မကွေးတိုင်း ၊ အထက်မင်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးပြန်လာသည့်ကား နှစ်စီးကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃၁ဦး သေဆုံးပြီး ခုနစ်ဦးဒဏ်ရာ ပြင်းထန်ရကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) အထူးလှုပ်ရှားတပ်ဖွဲ့ United States Of Burma Army (USBA) က ယနေ့ (ဇန်နဝါရီလ ၂၈ရက်) တွင်ထုတ်ပြန်သည်။ စုစုပါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၉ ဦးလိုက်ပါစီးနင်းလာသည့် စစ်ကောင်စီကား နှစ်စီးကို လယ်လှကျေးရွာအနီး လမ်းပိုင်းတနေရာတွင် ယနေ့ မွန်းလွဲ ၁နာရီ ၂၈မိနစ် အချိန်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်ခဲ့သည့် လမ်းပိုင်းမှာ အထက်မင်းလှမြို့နယ်အတွင်း အပြိုင်တည်ရှိသော သရက် – မင်းလှကားလမ်းနှင့် မုံရွာ – ပုသိမ်ကားလမ်းတို့အားဆက်သွယ်ပေးထားသည့် လမ်းဖြစ်သည်။ “အမှန်က သူတို့ကံကောင်းသွားတာ ။ ကျနော်တို့က ကားနှစ်စီးလုံးကို အပိုင်စီးဖို့ ပြင်ဆင်ထားတာပါ ။ အနီးကပ် ကားလမ်းဘေးကနေ ၁၀ပေဝန်းကျင်လောက်ကနေ ပစ်ခတ်ခဲ့တာ ။ ကျနော်တို့ဘက်က လက်နက်ကြီးကျည်တချို့မပေါက်ကွဲတာနဲ့ လက်နက်ငယ်တချို့ပစ်ခတ်နေချိန် ကျည်မထွက် ဂျမ့်ဖြစ်တာတွေကြောင့် သက်သာ သွားတာ” ဟု USBA တာဝန်ခံ ကိုဗဟိန်း က မဇ္ဈိမ ကိုပြောသည်။ ကားနှစ်စီးအနက် ပထမကားကို ကားနောက်ပိုင်းမှစပစ်ခဲ့ရသဖြင့် ကားမောင်းသူ ထိခိုက်မှုမရှိဘဲ နောက်မှလိုက်ပါသူများထိခိုက်သေဆုံးခဲ့ကြောင်းသိရသည်။ ထိုကားသည် မီတာ၇၀၀ခန့်တွင် နောက်မှလာသည့် စစ်ကားကိုရပ်စောင့်နေခဲ့ကြောင်း ၎င်းကဆိုသည်။ နောက်မှ လိုက်ပါလာသည့်စစ်ကားကို ထပ်မံစောင့်ဆိုင်းပစ်ခတ်ခဲ့ရာ ကားသမားမှာ ပြင်းထန်ဒဏ်ရာရေသာ်လည်း ကားဆက်လက်မောင်းနှင်သွားခဲ့သည်ဟု ၎င်းကဆိုသည်။ ထိုစစ်ကားနှစ်စီးဆုံပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကာ၍ပြန်လည်ပစ်ခတ်ပြီး…
Author: Ka K
(မဇ္ဈိမ) ။ ။ အာရက္ခတပ်တော် (AA) သည် ရခိုင်ပြည်နယ်နှင့် ပဲခူးတိုင်းထိစပ်သည့် နယ်နိမိတ်နေရာ၊ ရခိုင်ရိုးမပေါ်မှ မိုးထိတောင် စစ်ကောင်စီစခန်းကို သိမ်းယူလိုက်နိုင်ပြီဖြစ်ကြောင်း ယမန်နေ့ (ဇန်နဝါရီ ၂၇ ရက်) တွင် ထုတ်ပြန်ကြေညာသည်။ AA နှင့်ပူးပေါင်းတပ်ဖွဲ့များသည် မိုးထိတောင် စခန်းကို သိမ်းယူနိုင်ရန် ငါးရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရပြီး ဇန်နဝါရီ ၂၆ ရက်၌ သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ မိုးထိတောင်စခန်းသည် အခြေစိုက်စခန်းအမျိုးအစားမဟုတ်ဘဲ တောင်ပုံကြီးတိုက်ပွဲဖြစ်ပွားပြီးနောက် ပဲခူးတိုင်းဝင်ပေါက်တွင် မဆုတ်တမ်းခံစစ်အနေဖြင့် ပြင်ဆင်ထားသည့် တပ်စခန်းသာဖြစ်သည်ဟုလည်း