အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်း စစ်ဌာန ဆေးတပ်ဌာနခွဲ တပ်သား သင်တန်းဆင်းပွဲပြုလုပ် ရန်ကုန်၊အောက်တိုဘာ ၃ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာန ဆေးတပ်ဌာနခွဲက ဦးစီးပြုလုပ်သော ရှေ့တန်းစစ်မြေပြင်ဆေးတပ်သားသင်တန်း သင်တန်းဆင်း အခမ်းအနားကို ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။
Author: Ka K
မြန်မာနိုင်ငံတစ်ဝန်းမှာ နောက်တစ်ကြိမ် ရေကြီးမြေပြိုတာ ထပ်ကြုံတွေ့ရမယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန်ပါတယ်။ ရေဘေးကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ အောက်တိုဘာလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ရေကြီးမြေပြိုပြီး လေပြင်းတိုက်ခတ်မှုတွေ ရှိနိုင်တာကြောင့် သတိထားသွားလာဖို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက သတိပေးထားတာပါ။ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ တိုင်ဖွန်းမုန်တိုင်း “ကရတ်သွန်” ကနေ ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် နိုင်ငံတစ်ဝန်း မိုးသက်လေပြင်းတွေ ကျရောက်လာတာလို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းရွာတာ၊ မိုးကြိုးပစ်တာနဲ့ ရေကြီးမြေပြိုတာတွေ ဖြစ်လာနိုင်တာကြောင့် လွတ်ကင်းရာနေရာတွေကို ကြိုတင်ရှောင်ရှားကြဖို့ အသိပေးထားထားပါတယ်။ ညောင်ရွှေမြို့နယ်၊ အင်းလေကန်အတွင်းမှာ ရေဘေးကူညီနေသူတစ်ဦးကတော့ ဒီတစ်ကြိမ်သာ ရေထပ်ကြီးရင် နှစ်ထပ်အိမ်တွေလည်း တောင့်ခံနိုင်တော့မှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။ “စက်တင်ဘာလထဲမှာ တစ်ထပ်အိမ်တွေမြုပ်တဲ့အထိ ခံခဲ့ရတဲ့ ရေဘေးဒုက္ခသည်တွေကိုတောင် အိမ်ပြန်မပို့ရသေးဘူး။ အခု အောက်တိုဘာလထဲမှာပါ အရင်လို ရေထပ်ကြီးမယ်၊ မြေပြိုမယ်ဆိုရင် ကျွန်တော်တို့ နှစ်ထပ်အိမ်တွေ၊ ဘုန်းတော်ကြီးကျောင်းတွေတောင် ခံနိုင်ပါ့မလား။ အခုတောင် စားဝတ်နေရေးခက်လို့ အလှူရှင်တွေကို အားကိုးနေရတာ။ မြေပြိုလို့ အလှူရှင်တွေမလာနိုင်ရင် ကျွန်တော်တို့ အင်းကန်ထဲကသူတွေ အကုန်ဒုက္ခရောက်ကုန်တော့မှာ” ပဲခူးတိုင်း၊ တောင်ငူမြို့မှာ ရေဘေးကူညီကယ်ဆယ်ရေးကို လုပ်ကိုင်နေသူတွေကတော့ ပထမတစ်ကြိမ်ရေဘေးမှာ မိသားစုဝင်တွေနဲ့ အိမ်တွေဆုံးရှုံးခဲ့ရသူတွေကို လက်ရှိအချိန်အထိ ပြန်လည်ထူထောင်ရေး မလုပ်ပေးနိုင်သေးဘူးလို့ ပြောပါတယ်။ စက်တင်ဘာလ ၂၁ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ရေဘေးအလှူငွေလက်ခံတဲ့ အခမ်းအနားမှာ ငွေကျပ်…
ခုမှပဲ စ-ဆုံး တွေ့တော့တာ……
