မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးသူများအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့က ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နှင့် မြန်မာအမျိုးသမီးငယ်(၃)ဦးအား ခေါ်ယူစစ်ဆေးရာက အဆိုပါအမျိုးသမီးငယ်(၃)ဦးမှာ လူမှုကွန်ရက် Facebookနှင့် TikTok များကိုအသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရှိရသည်ဟု ဆို သည်။ ၎င်းတို့အပြင် လူကုန်ကူးရန်စည်းရုံးခံထားရသူ အခြားအမျိုးသမီးငယ် (၁၁)ဦးကိုလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၄) ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ လူကုန်ကူးသူများ ငှားရမ်းထားသောနေအိမ်တွင်ပင် စုစည်းထားကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။ အဆိုပါ အမျိုးသမီးငယ်(၁၁)ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် စည်းရုံးသူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့်လက်ထပ်ယူရန် ပို့ဆောင်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံသားနှင့် လက်ထပ်မည့် မိန်းကလေးများ ထပ်မံရှာဖွေရန် Wechat Group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ လူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့အား ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် မန္တလေးမြို့၌ အခြေချနေထိုင်ရန် (၈၆)လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ (၃)ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် (၆၄)ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ…
Author: Ka K
ရန်ကုန်၊ နိုဝင်ဘာ ၂ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိပြီးနောက် လက်ကျန် စခန်းများနှင့် နပခ ဌာနချုပ်ဝန်းကျင်ရှိ စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှီရသည်။ ထို့ပြင် မောင်တောရှိ နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ၊ တောင်ကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စစ်စခန်းများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရသည်။ “တောင်ကုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲတွေ စတင်ပါတယ်။အမ်းဘက်မှာလည်း စခန်းတွေ သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောအဓိက…
▪️ကန်ပိုက်တီဘက်စစ်ရေး ထူးခြားမှုမရှိသေး၊ KIOအနေဖြင့် အထူးဂရုစိုက်နေဟုပြော ▪️ကချင် အထူးဒေသ (၁)တွင် ကန်ပိုက်တီ နှင့် ဖီမော်မြို့တို့သာ သိမ်းရန်ကျန်ရှိ ထားမြတ်/People’s Spring ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ် – မြန်မာ နယ်စပ် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ချီဖွေမြို့နယ် ပြည်သူ့စစ်စခန်းအား သိမ်းနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ” BGF အမှတ် (၁၀၀၁)တပ်ရင်းဌာနချုပ်ကို ဒီမနက်ပိုင်းသိမ်းရပြီးမှ လဂွေ ပြည်သူ့စစ်တပ်စခန်းကိုတော့ ဒီညနေ ၁နာရီခွဲ အချိန်လောက်မှာ အပြီးအစီးသိမ်းနိုင်တယ်ဆိုတဲ့ အတည်ပြုချက် အခုမှ ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ရေးသတင်းမြစ်အချို့က BGF (၁၀၀၁) တပ်ရင်းကို အောက်တိုဘာ ၃၁ရက် ညနေကတည်းက သိမ်းထားနိုင်ခဲ့ကြောင်း ပြောထားသည်။ စခန်းသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းသိမ်းရမှု အခြေအနေများ မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “မြေပြင်အခြေအနေလို့ ပြောရမှာပေါ့။ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း နောက် ဒဏ်ရာရတဲ့ သေဆုံးတဲ့ ဒေတာပိုင်းတော့ ဘာမှ မရဘူး”ဟု ၎င်းက ဆိုသည်။ KIAအနေဖြင့် အောက်တိုဘာအတွင်းက ပန်ဝါဒေသ လုပီရွာအခြေစိုက် BGF(၁၀၀၂)တပ်ရင်းဌာနချုပ်နှင့် ကန်ပိုက်တီဒေသ စင်ကြိုင်ကျေးရွာ အခြေစိုက် (၁၀၀၃)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားသည်။ KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မြန်မာ -တရုတ်နယ်စပ်မြို့များဖြစ်သည့် ကန်ပိုက်တီနှင့် ဖီမော မြို့တို့သာ…
