Author: Ka K

လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်တွေအများကြီး မြင်ရဖတ်ရပါတယ်။ အဓိက နှစ်ချက်ပြောရရင် မိုးရာသီမကုန်ခင် LDC များရခြင်းနဲ့ လာမည့်နွေအတွက် စိုးရိမ်သောကဖြစ်ကြရခြင်းဆိုပြီး နှစ်ချက် တွေ့ရပါတယ်။ (က)မိုးမကုန်ခင် LDCများနေရခြင်း မှန်ပါတယ်။ Install Capacity အရဖြစ်စေ။ ရေအားကို အားထားရတယ်ဆိုပေမဲ့ လက်ရှိ Generation အချိုးအဆအရ သိပ်မကွာလှပါပု။ လက်ရှိထုတ်လုပ်မှု Update အရဆိုရင် ရေအား 54%နဲ့ GTက 43%‌နဲ့ အခြား (Solar+ Coal) 3%လောက်နဲ့ မောင်းနှင်နေပါတယ်။ ဒါကိုကြည့်ရင်ပဲ ရေအားသည် ဓာတ်အားစနစ်၏ တဝက်ကျော်ယုံပဲ အလုပ်လုပ်နေရတဲ့လဏ္ခာကို ရှင်းလင်းစွာ မြင်ရပါမယ်။ ရေတမံများ၏ ရေဝင်ရောက်မှု အခြေအနေများကို လေ့လာကြည့်တဲ့အခါမှာလည်း ရေပိုလွှဲမှ ရေကျော်နေတဲ့အခြေအ‌နေဟာ ယနေ့အထိရှိနေပြီး ရေအားစက်တွေ၏ သဘောသဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းအပြည့် လိုက်ပြီး မောင်းနှင်ပေးထားပါတယ်။ နောက်အထူးဖော်ပြချင်တာက ရွှေလီကဲ့သို့ စက်ရုံကြီးအပါ အဝင် ရေအားစက်ရုံ (၇)ခု ဓာတ်အားစနစ်ကို မဝင်နိုင်ပါဘူး။ ပမာဏများပါတယ်။ ဓာတ်အားစနစ်၏ အခြေအနေက အရင်လို နွေမိုးဆိုတာထက် အဲ့သလိုမမျှော်လင့်နိုင်သော အခြေအနေမှာ မူတည်နေတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။ ရာသီဥတုအပြောင်းအလဲသည် ဓာတ်အားရရှိမှုကို သိသာသော အပြောင်းအလဲကို ဖြစ်စေပါတယ်။ အထူးသဖြင့် လူနေထူထပ်၍ သုံးစွဲမှုများသော ရန်ကုန်ဟာ Load Flow အတက်အကျ အကြမ်းဆုံးဟုဆိုနိုင်ပါတယ်။ ၎င်းအတွက်ကြောင့် ဌာနအလိုက်ဓာတ်အားခွဲမှုအချိုးအစားထက်ကျော် လွန်သုံးစွဲသည်ပဲဖြစ်စေ၊ အရေးပေါ်အခြေအနေအရ ဝန်အား ထိန်းညှိချင်လို့ပဲဖြစ်စေ Loadဖြုတ်ချရတာ အလွယ်ဆုံးဖြစ်တဲ့ ရန်ကုန်က ပိုခံရတဲ့သဘောမှာ ရှိပါတယ်။ အချုပ်ပြောရရင် လက်ရှိဓာတ်အားစနစ်သည် ရေအားကို 100%မှီခိုနေရတာမျိုးမဟုတ်ပဲ…

Read More

ဟန်နွေ/People’s Spring မြန်မာ-တရုတ်နယ်စပ် ချီဖွေမြို့နယ်အတွင်းရှိ၊ ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့ (နိုဝင်ဘာ ၂) သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။ နိုဝင်ဘာ ၂ရက် ညနေ ၅နာရီခွဲတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ KIA ပူးပေါင်းတပ်သည် ဖီမောမြို့ သွားလမ်းရှိ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့ BGF -၁၀၀၁ တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ ၃၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နယ်စပ်မြို့ငယ်ဖြစ်​သော ဖီမော်ကို မတိုက်ခိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဖီမော်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သည်ဟု နိုဝင်ဘာ ၂ ရက် ညပိုင်း၌ အတည်ပြုသည်။ ထိုအပြင် တတိယ​မြောက်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်နယ်စပ် ဖီမောမြို့ကို နိုဝင်ဘာ ၂ရက် ညနေ ၆နာရီတွင်KIA ပူးပေါင်းတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက် နိုင်ပြီဖြစ်သည်ဟု ပြောသည်။ ဖီမော်ဒေသရှိ စစ်ကောင်စီတပ်အလံကို KIA တပ်ဖွဲ့ဝင်များက ဖြုတ်ချနေသည့် ရုပ်သံမှတ်တမ်းကိုလည်းသတင်းရင်းမြစ်က ပြသသည်။ ဖီမော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည်အခြေအနေဖြစ်လာသည်။ ကချင်အထူးဒေသ(၁)နယ်မြေရှိ ကန်ပိုက်တီမြို့နှင့် ဒေသအချို့သာKIAက သိမ်းရန် ကျန်ရှိတော့သည်။ KIA အနေဖြင့် ကန်ပိုက်တီမြို့လုံခြုံရေးတပ် ဖြစ်သည့် BGF ၁၀၀၃ တပ်ရင်းကိုလည်း အောက်တိုဘာ ၂၁ရက်က သိမ်းပိုက်ပြီးဖြစ်သည်။ ထို့ပြင် BGF ၁၀၀၂ နှင့် ပန်ဝါမြို့၊ချီဖွေမြို့၊ ဆော့လော်မြို့တို့ကို ပြီးခဲ့သည့် တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ဆော့လော်မြို့နယ် မြန်မာ…

