Author: Ka K

လျှာကင်ဆာ၊ ပါးစပ်အတွင်းအပူနာ၊ လည်းပင်းကင်ဆာ၊ သွားပိုးစား၊ သွားကိုက်၊သွားနာ၊ မဲ့ခရု၊ ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း သက်သာစေသည်။ နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ပွင့်ပါ – ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုး အကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုရုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည် ။ အသုံးပြုပုံ ၁။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။ ၂။ ဆေးအိုးပုတ်ရွက်အား အနည်းငယ်ခူးပြီး အရွက်များနှင့် ပဉ္စငါးပါးကို ရေဖြင့် ၃ခွက် ၁ခွက်တင် ကျိုပါ။ ကျိုပြီးလျှင် ထိုအရည်အား သောက်ပါ။ ငုံခြင်း ပလုတ်ကျင်းခြင်းကိုလည်း အချိန်ရသလို ပြုလုပ်ပေးပါ။ ထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည် ။ အပင်ပုံသဏ္ဍာန် – အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏။ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏။ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏။အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။ ရရှိနိုင်မည့်နေရာ – သန်လျင်ကျောက်တန်း တစ်ဝိုက်၊ လှည်းကူးမြို့နယ်…

Read More

🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼 (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။ (၄) “မရဏာနုဿတိကုသိုလ်” ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။ (၅) “အသုဘဘာဝနာကုသိုလ်” မျက်စိအတွင်းမှာရှိနေတဲ့…

Read More

ကလေးငယ်တွေကိုဒီလိုပုံစံထိုင်နေတာတွေ့ရင်ချက်ခြင်း တားမြစ်သင့်ပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာW ပုံစံလုပ်ပြီးထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းငယ်ငယ်ကဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။ ဒီလိုထိုင်နေတဲ့ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ခြင်းရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက်အတော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါဆရာဝန်တွေရဲ့ထောက်ပြချက်အရ ကလေးငယ်တစ်ဦးက ဒီလိုပုံထိုင်နေခြင်းဟာခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာကောင်းပါတယ်။ ငယ်ရွယ်စဉ် ခန္ဓာကိုယ်ဖွံ့ဖြိုးနေတုန်းမှာဒီလိုထိုင်တဲ့အခါတင်ပါးရိုး၊ဒူးရိုးနဲ့ခြေမျက်စိကိုထိခိုက်ဖို့ရာခိုင်နှုန်းအရမ်းများပါတယ်။ ဒူးဆစ်နေရာမှာရှိတဲ့အရိုးနှစ်ခုဆုံချက်ဟာဒီလိုထိုင်လိုက်တဲ့အတွက်ဟန်ချက်ပျက်သွားလေ့ရှိပါတယ်။ အကျိုးဆက်ကတော့ကြီးလာတဲ့အခါအခြားကလေးငယ်တွေလိုအားကစားလှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုးလျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာမဟုတ်တာပါပဲ။ ဒါကြောင့်ဒီပုံစံထိုင်နေတဲ့ကလေးငယ်တွေ့ရင်ချက်ခြင်းတားမြစ်ရမှာပါ။ Credit

