ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက် ▪️ကန်ပိုက်တီနှင့် ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်း ၅ခုထက်မနည်း ယနေ့သိမ်းပိုက် ▪️တိုက်ပွဲကြောင့် ပန်ဝါဒေသခံများ စစ်ဘေးရှောင်ရန် ကြိုးပမ်း၊ တရုတ်ဘက်က ပေးမဝင်၍ နယ်စပ်ဂိတ်၌ စုပြုံနေ ဟန်နွေ/People’s Spring ကချင်ပြည်နယ် ကံပိုက်တီဒေသ စင်ကြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၃) တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ အောက်တိုဘာ ၁၅ရက်တွင် ပန်ဝါမြို့အနီး လုပီဒေသ အခြေစိုက် နယ်ခြားစောင့်တပ် BGF (၁၀၀၂) တပ်ရင်းဌာနချုပ်ကို KIAက သိမ်းပိုက်ပြီးနောက် ကန်ပိုက်တည်-ဆဒုံးကြားရှိ (၁၀၀၃)တပ်ရင်းကို ယနေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ “ဟုတ်တယ် ၁၀၀၃က ဒီညနေ ၅နာရီလောက် သူတို့က ရှင်းလင်းရေးလုပ်လိုက်တယ်။ မနက်ပိုင်းက ကာကင်းကို မနက်ပိုင်း သိမ်းလိုက်တယ်။ ညနေပိုင်းတော့ ၁၀၀၃ကို ပြန်သိမ်းလိုက်တာပေါ့။ သူတို့ ရှင်းလင်းရေးလုပ်လိုက်တာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ် (စစ်ကြိုင်)၏ ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ထားသလို ပန်ဝါမြို့အနီး ချန်းယင်ခူး ဂိတ်စခန်း၊ ကန်ပိုက်တည် လမ်း လဖိုင်နှင့် နခတ(၁၀၀၃)ကြားရှိ ဒွန်ဘန်ခ တံတားစခန်းအား သိမ်းပိုက်ပြီး ဖြစ်ဟု အသိပေးသည်။ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း (၁၀၀၃)တပ်ရင်းကို နယ်မြေရှင်းလင်းနေကြောင်း ကနဦး သတင်းရရှိသည်ဟု ယနေ့ညနေပိုင်းတွင် ပြောသည်။ KIA သည် ဆဒုံး၊ ချီဖွေ၊ ဆော့လော်မြို့များကို အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း…
Author: Ka K
မန္တလေးတိုင်း၊ မြင်းခြံမြို့ နွားထိုးကြီးနယ် အစပ်က ရွာကြီးကျေးရွာကို စစ်အုပ်စု လေကြောင်းက ဗုံးကြဲတိုက်ခိုက် လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF)ရဲဘော်ခြောက်ဦးကျဆုံးခဲ့ပြီး ဒေသခံ ပြည်သူငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ ဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက် ည ၈ နာရီဝန်းကျင်မှာ စစ်အုပ်စုက ရွာကြီးကျေးရွာထဲကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့ရာမှာ ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ စစ်အုပ်စုဟာ ရွာကြီးရွာကို ဗုံးကြဲချပြီးနောက် မြင်းခြံနယ် အရှေ့မြောက်ခြမ်းဘက်ကို လေကြောင်းကနေ ထပ်မံဗုံး ကြဲ တိုက်ခိုက်ခဲ့ရာမှာ တော်လှန်ရေးရဲဘော် ခြောက်ဦး ထိခိုက်ကျဆုံးခဲ့တာလို့ ဆိုပါတယ်။ “၁၅ ရက်နေ့ည ရှစ်နာရီခွဲလောက်မှာ မြင်းခြံနဲ့ နွားထိုးကြီးနယ်အစပ်က ရွာကြီးရွာပေါ်ကို ဗုံးနှစ်လုံးချတယ်။ ပြည် သူ ငါးဦးထိခိုက်ပြီးတော့ တစ်ဦးကတော့ စိုးရိမ်ရတယ်လို့ ကြားရတယ်။ အဲဒီလို ရွာကြီးရွာကို ဗုံးကြဲပြီး မကြာဘူး ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းရှိတဲ့နေရာကို ဗုံးလာကြဲသွားတယ်။ စခန်းပေါ်ကို ပထမဆုံး ဗုံးနှစ်လုံး လာကြဲတဲ့အချိန်မှာ ရဲဘော် လေးဦး ကျသွားတယ်ဗျ။ အဲဒီအချိန်မှာ ကျွန်တော်တို့က ရှင်းလင်းရေးတွေလုပ်ပြီး ရဲ ဘော်အလောင်းတွေ ကောက်ယူနေချိန်မှာပဲ နောက်ထပ် လေယာဉ်နဲ့ထပ်လာပြီးတော့ ကြဲသွားတဲ့အတွက် နှစ်ဦး ထပ်ကျသွားတာပါ။ စုစုပေါင်း ရဲဘော်ခြောက်ဦး ကျဆုံးသွားပါတယ်ဗျ”လို့ မြင်းခြံဒေသခံ သတင်းရင်းမြစ်က MFP ကို ပြောပါတယ်။ အခုလို မြင်းခြံနယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ရဲ့ စခန်းတည်ရှိရာကို နေရာအတိအကျ လေကြောင်းကနေ…
ရန်ကုန်၊ အောက်တိုဘာ ၁၇ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၂ နာရီခန့်တွင် မဟာအောင်မြေမြို့နယ် ၄၃ လမ်း ၅၅×၅၆ ကြားရှိ အကြမ်းဖက် စစ်တပ်၏ စစ်သားများ၊ ပျူစောထီးများနှင့် ရပ်ကွက်တွင်းရှိ လူမိုက်များ လူစုနေထိုင်သော နေရာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း အပြန်အလှန်ပစ်ခတ်သံ အချက် ၂၀ ခန့် ထွက်ပေါ်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ထို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ယနေ့ နံနက်ပိုင်းတွင် အသုဘ မဏ္ဍပ် တစ်ခု လမ်းပိတ်၍ ထိုးထားသည်ကို တွေ့ရကြောင်း 𝑴𝑫𝒀 𝑹𝒆𝒗𝒐𝒍𝒖𝒕𝒊𝒐𝒏 အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ “ဒီကောင်တွေက အဲ့ဒီနေရာမှာ စုရပ်လုပ်ထားတာ ပေါက်ကိုယ်တော်လည်း မကြာမကြာရှိတတ်တယ်။ အဲ့ဒီနေရာမှာ အင်အား ၅၀နဲ့ ၁၀၀ ကြား စုပြီးနေတာ နံနက်ပိုင်းဆို စစ်ခွေးဝတ်စုံတွေနဲ့လည်း ထွက်တယ်။ ည အရပ်ဝတ်နဲ့ ထွက်တယ်။ ၄၃လမ်းနဲ့ ၅၅×၅၆ ကြားမှာ ကင်းတဲပေါ်မှာ Sniper သမားတွေလည်းရှိတယ်။…
ရန်ကုန်၊ အောက်တိုဘာ ၁၇ မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြား ကားပစ္စည်းအရောင်းဆိုင်ကို ဓားပြဝင်တိုက် ခံရကာ ဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦး ဓားထိုးခံရကြောင်း Voice Of Mandalay က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်က ချမ်းအေးသားဇံမြို့နယ်၊ ၂၈ လမ်း ၊ ၈၁ လမ်း နှင့် ၈၂ လမ်းကြားရှိ ဗန္ဓာပင်ကိုလေး ကား ပစ္စည်းဆိုင်ကို မုန့်မှာစားနေကျ Delivery သမား၏ နောက် မှ လူ နှစ်ဦးက ကပ်လျက်လိုက်ပါလာပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့ကာ အိမ်ရှင်အမျိုး သမီး၌ လည်းပင်း နှင့် လက်တို့တွင် ဓားဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။ “အခါကြီး ရက်ကြီးမှာ ဓားပြတိုက်ခံရတာ။ ၂၈ လမ်း၊ ၈၁ လမ်းနဲ့ ၈၁ လမ်းကြား