Read More

NUG တပ်များပူးပေါင်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟုဆို 2 Nov 2024 By Htet Soe Lin/ MPA NUG တပ်များဖြင့်ပူးပေါင်းကာ မန္တလေးမြို့သိမ်းပိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၂၂၂)တပ်ရင်းတာဝန်ခံ ကိုနွယ်နီကပြောသည်။ မန္တလေး PDF ကမန္တလေးမြို့ကိုသိမ်းခြင်းထက် မန္တလေးရှိတပ်များအပါအဝင် အားလုံးစုပေါင်းကာ မဟာဗျူဟာမြောက်သိမ်းပိုက်ခြင်းကို မျှော်လင့်ကြတာဖြစ်ပြီး MOD တပ်များတစ်စုတစ်စည်းတည်း ပူးပေါင်းသိမ်းပိုက်သည့်ပုံရိပ်ကို မျှော်လင့်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ Video Edited- Mm Editor – Ko Lin ဆက်လက်ဖတ်ရှုရန်

Read More

အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင် အိမ်သွင်/People’s Spring ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။ အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ” ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်”ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ” တိုက်ပွဲရပ်ထားတဲ့ကာလတွေထဲမှာတော့ အရပ်သားတွေ မြို့ကနေ ထွက်နိုင်ခဲ့တယ်လို့သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကို မသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် – ကသာလမ်းပိုင်းနှင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်မြို့တွင် စစ်ကောင်စီ‌ခြေမြန်တပ်ရင်း ခမရ(၇၇)လက်အောက်ခံတပ်များမှာ အင်အား ၅၀၀ခန့် ရှိနေသည်ဟု သတင်းရရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ရွှေပြည်အေး၊ ခမ်းပါတ်မြို့၊…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦး မိခင်အတွက် စိုးရိမ်နေ “မေမေလွတ်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောတယ်။” “မေမေက အခု အသက် ၇၉ နှစ်ပါ။ .. အသက်အရွယ်အရရော၊ ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အခြေအနေမျိုးမှာ ထောင်ထဲမှာပဲ မေမေ သေဆုံးသွားမှာကို ကျွန်တော် အထူးစိုးရိမ်နေမိတယ်။” “မေမေလွတ်တာနဲ့ ကျွန်တော် သွားတွေ့မှာပါ။ မေမေနဲ့အတူ နေချင်သေးတယ်။” နေပြည်တော်မှာ အကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းနဲ့ သားကြီး အလက်ဇန္ဒား အဲရစ် (ခ) ကိုမြင့်ဆန်းအောင်တို့ဟာ မိခင် အတွက် စိုးရိမ်နေကြောင်း ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတု JC မဇ္ဈိမ။ ။ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လေဖြန်းပြီး စကားမပီတော့ဘူးဆိုတဲ့ ကောလဟလတွေ ဒီသီတင်းပတ်ထဲမှာ ပျံ့နှံ့နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ “Zai Lynn” ဖေ့စ်ဘုတ်အကောင့်တခုကနေ အကျဉ်းခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ထိုင်နေတဲ့ ပုံတူပန်းချီ ရုပ်ပုံပေါ်မှာ “အမေနေမကောင်းပါ လေဖြန်းထားတယ် စကားမပီတော့ပါ” ဆိုတဲ့ စာသားပါဝင်တဲ့ပုံကို စတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီပိုစ့်ဟာ ပြန်လည်မျှဝေမှု ၅၇ ခုရှိနေပါတယ်။ နောက်တရက်မှာပဲ “Sweet December” အကောင့်ကနေ ပြန်လည်ကူးယူဖော်ပြထားပြီး ဒီပိုစ့်ဟာတော့ ပြန်လည်မျှဝေမှု ၆၇၇ ခုရှိနေတာပါ။ ပုံထဲမှာ ပါဝင်တဲ့ တစ်တော့ (TikTok) လိပ်စာနဲ့ ရှာဖွေတဲ့အခါမှာ…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂ ကရင်နီရှိ ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် တစ်နိုင်ငံဓာတ်အားထုတ်လုပ်မှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရှိရသည်။ စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘီလူးချောင်းလောပိတ ရေအားလျှပ်စစ်စက်ရုံများ၊ ရွှေလီရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ ရေဝင်ပျက်စီးခြင်း၊ ရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ယခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း သိရှိရသည်။ “ဘီလူးချောင်း ရေကြီးတော့ လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်တဲ့ စက်ရုံတွေအထိ ရေဝင်တယ်။ ရေတွေကြီးတော့ စက်တွေ အကုန်ပျက်ကုန်တယ်။ ရေဝင်ထားလို့။ အဲဒီလိုပဲ အခြား ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေလည်း သဘာ၀ဘေးအန္တရာယ်ဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် ပျက်စီးမှုတွေ အတော်များပါတယ်။ အဲဒါကြောင့် စက်ရုံတွေက စက်အပြည့် မလည်နိုင်သလို ရေအားက လျှပ်စစ် အပြည့်မထုတ်နိုင်ဘူး။ ပုံမှန် မိုးတွင်းကာလ ဆည်မှာ ရေရရင် ရေအားလျှပ်စစ်ပိုတိုးထွက်ပေမယ့် ဒီနှစ်က သဘာ၀ဘေးကြောင့် ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒါတွေကို ပြင်ဆင်ဖို့ကလည်း အချိန် တိုအတွင်း မပြီးနိုင်ဘူး။ တချို့ စက်ပစ္စည်းတွေက လဲလှယ်မှရမယ့် အခြေအနေမျိုးဖြစ်တော့ ဘတ်ဂျက်တင်ပြစောင့်ရတာမျိုးတွေနဲ့ Process တွေ ကရှိတော့ အလွယ်တကူတော့ မပြင်နိုင်သေးဘူး။ အလှည့်ကျနဲ့ အခု မီးထိန်းပေးနေပေမယ့် မီးပြတ်တာ အချိန်ပိုကြာပါလိမ့်မယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရှင်းပြသည်။ လက်ရှိ…