Read More

လက်ကိုင်ဖုန်းနဲ့ပတ်သက်ပြီး အရေးကြီးသည့် ကျန်းမာရေးဗဟုသုတတစ်ခုကို မိတ်ဆွေများအတွက် မျှဝေပေးချင်ပါတယ်။ဒီခေတ်မှာ ဟန်းဖုန်းများ ပေါများစွာ ပေါ်ပေါက်လာပြီး အရွယ်ရောက်ပြီးသူ လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ။ လူအများဟာ အိပ်ယာ၀င်ခါနီးမှာ အများဆုံး အသုံးပြုနေကြပြီး ခေါင်းအုံးအနားမှာပဲချထားကာ အိပ်ပျော်သွားတတ်ကြပါတယ်။လက်ကိုင်ဖုန်းအတွင်းမှာပါတဲ့ နည်းပညာနဲ့ပြုလုပ်ထားပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုကြိမ်နှုန်း ထုတ်လွတ်ပေးပြီး ရေဒီယိုလှိုင်း ချုံ့၊ ချဲ့လုပ်ပေးတဲ့လှိင်းများဟာ လူတွေရဲ့ ဦးနှောက်သွေးကြောများကို ထိခိုက်စေနိုင်ပါတယ်။ pA IC ,rf IC တို့ဟာ ဖုန်းကို ပါဝါပိတ်ထားသည့်တိုင် အထဲမှာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ခေါင်းအုံးနားမှာ အချိန်ကြာမြင့်စွာ ချထားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ချက်ချင်းကြီး မသိသာပေမယ့် အစပိုင်းမှာ သတိလက်လွတ်ဖြစ်ခြင်း၊ မကြာခဏ မေ့လွယ်ခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများကို ဖြစ်စေတတ်ပြီး ရေရှည်မှာတော့ ဦးနှောက်ကင်ဆာအထိ ဖြစ်ပွါးစေနိုင်ကြောင်း လေ့လာသူများက ဆိုထားပါတယ်။ဒါ့ကြောင့် မိတ်ဆွေတို့ကို အကြံပြုလိုပါတယ်။(၁) အိပ်ယာပေါ်မှာ ဟန်းဖုန်းကို အသုံးပြုပြီး အိပ်တော့မယ်ဆိုရင် အနည်းဆုံး (၅)ပေခန့် အကွာအဝေးမှာ ထားပြီးမှ အိပ်ပါ။(၂) ပါဝါပိတ်၊ Airplane Mode လုပ်ထားရင်လည်း မလုံလောက်သေးပါဘူး။ လက်ကိုင်ဖုန်းထဲက pA IC ,rf IC တို့ဟာ ဆက်ပြီး အလုပ်လုပ်နေသေးတာကြောင့် ဦးခေါင်းနဲ့ နီးကပ်စွာ မထာပါနဲ့။လူတိုင်း ကျန်းမာရေးဗဟုသုတများကို မှတ်သားလိုက်နာကြပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။သင့်မိတ်ဆွေများကိုလည်း Share ပေးပြီး မျှဝေပေးနိုင်ကြပါတယ်။စောနွဲ့နေဆိုင်(ပူတာအို)ကိုးကား – Why you should not sleep with your phoneစောနွဲ့နေဆိုင် – ပူတာအို

