ဇန်နဝါရီ ၃၁ နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ Non-CDM ဝန်ထမ်းများကို စစ်မှုထမ်းရန် စာရင်းသွင်း ဆင့်ခေါ်စာပေးပို့နေပြီး ကာယကံရှင် (သို့မဟုတ်) မိသားစုဝင်တစ်ဦးကို စစ်မှုထမ်းရန်နှင့်ထွက်မပြေးရန် တာဝန်ယူ လက်မှတ်ရေးထိုးခိုင်းနေကြောင်း ဝန်ထမ်းမိသားစုများထံမှ သိရှိရသည်။ နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အောင်ဇမ္ဗူ၊ ရွှေကြာပင် နှင့် ဓနသိဒ္ဓိ၊ ပညာသိဒ္ဓိ၊ ဝဏ္ဏ သိဒ္ဓိ ၊ သုခသိဒ္ဓိ၊ ဗလ သိဒ္ဓိ ၊ ဉာဏ သိဒ္ဓိရပ်ကွက်များတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်းရှိ Non-CDM ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင် အမျိုးသားများကို စစ်မှုထမ်း စာရင်းသွင်းရန် ဆင့်ခေါ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ ” စစ်မှုထမ်းဖို့ ဆင့်ခေါ်တဲ့ သိဒ္ဓိရပ်ကွက် ၆ ခုမှာ ဝန်ထမ်းတွေ အများစုဖြစ်ပြီး စစ်မှုထမ်း စာရင်းပါရှိနေလို့ ရှောင်လွှဲဖို့ ခက်ခဲနေတယ်။ ဘူးကွဲ/ ဧကတစ်ထောင်မှာရှိတဲ့ အပျိုဆောင်၊ လူပျိုဆောင်တွေကိုလည်း စစ်မှုထမ်း ဆင့်ခေါ်စာတွေ ပေးပို့နေလို့ အကျုံးဝင်သူ Non-CDM ဝန်ထမ်း အပျိုကြီး၊ လူပျိုကြီးတွေ အခက်တွေ့နေတယ်” ဟု နေပြည်တော်ဝန်ထမ်းသတင်းရင်းမြစ်က ပြောဆိုသည်။ Non-CDM ဝန်ထမ်းများသာမက နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အရပ်သားများကိုလည်း စစ်မှုထမ်းရန် ဆင့်ခေါ်စာ များပေးပို့နေပြီး အများစုမှာ ကာယကံရှင်ကိုယ်တိုင်မဟုတ်ဘဲ မိသားစုဝင်များက သွားရောက် လက်မှတ်ရေးထိုး စာရင်းသွင်းကြကြောင်း သိရှိရသည်။ “အောင်ဇမ္ဗူ၊ ရွှေကြာပင်တို့မှာ သာမန်အရပ်သား အများစုဖြစ်ပါတယ်။ အတော်များများက တိမ်းရှောင် နေကြတယ်။ ဒါပေမယ့် အိမ်ထောင်စု စာရင်းမှာပါတဲ့ မိသားစုဝင်တစ်ဦးဦးကတော့…
Author: Ka K
ရန်ကုန်၊ ဇန်နဝါရီ ၃၀ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် တပ်မ ၉၉ လက်အောက်ခံ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း အပါအဝင် စစ်သား ၂၂ ဦးသေဆုံးပြီး ၈ ဦးအရှင်ဖမ်းမိကာ လက်နက် ၃၉ လက် သိမ်းဆည်းရရှိ အမှတ် ၁ စစ်ဒေသက ပြောဆိုသည်။ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာမှ ထွက်လာသော ဗိုလ်မှူး ရန်လင်းအောင်နှင့် ဗိုလ်ကြီး အောင်ဇော်မင်း ဦးစီးသော တပ်မ ၉၉ လက်အောက်ခံ ခမရ ၁၄ ၊ ၁၅ နှင့် ရဲတပ်ရင်း ပူးပေါင်း အင်အား ၅၀ ခန့် ပါဝင်သော စစ်ကြောင်းကို မြတောင်ရွာနှင့် စိန်ပန်းကန်ရွာ အကြားတွင် တော်လှန်ရေး တပ်ဖွဲ့များ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်ကြီး အောင်ဇော်မင်း အလောင်း အပါအဝင် အလောင်း ၂၁ လောင်း သိမ်းဆည်းရရှိခဲ့ပြီး ဗိုလ်မှူးရန်လင်းအောင်လည်း ထိခိုက်ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာစဉ် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ တပ်သား ၈ ဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းထံမှ MA-1 (၃) လက်၊ MA-2 (၄) လက်၊…