CDM ဗိုလ်ကြီးဇင်ယော်ကပြောသည်။ ထို့နောက် AA ၏ ထိုးစစ်သည် ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်မြို့နယ်ပိုင်နက် ညောင်ကျိုးကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပဲခူးတိုင်းရှိ ပြည်သူ့ကာကွယ်ရေး စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ AA သည် ညောင်ကျိုးကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေခြင်းဖြစ်ပြီး ညောင်ကျိုးတပ်စခန်း၌ စစ်ကောင်စီဘက်မှ တောင်ပုံကြီးနှင့် မိုးထိတောင်မှ ပြန်လည်ဆုတ်ခွာလာသော စုပေါင်းအင်အားများ၊ ညောင်ခြေထောက်တပ်စခန်းများမှ ထုတ်နှုတ်အင်အားများ၊ ပြည်မြို့ဘက်မှ ပို့ဆောင်သည့် အင်အားများဖြင့် ခုခံနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ ညောင်ကျိုးကျေးရွာသည် မိုးထိတောင်နှင့် ၁၀ မိုင်ခန့်ကွာဝေးသည်။ “ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစစ်ဆေးရေးဂိတ်ကိုတိုက်နေတယ်။ ပုဂံကွဲကျေးရွာစာသင်ကျောင်းကနေ (စစ်ကောင်စီဘက်မှ) လက်နက်ကြီးထုနေတယ်။ ပုဂံကွဲဆိုတာက ပန်းတောင်းမြို့နယ်ထဲကိုရောက်နေပါပြီ” ဟု ပဲခူးတိုင်းမှ PDF စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။ ယခုတိုက်ပွဲဖြစ်ပွားလျက်ရှိရာ ညောင်ကျိုးကျေးရွာသည် ရခိုင်ပြည်နယ်ဘက်မှ ပဲခူးတိုင်းသို့ ဝင်လျှင် ပထမဆုံးတွေ့ရမည့် စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်းထုတ်စက်ရုံ ကပစ (၆) တည်ရှိရာ ညောင်ခြေထောက်ကျေးရွာနှင့် ၁၅ မိုင်ခန့်သာ ကွာဝေးသည်။ ထို့အတူ ညောင်ကျိုးနှင့်…
◾️နောက်ဆုံးလက်ကျန် မြို့အစွန်ရှိ ဂျပန်လှိုင်ဂူကုန်းအား စတင်ထိုးစစ်ဆင်တိုက်ခိုက်နေဟု အသိပေး People’s Spring စစ်ကိုင်းတိုင်း၊ အင်းတော်မြို့အား သိမ်းပိုက်ထားပြီဖြစ်ပြီး မြို့အစွန်ရှိစစ်ကောင်စီတပ်စွဲထားသော ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်နေရာ အဆိုပါနေရာအား သိမ်းပိုက်ရန် ယမန်နေ့က စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာက People’s Springသို့ ပြောကြားသည်။ အင်းတော်မြို့ရှိ စစ်ကောင်စီ၏ ရဲစခန်း၊မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာရုံးအားလုံးအပါအဝင် မြို့အားထိန်းချုပ်သိမ်းပိုက်ထားရာ မြို့အစွန်ရှိ စစ်ကောင်စီ၏ နောက်ဆုံးတပ်စွဲထားရာ ဒေသအခေါ် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ ကျန်ရှိနေသည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။ ထို့ကြောင့် အဆိုပါစခန်းကုန်းအား ယမန်နေ့ (ဇန်နဝါရီ ၂၇ရက်)ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံက ပြောသည်။ ” အင်းတော်တိုက်ပွဲအခြေအနေကတော့ မနေ့ကစပြီးတော့ တိုက်ပွဲတွေပြန်ဖြစ်လာတယ်ပေါ့။ အရင်ကလည်း ကြိုကြားပစ်ခတ်တိုက်ခိုက်မှုတွေကတော့ ရှိနေတာပါ။ ၂၀၂၄ ဒီဇင်ဘာထဲမှာတည်းကစခဲ့ကြတာ။ ဒီဇင်ဘာလထဲမှာ နဘားလမ်းဆုံတို့ ကျွန်တော်တို့ ရရှိခဲ့ပြီးဖြစ်ပါတယ်။ အင်းတော်မြို့ကိုလည်း ကျွန်တော်တို့သိမ်းပိုက်ရရှိပြီး ဖြစ်ပါတယ်။နောက်တစ်ခါ အနီးမှာရှိတဲ့ နဘားလမ်းဆုံတို့ နံ့သာတို့ ဒါတွေလည်း ၂၀၂၄ မှာကတည်းက သိမ်းပိုက်ရရှိပြီးဖြစ်ပါတယ်။ ကျန်နေတာကတော့ အများခေါ်နေတဲ့ ဂျပန်လှိုင်ဂူဆိုတဲ့ ကုန်ပေါ့။ အဲဒီကုန်းတစ်ခုပဲ ကျန်နေတာ။ ဒါကတော့ စောစောကပြောတဲ့ မနေ့ကစပြီးတော့ တိုက်ပွဲအရှိန်ပိုပြီးတော့ မြင့်လာတယ်ပေါ့”ဟု စစ်ကိုင်းတိုင်း ပကဖတာဝန်ခံ ရဲဘော်ဩဇာက ပြောသည်။ အင်းတော်တစ်မြို့လုံးအနက် ဂျပန်လှိုင်ဂူကုန်းတစ်ခုသာ သိမ်းရန်ကျန်နေဟု ၎င်းက ဆက်ပြောသည်။ ” သူ့ရဲ့ပတ်ပတ်လည်နားက ဘုန်းကြီးကျောင်း နှစ်ကျောင်းရှိမယ်။ ကုန်းနှစ်ခုရှိမယ်။ နောက်တစ်ခါ သူတို့ ပြောက်ကျားနေရာယူထားတဲ့ အိမ်တန်းလေးတစ်ခုရှိမယ်။ ဆင်ခြေလျောဘက်မှာ…
လေကြောင်းရန်ကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေ၊ မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုက မကြခဏ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်၊ MN/MFP ၊ ဇန်နဝါရီ – ၂၇ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံ-ဆီမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ရွာကို မနေ့က မနက်ပိုင်းမှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ကာကွယ်ရေး ရဲဘော် ၁၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မြင်းခြံ-ပ ကဖ_တာဝန်ခံက MFP ကို ပြောပါတယ်။ လက်ရှိမှာ စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ကာကွယ်ရေးရဲဘော်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ထပ်မံသေဆုံးသူ မရှိဘူးလို့လည်း မြင်းခြံမြို့နယ် – ပကဖ တာဝန်ရှိသူက ဆိုပါတယ်။ “လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးလာကြဲလို့ ကျဆုံးသွားခဲ့သူတွေက မြင်းခြံမြို့နယ် – ပကဖ က ရဲဘော် လေးဦး၊ ရပ်ကျေး -ပကဖက ရှစ်ဦးပါ။ အရပ်သား ပြည်သူတွေကတော့ ခြောက်ဦးဖြစ်ပါတယ်။ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့တာပါ။ ဒဏ် ရာရတာကတော့ ကျနော်တို့ ရဲဘော် နှစ်ဦးနဲ့ လမ်းပေါ်မှာ လှည်းမောင်းနေတဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရသွား တာပါ။ ကျနော်တို့ သေဆုံးသူတွေကို အသက်အရွယ်တွေနဲ့ အားလုံး စိစစ်ပြီးသွားပါပြီဗျ။ (သေဆုံးသူ)စုစုပေါင်း ၁၈ ဦးပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ သေဆုံးသူတွေ မရှိပါဘူးဗျ”လို့…
