Author: Ka K

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် နေအိမ် ခြောက်အိမ်ခန့် ဓါးပြတိုက်ခံရကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။ ယခု အောက်တိုဘာနောက်ဆုံးပတ်အတွင်း မုံရွာမြို့၊ ရေကူးကန်လမ်းပေါ်၊ မဇ္ဇိမရောင်ခြည် ကျောင်း ဝန်းကျင်ရှိ နေအိမ် ခြောက်အိမ်ခန့် ဓါးပြတိုက်ခံရပြီး အိမ်ရှင်များမှာ ရန်ပြုခံရမည်စိုး၍ သတင်းဖုံးဖိထားကြောင်း မုံရွာကင်းထောက်များအဖွဲ့က ပြောသည်။ “အိမ်ရှင်တွေက နောက်ရန်ကြောက်ကြလို့ ဘယ်သူ့ကိုမှ မပြောရဲကြဘူး။လာတိုက်တဲ့သူတွေက ဘေးတွဲနဲ့။ ညနေ ၆ နာရီပတ်ဝန်းကျင်တွေပဲ။ လူ ၅ ယောက်နဲ့ လာတိုက်သွားတာ။”ဟု မုံရွာကင်းထောက်များအဖွဲ့တာဝန်ရှိသူက ပြောသည်။ ဓါးပြတိုက်ခံရမှုကြောင့် ဆုံးရှုံးသွားသည့် ငွေကြေးနှင့်ပစ္စည်းဥစ္စာ ပမာဏကိုလည်း မသိရသေးပေ။ ထို့အပြင် အဆိုပါလမ်း၌ ဖြတ်သန်းသွားလာသူများလည်း မကြာခဏ ဓါးပြတိုက်ခံနေရကြောင်း မုံရွာမြို့ခံအချို့က ပြောသည်။ ” အဲလမ်းက လူလည်းပြတ်တယ်။ နေ့ခင်း၊နေ့လယ်ပါ ဆိုင်ကယ်နဲ့သွားလို့မကောင်းဘူး။ ဖြတ်တဲ့သူတွေကိုပါ ပေါ်တင် ဓါးပြထွက်တိုက်တာ။ ဆိုင်ကယ်တားရင်း ဓါးနဲ့ထောက်တာ။ ဖုန်းပါဖုန်းပေးခဲ့။ ဆိုင်ကယ်ပေးခဲ့။ အကုန်ခြေကျင်ပြန်ခိုင်းတာ။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အား လက်နက်ကိုင်ဆောင်ထားသောလူတစ်စုက ဓားပြတိုက်ခဲ့ရာ ကျူးလွန် သူများအနက် သုံးဦးအား မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဖမ်းဆီးရမိခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၅နှင့် ၂၆ရက်က မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်တစ်ဆိုင်အပါအဝင် နေရာသုံးခုတွင် ဓါးပြတိုက်ခံခဲ့ရသည်။ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်ရှိ ရွှေဆိုင်များ၊ ဖုန်းဆိုင်စတိုးဆိုင်များ၊ လူနေအိမ်များ ဓါးပြတိုက်ခံရပြီး လူထိခိုက်သေဆုံးမှုများပင် ရှိခဲ့သည်။ ၂၀၂၂ စက်တင်ဘာ ၁၁ ရက်က မုံရွာမြို့လယ်မီးပွိုင့်အနီးရှိ သန်းတရာရွှေဆိုင် ဓါးပြတိုက်ခံရပြီး ရွှေအချိန်(၁၀)ပိဿာကျော် ပါသွားခဲ့သည်။ ၂၀၂၂…

Read More

🟥စစ်ဗိုလ်ချုပ်တစ်စု ကောင်းစားရေး အရာရှိနှင့်စစ်သည်များအားလုံး အသက် မစွန့်ကြဘဲ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် CDM ဗိုလ်မှူးများ တိုက်တွန်း ရန်ကုန်၊ အောက်တိုဘာ ၃၁ အကြမ်းဖက်စစ်ကောင်စီက စစ်မှုမထမ်းမနေရ ဥပဒေဖြင့် လူငယ်များကို စစ် တပ်ထဲသို့ အတင်းဆွဲခေါ်သွင်းနေသည့်တိုင် အရေအတွက်သာရှိပြီး အရည် အချင်းမရှိခြင်း၊ ပြည်သူလူထုထောက်ခံမှုမရှိခြင်းတို့ကြောင့် စစ်ကောင်စီတပ်များအနေဖြင့် နိုင်ငံတစ်ဝန်း တိုက်ပွဲတိုင်း ရှုံးနိမ့်နေရပြီဖြစ်ကြောင်း CDM ဗိုလ်မှူးအောင်မျိုးသွင်က ပြောဆိုလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း အထက်အောက် ဖိနှိပ်နေခြင်း၊ ထိပ်ပိုင်း လူတစ်စုကောင်းစားရေးအတွက် အောက်ခြေတွင် အသက်ဘ၀များစွာ စွန့်နေရခြင်း၊ တိုင်းတစ်ပါးရန်ကို တိုက်ခိုက်နေရခြင်းမဟုတ်ဘဲ မိမိ၏ ပြည်သူ၊ မိမိ၏ ညီအစ်ကို တိုင်းရင်းသားများကို ပြန်လည် တိုက်ခိုက်နေရခြင်း၊ အရည်အချင်းရှိသော မြေပြင်တပ်မှူးများ CDM ဝင်လာကြခြင်း၊ စစ်မှုထမ်းဥပဒေအရ လူများစွာ ခေါ်ယူ နေသော်လည်း အရည်အချင်းမရှိဘဲ အရေအတွက်သာရှိ၍ တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်လာနေရကြောင်း CDM ဗိုလ်မှူးအောင်မျိုးသွင်က ရှင်းပြသည်။ “အတွေ့အကြုံပိုင်းဆိုင်ရာမှာရှိခဲ့တဲ့ အဖွဲ့တွေက ပြည်သူ့ဘက်က ရပ်တည်လာကြတယ်။ အဲဒါက နံပါတ် ၁ ချက်အနေနဲ့ပေါ့။ နံပါတ် ၂ အချက်အနေနဲ့ကတော့ လက်ရှိ စစ်ကောင်စီက မတရား စစ်မှုမထမ်းမနေရ ဥပဒေတွေ ပြဋ္ဌာန်းတယ်၊ ပြည်သူတွေကို လူငယ်တွေကို မရ ရတဲ့နည်းနဲ့ စစ်မှုထမ်းစွမ်းဆောင် ရည် လုပ်ခိုင်းတွေရှိတယ်။ ဒီဟာတွေသည် စစ်ကောင်စီအတွင်းမှာ အတွေ့အကြုံရင့် ကျက်တဲ့ လူမရှိသလောက်ဖြစ်ပြီးတော့ နုနယ်တဲ့ လူတွေနဲ့ ဒါသည် တည် ဆောက်နေတာဖြစ်တဲ့အတွက်ကြောင့် ဒါသည် လက်ရှိ တိုက်ပွဲတိုင်း စစ်ပွဲတိုင်းမှာ…