ဗန္ဓာပင်ကိုလေး ကား ပစ္စည်းဆိုင် အတိုက်ခံရတာ၊ မုန့်မှာစားနေကျ Delivery နောက်ကနေ နှစ်ယောက် လိုက်လာပြီး ဓားပြတိုက်သွားတာလို့ပဲ သိရပါတယ်။ ပစ္စည်းတွေပါသွား ၊မသွားတော့ မသိရသေးဘူး။ အိမ်ရှင် အမျိုးသမီးတော့ လည်းပင်း ဓားဒဏ်ရာ၊ လက်ဓားဒဏ်ရာရတယ်လို့ သိရတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါ ဓားပြခိုက်ခံရသည့် နေအိမ်သို့…
ရန်ကုန်၊ အောက်တိုဘာ ၁၇ မြန်မာနိုင်ငံတစ်ဝန်းလမ်းမများပေါ်တွင် သွားလာနေသော ကုန်ကားများနှင့် အိမ်စီးကားများတွင် တင်ဆောင်ထားသော ပြည်ပကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီက ထွေ/အုပ်၊ ရဲ၊ စစ်တပ်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်၊ စီးပွား/ကူးသန်း အပါအဝင် ဌာနပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များကို ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ခေါင်းစဉ်ဖြင့် လမ်းမများတွင် ဂိတ်ချ စစ်ဆေးမှုများ တင်းကျပ်စွာဖြင့် ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် သွင်းကုန်လိုင်စင်နှင့်စာရွက်အထောက်အထား မပြနိုင်သော ပြည်ပထုတ်ကုန်မှန်သမျှကို ဖမ်းဆီး စစ်ဆေးလျက်ရှိပြီး ယာဉ်မောင်းများကိုပါ ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့် လျက်ရှိကြောင်း သိရှိရသည်။ “ရန်ကုန်-မန္တလေး အမြန်လမ်း၊ လမ်းဟောင်း၊ မန္တလေး-လားရှိုးလမ်း၊ ညောင်ခါးရှည်ဂိတ်၊ မုပ္ပလင်ဂိတ်တွေမှာ တရားမဝင်ကုန်ပစ္စည်းတွေ မဝင်လာအောင် ပိုပြီးတော့ တိုးမြှင့်စစ်ဆေးနေပါတယ်။ ရေကြောင်း၊ လေကြောင်း၊ ကုန်ကြောင်း၊ အကုန်လုံးမှာ စစ်ဆေးနေပါတယ်။ နောက်ပြီး မြို့နယ်တွေမှာလည်း ထွေ/အုပ်၊ ရဲ၊ မီးသတ်နဲ့ FDA ၊ စားသုံးရေးရာဦးစီး ဌာန၊ စီးပွား/ကူးသန်း စုပေါင်းအဖွဲ့တွေက ဆိုင်တွေနဲ့ စျေးဆိုင်တွေ၊ ကုန်တိုက်တွေကိုလည်း စစ်ဆေးနေပါတယ်။ ပြည်ပက သွင်းတဲ့ တစ်ကိုယ်ရည်သုံး လူသုံးကုန် ကစလို့ လုပ်ငန်းသုံး၊ ဆေးဝါး အကုန်စစ်ဆေးပါတယ်။ သွင်းကုန် အထောက်အထား မပြနိုင်ရင်တော့ အကုန်သိမ်းမယ့်အပြင် လက်ဝယ်ထားရှိသူနဲ့ တင်သွင်းသူကိုလည်း ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့် အရေးယူတာတွေ လုပ်နေပါတယ်” ဟု စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး…
Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး ရန်ကုန်၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅ နာရီအချိန် လေ့ကေ့ကော်မြို့သစ်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း စစ်တပ်ဗျူဟာစခန်းကို KNLA ၊ ကော်ဘရာစစ်ကြောင်း၊ PDF ပူးပေါင်းစစ်ကြောင်းများက သိမ်းပိုက်ရရှိကြောင်း၊ လက် နက်ခဲယမ်းများ သိမ်းဆည်းရရှိပြီး စစ်သုံ့ပန်းများလည်း