Read More

“အိမ််စောင့်နတ်၊ ကိုယ်စောင့်နတ်တောင်် မနေနိုင်တော့ပဲ ဖြည့်ဆည်းပေးရတဲ့ ဂါထာ” သမ္ဗုဒ္ဓေ ဂါထာလေးအကြောင်းမသိသူတွေအတွက်ဗဟုသုတအဖြစ်ပြောချင်ပါတယ် သမ္ဗုဒ္ဓေဂါထာတော်က၂ရခေါက်ကျော်ရင်အိမ်စောင့်နတ်၊ကိုယ်စောင့်နတ်တောင်နေမရတော့ပါဘူး၊ ပြိတ္တာကတော ဂါထာအစကြားတာနဲ့တစ်ချိုးတည်းလစ်ပြေးပါတယ်၊ကျောင်းထိုင်ပြတ္တာကြီးတွေအခြားဂါထာတွေပရိတ်တွေလိုက်ဆိုပြနိုင်ပေမယ်သမ္ဗုဒ္ဓေစရွတ်တာနဲ့လစ်ပြေးတာပါပဲ၊ပြေးတဲ့နောက်ကလိုက်ရွတ်၊သူကိုယ်ရောင်မဖြောက်ပြေးနိုင်ပါဘူး၊ သမ္ဗုဒ္ဓေဂါထာတော်တစ်နေ့တစ်ထောင်မကရွတ်ရင်နတ်တွေတိမ်ကြားမင်းတွေထက်တောင်ဘုန်းကြီးလာနိုင်ပီးစိတ်ကတောင့်တရင်သူတို့တွေကောင်းကောင်းနေမရပါဘူး၊လိုက်ဖြေစည်းပေးရပါတယ်သမ္ဗုဒ္ဓေဂါထာတော်ဟာနေမင်းကြီးနဲ့တူပါတယ်၊ သဲစုမကဘုရားတွေရှိခိုးရတာကြောင့်အရမ်းအစွမ်းထက်ကြောင်းအနည်းငယ်ဗဟုသုတအနေနဲ့တင်ပြလိုက်ပါတယ်် သင့်ရဲ့အသက်နဲ့မွေးနေ့ကိုသာ မှန်မှန်ပြောပါမှန်လွန်းလို့ ခဏခဏတွက်ကြည့်နေရတဲ့ ဇနကဟောကိန်း- ဒီနေရာမှာနှိပ်၍ ကြည့်နိုင်ပါတယ် သမ္ဗုဒ္ဓေဂါထာ မြန်မာပြန်် (၁) သမ္ဗုဒ္ဓေ အဋ္ဌဝီသ ဉ္စ၊ ဒွါဒသ ဉ္စ သဟဿကေ။ ပ ဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်၊ တစ်သောင်းနှစ်ထောင်သောဘုုရားရှင်၊ ငါးသိန်းသောဘုရား ရှင် (၅၁၂ဝ၂၈ ဆူသော ဘုရားရှင်)တို့ကို ဦးခေါင်းဖြင့် ရိုသေစွာရှိခိုးပါ၏။ (၂) အပ္ပကာ ဝါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။ တေသံ ဓမ္မ ဉ္စ သံဃ ဉ္စ၊ အာဒရေန နမာ မဟံ။ ဂင်္ဂါမြစ်ကမ်းရှိ သဲပွင့်များမှာနည်း၏။ ပရိနိဗ္ဗာန်် စံတော်မူပြီးသော အောင်တော်မူဘုရားရှင် တို့ကား အဆုံးမရှိကုန်။ ထိုဘုရားရှင်များနှင့်် ထိုဘုရားရှင်တို့၏ ဓမ္မနှင့်သံဃာကိုလည်း ရိုသေစွာရှိခိုးပါ၏။ (၃) နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။ အနေကအန္တရာယာပိ၊ ဝိနာသန္တု အသေသတော။ ရှိခိုးရသည့်အာနုဘော်ကြောင့် ဘေးရန်ခပ််သိမ်းကို ရှောင်ရှား၍ အန္တရာယ်များစွာတို့လည်း အကြွင်းမဲ့ ပျောက်ကင်းပါစေသတည်း။ ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်ပြီး ဒုက္ခမျိုးစုံကြုံပေမယ့် အမြဲကံကောင်းနေပြီးချမ်းချမ်းသာသာနေရမယ့် လက္ခဏာ – ဒီနေရာမှာနှိပ်ပြီး ကြည့်နိုင်ပါတယ်