Read More

အောက်တိုဘာလ ၂၈ ရက်နေ့က အကြမ်းဖက် စစ်ရှုးကောင်စီဟာ နပခ (အမ်း) မကျရှုးရေးအတွက် နောက်ဆုံး အားထုတ်မှု အနေနဲ့ မကွေးမြိုမှ အကြမ်းဖက် စစ်သားတွေကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိရာ အမ်းမြိုကို MI-17 ရဟတ်ယာဉ် (၃) စီးနဲ့ မစ်ရှင် (၂) ကြိမ်ခွဲကာ ပိုဆောင်ခဲ့ပါတယ်။ ပထမ မစ်ရှင်မှာ MI-17 ရဟတ်ယာဉ်တွေကို ကာကွယ်ဖိုအတွက် MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ် (၁) စီးက လိုက်ပါ ဝန်းရံခဲ့ကြောင်း၊ ဒုတိယ မစ်ရှင်ဖြစ်တဲ့ ညနေ ၃ နာရီခွဲကျော်ခန့် အချိန်တွေမှာ မကွေး ကလခ လေတပ်ကနေ MI-17 ရဟတ်ယာဉ် (၃) စီးကိုသာ စေလွှတ်ခဲ့ပြီး MI-35P တိုက်ခိုက်ရေး ရဟတ်ယာဉ်လိုက်ပါတော့ခြင်း မရှိချိန်မှာ အာရက္ခတပ်တော်က စစ်ရှုးကောင်စီရဲ့ MI-17 ရဟတ်ယာဉ် (၁) စီးကို ပစ်ချနိုင်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။ လေကြောင်းရန် စောင့်ကြည့် သတိပေးချန်နယ်ဖြစ်တဲ့ NAS ရဲ့ အတည်ပြုချက်အရ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ​တော့ ပထမ မစ်ရှင်​အောင်မြင်ခဲ့ပြီး ညနေပိုင်းမှာ မကွေးလေတပ်ကနေ MI-17 ရဟတ်ယာဉ် (၃) စီးဟာ အမ်းမြိုကို ဦးတည်ကာ ပျံသန်းခဲ့ပေမယ့် (၂) စီးသာ ပြန်လည် ဆင်းသက်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ စစ်ရှုးကောင်စီက အမ်းမြိုကို အမ်းတော့မယ့် အချိန်မှာ နပခ တိုင်းစစ်ဌာနချုပ်ကြီးအပြင် စစ်ခွေး အပြည့်ပါတဲ့…

