Author: Ka K

နိုဝင်ဘာ ၅ – ၂ဝ၂၄ KKO(VOM) ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။ “ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့ အခုသိရသလောက်က‌တော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။ “သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက သူက SKD ကားတွေကိုလည်းနောက်ပေါက်ကနေထုတ်ခဲ့တာရှိတယ်။ ဒါကကားလောကမှာဖြစ်ခဲ့တာ‌ပေါ့၊အခုဟာက EV ကားကိစ္စလို့‌ တော့သိရတယ်။EV ကားကိစ္စမှာသူတော်တော်လေးအကျိုးအမြတ်ရလိုက်တယ်လို့လည်းအကိုတို့ကြားတယ်။သူက EV ကိုဘယ်လိုဝယ်ရမလဲ၊ဘယ်လိုဈေးကစားရမလဲ ၊ဘယ်အသိုင်းအဝိုင်းတွေကိုရောင်းချရ မလဲဆိုတာကိုလည်းသူကသိတယ်။EV ကားဈေးကစားတယ်ဆိုတာကလည်းသိရသလောက်သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလောက်မှာ သူကဒါကို‌ဈေးကစားပြီးလုပ်သွား တဲ့အနေအထားပေါ့။ အဲ့ဒါကိုတချို့လုပ်ငန်းရှင်တွေကသူ့ကိုမျက်စောင်းထိုးတဲ့အနေအထားလည်းရှိတယ်။ပြောရရင် SKD တို့ EV တို့ဆိုတာက ပြည်တွင်းမှာလူသိပ်မကြိုက်တဲ့အမျိုးအစားတွေပေါ့၊ ဒါကိုသူကဈေးကွက်မှာဈေးကစားပြီးရ‌အောင်ရောင်းသွားတာပေါ့။နောက်လူကြီးသားတ‌ယောက်နဲ့ ရှယ်ယာကိစ္စတခုမှာလည်းသူပါဝင်ပတ်သက်နေတယ်လို့ကြားရတယ်။ငွေပမာဏက တော်တော်လေး များတယ်လို့ပြောတယ်။နောက်ဆုံးကြားရတာကတော့ သူက EV ကားတွေကိုသတ်မှတ်ဈေးနှုန်းထက်ပိုပြီးဈေးတင်ရောင်းတယ်ပေါ့၊အခုသူ့ကိစ္စကသူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းသို့လော၊သို့လောတွေဖြစ်ကုန်တာပေါ့၊ တွေးစရာတွေလည်းဖြစ်ကုန်တယ်၊အကိုတို့ထင်တာက EV ကိစ္စမှာဒီလိုလေး မသမာမှုလေးသွားလုပ်လိုက်တာနဲ့ အခုလိုဖြစ်သွားတယ်လို့ထင်တာပါပဲ…

Read More

နိုဝင်ဘာ ၃ ရက် ECMWF, ICON နှင့် GFS model UPDATE များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်မည့် အခြေအနေကို model အားလုံးမှ တပြေးညီ ခန့်မှန်းထားကြောင်းတွေ့ရသည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။ နေ့လည်ပိုင်း ထပ်မံရရှိသည့် update များအရ – နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှ နောက် ၂၄ နာရီအတွင်း … ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊ မကွေးတိုင်းတောင်ပိုင်းနှင့် နေပြည်တော်နယ်မြေများ၊ ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်း(မြေပုံတွင်ကြည့်ပါ) … တို့တွင် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များရှိနေကြောင်း၊ မိုးများနိုင်ကြောင်း (Heavy Rain) ဟု ဖေါ်ပြနေပါသည်။ (နိုဝင်ဘာ ၃ ရက် – နေ့လည် ၂ နာရီ ၄၀ မိနစ်) နိုဝင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီမှာ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း – မြောက်လတ္တွီတွဒ် ၁၅ ဒီဂရီအထိ ရွေ့လာပြီးမှ အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ဥရောပ သင်္ချာပုံစံပြုမော်ဒယ် ICON(German)က ပြနေတာရှိပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၆ ရက်နေ့က စ ပြီး ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့တွေအထိ မြန်မာနိုင်ငံဘက်ခြမ်းမှာ မိုးများနိုင်တဲ့ အခြေအနေတွေက ဆက်ပြီးဖြစ်ပေါ်နေပါမယ်။ ဆက်လက်စောင့်ကြည့် တင်ပြပေးနေပါမယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေတော့ မတွေ့ပါ။…