တောင်ပိုင်းမှာတဲ့နော်.. ငှက်ကင်နဲ့ရတော့မယ် CreditVD မာကျောလှသော စခန်းကုန်းများကို ဖြိုမည့် ဟာကျူလီဒရုန်းအသစ် လာပြီ ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက တရားခံများကို ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေနတ် သမားများ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာစဉ် ကျောင်းအောက်ထပ်ရှိ ကိုရင်လေးများနှင့် ကျောင်းစောင့်ဖြစ်သူကို ဝမ်းလျားမှောက်ခိုင်ပြီး ဘုန်းကြီးကျောင်း အပေါ်ထပ်ကိုတက်၍ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သော တရားခံများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး မြောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့ပေါင်းစုံ ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ “ဘုန်းကြီးအပေါ်ကို နိုင်ငံရေးနဲ့ မသက်ဆိုင်ဘဲ အငြိုးကြီးကြီးနဲ့ ပစ်သတ်သွားတာလို့ ယူဆနေကြတယ်။ ဆရာတော်က တအားတော်တဲ့ ဘုန်းကြီးတစ်ပါး တစ်ရွာလုံးကလည်း ချစ်ခင်လေးစားကြတယ်။ ဆရာတော်က နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ တရားကိစ္စတွေပဲ လုပ်တာပါ။ ဆေးခန်းကို လိုက်ပို့နိုင်ခဲ့ပေမယ့် ကျည်ထိမှန်ချက်တွေ များတာကြောင့် အသက်ပါ မလာတော့ဘူးလို့ သိရတယ်။…
ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ နိုဝင်ဘာ ၁ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နှင့်တောင်ကုတ်မြို့နယ်တို့တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှုများ တောက်လျှောက် လုပ်ဆောင်နေသဖြင့် စစ်ဘေးရှောင်နှင့် အရပ်သားပြည်သူ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရခိုင်ဒေသမှ သတင်းရင်းမြစ်များက ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန် အမ်းမြို့နယ်၊ မြို့သစ် အမှတ် ၄ ရပ် ကွက်၊ လေယာဉ်ကွင်းရပ်ကွက်၊ မြောက်ဘက်ခြမ်း အပါအဝင် စစ်ဘေးရှောင် ပြည်သူများ စုဝေးနေရာများသို့ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲပြင်းထန်နေသော အမ်းမြို့ထဲသို့ စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်၊ အမျိုးသမီးများအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၂၀ ဦးနီးပါး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည်။ “အမ်းမှာ စစ်ဘေးရှောင်တွေ ဗုံးထိတာက သေဆုံးသူ ထပ်များလာနိုင်တယ်။ အခုက စစ်ဘေးရှောင်တွေ အကုန်ပိတ်မိနေတာဖြစ်တော့ ကူညီကယ်ဆယ်ရေး အတော်ခက်ခဲတယ်။ တိုက်ပွဲအကြားမှာ ဆေးဝါးကုသဖို့ ခက်ခဲတယ်” ဟု ရခိုင်ဒေသတွင် ထောက်/ပို့ ကူညီရေး လုပ်နေသူက ရှင်းပြသည်။ ယနေ့ နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁ နာရီကျော်ဝန်းကျင်အချိန်တွင်လည်း အမ်းမြို့နယ်သို့ စစ်ကောင်စီတပ်၏ လေယာဉ်များက ဗုံးကျဲချမှုများ ဆက် တိုက် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ အလားတူ အောက်တိုဘာလ ၃၀ ရက်နေ့ တောင်ကုတ်မြို့နယ်၊ မောင်းရွာနှင့် မီးကျောင်းထိုးကျေးရွာကို စစ်ကောင်စီတပ်၏ တိုက်လေယာဉ်က ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ ၅ ဦးသေဆုံးပြီး…
ရန်ကုန်၊ နိုဝင်ဘာ ၁ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လူငယ်များကို စစ်တပ်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဖမ်းဆီးခြင်း၊ ပေါ်တာဆွဲမှုများနှင့် ငွေကြေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ နေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ ယခု နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၇ အတွက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲများနှင့် စစ်တပ်တို့ ပူးပေါင်းကာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် လူငယ်များကို လိုက်လံ ဖမ်းဆီးခြင်း၊ လမ်းဆုံလမ်းခွများတွင် အလုပ်သွား အလုပ်ပြန်၊ ကျောင်းသွားကျောင်းပြန် လူငယ်များကို အတင်းကျပ် ပေါ်တာဆွဲ ဖမ်းဆီးမှုများဖြစ်ပွားနေကြောင်း သိရှိရသည်။ “အင်းစိန် ပိန္နဲကုန်းရပ်ကွက် အုပ်ကြီး ကျော်ကျော်နိုင်၊ ကျော်ဦး၊ အောင်မော်၊ အောင်ကျော်ဆန်း တို့က စစ်မှုထမ်းမယ့် သူမရှိလို့ လူငယ်တွေကို လိုက် ဖမ်း နေတယ်။ စစ်မှုထမ်းစာရင်းပါတဲ့ အိမ်တွေကို လိုက်ဝင်ပြီး လူလိုက်ခေါ်တယ်။ လူငယ်မရှိရင် အိမ်မှာရှိနေတဲ့ သူတွေကို ခြိမ်းခြောက် ကြိမ်း မောင်းတယ်။ လူမရတော့ လမ်းမှာ တွေ့တဲ့သူ၊ ရတဲ့သူတွေဆွဲနေပြီ။ သူတို့ လိုက်ခေါ်တော့ တုတ်ဓား၊ လက်ထိပ်နဲ့ နံပါတ်တုတ်တွေပါပါတယ်။ အဖမ်းခံရတဲ့လူငယ်တွေလည်းရှိနေပြီ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် အင်းစိန်မြို့နယ်၊ ကမ်းနားအလယ် ခေမာတောင်ရပ်ကွက်မှ ရာအိမ်မှူး လှဌေး၊ ဌေးဝင်းတို့က စစ်မှုထမ်းအပတ်စဉ် ၇ အတွ့်ဟုဆိုကာ ငွေကြေးများ အတင်းအကျပ်တောင်းခံနေကြောင်း၊ ငွေကြေးမပေးနိုင်သော အိမ်များမှ လူငယ်များသည် စစ်မှုထမ်းရမည်ဖြစ်ကြောင်း၊ အကယ်၍ ထွက်ပြေးပါက…
ဆက်လက်ဖတ်ရှုရန်
“BGFတွေဘက်ပြောင်းလို့ပွဲကြမ်းကုန်ပြီဟေ့နေပြည်တော်ကတောင် အရေးပေါ်အမိန့်ထုတ်ပြီ” ဆက်လက်ဖတ်ရှုရန်