Read More

ရန်ကုန်| နိုဝင်ဘာ ၂ ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မရမ်းကုန် စစ်ကြောရေးမှာ စစ်ဆေးခဲ့တယ်။ ပြီးတော့ တာမွေရဲစခန်းကို ဒီရက်ပိုင်းမှာ လွှဲလိုက်တယ်။ မဆုမြတ်ထက်ကို မရမ်းကုန်းစစ်ကြောရေးမှာ တစ်ခေါက်စစ်တယ်။ ပြီးတော့ သူမရဲ့ ဖုန်းကို နေပြည်တော်ကို ယူပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ တစ်ခြား ကိစ္စတွေကိုတော့ ထပ်မသိရတော့ဘူး “ဟုပြောသည်။ တေးသံရှင် မဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သည့်ပုဒ်မနှင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ခံရသည်ဆိုသည်ကို သီခြား သိရှိမှု မရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။ မဆုမြတ်ထက်ကို ဖမ်းဆီးပြီးနောက် ၎င်း၏ အိမ်ထဲဝင်မွှေကာ ဘဏ်စာအုပ်များနှင့် အချို့စာရွက်စာတမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားပြီး သူမ၏ လူမှုကွန်ရက်အကောင့်များကိုလည်း ဝင်ရောက်ရှာဖွေ…

Read More

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးသူများအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့က ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နှင့် မြန်မာအမျိုးသမီးငယ်(၃)ဦးအား ခေါ်ယူစစ်ဆေးရာက အဆိုပါအမျိုးသမီးငယ်(၃)ဦးမှာ လူမှုကွန်ရက် Facebookနှင့် TikTok များကိုအသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရှိရသည်ဟု ဆို သည်။ ၎င်းတို့အပြင် လူကုန်ကူးရန်စည်းရုံးခံထားရသူ အခြားအမျိုးသမီးငယ် (၁၁)ဦးကိုလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၄) ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ လူကုန်ကူးသူများ ငှားရမ်းထားသောနေအိမ်တွင်ပင် စုစည်းထားကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။ အဆိုပါ အမျိုးသမီးငယ်(၁၁)ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် စည်းရုံးသူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့်လက်ထပ်ယူရန် ပို့ဆောင်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံသားနှင့် လက်ထပ်မည့် မိန်းကလေးများ ထပ်မံရှာဖွေရန် Wechat Group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ လူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့အား ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် မန္တလေးမြို့၌ အခြေချနေထိုင်ရန် (၈၆)လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ (၃)ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် (၆၄)ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိပြီးနောက် လက်ကျန် စခန်းများနှင့် နပခ ဌာနချုပ်ဝန်းကျင်ရှိ စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှီရသည်။ ထို့ပြင် မောင်တောရှိ နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ၊ တောင်ကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စစ်စခန်းများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရသည်။ “တောင်ကုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲတွေ စတင်ပါတယ်။အမ်းဘက်မှာလည်း စခန်းတွေ သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောအဓိက…

Read More