စစ်ကိုင်းတိုငး နဲ့ မကွေးတိုင်းတို့မှာ စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲမယ်လို့ ယောကာကွယ်ရေးတပ်-YDF က ပြောဆိုလိုက်ပါတယ်။ လာမယ့်အချိန်ကာလတွေမှာ ယောဒေသကယကွယ်ရေးတပ်အနေနဲ့ မြို့သိမ်းတိုက်ပွဲတွေအတွက် ဦးတည်ဆောင်ရွက်နေပြီး စစ်ရေးအရှိန်ကို မကြာခင်မှာမြှင့်တင်တော့မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ဖြစ်ပေါ်လာနိုင်တဲ့ စစ်ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားဖို့နဲ့ စစ်ဆင်ရေးကာလအတွင်း အခက်အခဲတွေမကြုံစေဖို့ ဆေးဝါး၊ ရိက္ခာတွေ ကြိုတင်ပြင်ဆင်ထားဖို့ YDF က အသိပေးထားပါတယ်။ YDF ရဲ့ ပြောရေးဆိုခွင့်အဖွဲ့၀င်တယောက်ဖြစ်တဲ့ ကိုစိုးဝေက “ယောဒေသတခုတည်းမှာ မဟုတ်ပါဘူး။ အဓိက က မကွေးပေါ့၊ နယ်မြေခြင်း ထိစပ်နေတာကလည်း စစ်ကိုင်းဆိုတော့ အဲ့ဒီနေရာတွေမှာ စစ်ရေးဖော်ဆောင်သွားမှာဖြစ်ပါတယ်။ စစ်ရေးဖော်ဆောင်မှာကတော့ YDF တခုတည်း မဟုတ်ပါဘူး။ ချိတ်ဆက်ထားတဲ့ မဟာမိတ်တွေဖြစ်တဲ့ ချင်းရှိမယ်၊ ဒေသတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ စစ်ရေးဖော်ဆောင်သွားမှာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။ ပြည်သူတွေအနေနဲ့ မြို့သိမ်းတိုက်ပွဲတွေ ဖြစ်ပေါ်မလာမီ ကြိုတင်ပြင်ဆင်မှုမပြုလုပ်ဘဲ လောင်းကစားဝိုင်းတွေ၊ ပျော်ပွဲရွှင်ပွဲတွေမှာပဲ အားစိုက်လုပ်ဆောင်မနေဘဲ တိုက်ပွဲကာလတွေမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ဖို့ အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားစေချင်တယ်လို့ YDF က အသိပေးပါတယ်။ မြို့သိမ်းတိုက်ပွဲတွေကို ဘယ်အချိန်မှာ စတင်အကောင်အထည်ဖော်မယ်ဆိုတာကိုတော့ စစ်ရေးအရ ကြိုတင်ပြောဆိုလို့မရသေးဘဲ မကြာမီအချိန်စစ်ရေးအရှိန်မြှင့်မယ်ဆိုတာကိုသာ မှတ်ယူထားစေလိုတယ်လို့ ကိုစိုးဝေက ထပ်မံပြောဆိုပါတယ်။ ယောကာကွယ်ရေးတပ် YDF အနေနဲ့ ချင်းပြည်နယ် မင်းတပ်မြို့အပါအဝင် မြို့ ၃ ခုကို သိမ်းပိုက်နိုင်ခဲ့တဲ့ ချင်းညီနောင်စစ်ဆင်ရေးအတွင်း ပါဝင်တိုက်ခိုက်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