Read More

၂၀၂၄ အတွက် လက်ကျန်ဟောကိန်းပါ … ။ (၁၈) ၂၀၂၄ မှာ သောကြာဂြိုဟ်သည် နီးနီးကပ်ကပ်ဖြစ်ပေါ်လာသည့်အချိန်ကာလတစ်ခုဖြစ်ပေါ်မည်။ အခုချိန်မှစပြီး ထိုအချိန်တိုင်အောင် မြန်မာနိုင်ငံကြီးသည် မျိုးစုံပြောင်းလဲဖို့ရန် ရှိနေသည် ၊ တော်လှန်တိုက်ခိုက်နေကြသော စစ်ကြောင်းကြီးနှစ်ခုသည် ထင်ရှားသောမြို့ကြီးတစ်မြို့တွင် အထက်အောက် အတူတကွဆုံတွေ့ပြီး မြန်မာနိုင်ငံ၏ တော်လှန်ရေးကာလတစ်လျှောက်လုံးတွင် အကြီးကျယ်ဆုံးသော ပူးပေါင်းရေး စစ်ဆင်ရေးဖြစ်လာမည်။ ထို အထူးစစ်ကြောင်းနှစ်ခု ပေါင်းစည်းသွားပါက တော်လှန်ရေး၏ ပြီးမြောက်မှုကို ပေါ်လွင်စေလိမ့်မည်။ အိုးအိမ် တိုက်တာ အပျက်စီးတော့များမည်။ (၁၉) ရွှေရေစိမ်ထားသော အုပ်ချုပ်ရေးများ သိသာသောကျရှုံးခန်းတစ်ခုကို မကြာခင်မှာ မြင်တွေ့ရပါတော့မည်။ အကွက်ပင်ရွှေ့မလား စနစ်ပြောင်းမလားလူပြောင်းမလား ကြီးကျယ်သော ကယက် ဖြစ်ပေါ်လာလိမ့်မည်။ (၂၀) အမေစုနှင့်ပတ်သက်သော သတင်းကြီးတစ်ခု ဒီနှစ်အတွင်း သို့မဟုတ် ၂၀၂၅ နှစ်အစတွင် ထူးထူးခြားခြား ထွက်ပေါ်လာပါလိမ့်မည်။ (၂၁) မြန်မာနိုင်ငံအတွင်းဝယ် ရေကြောင့် စိတ်ဆင်းရဲမှုများ ကြုံ့တွေ့ရနိုင်သလို ရေဖြင့်နီးသောနေရာများစွာတို့သည် လွတ်မြောက်ရာ နေရာများ ဖြစ်ပေါ်လာလိမ့်မည်။ (၂၂) သဘာဝတရားကြီးများ၏ပျက်သုဉ်းကြီးကြောင့် ကြီးကျယ်လှသော မြေပြိုခြင်းတစ်ခု ဖြစ်ပေါ်တတ်ပြီး များစွာသော အိုးအိမ်ဆုံးရှုံးရစရာများ ရှိတတ်ပါမည်။ တတ်နိုင်သလောက် ကြီးမားသော တောင်တွေအောက်တွင် နေထိုင်ကြသောသူများအနေနဲ့ သတိကြီးကြီးထားစေချင်ပါသည်။ လိုအပ်လို့ တစ်ချက်နှစ်ချက်မြင်သည့်အခါ လာလာပြောပါမည်။ ပိူစ့်မတင်လို့ အိပ်မရတာလားမသိဘူး လန့်လန့်နိုးလာတဋ လေးကြိမ်တောင်ဖြစ်နေလို့ မထူးဇာတ်ခင်းပြီး တင်ပေးလိုက်ရပါသည်။ လင်းညှို့တာရာ ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် မြန်မာ စစ်တပ်ကို လေယာဉ်ဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီ ၅ ခု ကို ပစ်မှတ်ထား၍ UK အစိုးရက ပိတ်ဆို့အရေးယူမည်ဟု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှသံရုံး က ထုတ်ပြန်လိုက်သည်။ . UK နိုင်ငံ အနေဖြင့် Asia Sun Group Company Limited ၊ Swan Energy Company Limited၊ Myan-Oil Company Limited ၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) ၊ King Royal Technologies Company Limited စသည့် ကုမ္ပဏီများကို ပိတ်ဆို့အရေးယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ။ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်”…

Read More

ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် စစ်ကောင်စီက ပြည်သူများကို ဖိနှိပ်ညှဉ်းပန်း သတ်ဖြတ်နေမှုများကို မနှစ်မြို့တော့ဘဲ လက်မခံနိုင်တော့သဖြင့် ဗိုလ်မှူးအောင်မျိုးသွင် ဦးဆောင်သော အရာရှိနှင့်စစ်သည် ၃၅ ဦးပါ တပ်ဖွဲ့နှင့် ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော ၂၆ ဦး တပ်ဖွဲ့တို့က အမျိုးသားညီညွတ်ရေးအစိုးရ- NUG၊ကာကွယ်ရေးဝန်ကြီးဌာန ထံတွင် CDM ဝင်လိုက်ကြကြောင်း သိရှိရသည်။ ပလက်၀ အခြေစိုက် တပ်များမှ ဗိုလ်မှူး အောင်မျိုးသွင် ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၃၁ ဦး၊ ရဲမေ ၁ ဦး စုစုပေါင်း ၃၅ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်းကောင်း၊ ဗိုလ်မှူး အောင်ကိုထွေး ဦးဆောင်သော အရာရှိ ၃ ဦး၊ စစ်သည် ၂၃ ဦး စုစုပေါင်း ၂၆ ဦး ပါဝင်သော တပ်ဖွဲ့က ယခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင်လည်းကောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနထံတွင် CDM ဝင်၍ ပြည်သူ့ရင်ခွင် ခိုလှုံလာခြင်းဖြစ်သည်။ “စစ်ကောင်စီအနေနဲ့ ပြည်သူ့အာဏာကို မတရားရယူခြင်း ပြည်သူ မတရားညှဉ်းပန်းနှိပ်စက်ခြင်း၊ ပြည်သူကို မတရားသတ်ဖြတ်ခြင်း၊ ဒါတွေကို မြင်တွေ့ ကြားသိနေရတယ်။ ဒါတွေကြောင့် ပြည်သူ့ရင်ခွင့် CDM ဝင်ရောက်ခဲ့တာဖြစ်ပါတယ်” ဟု CDM ဗိုလ်မှူး အောင်မျိုးသွင်က ပြောဆိုသည်။ ပြည်သူ့ရင်ခွင် ခိုလှုံလာသော အရာရှိနှင့် စစ်သည်…