Read More

သင့်လက်ဖဝါးမှာ ‘ “X ” အက္ခရာပါရှိပါသလား။ပါခဲ့ရင်တော့ သင့်ရဲ့ ကံကြမ္မာဟာ အကောင်းဆုံးဖြစ်တ ယ်လို့ သုတေသနပြုလုပ်ချက်များအရသော်လည်းကောင်း၊ မြန်မာဗေဒင်နည်းအရပါ အတိအကျပြောဆိုထားပါတယ်။ဒီ လက္ခဏာဟာ လူ ၂သန်းမှာ ၃ရာခိုင်နှုန်းလောက်ဘဲပါတာဖြစ်ကြတယ်။ အစီအစဉ်မချဘဲအောင်မြင်သူများဖြစ်တယ်။သူများတွေက အောင်မြင်ဖို့အတွက် အစီအစဉ်တွေချပြီး လုပ်ရတတ်ပေမယ့် ဒီအမှတ်အသားပါသူတွေကတော့ အစီအစဉ်ချစရာမလိုဘဲ အောင်မြင်တတ်ပါတယ်။သူတို့သည် အကြီးမြတ်ဆုံးသောအရာတွေကို လုပ်နိုင်စွမ်းရှိကြပါတယ်။ ထိုးထွင်းသိစိတ်ရှိကြတယ် X ပုံစံ လက္ခဏာရှာရှင်များသည် ဝမ်းတွင်းစိတ်၊ အလိုလိုသိစိတ် ပါလာတတ်ကြသည်။သူတို့ကို လိမ်လို့မရပါ။ သစ္စာတရားကို တန်ဖိုးထားပြီး အရာရာကို အသေးစိတ် သတိထားမိတတ်ကြသည်။ ထိုးထွင်းစိတ်လည်း အရမ်းမြင့်မားပါတယ်။ဆဌမ အာရုံရရှိထားသော သူများဟုဆိုနိုင်သည်။ သင့်ရဲ့အသက်နဲ့မွေးနေ့ကိုသာ မှန်မှန်ပြောပါမှန်လွန်းလို့ ခဏခဏတွက်ကြည့်နေရတဲ့ ဇနကဟောကိန်း- ဒီနေရာမှာနှိပ်၍ ကြည့်နိုင်ပါတယ် လူတွေရဲ့ခေါင်းဆောင်ဖြစ်တတ်တယ်ဒီအမှတ်အသားပါတဲ့သူတွေအတွက် စိတ်ရော၊ကိုယ်ပါ ပင်ပန်းရတတ်ပါတယ်။ လူအများချစ်ခင်နှစ်သက် အားကိုခြင်းခံရတတ်ပါတယ်။ ဒီလိုအားကိုးခြင်းခံရတဲ့အတွက် သူများကိစ္စများ လိုက်လံဆောင်ရွက်ရလေ့ရှိပြီး ကိုယ်ရော စိတ်ပါ ပင်ပန်းရနိုင်သည်။ မကောင်းသော သမာအာဇီဝမကျသော အလုပ်တွေနှင့်လည်း အကျိုးမပေးတတ်ပါ။ ပြောရမယ်ဆိုရင် အကုသိုလ် အလုပ်တွေနှင့် ဘာတစ်ခုမှ အကျိုးမပေးတတ်ပါ။ အခက်အခဲ ဒုက္ခတွေမှ ကျော်လွှားလွန်မြောက်နိုင်မယ်ဒီကြက်ခြေခတ်ပါလာသူတွေအတွက် မကောင်းတဲ့အချက်ကတော့ မတော်တဆမှုတွေနှင့် ကြံရနိုင်ပါတယ်။ ရေနစ်ခြင်း၊မီးလောင်ခြင်း၊ ဓါတ်လိုက်ခြင်း၊ဆိုင်ကယ်၊ ကားအက်ဆီးဒန့် ဖြစ်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ သို့ပေမယ့် သေမှာမဟုတ်ပါဘူး။ သူများလက်ချက်နဲ့ မသေနိုင်သလို အက်ဆီးဒန့်တွေကြောင့်လည်း သေမှာ မဟုတ်ပါဘူး။ အခက်အခဲဘယ်လောက်ရှိရှိ နောက်ဆုံးမှာ ကူညီသူတွေအမြဲရှိတတ်ပါသည်။ သူတော်ကောင်းလက်ရှေးဟောင်း ကျမ်းဂန်များအဆိုအရ ဒီလက်ဟာ သူတော်ကောင်းလက်လို့ဆိုပါတယ်။လောကဓံတွေကြုံတွေ့ပြီး နောက်ဆုံးမှာ တရားထူး၊တရားမြတ်ကို ရှာဖွေ တွေ့ရှိသွားတတ်ကြပါသည်။ တကယ်သာ တရားကျင့်ကြံနိုင်ပါက သောတပန်အနည်းဆုံးတည်နိုင်ပါသည်။…