ဖမ်းဆီးရရှိကြောင်း၊ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများတွင် စစ်သုံ့ပန်းများ၊ ၁၂၀ မမ လက် နက်ကြီးများ၊ ပွိုင့်ဖိုက်များ ပါဝင်ကြောင်း သိရှိရသည်။ “လေ့ကေ့ကော်အနီး စွယ်တော်ကုန်း(ခ) ခွေးကုန်း ရန်သူဗျူဟာ စခန်းကို KNLA နဲ့ ကော်ဘရာ PDF ပူးပေါင်းတပ်တွေ ဒီမနက် ၅ နာရီလောက် မှာ သိမ်းဆည်းရမိပြီ၊ ရန်သူ တပ်မ ၄၄ ဗျူဟာမှုးနဲ့ အများစု စခန်းစွန့်ထွက်ပြေးပါတယ်။ လတ်တလောက် ၁၂၀ မမ၊ ပွိုင့်5 အပါ လက်နက်အများစုသိမ်းဆည်းရမိထားပြီး ရန်သူ သုံ့ပန်းတချို့လည်း…
အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံး ရဲခေါင်/People’s Spring ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ကမ်းနားအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဓားထိုးခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။ ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ကဖြစ်ပွားခဲ့သော အခင်းဖြစ်စဥ်အရ ကမ်းနားအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူး စိုးသန်းအား အဆိုပါရပ်ကွက်နေသူ ထွန်းထွန်းလတ်ဆိုသူက ဓားဖြင့် ထိုးခဲ့ခြင်းဟု ဆိုသည်။ ” သိရသလောက်တော့ ထွန်းထွန်းလတ်က မူးနေတဲ့အချိန် စိုးသန်းက အာဏာသွားပြတာ။ဟိုက ဒါနဲ့ဓားနဲ့အသေထိုးတာ။ဒီမှာ မသေဘူး။အင်းစိန်ဆေးရုံရောက်မှ သေတာ”ဟု အင်းစိန် မြို့နယ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ သေဆုံးသူစိုးသန်းသည် ဝမ်းဗိုက်ယာဘက်ထိုးသွင်းဒဏ်ရာများနှင့် ယာလက်ကောက်ဝတ်ပြတ်ရှဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ရဲစခန်း၏ အမှုစစ်ချက်တွင် ဖော်ပြသည်။ဓားဖြင့်ထိုးသွားသူ ထွန်းထွန်းလတ်ကို ဖမ်းဆီးရေးပိတ်ဆို့ရှာဖွေနေသည်ဟုလည်း ဆိုသည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့အပါအဝင် အခြားမြို့နယ်များ၌ ရပ်ကွက် အုပ်ချုပ်ရေးမှူးဆိုသူများနှင့် ၎င်း၏နောက်လိုက် များသည် ပြည်သူလူထုအပေါ် အကြောင်းမဲ့ ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ်မှုများ ကျူးလွန်နေသည်။ ထို့ကြောင့် စစ်ကောင်စီဘက်တော်သားများ ဖြစ်သော ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား မြို့ပြပြောက်ကျားအဖွဲ့များက ပစ်ခတ်ရှင်းလင်းသတိပေးမှုများရှိသည်။
ဆိုင်းမင်း/People’s Spring မန္တလေးမြို့ ၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အောက်တိုဘာလ ၁၃ ရက်က သန်းခေါင်စာရင်းလိုက်လံကောက်ယူချိန် လမ်းသွားလမ်းလာ အမျိုးသား အစစ်မခံဘဲ ထွက်ပြေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ အဲဒီဖြစ်စဉ်က ပြည်ကြီးတံခွန်မြို့နယ် ၊ သင်ပန်းကုန်းရပ်ကွက် ၊ ၅၅ လမ်း ၊ ၁၂၃ လမ်းနဲ့ ၁၂၄ လမ်းကြားမှာ အောက်တိုဘာလ ၁၃ ရက် မနက်ပိုင်း ၁၁ နာရီဝန်းကျင်က ဖြစ်ပွားတာပါ။ သန်းခေါင်စာရင်းကောက်ယူတဲ့အဖွဲ့ကို လုံခြုံရေး လိုက်ယူပေး တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်က ပစ်ခတ်တာလို့ သင်ပန်းကုန်းရပ်ကွက်ဒေသခံတစ်ဦးက ပြောပါတယ်။ ” လမ်းပေါ်သွားနေတဲ့သူကို စစ်တာ ၊ ဟိုကလည်းကြောက်ကြောက်နဲ့ထွက်ပြေးတာ လမ်းနှစ်ပြလောက်ထိကို သေနတ်နဲ့လိုက်ပစ်တာ” လို့ အဲဒီဒေသခံက ဆိုပါတယ်။ ပစ်ခတ်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ သန်းခေါင်စာရင်း ကောက်ယူတဲ့အဖွဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် စာရင်းကောက်နေချိန် လမ်းပေါ်မှာ လုံခြုံရေးယူတဲ့ စစ်သား ဖြစ်တယ်လို့သိရပါတယ်။ပစ်ခတ်ခံရတဲ့အမျိုးသားရဲ့နောက်ဆက်တွဲအခြေအနေကိုတော့မသိရပါဘူး။ မန္တလေးအပါအဝင် နိုင်ငံတဝှမ်း စစ်ကောင်စီ ထိန်းချုပ်မှု အောက်မှာရှိနေတဲ့ ဒေသတွေမှာ အောက်တိုဘာလ ၁ ရက်ကစတင်ပြီး ၁၅ ရက်ကြာစာရင်းကောက်ယူခဲ့တာပါ။ ၂၀၂၅ ခုနှစ်မှာ ကျင်းပမယ့်ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ဖို့ အကြောင်းပြပြီး စစ်ကောင်စီက သန်းခေါင်စာရင်း ကောက်ယူတာလည်းဖြစ်ပါတယ်။ သန်ခေါင်စာရင်းကောက်ယူရာမှာ လိုက်ပါ လုံခြုံရေး ယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် လည်းဖြစ်ထားပါတယ်။ မန္တလေးတိုင်းစစ်ကောင်စီအဖွဲ့ ဝင်တွေကို သန်းခေါင်စာရင်းစတင်တဲ့နေ့က တွေ့ရပုံ ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး
နာမည်ကြီးမင်းသမီးတော့ သတင်းစာထဲမှာပါ ကြေညာပြီ
တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တာမွေမြို့နယ်အတွက် လစဉ် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိက ကိုင်တွယ်ပြီး စာရင်းများ ထုတ်ပေးနေကြရကြောင်း၊ ထို့ကြောင့် ဗျိုင်းရွာမရပ်ကွက်အတွင်းမှ လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုပါ ငွေကျပ် သိန်း ၄၀ ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ မပေးလိုလျှင် စစ်မှုထမ်းရမည့် လူငယ်စာရင်းသည် ၎င်း၏ လက်ထဲတွင်သာ ရှိပြီး ၎င်းစိတ်ကြိုက် မည်သူ့ကိုမဆို စစ်မှုထမ်းစာရင်း ထည့်သွင်းနိုင်သည်ဟု ဗျိုင်းရွာမ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်က ပြောဆိုကြောင်း သိရှီရသည်။ “လူငယ်တွေ စစ်မှုထမ်းရမယ့် ကိစ္စမှာ စစ်ရှောင်ချင်ရင် သိန်း ၄၀ ပေးရမယ်။ မဟုတ်ရင် သူ့လက်ထဲမှာ ဘာမဆို လုပ်လို့ရတယ်ဆိုပြီး လူငယ်တွေနဲ့ မိဘတွေကို ခြိမ်းခြောက်တယ်။ စစ်မှုထမ်းစာရင်းဆိုတာ သူတို့က အဓိက လုပ်ပေးရတာဖြစ်လို့ မပေးရင်လည်း စာရင်းထည့်ရုံပဲဆိုပြီး ပြောတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် ဗျိုင်းရွာမရပ်ကွက်အတွင်း…