အာရက္ခတပ်တော် (AA) ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စစ်ကောင်စီတပ်က ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာနဲ့ ငွေဆောင်က ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို စစ်သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးဖို့ ပြင်ဆင်နေတယ်လို့ အုပ်ချုပ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အာရက္ခတပ်တော် (AA) ရောက်လာရင် ပူးပေါင်းဝိုင်းဝန်းခုခံပစ်ခတ်ဖို့အတွက်ဆိုပြီး ချောင်းသာနဲ့ ငွေဆောင်မြို့တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက လာမယ့် ဖေဖော်ဝါရီ ပထမအပတ်ထဲမှာ လက်နက်ပစ်ခတ်မှုနဲ့ စစ်သင်တန်းပေးမှာဖြစ်ပြီး သင်တန်းပြီးတာနဲ့ လက်နက်ထုတ်ပေးမှာလို့ ဆိုပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တယောက်က “စစ်သင်တန်းပေးမှာပါ၊ ဟုတ်တယ်။ တပ်ချုပ်ရဲ့အမိန့်နဲ့ လုပ်တာ။ စီစဉ်ပေးတာက တိုင်းအဆင့်က စီစဉ်ပေးတာ။ စာရင်းယူထားပြီး ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေကို သီးသန့် သင်တန်းပေးမှာ” လို့ ပြောပါတယ်။ အဲဒီ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တွေကို တိုင်းအဆင့် စစ်ကောင်စီရဲ့ စီစဉ်ပေးမှုနဲ့ ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာမှာရှိတဲ့ အမှတ် ၆ စစ်အခြေခံလေ့ကျင့်ရေးတပ်ထဲမှာ စစ်သင်တန်းပေးသွားမှာလို့ သိရပါတယ်။ ဒေသခံ စစ်မှုထမ်းမိသားစုဝင်တယောက်က “စစ်ကောင်စီက အခုလိုလုပ်တာက စစ်ရေးအတွက် အကျိုးမရှိစေဘဲ မှုခင်းတွေပဲ ပိုတိုးလာဖို့ရှိတယ်။ စစ်ရှုံးတာနဲ့ လူတိုင်း အကုန်စစ်သင်တန်းပေးနေလို့ မရဘူးလေ။ အခု စစ်ရှုံးနေတာကလည်း စစ်မတိုက်တတ်တဲ့ လူငယ်တွေကို စစ်သင်တန်းပေး စစ်တိုက်ခိုင်းနေလို့လေ” လို့ ပြောပါတယ်။ လက်ရှိ အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်တပ်ပေါင်းစုတွေက ပုသိမ်မြို့နယ်၊ ရွှေသောင်မြို့၊ သာပေါင်းမြို့နယ်နဲ့ ရေကြည်မြို့နယ်တွေကို ရောက်ရှိလာပြီး စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒါ့အပြင်…
ဇန်နဝါရီ ၃၀ ၊ ၂၀၂၅ အကြမ်းဖက်စစ်အုပ်စုက တိုက်ပွဲတွေမှာ အသုံးပြုနေတဲ့ ဗုံးသီးတွေ ၊ မိုင်းတွေမှာ ဗုဒ္ဓဘာသာဝင်တွေ ရွတ်ဆိုပူဇော်လေ့ရှိတဲ့ ပဋ္ဌာန်းစာသားတွေကို ကပ်ပြီးတော့ အသုံးပြုနေတယ်လို့ ရခိုင်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News – ABN က ဒီနေ့မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ Arakan Bay News – ABN က ဖော်ပြထားတဲ့ ဓာတ်ပုံတွေမှာ အကြမ်းဖက်စစ်အုပ်စုက လက်ပစ်ဗုံးတွေ ၊ မြေမြှပ်မိုင်းတွေ ၊ ဒုံးကျည် တွေမှာ ပဋ္ဌာန်းစာသားတွေ ကပ်ထားတာကို တွေ့မြင်ရပါတယ်။ အာရက္ခတပ်တော် (AA) က ရက္ခိုင်ပြည်မှာ ၁၄ မြို့ နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် မြို့ပေါင်း ၁၃ မြို့ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။ ရက္ခိုင်ပြည်မှာ တိုက်ခိုက်သိမ်းပိုက်ဖို့အတွက် စစ်တွေ ၊ ကျောက်ဖြူ နဲ့ မာန်အောင် မြို့တွေပဲ ကျန်ရှိပါတော့တယ်။ လက်ရှိအချိန်မှာလည်း အာရက္ခတပ်တော် (AA) က ဧရာဝတီတိုင်း နဲ့ မကွေးတိုင်းတွေမှာ တိုက်ပွဲတွေ ဖော်ဆောင်နေတယ်လို့လည်း အသိပေး ထားပါတယ်။ ဓာတ်ပုံ – Arakan Bay News – ABN