▪︎ဒေသတွင်အင်အားအတောင့်တင်းဆုံး ခလရ (၂၉၇)ကိုသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ် ▪︎၄ ရက်အတွင်း KIA က ချီဖွေမြို့နှင့် ဆော့လော်မြို့တိုကိုသိမ်းပိုက် ဟန်နွေ၊လူအေး /People’s Spring ကချင်ပြည်နယ် ဆော့လော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF)ပူးပေါင်းတပ်ကယနေ့(အောက်တိုဘာ ၂) မနက်တွင် အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ စက်တင်ဘာ ၂၉ရက်နှင့် ၃၀ရက်တွင် ချီဖွေမြို့ကို KIA/PDF ပူးပေါင်းတပ်က သိမ်းပိုက်ပြီးနောက် နှစ်ရက်အကြာ အောက်တိုဘာ ၂ရက်မနက်အစော ပိုင်းတွင်ဆော့လောမြို့ကိုပါထပ်မံ သိမ်းပိုက်နိုင်ခဲ့ခြင်းလည်းဖြစ်ကြောင်းစစ်ရေးရင်းမြစ် ၅ ဦးကပြောသည်။ “မြို့နယ်အဆင့် ဆော့လော်မြို့ သိမ်းတာပါ။ ရဲစခန်း ၊ ဌာနဆိုင်ရာ ရုံးတွေ၊ တပ်စခန်းတွေလည်းသိမ်းရပါတယ်။ နဂိုရ်ကတည်းက မြို့ကွက်ကွက်လေးနဲ့ တပ်ပဲ ကျန်ပါတယ်။ လမ်းကြော ဖြတ်တောက်ပိတ်ဆို့ထားတာ ၁နှစ်ကျော်ခန့်ရှိပါပြီ။တခါတလေရိက္ခာ ချပေးတာနဲ့ အသက်ဆက်နေကြတာပါ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဆော့လော်မြို့ရှိ အမှတ် ၂၉၈ ခြေလျင်တပ်ရင်း(ခလရ-၂၉၈) တပ်စခန်း ကို အောက်တိုဘာ ၂ရက် မနက် ၇နာရီခွဲတွင် သိမ်းပိုက်ခဲ့ရာ လက် နက်ခဲယမ်းနှင့် စစ်သုံ့ပမ်းများ ရရှိခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။ဆော့လော်မြို့သိမ်းပိုက်နိုင်ရေးအတွက် ၂ရက်ကြာ တိုက်ခိုက်ခဲ့ရသည်ဟုလည်း ၎င်းက ဆိုသည်။ အခြား သတင်းရင်းမြစ်တစ်ဦးကလည်း “ဟုတ်တယ် မြို့သိမ်းလိုက်ပြီ။ ကွန်ဖန်းတယ်။ ဒီနေ့မနက် ၆နာရီကနေ ၉နာရီ အကြားထဲမှာ အကုန်လုံးပြီးစီးသွားပြီ။ “ ဟု ဆော့လော်မြို့သိမ်းတိုက်ပွဲ အခြေအနေကို People’s Spring သို့ပြောသည်။ အခြားကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း ဆော်လော်မြို့ နှင့် အတူ စစ်ကောင်စီ…
အောက်တိုဘာ ၂၊ The Nation Voice မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရေလှောင်တမံလေးဆယ်ကျော် ရေကျော်လွန်နေတဲ့အတွက် ဆည်တချို့ ရေဖောက်ချနေရတယ်လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ဒီနေ့အောက်တိုဘာလ ၂ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထိန်းသိမ်းထားတဲ့ ရေလှောင်တမံ ၂၄၆ခုအနက် ရေလှောင်တမံ ၄၇ခုဟာ စက်တင်ဘာ ၂၉ ရက်မှာ ကန်ရေပြည့် အမှတ် အထက်ကျော်လွန်ပြီး ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တယ်လို့ သိရပါတယ်။ ရေပိုလွှဲမှရေကျော် စီးဆင်းခဲ့တဲ့ ရေလှောင်တမံတွေဟာ ကရင်ပြည်နယ်မှာတစ်ခု၊ချင်းပြည်နယ်မှာသုံးခု၊စစ်ကိုင်းတိုင်းမှာနှစ်ခု၊ပဲခူးတိုင်းမှာ ၁၁ခု၊ မကွေးတိုင်းမှာ ၁၁ခု၊ မန္တလေးတိုင်းမှာ လေးခု၊ နေပြည်တော်မှာနှစ်ခု၊ မွန်ပြည်နယ်မှာနှစ်ခု၊ ရခိုင်ပြည်နယ်မှာတစ်ခု၊ ရန်ကုန်တိုင်းမှာသုံးခု၊ ရှမ်းပြည်နယ်တောင်ပိုင်းမှာနှစ်ခု၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတစ်ခုနဲ့ ဧရာဝတီတိုင်းလေးခုဖြစ်ပြီးစုစုပေါင်း ၄၇ခုရေကျော်နေတာဖြစ်ပါတယ်။ အဆိုပါရေလှောင်တမံတွေဟာ ကြံ့ခိုင်မှုကောင်းမွန်သလို တာဝန်ကျဝန်ထမ်းတွေကိုလည်း ၂၄ နာရီ ရေကင်းတာဝန်ချထားပြီး အနီးကပ် စောင့်ကြည့်နေတဲ့အတွက် စိုးရိမ်စရာမရှိဘူး လို့ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ကင်းတားဆည် ရေထုတ်လွှတ်ထားတာဖြစ်လို့ မြစ်ချောင်းဘေး နေထိုင်သူတွေနဲ့ ကျေးရွာအုပ်စုတွေ အမြန်ပြောင်းရွှေ့ဖို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အောက်တိုဘာ၁ရက်နေ့မှာ လိုက်လံအသိပေး ကြေညာပေးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကင်းတားဆည်ရေလှောင်တမံဟာ အောက်တိုဘာလ ၁ ရက်နေ့မှာ ဆည်ရေ ပြည့်အမှတ် ၆၇၇.