Read More

ရန်ကုန်၊ အောက်တိုဘာ ၃၀ အကြမ်းဖက် မင်းအောင်လှိုင်ကို လာမည့် နိုဝင်ဘာလတွင် တရုတ်နိုင်ငံသို့ ဖိတ်ခေါ်ထားသည်ဆိုသော သတင်းများ ထွက်ပေါ်နေပြီး ယင်းသတင်းများ မှန်ကန်ပါက တရုတ်အနေဖြင့် ယင်းသို့ ဖိတ်ခေါ်ထားမှုကို ပြန်လည် သုံးသပ်သင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောဆိုသည်။ NUG က တရားဝင် ထုတ်ပြန်သော “ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ်”တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ အကြမ်းဖက်မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ နိုဝင်ဘာလအတွင်း သွားရောက်ပြီး မဲခေါင်နိုင်ငံများဆိုင်ရာ အစည်းအဝေးတက်မည်ဆိုသော သတင်းများ မီဒီယာများမှတစ်ဆင့် သိရှိရကြောင်း၊ သို့ရာတွင် တရုတ်နိုင်ငံဘက်က တိတိကျကျ ပြောဆိုခြင်းမရှိသေးကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တရုတ်နိုင်ငံကို အိမ်နီးချင်းကောင်းပီသစွာရပ်တည်ရန်နှင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို ထောက်ခံသည်ဟု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အကြမ်းဖက် မင်းအောင်လှိုင်သည် နိုင်ငံတွင်း ပဋိပက္ခနှင့် မတည်ငြိမ်မှုများ ဖန်တီးနေသော လူသတ် အကြမ်းသမားကြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။ “အခုတလောမှာတော့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် နိုဝင်ဘာလအတွင်းမှာ တရုတ်နိုင်ငံက အိမ်ရှင်အနေနဲ့ ကျင်းပတဲ့ မဲခေါင် Sub region အစည်းအဝေးကို တက်ရောက်ဖို့အတွက် တရုတ်နိုင်ငံကို သွားမယ်ဆိုတဲ့ သတင်းတွေ မီဒီယာတွေကနေ တစ်ဆင့် သိရှိရပါတယ်။ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေနေနဲ့ကတော့ တိတိကျကျ ပြောကြားတာကို မတွေ့ရှိသေးပါဘူး။ ဒါနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ ရပ်တည်ချက် ၊ ကျွန်တော်တို့ရဲ့ အမြင်တချို့ကို ပြောပြချင်ပါတယ်။ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့သဘောထားကို…