ဇန်နဝါရီ ၂၉ ၊ ၂၀၂၅ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ကနေ ကိုးကန့်တပ်မတော် (MNDAA) ပြန်လည်ဆုတ်ခွာပေးဖို့ တရုတ်ရဲ့ဖိအားပေးမှုသတင်း ထပ်မံထွက်ပေါ်လာပေမဲ့ လားရှိုးဒေသခံတွေကတော့ ဒီအခြေအနေနဲ့ပတ်သက်ပြီး အတည်မပြုထားကြပါဘူး။ ဒီနေ့ ဇန်နဝါရီ ၂၉ ရက် လားရှိုးမြို့မှာ ကျင်းပတဲ့ တရုတ်နှစ်သစ်ကူးပွဲတော်ကို ဒေသခံတွေနဲ့အတူ မြောက်ပိုင်းမဟာမိတ်ညီနောင်တွေဖြစ်တဲ့ MNDAA ၊ TNLA ၊ AA တို့အပါအဝင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နဲ့ မဟာမိတ်တပ်ဖွဲ့က တာဝန်ရှိသူတွေ ပူးပေါင်ပါဝင်ပြီး နှစ်သစ်ကူးပွဲတော်ကို ကျင်းပနေတာလည်း ဖြစ်ပါတယ်။ “ဒီကနေ့ထိတော့ ကိုးကန့်က နယ်မြေကိုပြန်ပေးဖြစ်မယ်ဆိုတာ မကြားရပါဘူး။ တရုတ်အစိုးရအနေနဲ့ရော စစ်ဘက်အုပ်စုအနေနဲ့ရော လားရှိုးဒေသကိုပြန်ရဖို့ ဖိအားအနေနဲ့ ပေးတာမျိုးတွေ ရှိနိုင်ပေမဲ့ လားရှိုးမြို့ဟာ လတ်တလော ကိုးကန့် ထိန်းသိမ်းနယ်မြေဖြစ်တယ်။ ပြင်ပဖိအား၊ တရုတ် ကြားဝင်ညှိနှိုင်းမှုခေါင်းစဥ်အောက်က မြန်မာ့အရေး ဝင်ရောက်စွက်ဖက်မှု၊ စစ်တပ်အင်အားစုအနေနဲ့ ညှိနှိုင်းရန်ကြိုးစားနေမှု အမျိုးမျိုးတို့ဟာ လက်ရှိမှာ ဖိအားအခြေအနေတစ်ခုထက်မပိုသေးသလို ဒေသပိုင်းပြန်လည်ပေးအပ်ဖို့ဆိုတာ မဆုံးဖြတ်နိုင်သေးတဲ့ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်” လို့ လားရှိုးမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။ ကိုးကန့်တပ်မတော် ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို ရောက်ရှိလာတဲ့ ယူနန်ပြည်နယ် တရုတ်ကိုယ်စားလှယ်အဖွဲ့က “နှစ်သစ်ကူးပြီးရင် ပြန်ဆုတ်ပေးရမယ်” လို့ MNDAA ကို ပြောခဲ့တာနဲ့ပတ်သက်ပြီး ဘီဘီစီသတင်းဌာနက ဒီနေ့မှာ ရေးသားဖော်ပြထားတာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။…
People’s Spring မနက်ကိုးနာရီလောက်သာ ရှိသေးပေမယ့် မုံရွာမြို့ပေါ်လမ်းမတွေမှာ လူသွားလူလာကော ယာဥ်သွားယာဥ်လာပါ ရှင်းလင်းသွားခဲ့တယ်။ အရင်ကတော့ ညနေပိုင်းလောက်မှသာ လမ်းပေါ်လူရှင်းသွားတာဖြစ်ပေမယ့် အခုရက်ပိုင်းအတွင်းမှာတော့ မနက်ပိုင်းကတည်းက လမ်းပေါ်ခြောက်ကပ်တိတ်ဆိတ်သွားတာပါ။ အဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီက စစ်မှုထမ်းဖို့ဖမ်းဆီးနေတာကြောင့် လူသွားလူလာမရှိတော့တာလို့ မြို့ခံတွေက ပြောပါတယ်။ “ဟေ့ကောင်ခဏ စစ်စရာရှိလို့ဆိုပြီး တားတယ်။ ရပ်လိုက်တာနဲ့အဲကောင်အပါပဲ။”လို့ အသက် ၂၉ နှစ်အရွယ် မုံရွာမြို့ခံ ကိုမင်း(အမည်လွှဲ)က ပြောပါတယ်။ တော်လှန်ရေးအားအကောင်းဆုံးတိုင်းတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဟာ မုံရွာမြို့မှာ အခြေစိုက်ပါတယ်။ စစ်ကောင်စီဟာ အာဏာသိမ်းပြီးကတည်းက မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ အမြောက်အများ ပြုလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်ထဲမှာ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း လူငယ်တွေကို စစ်မှုထမ်းဖို့ ဖမ်းဆီးတာတွေ မကြာခဏ ရှိခဲ့တယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးပတ် ဇန်နဝါရီ ၂၅ ရက်က စပြီးတော့ မုံရွာမြို့ပေါ်မှာ ပြည်သူတွေကို တွေ့တာနဲ့ ဖမ်းဆီးနေတာကြောင့် ဘယ်သူမှအပြင်မထွက်ရဲကြတော့ဘူးလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။ “ဒီနေ့နဲ့ဆို လေးရက်ရှိပြီဖမ်းတာ။ ကျွန်တော်တို့ရှေ့တင်ဆွဲတာက်ိုက ငါးယောက်တွေ့ဖူးတယ်။ တချို့ဆို ၇ ယောက် ၈ ယောက်။ ဆိုင်ကယ်တွေပါရင် ကားပေါ်တခါတည်းတင်သွားတာ။”လို့ မုံရွာမြို့ခံ ကိုမင်းက ဇန်နဝါရီ ၂၈ ရက်က ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မုံရွာမြို့ပေါ်ကို ကားလေးစီးလောက်နဲ့ပတ်နေပြီး လူတွေ့တာနဲ့တခါတည်း ကားပေါ်တင်သွားတယ်လို့ မြို့ခံတွေက ဆိုပါတယ်။ တွေ့တဲ့လူတွေကို ပေါ်တာဆွဲတာမို့ စားဝတ်နေရေးအတွက် မဖြစ်မနေ အပြင်ထွက်ရတဲ့ အခြေခံလူတန်းစားတွေ တော်တော်ထိတယ်လို့ အခြားမုံရွာမြို့ခံတစ်ဦးကလည်း…
ဇန်နဝါရီ ၂၉၊ ၂၀၂၅ တရုတ်နိုင်ငံဟာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့ ဆက်ဆံရေးမှာ ပြည်သူတွေဆန္ဒအတိုင်း ဖြစ်မနေဘူးလို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ် ဇင်မာအောင်က ဒီနေ့ ဇန်နဝါရီ ၂၉ရက်မှာ ပြောလိုက်ပါတယ်။ “ကျမတို့အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့်တရုတ်အနေနဲ့ဆိုရင်တော့ ကျမတို့နွေဦးတော်လှန်ရေးကိုရော နောက်ပြီး ကျမတို့ NUG အစိုးရကိုရော ဆက်သွယ်ဆောင်ရွက်တဲ့နေရာမှာတော့ ပွင့်ပွင့်လင်းလင်းပြောရရင် ပြည်သူလူထုရဲ့ဆန္ဒအတိုင်း ဖြစ်မနေဘူး။ တကယ့် အစစ်အမှန်အခြေအနေကို ထင်ဟပ်ခြင်းမရှိတဲ့ သတင်းအချက်အလက်တွေပေါ်မှာ အခြေခံပြီးတော့ မြန်မာ့အရေးကို ဘေဂျင်းက ဆုံးဖြတ်နေတယ်၊ ဆုံးဖြတ်ချက်ချနေတယ်လို့တော့ ကျမအနေနဲ့ မြင်မိပါတယ်။ ဒါကြောင့်မို့ ကျမတို့ဘက်က engagement တွေ ဆက်သွယ်ဆောင်ရွက်မှုတွေကိုတော့ တဖက်သတ်ပင်ဖြစ်နေပါစေ ကျမတို့ တိုးပြီးတော့ဆောင်ရွက်နေတာတွေရှိပါတယ်” လို့ ဒီနေ့ပြုလုပ်တဲ့”အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲ” မှာ NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ တဖက်မှာလည်း နယ်စပ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို NUG နဲ့ ဆက်သွယ်ဆောင်ရွက်ခြင်းမပြုဖို့ဆိုပြီး ဖိအားပေးတဲ့ကိစ္စတွေလည်းရှိနေသလို တရုတ်အစိုးရရဲ့ ရှေ့နောက်မညီတဲ့ ချဉ်းကပ်မှုတွေကိုလည်း တွေ့မြင်ရတယ်လို့ ပြောပါတယ်။ “ကျမတို့ရုန်းကန်နေတဲ့ကိစ္စက ပြည်တွင်းရေးဖြစ်တယ်လို့ ရှေ့ပိုင်းမှာပြောပြီး အခုနောက်ပိုင်းကျတော့လည်း ပြန်ပြီးမြန်မာ့အရေးမှာ အတင်းကြီးကို ဝင်ရောက်စွက်ဖက်တဲ့ပုံစံမျိုးတွေ တွေ့ရတော့ ကျမအမြင်က တရုတ်အစိုးရ ဘေဂျင်းကိုယ်တိုင် မြန်မာ့အရေးကိုကိုင်တွယ်တဲ့နေရာမှာ consistent မဖြစ်ဘူး။ ရှေ့နောက်မညီတဲ့ချဉ်းကပ်မှုတွေနဲ့ ပိုပြီးတော့ဆောင်ရွက်လာနေတာကို ကျမတို့ မြင်ရတယ်။ ဒါက ဘာကိုပြနေလဲဆိုရင် မြန်မာ့အရေးကို သူဘယ်လိုကိုင်တွယ်ရမှန်းမသိ၊နေပြည်တော်က စစ်ခေါင်းဆောင်တွေကိုလည်း စိတ်တိုင်းကျနေသလားဆိုတော့ မကျဘူး။ ကိုယ်တိုင်ပဲ ဝင်ပြီးတော့ အခုဆိုရင် ကျားဖြန့်ကိစ္စလိုမျိုးမှာ ထိုင်းနဲ့ပေါင်းပြီးဆောင်ရွက်ဖို့လုပ်လာတာတွေ တွေ့ရတယ်”လို့ NUG ဝန်ကြီးက…
ဇန်နဝါရီ-၂၈-၂၀၂၅ TikTok ကို ဝယ်ယူဖို့ မိုက်ခရိုဆော့ဖ်ဟာ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး ဒီအက်ပလီကေးရှင်းကို ဝယ်ယူရေးမှာ အပြိုင်အဆိုင်တွေ မြင်လိုတယ်လို့ ဆိုပါတယ်။ အမေရိကန်ကုမ္ပဏီအများအပြားဟာ TikTok ကိုဝယ်ယူဖို့ အလွန်စိတ်ဝင်စားနေကြတယ်လို့ ထရန့်ကပြောပါတယ်။ အမေရိကန်အာဏာပိုင်တွေဟာ အမေရိကန်မှာရှိတဲ့ TikTok ရဲ့ လုပ်ငန်းတွေကို ရောင်းချဖို့ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီကို ဖိအားတွေ ပေးနေခဲ့ပါတယ်။ သမ္မတဟောင်း ဂျိုးဘိုင်ဒင်ရဲ့ လက်ထက်မှာတော့ ဒီအက်ပလီကေးရှင်းကို ရောင်းချဖို့ သို့မဟုတ် အမေရိကန်မှာ ပိတ်ပင်ဖို့ တားမြစ်ခဲ့ပြီး အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်တက်လာချိန်မှာတော့ ဒီတားမြစ်ချက်ကို အချိန် ၇၅ ရက်တိုးပေးခဲ့ပါတယ်။ TikTok ကိုဝယ်ယူရေးနဲ့ပတ်သက်ပြီး ကုမ္ပဏီအများအပြားဟာ ဆွေးနွေးနေကြပြီး လာမယ့် ရက် ၃၀ အတွင်း အက်ပလီကေးရှင်းရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချဖို့ မျှော်လင့်ထားကြောင်း ဒေါ်နယ်ထရန့်က ဆိုပါတယ်။ မိုက်ခရိုဆော့ဖ် တာဝန်ရှိသူတယောက်ကတော့ ခုချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မရှိသေးဘူးလို့ပြောပါတယ်။ တရုတ်အခြေစိုက် ဘိုက်ဒန့်ကုမ္ပဏီပိုင် TikTok အက်ပလီကေးရှင်းဟာ အသုံးပြုတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရထံ မျှဝေနေတယ်လို့ အမေရိကန်အာဏာပိုင်တွေက စွပ်စွဲထားပြီး TikTok ကတော့ ဒီကိစ္စအပေါ် ကြိမ်ဖန်များစွာ ငြင်းဆိုထားပါတယ်။ Ref:BBC ရတီ(VOM)
