(မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ ဆန္ဒပြနေသော လူထု သပိတ်ခေါင်းဆောင် ကိုတေဇာစန်းအား တွေ့ရစဥ်။ဓာတ်ပုံ-Tayza San) လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။ ၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်မှု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတေဇာစန်းသည် ယနေ့(အောက်တိုဘာ ၂၆ရက်)တွင် “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ”ခေါင်းစဥ်ဖြင့် မန္တလေးမြို့လယ်တနေရာ၌ ရဲဘော်ရဲဘက်များ၊ ပြည်သူများနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဓာတ်ပုံများအား ၎င်း၏ Facebook စာမျက်နှာ၌ ဝေမျှခဲ့သည်။ “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။”ဟု ကိုတေဇာစန်းက ရေးသားသည်။ မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်း၌ မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်အားနှင့်အတူ မယိုင်မလဲဘဲ ခိုင်မြဲစွာ ချီတက်နေကြောင်း ကိုတေဇာစန်းက ဆိုသည်။ “ကျနော်လည်း “အရေးတော်ပုံ တပ်သား” တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။”ဟု ရေးသားသည်။ တော်လှန်ရေးကြီး အမြန်ဆုံးအောင်ပွဲဆင်နိုင်ရန်အတွက် စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ကြောင်း ကိုတေဇာစန်းက အကြံပြုသည်။ “ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့…
Author: Ka K
အောက်တိုဘာ ၂၆ ၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ (၁၇) ရက် မနက်ပိုင်းက စီပါကျေးရွာကို အကြမ်းဖက်စစ်အုပ်စု စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ နမခ လက်အောက်ခံ ကလေးအခြေစိုက် ခလရ ၈၉ ၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းဟာ ကျေးရွာက အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ပြည်သူ ၆ ယောက်ကိုလည်း ခေါင်းနဲ့ကိုယ်လက်တွေ ဖြတ်တောက်ခြင်း၊ သေနတ်နဲ့ ပစ်သတ်ခြင်း စတဲ့ပုံစံမျိုးစုံနဲ့ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆက်လက်ဖတ်ရှုရန်
ဆက်လက်ဖတ်ရှုရန်
ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၄ ရွှေဈေးနှုန်း တည်ငြိမ်မှန်ကန်စေရန်ဟု ဆိုကာ နေ့စဥ် ရွှေရည်ညွှန်းစျေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်ပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ရွှေရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီကို အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ဖွဲ့ စည်းခဲ့ပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီး၊ ဒုဥက္ကဋ္ဌ အဖြစ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယင်းကော်မတီက မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ ရွှေဈေးနှုန်း ထုတ်ပြန်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်း ထူးခြားစွာ ပြောင်းလဲပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမည်ဟု စစ်ကောင်စီက ဆိုသည်။ ယနေ့နံနက်ပိုင်းအထိ နေ့စဉ်ရွှေရည်ညွှန်းဈေး သတ်မှတ်ခြင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA)မှ ထုတ်ပြန်နေပြီး ယနေ့ နံနက်ပိုင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၅,၆၂၆,၉၀၀ ကျပ် သတ်မှတ်ထားကာ ပြင်ပရွှေဈေးမှာ တကျပ်သားလျှင် ၆၅ သိန်းကျပ်ကျော်အထိရှိနေသဖြင့် ကျပ် ၈ သိန်းကျော် ဈေးကွာဟမှု ရှိနေသည်။ ပုံစာ- ယနေ့ YGEA သတ်မှတ်ဈေးအား တွေ့ရပုံ/ YGEA ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်း တည်ငြိမ်မှန်ကန်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး…
မနက်ဖြန်ကစပြီး 24နာရီ လျှပ်စစ်မီးပျက်တော့မယ့် နေရာတွေစာရင်း.. ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ အောက်တိုဘာ ၂၆ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်း မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည် သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်သား၊ ရဲ ၊ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများ စုဝေးနေစဉ် ပြင်းအားမြင့် အဝေး ထိန်းမိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုရှိနိုင်ကြောင်း သိရသည်။ “ရုံးထဲမှာ အုပ်ကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စခ၊ ရခတွေရှိနေတဲ့အချိန် ပေါက်ကွဲသွားတဲ့ အတွက် ထိခိုက်သေဆုံးမှုကရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိတော့ အဲဒီရုံးနားမှာ ရခ တွေ စောင့်ကြည့်နေတယ်လို့ သိရတယ်။” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥက္ကလာပ မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် YUPA တို့ မဟာမိတ် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေး အန္တရာယ် ကင်းရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အုပ်ချုပ် ရေးမှူးရုံးများအား ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး…
ရွှေမန္တလေးရေ … ကြားရတဲ့သတင်းက..အတော်ဆိုး … ဒီအတိုင်းသာဆိုရင် …တစ်မြို့လုံးအတွက် ရင်လေးစရာကြီးပါပဲ ဆက်လက်ဖတ်ရှုရန်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ဓါးဖြင့်ခုတ်၍ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂၄ရက် ည ၁၂ နာရီ ၄၅မိနစ်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအကွက်(၉)၊ ၁၈လမ်း၊ ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ ငွေကောင်း လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်၍ ဆိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏တူတော်စပ်သူ ဝန်ထမ်းတစ်ဦး သေဆုံးကြောင်း၊ ထို့အပြင် (၁၀)နှစ်ခန့်အရွယ် ကလေးတစ်ဦးအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ “ဆိုင်အောက်ထပ်မှာ အတူတူ အိပ်နေတဲ့ အလုပ်ဖော်ကိုအရင်လည်လှီးသတ်တာတဲ့။ ဟိုကောင်လေးက အိပ်နေရင်းဘာမှတောင်မသိဘဲ သေသွားတာ။ အဲလိုအသံတွေကြားလို့ ဆိုင်ရှင်လင်မယားကအိမ်ပေါ်ကပြေးဆင်းလာတာ။ ဆိုင်ရှင် မိန်းမနဲ့ဝန်ထမ်းကောင်လေးသေတယ်။ အဲ့ကောင်လေးကလည်း ဆိုင်ရှင်ရဲ့တူတော်တယ်လိုဆိုတယ်။ ယောက်ျားနဲ့ ကလေးကတော့ ဆေးရုံမှာ။ ယောက်ျားကနှာခေါင်းတစ်ခြမ်းပြတ်တယ်လို့လဲပြောတယ်။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဓါးဖြင့်ခုတ်သွားသူဆိုသူ ဝန်ထမ်းအား ဖမ်းဆီးရမိထားကြောင်း သိရသည်။ သို့သော် မည်သည့်အတွက်ကြောင့် ဓါးခုတ်မှုဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။ ထိခိုက် သူများအား ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။ အင်ကြင်း/People’s Spring
ဖျက်မိုးကြောင့် ရန်ကုန်နှင့် ဧရာ၀တီမှ စပါးခင်းများ ပျက်စီးသွားတာကြောင့် … ကြိုတင်ပြင််ဆင်ထားကြပါ။ ဆက်လက်ဖတ်ရှုရန်