People’s Spring ပဲခူးတိုင်းအတွင်း တိုက်ခိုက်သိမ်းယူထားသည့် စခန်းသိမ်းတိုက်ပွဲသတင်းဓာတ်ပုံတစ်ပုံကို အာရက္ခတပ်တော်(AA)မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ X လူမှုကွန်ရက်အကောင့်တွင် ယနေ့(ဇန်နဝါရီလ၂၇ရက်)ညနေပိုင်း၌ဖော်ပြလိုက်သည်။ တိုက်ပွဲအတွင်းသိမ်းဆည်းရမိထားသည့် လက်နက်ခရမ်းများ၊ ဂျန်ပါများနှင့် စစ်သုံးပစ္စည်းအများအပြားနှင့်အတူပဲခူးတိုင်းဒေသကြီးမှကြိုဆိုပါ၏ ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ဓာတ်ပုံကို ဖော်ပြခြင်းဖြစ်သည်။ မည်သည့်မြို့ဖြစ်သည်ကို အသိပေးထားခြင်းမရှိပေ။သို့သော်AA သိမ်းယူလိုက်သည့် စခန်းမှာ ပဲခူးတိုင်း၊ ပန်းတောင်းမြို့ရှိ မိုးထိတောင်ဗျူဟာဟု စစ်ရေးသတင်းရင်းမြစ်တဦးကပြောသည်။ ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှနယ်စပ်ဒေသများ၌ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း AAက ဇန်နဝါရီလ၂၀ရက်တွင် ပထမဆုံးအကြိမ်အသိပေးခဲ့ပြီးနောက် ရက်သတ္တပတ်တစ်ပတ်တိတိတွင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စခန်းသိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံတစ်ပုံကို ဖော်ပြလာခြင်းဖြစ်သည်။ ” ဗိုလ်ချုပ်ကတော့ အရိပ်အမြွက်ပြပြီ။သိပ်မကြာခင်သတင်းထုတ်ပြန်လာလိမ့်မယ်”ဟုAAနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ AAနှင့် ပူးပေါင်းတပ်များသည် ရခိုင်ပြည်နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ပဲခူးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်အချို့တို့မှ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေသည်။ ဧရာဝတီတိုင်းအတွင်းရွှေသောင်ယံမြို့နယ်၊ မကျီးစင်ကျေးရွာတွင်ဇန်နဝါရီလ၈ရက်နေ့က တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ ရွှေသောင်ယံမြို့နယ်မှ မကျီးစင်ရွာ၊ ဘောမိရွာတို့ကို AAက တိုက်ခိုက်သင်ယူထားသည်။လက်ရှိတွင် ရေကြည်မြို့နယ်နှင့်ထိဆက်နေသော ရခိုင်ရိုးမထဲ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီကလက်နက်ကြီးများဖြင့် အပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေသည်။ တောင်ကုတ်မြို့နယ်နှင့်ထိဆက်နေသော ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်၌လည်း AAပူးပေါင်းမဟာမိတ်တပ်များက စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေသည်။ အမ်း-ပဒါန်း ကားလမ်းမအနီးပတ်ဝန်းကျင်တွင်လည်း တပ်မ (၈၈)၊ (၉၉) လက်အောက်ခံတပ်ရင်းများ၊ မကွေး၊ ကပစ မှစစ်ကောင်စီတပ်ဖွဲ့များနှင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီရုပ်အလောင်းအမြောက်အမြားနှင့် လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းအများ အပြားသိမ်းဆည်းရမိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းမိထားတယ်လို့ AAက ဇန်နဝါရီလ၂၀ရက်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ (AA နှင့် ပူးပေါင်းတပ် သိမ်းပိုက်ခဲ့သော စစ်တပ်စခန်းမှ လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-ဗိုလ်ချုပ်ထွန်းမြတ်နိုင်X လူမှုကွန်ရက်)
ဇန်နဝါရီ ၂၆၊ ၂၀၂၅ မြင်းခြံမြို့နယ် မြောက်ခြမ်းက ဆင်းဂွတ်ကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေ အပါအဝင် အယောက် ၂၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ (ဇန်နဝါရီ ၂၆ ရက်) မနက် ၇ နာရီ ၅၀ မိနစ်မှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ယောက်နဲ့ အမျိုးသမီး ၂ယောက် ပါဝင်တယ်လို့လည်း ကနဦး သတင်းတွေအရ သိရပါတယ်။ အဆိုပါနေရာမှာ အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက အရပ်သားနေရာတွေကို ပစ်မှတ်ထား ဦးတည်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းကို ဂျက်တိုက်လေယာဉ်နဲ့ ပေါက်ကွဲအားပြင်းတဲ့ ဗုံး ၂လုံး ကြဲချခဲ့တဲ့အပြင် MI-35 ရဟတ်ယာဉ်ပေါ်ကနေလည်း စက်သေနတ်နဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သိရပါတယ်။ စစ်ကောင်စီဟာ အခုရက်ပိုင်းအတွင်း အရပ်သားပစ်မှတ်တွေဖြစ်တဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ဦးစားပေးပစ်မှတ်ထားကာ တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဒီလုပ်ရပ်တွေအပေါ် NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးရှိ အရွယ်ရောက်သူအားလုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်နိုင်ဟု ပြည်သူ့စစ်မှုထမ်း နည်းဥပဒေတွင် ပြဋ္ဌာန်း ပြည်သူ့စစ်မှုထမ်းဥပဒေ အသိပညာပေးခြင်းကို အခြေခံပညာကျောင်းများတွင် သင်ရိုးညွှန်းတမ်း ဘာသာရပ်တစ်ခုအဖြစ် ထည့်သွင်းပို့ချရမည် ဇန်နဝါရီ ၂၅ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အတွက် အရေးပေါ် အခြေအနေပေါ်ပေါက်၍ တစ်နိုင်ငံလုံးတွင် အရွယ်ရောက်သူအား လုံးကို စစ်မှုထမ်းရန် စစ်စည်းရုံးခြင်း အမိန့်ကို စစ်ကောင်စီက ထုတ်ပြန်နိုင်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ထုတ်ပြန်လိုက်သော ပြည်သူ့စစ်မှုထမ်း နည်းဥပဒေ အခန်း ၉ ၊ စစ်စည်းရုံးခြင်း ပုဒ်မ ၄၉ တွင် အထက်ပါအတိုင်း ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၉ တွင် နိုင်ငံတော် ၏ ဒေသတချို့တွင်လည်းကောင်း၊ နိုင်ငံတော်တစ်ဝန်းလုံးတွင် လည်း ကောင်း၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အရေးပေါ် အခြေအနေ ပေါ်ပေါက်၍ ပြည်ထောင်စုအစိုးရက စစ်မှု ထမ်းရန် အရွယ်ရောက်သူအားလုံးကိုဖြစ်စေ၊ အချို့ကိုဖြစ်စေ ပြည်သူ့စစ်မှုထမ်း တာဝန်ထမ်းဆောင် ပြီးသူအားလုံးကို ဖြစ်စေ၊ အချို့ကိုဖြစ်စေ သင့်လျှော်သည့်ဒေသတွင် စစ်စည်းရုံးခြင်း အမိန့် ထုတ်ဆင့်သည့်အခါ ဗဟိုအဖွဲ့သည် သက်ဆိုင်ရာ ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို သတ်မှတ်ပေးရမည်ဟု ပြဋ္ဌာန်းထားသည်။ “ဒီစစ်စည်းရုံးခြင်း ပြဋ္ဌာန်းချက်ကတော့ အရွယ်ရောက်ပြီးသူ ဆိုတာ အသက် ၁၈ နှစ်ကနေ အသက်ကြီးရင့်နေတဲ့ အဘိုး အဘွားတွေအထိ အကျုံးဝင်ပါတယ်။…
■စကခ(၂၁) လက်နက်သိုလှောင်ရုံကို တိုက်ခိုက်ဖျက်ဆီးနိုင်ဟု ကနဦး သတင်းရဟု သတင်းရင်းမြစ်ပြော People’s Spring ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ အမှတ် (၇၀၀၆) သံချပ်ကာ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ဇန်နဝါရီ ၂၅ရက်ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး သံချပ်ကာယာဥ် ၇ စီး သိမ်းဆည်းရရှိခဲ့သည်။ KIA သတင်းပြန်ကြားရေးဌာနက (၇၀၀၆) သံချပ်ကာ တပ်ရင်းကို ယနေ့ (ဇန်နဝါရီ ၂၅ရက်) မွန်းလွဲ ၃နာရီ ၄၅ မိနစ်တွင် KIA ပူးပေါင်းတပ်ဖွဲ့က သိမ်းရပြီဖြစ်ကြောင်း ရှေ့တန်းတာဝန်ရှိသူများကို ကိုးကားပြီး ယနေ့ ညပိုင်း၌ ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့သည်။သံချပ်ကာယာဉ် ၇စီးအား သိမ်းရခဲ့ကြောင်းလည်းအတည်ပြုထုတ်ပြန်ထားသည်။ ထို့ပြင်စကခ (၂၁)၊ ခလရ(၄၇)တပ်ရင်းအပါအဝင် ဗန်းမော်ရှိ လက်ကျန်စစ်ကောင်စီ တပ်စခန်းများကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်မည်ဟုအသိပေးထားသည်။ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ၊ဒရုန်းဖြင့် အဆက်မပြတ်ပြုလုပ်လျက်ရှိသည်ဟု သတင်းဖော်ပြထားသည်။ အမှတ်(၇၂) သံချပ်ကာ စစ်ဆင်ရေး ဌာနချုပ်(သစခ) -မုံရွာ လက်အောက်ခံ အမှတ်(၇၀၀၆) သံချပ်ကာ တပ်ရင်း(ဗန်းမော်)အား KIA ပူးပေါင်းတပ်က ယမန်နေ့ ဇန်နဝါရီ ၂၄ရက်ကတည်းက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သံချပ်ကာယာဉ် ၄ စီးကို စတင်သိမ်းရရှိခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။ ယနေ့(ဇန်နဝါရီ ၂၅ ရက်နေ့) ညနေ ၄နာရီ တွင် KIA နှင့် ပူးပေင်းတပ်က သံချပ်ကာ တပ်ရင်းကို အပြီးသတ် သိမ်းရခဲ့ရာ သံချပ်ကာယာဉ် စုစုပေါင်း ၇ စီး ရရှိပြီဖြစ်ကြောင်း သတင်းရင်းမြစ်က ကဆက်ပြောသည်။…