People’s Spring မကွေးတိုင်း၊ယောဒေသတွင်း စစ်ရေးအရှိန်မြှင့်တော့မည်ဖြစ်၍ ပြည်သူများစစ်ဘေးအန္တရာယ်ကို ပြင်ဆင်ချိန်ရောက်ပြီဟု ယောကာကွယ်ရေးတပ်(YDF)က ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် အသိပေးကြေညာသည်။ အာဏာသိမ်းစစ်ကောင်စီထံမှ မိမိတို့ပိုင်ဆိုင်သော နယ်မြေ၊ရပိုင်ခွင့်များနှင့် အခွင့်အရေးများအား ပြန်လည်ရယူနိုင်ရန် မြို့သိမ်းတိုက်ပွဲများဖော်ဆောင်ပြီး တိုက်ယူရမည့်အချိန်အခါဟု ယောကာကွယ်ရေးတပ် ဆိုသည်။ ပြည်သူများအနေဖြင့် တန်ဖိုးကြီးပစ္စည်းများ သေချာသိမ်းဆည်းရန်နှင့် စစ်ရေးကာလအတွင်း အခက်အခဲမရှိစေရန် ရိက္ခာဆေးဝါးများကြိုတင် ပြင်ဆင်ကြရန်လည်း YDF က တိုက်တွန်းသည်။ စစ်ရေးကြိုတင်ပြင်ဆင်ခြင်း အပါအဝင် ထုတ်ပြန်ချက်နှင့်ဆက်စပ်၍ YDF ထံသို့ လူထုနွေဦးက ဆက်သွယ်မေးမြန်းဆဲ ဖြစ်သည်။ ” ဂန့်ဂေါ၊ကျော၊ထီးလင်း၊ဆောနဲ့ ကျောက်ထုဆိုတဲ့ ယောငါးမြို့ကိုစုပေါင်းပီး Y D F ကိုစစ်တပ်အာ ဏာသိမ်းအစ နှစ်ကတည်းက ဖွဲ့ခဲ့တာ။ပြီးခဲ့တဲ့လ က ယောဒေသနဲ့ကပ်လျက်ရှိတဲ့ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက် ခိုက်ခဲ့တယ်။လက်နက်အင်အားလည်း ကောင်းသလို စစ်ရေးအရ တိုင်းရင်းသားလက်နက် ကိုင်တချို့နဲ့ ပူးတွဲတိုက်ခိုက်နေတာရှိတယ်”ဟု ယောဒေသခံစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။ မြို့သိမ်းတိုက်ပွဲနှင့်အတူ ပြည်သူလူထုထောက်ပံ့ထည့်ဝင်သောငွေများကို စနစ်တကျ၊အလေအလွင့်မရှိကောက်ခံနိုင်ရန်လိုအပ်ပြီး ထိုငွေများသည် မြို့သိမ်းတိုက်ပွဲဆင်နွှဲမည့် တပ်ဖွဲ့များထံရောက်ရှိရန် လိုအပ်ကြောင်း အသိပေးသည်။ သို့သော် မြို့သိမ်းတိုက်ပွဲအကြောင်းပြ၍ ဂန့်ဂေါမြို့နယ်အတွင်းရှိ ပသုံးလုံးအဖွဲ့များ(ပအဖ၊ပကဖ၊ပလဖ)တို့၏ ငွေကြေးခွဲတမ်းကောက်ခံမှုများသည် တာဝန်ယူ၊တာဝန်ခံမှုမရှိဘဲ ပြုလုပ်နေသည်ကိုတွေ့ရှိရပြီး အချို့သောကျေးရွာများတွင် အဓမ္မငွေကြေး ကောက်ခံမှုပင်ရှိဟု ဆိုသည်။ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများက မြို့နယ် ပသုံးလုံးအဖွဲ့ကကောက်ခံသည်ဟု သိရှိထင် မြင်၍ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့-ပအဖ၊ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံဆက်သွယ် မေးမြန်းရာတွင် ၎င်းတို့က ကျေးရွာပြည်သူလူထု၏ သဘောဆန္ဒအလျောက် ကောက်ခံခြင်းဟုဆိုပြီး ၎င်းတို့အချင်းချင်းကြား ဘော်လီဘော ပုတ်၊လက်ညိိုးထိုး လွှဲချနေသည်မှာ…