Read More

မန္တလေးမြို့ အခြေစိုက် ပရဟိတမင်းခေါင်အဖွဲ့ရဲ့ ဥက္ကဋ္ဌ နဲ့ အသင်းဝင်တွေအပါအဝင် ၈ ဦးခန့် ကို အောက်တိုဘာလ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မန္တလေးအခြေစိုက် ပရဟိတအသင်းအချို့ထံကသိရပါတယ်။ အောင်မြေသာစံမြို့နယ်၊ ၂၆ လမ်း မှာ ရုံးစိုက်ထားတဲ့ ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ ရုံးမှာ လာရောက်ဖမ်းဆီးသွားတာပါ။ အသင်းရဲ့ ဥက္ကဋ္ဌ ဦးမင်းခေါင် အပါအဝင် ၈ ဦးဖမ်းခံရတာဖြစ်ပြီး အမျိုးသမီး တွေလည်းပါတယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ နဲ့ နီးစပ်တဲ့ မန္တလေးအခြေစိုက် ပရဟိတ အဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။ ” ဘာကိစ္စဆိုတာ တိတိကျကျမသိရသေးဘူး၊ အဆက်အသွယ်လည်း မရတော့လေ “လို့ အဲဒီ ပရဟိတ အဖွဲ့ဝင်ကဆိုပါတယ်။ ပရဟိတမင်းခေါင် အဖွဲ့ ဖမ်းဆီးခံရတာက ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေး မှာ ယာဉ်တန်းနဲ့ လိုက်ပါ ပို့ဆောင်တာကြောင့်လို့သတင်းထွက်နေပေမယ့် သီးခြားအတည်မပြုနိုင်ပါဘူး။ “နာရေးပို့လို့တော့ မဖြစ်နိုင်ဘူးထင်တယ်၊ ဖမ်းမယ်ဆို မန္တလေးက အသင်းတော်တော်များများပါနိုင်မယ်”လို့ ဒေါက်တာဇော်မြင့်မောင်နာရေးကိုလိုက်ပို့ဆောင်ပေးခဲ့တဲ့ ပရဟိတအဖွဲ့ ဝင်တစ်ဦးကလည်းပြောပြပါတယ်။ စစ်တပ်အာဏာသိမ်းချိန်ကလည်း ပရဟိတ မင်းခေါင် အဖွဲ့ရဲ့ ဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်အချို့ကို စစ်တပ်က တစ်လကြာဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အခုတစ်ကြိမ်ကတော့ ဒုတိယအကြိမ်မြောက် ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။ ဆိုင်းမင်း/People’s Spring ဆက်လက်ဖတ်ရှုရန်

Read More

▪️၂ရက်အတွင်း သေဆုံးသူစစ်သုံ့ပန်း ၁၂ဦး အထိရှိလာ ဇေအောင်၊ဟန်နွေ/People’s Spring ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက လေကြောင်းထပ်မံတိုက်ခိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ဦး သေဆုံးခဲ့ကြောင်း မန္တလေး PDFက သတင်းထုတ်ပြန်သည်။ ယနေ့(အောက်တိုဘာ ၃၀ရက်) နံနက် ၁နာရီခန့်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သုံ့ပန်း ဗိုလ်မှူးတစ်ဦးအပါအဝင် ၄ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း မန္တလေး PDFက အသိပေးသည်။ “အချုပ်ဆောင်တွေမှာ လေကြောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့ လုံခြုံရေးဆိုင်ရာ အစီအမံတွေရှိပေမယ့် ညသန်းခေါင်လူခြေအိပ်ချိန်မှာ ပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ထိခိုက်မှုအချို့ ရှိခဲ့တာဖြစ်ပါတယ်။”ဟု မန္တလေး PDF ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။ စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၎င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး ၂ရက်အတွင်း သေဆုံးသူ၁၆ဦး အထိရှိလာကြောင်း မန္တလေး PDFက ထုတ်ပြန်သည်။ အောက်တိုဘာ ၂၈ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်း ၄ဦးအပါအဝင် စစ်သုံ့ပန်း၈ဦးနှင့် အခြားအကျဥ်းသား ၄ဦး၊ စုစုပေါင်း ၁၂ဦး သေဆုံးကာ ၆၀ဦးဝန်းကျင် ဒဏ်ရာရရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း စစ်ကောင်စီသည် ၎င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရကြောင်း မန္တလေး PDFက သုံးသပ်သည်။ “စစ်သုံ့ပန်းတွေ ထားတဲ့နေရာမှန်းသိလို့ စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ယူဆပါတယ်။”ဟု…

Read More