“ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေကြတာဖြစ်ပါတယ်” -AJAY ဦးဆောင်သူကိုနန်းလင်း ရန်ကုန်မြို့၌ စစ်ကောင်စီကဧည့်စာရင်းအကြောင်းပြစစ်ဆေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)၏ ဦးဆောင်သူတဦးကို မတရားဖမ်းဆီးသွားကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။ ယမန်နေ့(အောက်တိုဘာ ၉ ရက်)ညပိုင်းတွင် AJAY ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ မတရားဖမ်းဆီးခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ “ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ နေထိုင်တဲ့အိမ်ကို မတရားစီးနင်းတာ၊ မတရားဝင်ရောက်ဖမ်းဆီးတာလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြုဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု AJAY ဦးဆောင်သူတစ်ဦး ကိုနန်းလင်းက ပြောသည်။ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှလည်း မတရားဖမ်းဆီးမှုများကို ယခင်ထက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်းက ရန်ကုန်မြို့၌ ကုန်ဈေးနှုန်းကျဆင်းရေး နှင့် စစ်မှူထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် သပိတ်ရဲဘော်လေးဦး…
Author: Ka K
ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၁၀ အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အောက်တိုဘာ၈ ရက်နေ့ Lucky Men ဟိုတယ်ကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော တပ်ရင်းမှူးကို KIA နှင့် PDF တပ်များက လိုက်လံ ဖမ်းဆီးရှင်းလင်းရာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်း ဥရုချောင်းဘေးတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ “မနေ့ညက ခမရ ၁၁၉ တပ်ရင်းမှူး…
“ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”
မြင်းခြံမြို့နယ်၊ ကျောက်ကန်ပျူရွာကို တိုက်ခိုက်သိမ်းပိုက်မှုမှာ စစ်ကောင်စီဘက်က ၁၀ယောက်ကျော်သေ အောက်တိုဘာ ၉၊ ၂၀၂၄ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ကျောက်ကန်ပျူရွာကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။ အောက်တိုဘာ ၇ရက်နေ့ မနက်ပိုင်းက ကျောက်ကန်ရွာ ပျူစောထီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်နေချိန်အတွင်း စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းနဲ့ လက်နက်ကြီးပစ်ကူပေးတဲ့ ကျောက်ပြုတ် ကျေးရွာမြောက်ဘက် ဘုရားကုန်းက စစ်တပ်စခန်းတွေကိုလည်း ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (အနောက်မြောက်စစ်ဒေသ)နဲ့ မဟာမိတ်အင်အားစုတွေက ဒရုန်းတွေနဲ့ရော စစ်ကြောင်းဖြတ်တောက်မှုတွေနဲ့ပါ ပူးပေါင်း တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေအနေနဲ့ ကျောက်ကန်ရွာကို အပြီးသတ်တိုက်ခိုက်နိုင်ခဲ့ပေမယ့် စစ်ကောင်စီရဲ့ လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေကြောင့် ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။ “ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ လက်နက်ကြီးပစ်ကူတွေ တောက်လျှောက် လာနေအတွက် ထိန်းချုပ်မထားနိုင်ခဲ့ပါဘူး။ အဲ့ရွာမှာ ပျူ ၊ စစ်သား အားလုံးပေါင်း ၅၀ ကျော်ရှိတာကို သေတာကပဲ ၁၀ ကောင်ကျော်လောက် ရှိတယ်။ ပွဲအပြီး ရှင်းလင်းရေးမဝင်နိုင်ခဲ့တော့ အလောင်းမရဘူးပေါ့။ လက်နက်ကတော့ ၁လက်ရခဲ့ပါတယ်။ ခဲယမ်းအချို့နဲ့ပေါ့” လို့ အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ (ပြည်သူ့လွတ်မြောက် ရေးတပ်မတော်) တာဝန်ရှိသူက မောင်းကိုပြောပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းကနေ ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ယောက်သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။ ကျောက်ကန်ရွာတိုက်ပွဲကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-အနောက်မြောက်စစ်ဒေသ(အမှတ် ၈၁၅ တပ်ဖွဲ့)၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့(PLA)၊ Myingyan Black Tiger တပ်ရင်း၊ ရွှေခြံသားတပ်ဖွဲ့၊…
■ တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား (မနေ့ နေ့လယ်က ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်လာသေး) Western News| အောက်တိုဘာ ၈ ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတယ်။ ဘာ စစ်ဆေးမှာလဲ ဘာအကြောင်းပြချက်တွေကြောင့်ဆိုတာကို ဘာတစ်ခုမှ မပြောဘဲ ခေါ်သွားတာပါ။ ဒီကနေ့အထိ အဆက်အသွယ်က မရသေးဘူး။ ဘယ်ကို ခေါ်သွားတာလဲ မသိဘူး။ မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြပါတယ်” ဟု ပြောသည်။ မဆုမြတ်ထက်နှင့်အတူ နေအိမ်တွင် အတူနေထိုင်သည့် ၎င်း၏ တူမဖြစ်သူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တချိန်းတည်းတွင် ခေါ်ဆောင်သွားပြီး နှစ်ယောက်စလုံးမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရှိ ရသည်။ မဆုမြတ်ထက်၏ တူမဖြစ်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိပြီး အမည်ကို စုံစမ်းနေဆဲဖြစ်သည်။ မဆုမြတ်ထက်က အသက်…
Breaking News- ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ ရန်ကုန်၊ အောက်တိုဘာ ၈ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမြောက် ပိုင်း၊ ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။ “ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။ ယခုဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ လနီးပါး ကြာမြင့်လာချိန်တွင် ပင်လည်ဘူးမြို့တစ်ခုလုံးကို တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပင်လည်ဘူးမြို့ မကျစေရေးအတွက် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဝန်းသိုဘက်မှ စစ်ကူအင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း၊…
AA က အမ်းနှင့် ဂွမြို့နယ်ရှိစစ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက် ▪︎စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး လူအေး/People’s Spring အာရက္ခတပ်တော်(AA)က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်ဗျူဟာ နှင့် ဂွမြို့ရှိ ကုလားပြင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိကခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၆ ရက်ညနေတွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အမ်းမြို့တွင်ရှိနေသည့်ဒေသခံတဦးကပြောသည်။“ပထမတကြိမ်က သိမ်းခဲ့သေးတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်လို့ ပြန်ခွာပေးထားခဲ့တာ။ ဒီတခါတော့AAက ရက်ပိုင်းအတွင်းသိမ်းယူလိုက်တာ”ဟု ၎င်းကပြောသည်။ မဲနယ်တောင်ဗျူဟာသည် စစ်ကောင်စီ၏ အခိုင် အမာစခန်းဖြစ်ပြီး စခန်းအားတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။ ဒေသခံများကမူ AAသည် မဲနယ်တောင်ဗျူဟာကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အောက်တိုဘာ ၆ရက်နံနက်တွင် မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခြင်းဟု ပြောသည်။ ရခိုင်ပြည်နယ် ၊အမ်းမြို့နယ်တွင် တောဟိန်းတောင်ဗျူဟာကို AAက ပြီးခဲ့သည့် ဇွန်လကတိုက်ပွဲတွင်တိုက်ခိုက်သိမ်းယူထားသည်။ AAကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက် တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။ထိုကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။ ” ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊…
▪︎စစ်ကောင်စီက ဆေးရုံလာ၍ လွတ်ငြိမ်းခွင့်ဖတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၌ အရေးပေါ်ကုသမှုခံယူနေရပြီး သတိပြန်လည်မလာသေးကြောင်း ပါတီသတင်းရင်းမြစ်အချို့က ပြောသည်။မနေ့ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစပြီး မေ့မြောနေတာဖြစ်ပြီး ဒီနေ့အထိ သတိပြန်လည်တာမရှိဘူးလို့ သိရပါတယ်။ သွေးကင်ဆာရောဂါဝေဒနာခံစားနေရသူ အသက် ၇၃နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ဆေးကုသခွင့် ကောင်းမွန်စွာ မပေးဘဲ မိသားစုနှင့်တွေ့ဆုံခွင့်ကိုလည်း တားမြစ်ကန့်သတ်ထားသည်။ “အရေးပေါ်မှာပဲလို့ သိရတယ်။ အခြေအနေကတော့ နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြောရမယ်” ဟု NLD သတင်းရင်းမြစ်က ပြောသည်။ စစ်ကောင်စီက ဆေးကုသခွင့်ကောင်းစွာမပေးခဲ့ဘဲ ယနေ့ နေ့ခင်းပိုင်းတွင်မူ ဆေးရုံသို့လာ၍လွတ်ငြိမ်း ခွင့်လာဖတ်သွားကြောင်းလည်း သတင်းရင်းမြစ် အချို့ကပြောသည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ပြီး မတရားသဖြင့် အမှု ၁၀ မှုစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂၉နှစ်အထိ ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးတွင် မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှ အလုပ်ထွက်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ကာ လေးထပ်ကွမ်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဒေါက်တာဇော်မြင့်မောင်ကို ထိုစဥ်က စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် နှစ်ပေါင်း ၂၀ ခန့် အကျဥ်းထောင်များအတွင်း ဖြတ်သန်းခဲ့ရပြီး…