Read More

အကြွေးတွေ အများကြီး ရှိပြီး ဘယ်လို ပြန်ဆပ်ရမယ်မှန်းမသိ၊ ဘာဆက်လုပ်ရမယ်မှန်းမသိဘဲ ဘဝမှာ စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့သူမျိုးတွေ့ဖူးကြမှာပါ။ ဘယ်လိုလုပ်ရမယ်မှန်းမသိတာက အဓိကပြဿနာပါပဲ။ စနစ်တကျနဲ့ ပြန်ဆပ်နိုင်မယ့်အလေ့အထနည်းလမ်းတစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ (၁) အလုပ်ပိုလုပ်ပါ။ ဆင်ခြေတွေဘေးဖယ်ထားလိုက်ပါ ရိုးရိုးလေးပဲတွေးပါ၊ အကြွေးတွေများလာရင် အသုံးလျှော့ချပြီးအလုပ်ပိုလုပ်မှ ငွေပိုထွက်လာမယ်၊ ငွေပိုထွက်လာမှ အကြွေးကိုမြန်မြန်ပြီးအောင်ဆပ်နိုင်မယ်မဟုတ်လား။ ရာထူးတက်မှလစာပိုရမှ ဖြစ်နိုင်မှာပေါ့ အခုအချိန်မှာလည်း ဘာအလုပ်မှရှာလို့မရဘူး တစ်ယောက်တည်းက အလုပ်ဘယ်နှစ်ခုလုပ်နိုင်မှာလဲလို့ ပြန်ပြောစရာရှိပါတယ်။ ပုံမှန်ဝင်ငွေ ဝင်နေတဲ့အလုပ်က တစ်ခုရှိတယ်ဆိုပါစို့၊ အလုပ်ချိန်ပြီးသွားတဲ့အခါ ဘာဆက်လုပ်နိုင်မလဲဆိုတာမျိုး ထပ်စဉ်းစားလိုက်ပါ။ ဥပမာ သင့်အလုပ်ချိန်ပြီးတာနဲ့ ဒါမှမဟုတ် တခြားအချိန်ပိုင်းအလုပ်တစ်ခုခုလို နေရာမျိုးမှာ ညဘက်အလုပ်လုပ်တာမျိုး စနေ၊ တနင်္ဂနွေနှစ်ရက် အလုပ်ချိန်ရတာမျိုးပေါ့။ (၂) ငွေတွေ ပိုရှိလာတဲ့အခါ အကြွေးဆပ်ဖို့သာ အာရုံစိုက်ပါ။ တစ်ချို့ကျတော့ ငွေတော့ ပိုထွက်လာပါတယ်။ သုံးလို့တောင်မလောက်ဘူးဆိုတာမျိုးရှိတာမို့ ပိုရလာသမျှငွေသည် အကြွေးကို ထိုးဆပ်ဖို့ဆိုတာ ကိုယ့်ကိုကိုယ် သတိပေးပါ။ ငွေဆိုတာလွယ်လွယ်မသုံးချင်တဲ့သူမရှိပါဘူး လူဆိုတာလဲ လိုချင်တာတွေဘယ်တော့မှ မပျောက်သွားပါဘူး။ သို့သော်ဆင်ခြင်ပါ ကိုယ့်အခြေအနေကိုပြန်အကဲခက်ပါ အကြွေးမြန်မြန်ကျေလေ ဝန်ပေါ့လေပါပဲ။ အကြွေးကျေပြီးမှ ပိုလျှံလာသမျှ ငွေက သင့်ငွေပါပဲ။ (၃) ဦးစားပေးရမယ့် အကြွေးမျိုးကို အရင်စဉ်းစားပါ။ ဥပမာ အတိုးများတဲ့အကြွေးရယ်၊ အတိုးနည်းနည်းပဲယူတဲ့အကြွေးရယ်၊ အတိုးလုံးဝမယူတဲ့အကြွေးရယ် သုံးမျိုးယူထားတယ်ဆိုပါစို့၊ အတိုးများပြီး အချိန်ကြာလေလေ အရင်းတောင်ပြန်ကျေသွားနိုင်လောက်တဲ့အထိ အတိုးများတဲ့ အကြွေးမျိုးကို အရင်ဆုံးကျေအောင်ဆပ်လိုက်ပါ။ ပြီးမှ အတိုးနည်းတဲ့အကြွေးကို ဆပ်ဖို့ စဉ်းစားပါ။ အတိုးနည်းတဲ့အကြွေးဆပ်နေရင်းနဲ့ အတိုးမယူတဲ့အကြွေးသမားကို နည်းနည်းချင်းစီ ဖဲ့ဆပ်သွားကြည့်ပါ။ အပေါင်ပစ္စည်းပေးပြီးချေးထားရင်ညှိကြည့်ပါ။ အသုံးမလိုတာတွေရှိရင် ရောင်းချပြီး ငွေထွက်လာအောင်လုပ်ပါ။ အကြွေးဆပ်လိုက်ပါ။ (၄) အတိုးနဲ့အရင်းတွဲဆပ်ပါ။…