၃၂ ပေကိုရောက်ရှိပြီး လက်ရှိမိုးရွာသွန်းမှုအခြေအနေကြောင့် ရေပိုလွှဲရေတံခါးကနေ ၁.၆၄ ပေ နှစ်ပေါက် ဖွင့်လှစ်ထားရှိရာမှ ရေထွက်ပေါက်လေးပေါက်အထိ ရေထပ်မံထုတ်လွှတ်ထားတယ်လို့ သိရပါတယ်။ ရေပိုလွှဲရေတံခါးမှ ၁.၆၄ပေ ရေထွက်ပေါက် လေးပေါက် ထပ်မံရေထုတ်လွှတ်နေမှာဖြစ်တာကြောင့် ပန်းလောင်းမြစ်ကမ်းဘေးကရွာတွေ ရေထပ်မံမြင့်တက်လာနိုင်တဲ့အတွက် ကုန်းမြင့်ရှိရာ ဒေသတွေဆီ ပြောင်းရွှေ့နေထိုင်ကြဖို့အတွက် အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီထိန်းထားဆဲ စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်မြို့တို့တွင် သန်းခေါင်စာရင်းများ ကောက်ယူနေကြောင်း သတင်းရရှိသည်။ သန်းခေါင်စာရင်းကောက်ယူရန်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းတို့ကို စက်တင်ဘာ အတွင်းက သင်တန်းပေးခဲ့ကာ ယနေ့တွင် စတင်ကောက်ယူနေပြီဖြစ်ကြောင်း မြို့ခံများက ဆိုသည်။ စစ်တွေမြို့ခံတဦးက “ပညာရေးဌာနက ဆရာမတွေ၊ ထွေအုပ်စာရေးတွေ တူညီဝတ်စုံ ဝတ်ပြီးတော့ ရပ်ကွက်တွေမှာ ဒီနေ့ သန်းခေါင်စာရင်း လိုက်ကောက်နေတယ်။ အိမ်မှာရှိတဲ့ လူစာရင်းအရေအတွက်ကို Tablet မှာ ဖြည့်တယ်။ သူတို့ ပြောတာ က ဒစ်ဂျစ်တယ်စနစ်နဲ့ ကောက်ယူတာလို့ ပြောတယ်” ဟုပြောသည်။ အဆိုပါ သန်းခေါင်စာရင်း ကောက်ယူသည့် ဝန်ထမ်းများကို ထမင်းဖိုး တနပ် ၅၀၀၀ ကျပ်နှင့် ဆိုင်ကယ် ဆီဖိုးထောက်ပံ့ ကာ ရဲအင်အားအလုံးအရင်းဖြင့် လုံခြုံရေးယူပေးထားကြောင်းလည်း သိရသည်။ အလားတူ တောင်ကုတ်မြို့နှင့် ကျောက်ဖြူမြို့တို့တွင်လည်း စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများက ယနေ့ သန်းခေါင် စာရင်း ကောက်ယူနေကြကြောင်း မြို့ခံများက ပြောသည်။ တောင်ကုတ်မြို့ခံတဦးက “သန်းခေါင်စာရင်း ကောက်တာကို ပြည်သူတွေက စိတ်ဝင်စားသလား ဆိုတာထက် သူတို့လာ ကောက်တဲ့အချိန်တဲ့ ဒီအိမ်လူ မရှိဘူးဆိုရင် ပြဿနာရှာနိုင်တဲ့အတွက် သူတို့လာမှာကို ကြိုပြီးကို စောင့်နေကြရတာ။ မေးတာကို ဖြေပေးလိုက်တယ်။ ပြဿနာ မရှာရင် ပြီးရော။ အဲဒီလို သဘောပါပဲ” ဟုပြောသည်။ စစ်ကောင်စီက ၂၀၂၄ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို နေပြည်တော်အပါအဝင် တိုင်း နှင့်ပြည်နယ်အသီးသီး၌ စာရင်းကောက်ယူသူ ၄ သောင်း ၂ ထောင်ခန့်ဖြင့် စတင်ကောက်ယူနေပြီဖြစ်ကြောင်းနှင့်…
