀၂၇ စစ်ဆင်ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေတို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကသောကြာ်နေ့ (နိုဝင်ဘာလ ၈ရက်) နံနက်တွင် ပြောသည်။ ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံတဦးကပြောသည်။ “စစ်ကောင်စီက…
ဒါကတော့လွန်ပြီ တရုတ်ရဲတွေပါ မြန်မာနိုင်ငံထဲ ဝင်ပြီးညီနောင် ၃ဖွဲကို နှိပ်ကွပ်ပြီ- ဆက်လက်ဖတ်ရှုရန်