Read More

အကြွေးကြေစီးပွားတက်ယတြာ အစီရင် မိတ်ဆွေများအားလုံး မင်္ဂလာပါ။သူတစ်ပါးတွေဆီကပိုက်ဆံအကြွေးယူခဲ့ရလျှင် မိမိပြန်ဆပ် ရမည်ဆိုသည့် တာဝန္ကတိ ထားရှိရပါတယ်။အကြွေးဆပ်ခြင်သော်လည်း အခက်အခဲအမျိုးမျိုးကြောင့် မဆပ်နိုင်သူများ၊ကြွေးပူများမိနေ၍စိတ်ညစ်နေရသူများ၊သံသရာကြွေးမပါချင်သူများအောက်ပါယတြာကိုပြုလုပ်ပါ ပန်းကန်တချပ်ပေါ်တွင် အညှာခြွေထားသော ကွမ်းရွက် တစ်ရွက်တင်ပါ။သံပုရာသီးတစ်လုံးကိုနှစ်ခြမ်းခြမ်းပြီး ထိုကွမ်းရွက်ပေါ်တွင် သံပုရာခြမ်းကို တင်ထားရမည်။အစီရင်လုပ်ထားသောပန်းကန်ပြားကို မိမိအိမ်ဘုရားစင် တွင်တင်ထား ကပ်လှူထားရမည်။သောက်တော်ရေတခွက်ကပ်လှူပါ ဖယောင်းတိုင် (၅)တိုင် အမွေးတိုင် (၅)တိုင်ထွန်းညှိပူဇော်ပြီး သိဒ္ဓိိလာဘံ ဟူ၍ (၉)ခေါက်တိတိ ရွတ်ဆိုပေးရမည်။မိမိငွေကြေးအကြွေးများအမြန်ကြေစေကြောင်းဆုတောင်းပါ မိမိမွေးနေ့မှာစလုပ်ပါ။လုပ်ဆောင်ရမည့်အချိန်မလိုအပ်ပါ။သံပုရာသီးကို မကြာမကြာလဲပေးပါ။နေ့တိုင်းဖယောင်းတိုင်ထွန်း အမွေးတိုင်ထွန်း ဂါထာရွတ် ဆုတောင်းပါ။ (၁၁)ရက်တိတိမပျက်မကွက်ပြုလုပ်ပေးရမည်။ဤယတြာပြုလုပ်ခြင်းဖြင့် မိမိပိုက်ဆံအကြွေးပူများ အမြန်ဆုံးကြေကြပါစေ။စီးပွားလာဘ်လာဘတိုးတက်ပါစေ။ ဗေဒင်နှင့်လက္ခဏာပညာရှင် ဆရာကျော် M.Sc(bot) အမှန်တကယ်ပင် အကြွေးကြေပြီး စီးပွားတက်ချင်ရင် ယတြာလုပ်ရုံတင်မကပဲ လက်တွေ့ကျင့်ကြံလုပ်ဆောင်သင့်ပါတယ်- ဘာတွေလုပ်ဆောင်သင့်လဲ ဒီမှာနှိပ်ပြီး ဖတ်ကြည့်စေချင်ပါတယ်။

Read More