ကျိုက်ထိုနှင့် မကွေး မြို့နယ်တို့တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက် စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများ အသိပေး မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်နှင့် မကွေးတိုင်း မကွေးမြို့နယ်တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို အားပေးကူညီသူများကို ထိရောက်စွာ အရေးယူမည်ဟု တော်လှန်ရေး အင်အားစုများက အသိပေးထုတ်ပြန်လိုက်သည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ တစ်နိုင်ငံလုံးရှိ ပြည်သူများမှ ဆန္ဒမဲပေး ခဲ့ပြီး အစိုးရသစ်အား ရွေးချယ်ခဲ့ပြီးဖြစ်သော်လည်း လက်နက်အားကိုးဖြင့် မတရား အကြမ်းဖက် အာ ဏာသိမ်းခဲ့သော စစ်ကောင်စီက ယခုတဖန် ရွေးကောက်ပွဲကျင်းပရန် ကြိုးစားအားထုတ်လာခဲ့ပြီး ထိုသို့ မတရားသည့် ရွေးကောက်ပွဲကျင်းပရန် လုပ်ဆောင်မှုကို ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) အဖွဲ့အနေဖြင့် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားသည်။ တစ်နိုင်ငံလုံးကို စစ်ကျွန်ဇာတ်သွင်းပြီး အရပ်သားပြည်သူများ၏ အိုးအိမ်၊ စည်းစိမ်များအပြင် အသက် အန္တရာယ်ကိုပါ ထိခိုက်ဆုံးရှုံးစေသည့် တိုက်ခိုက်မှုများ၊စာသင်ကျောင်းများနှင့်ဘာသာရေးအဆောက် အုံများပါမကျန် လေကြောင်းမှ တိုက်ခိုက်မှုများ၊ မုဒိမ်း၊ လူသတ်၊ ပစ္စည်းလုယက်မှုများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေသော စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပ မည်ဟု ဆိုသည်မှာ ၎င်းတို့၏ အကျိုးစီးပွားကို ကာကွယ်ရန် နှင့် ၎င်းတို့၏ အာဏာ သက်ဆိုးရှည်စေ ရန် ကြိုးစားအားထုတ်မှုဟု သတ်မှတ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု – KRF က ပြော ကြားသည်။ သို့ဖြစ်ပါ၍ အဆိုပါ…
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲက စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုကို မနေ့ စက်တင်ဘာလ ၃၀ရက်၊ နေ့လည်ပိုင်းက တော်လှန်ရေးအင်အားစုတွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းတစ်ခုလုံးနီးပါး ပျက်သုဉ်းတဲ့အထိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နခမ နဲ့ မိုင် ၂၀လောက်သာ ကွာဝေးတဲ့ ဘုတလင်မြို့နယ်ထဲက အင်အား ၈၀လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဘုတလင်၊ ယင်းမာပင်၊ ကနီ၊ ဒီပဲယင်းနဲ့ အရာတော်အခြေစိုက် တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲ့ဒီ ကြားဖြတ်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၅၀လောက်ကို အရှင်ဖမ်းမိပြီး၊ အယောက် ၂၀လောက် သေဆုံးခဲ့တယ်လို့ တော်လှန်ရေးအင်အားစုတွေဆီကနေ သိရပါတယ်။ မနေ့က တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ 96 Soldiers အညာဒေသတပ်ဖွဲ့ရဲ့ ဒုတိယစစ်ရေးတာဝန်ခံ ပြောတာကတော့ နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စည်းလုံးညီညွတ်မှုကြောင့် အခုလိုအောင်မြင်မှုရခဲ့တာလို့ ဆိုပါတယ်။ အခု တိုက်ခိုက်ခံရတဲ့ စစ်ကြောင်းဟာ စက်တင်ဘာလ တတိယပတ်အတွင်းမှာ ဘုတလင်မြို့ကနေတစ်ဆင့် ကူတော်ရွာက စစ်ကောင်စီအထိုင်စခန်းကို စစ်ကူအင်အား လာရောက်ဖြည့်တင်းခဲ့တဲ့ စစ်ကြောင်းဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတချို့က သတ်ဖြတ်ခဲ့သလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့လည်း တော်လှန်ရေးအင်အားစုတွေဘက်က ပြောပါတယ်။