Read More

မြန်မာပြည်ကြီး ပြန်လည်ငြိမ်းချမ်းမယ့်နေ့ရက် အတိကျကို ဟောကိန်းထုတ်လိုက်တဲ့ နာမည်ကျော် ဆရာတော်ကြီး- ဆက်လက်ဖတ်ရှုရန်

Read More

မြန်မာပြည်ကြီး မင်းကောင်းမင်းမြတ်ပေါ်နေပြီး ဆိုတာ အခုအတိအကျဝါရင့်ဆရာတော်ကြီးတွေက ဟောကိန်းထုတ်ခဲ့တဲ့ရုပ်သံ   ဆက်လက်ဖတ်ရှုရန်

Read More

၂၀၂၄ နိုဝင်ဘာလ ၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံကိုမုန်တိုင်းဝင်ရောက်နိုင်ခြင်းမရှိနိုင်သော်လည်း အဆိုပါရက်တွေမှာ အဆိုပါမုန်တိုင်းငယ်ရဲ့ 850 mbar winds လေစီးကြောင်းတွေကနေပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်း မကွေးတိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး တောင်ငူခရိုင် နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် ကြိုတင်ခန့်မှန်းပေးထားတာဖြစ်တယ် အပြောင်းအလဲမရှိနိုင်ပါဘူး အတိအကျဖြစ်လာမှာပါ ကိုယ့်ပညာကို ကိုယ်ယုံကြည်တယ် ကြိုတင်ပြင်ဆင်ကြပါ ISSUED TIME 03/11/2024 12:31pm(MMT) တိကျမှန်ကန် Su Su San ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊နိုဝင်ဘာ ၃ လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ “Phyu Phyu In London” နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။ ယင်း “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။ ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန်

Read More

သိန်းသုံးသောင်းကျော် လိမ်ပြေးခဲ့တဲ့လူလိမ်ကို ယူလိုက်မိလို့ ဒုက္ခလှလှတွေ့နေတဲ့MRTV4မင်းသမီး ဆက်လက်ဖတ်ရှုရန်

Read More

အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ (၈) စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ ပွိုင့်-၅ စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွေမှာ ပွိုင့်-၅ ထက် ပြောင်းအချင်း ပိုကြီးတဲ့ စက်သေနတ်တွေ၊ စက်အမြောက်တွေ သိမ်းပိုက်ရရှိထားတာကြောင့် နောက်ပိုင်းကာလတွေမှာ ရန်သူ့လေတပ်ကို လေထဲမှာ ချေမှုန်းရေး ယခုထက် ပိုမို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်လာရင်လည်း ရန်သူ့လေယာဉ်တွေကို ပိုမိုချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့် မဟာဗျူဟာ ထိုးစစ်စတင်ပြီးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားထားပြီးဖြစ်လို့ မြေပြန့်ဒေသမှာရှိတဲ့ လေတပ်စခန်းတွေ ဖြစ်တဲ့ ဥပမာ-တောင်ငူလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ကျောက်ထုလေတပ်တွေ သိမ်းပိုက်ခံရရင်လဲ ရန်သူ့လေတပ်ကို ဝေဟင်မှာ သာမကဘဲ မြေပြင်မှာပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။ ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့လေယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။ K-8 ပစ်ချ ကရင်နီ (ဘောလခဲ) ၂၀၂၃၊ ဇွန် K-8 ထိခိုက် ကချင် (ဖားကန့်) ၂၀၂၄၊ ဖေဖော်ဝါရီ FTC-2000G…

Read More