People’s Spring စစ်ကောင်စီတပ်အတွင်း အဓမ္မစစ်မှုထမ်းရသူများမှာ တစ်လအတွင်းရာနှင့်ချီ၍ ကရင်နီပူးပေါင်းတပ်များထံအလင်းဝင်လာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ ဖိအားပေး၍ စစ်ထဲဝင်ခဲ့ရသော စစ်သား သုံးဦးမှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ ထပ်မံခိုလှုံ လာကြောင်း KNDF ဗျူဟာ ၂ က ယနေ့ (ဇန်နဝါရီ ၂၆ ရက်)တွင် ထုတ်ပြန်သည်။ ခိုလှုံလာသူသုံးဦးသည် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားစုဆောင်းခြင်းဖြင့် ကရင်နီဒေသသို့ ရောက်ရှိလာပြီးရှေ့တန်း တနေရာမှ ထွက်ပြေးလွတ်မြောက်လာခြင်း ဖြစ်သည်။၎င်းတို့ထွက်ဆိုချက်အရ ၂၀၂၄ ခုနှစ် နဧပြီလတွင် စစ်ကောင်စီ၏ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းခြင်းကိုခံခဲ့ရပြီး ပုသိမ်မြို့တွင် အခြေခံစစ်သင်တန်း ရက်သတ္တပတ် (၁၁)ပတ်ခန့် တက်ရောက်ခဲ့ရသည်။ ထိုနောက် ကရင်နီဒေသ၊ ရှေ့တန်းတနေရာသို့ ပို့ဆောင်ခြင်းခံခဲ့ရကြောင်းသိရသည်။ ဘောလခဲ မြို့အခြေစိုက် အမှတ်( ၄၃၀) ခြေမြန်တပ်ရင်း(ခမရ ၄၃၀)သို့ရောက်ရှိပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကကရင်နီပူးပေါင်းတပ်နှင့်ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ထံ ခိုလှုံလာခဲ့ကြောင်း အသိပေးသည်။ “စစ်ကောင်စီဘက်က အတင်းအဓမ္မစစ်မှုမထမ်းမနေရ ဥပဒေ ပြဌာန်းပြီးတဲ့နောက်မှာ အတင်းအဓမ္မစစ်မှု ထမ်းစုဆောင်းတာတွေရှိတယ်။အခုဆိုရင် စစ်သင် တန်းတွေပေးတဲ့အပတ်စဥ် ၅ ခု ၆ ခုလောက်ထိပြီးနေပြီ။အဲဒီထဲက အမှန်တကယ်စစ်မှုမထမ်းချင်တဲ့သူတွေရှိတယ်။စစ်ကောင်စီအောက်မှာအမှန်တကယ် စစ်မှုမထမ်းချင်တဲ့သူ၊အတင်းအဓမ္မဖမ်းခံရတဲ့သူတွေက တော်လှန်ရေးတပ်ဖွဲ့တွေကို ချိတ်ဆက်လာတဲ့သူတနေ့တ ခြားများ ပြားလာတယ်။ကရင်နီပြည်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးဆီပြေးလာတဲ့ အယောက်ရာနဲ့ချီရှိနေပါပြီ”ဟု KNDF တာဝန်ရှိသူက ပြောသည်။ အလင်းဝင်လာသော စစ်သားသစ်များ၏ အချက်အလက် အသေးစိတ်ကိုမူ ၎င်းတို့ လုံခြုံရေးနှင့် နောက်ဆက်တွဲ ဖြစ်စဥ်များအတွက် အသိမပေးလိုသေးကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။ စစ်တပ်၏ အဓမ္မတပ်သားသစ်စုဆောင်းခံရသူများသည် ရှေ့တန်းရောက်ချိန်တွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့်ချိတ်ဆက်ကာ…
စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန်အတွက် ကျန်းမာပြီး အသက်ပြည့်မီသည့် လူငယ်များအားလုံးကို ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားထွက်ခွင့်မပြုကြောင်း စစ်ကောင်စီကယမန်နေ့က အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေတွင် ထည့်သွင်းကန့်သတ်လိုက်သည်။ စစ်ကောင်စီသည် ပြီးခဲ့သည့်နှစ်ဖေဖော်ဝါရီလအတွင်းက အသက်သွင်းခဲ့သည့် စစ်မှုထမ်းဥပဒေ၏ နောက်ဆက်တွဲအဖြစ် နည်းဥပဒေကိုဆက်လက်အသက်သွင်းခဲ့ခြင်းဖြစ်သည်။ လျို့ဝှက်အဆင့်အဖြစ်သတ်မှတ်ထားသည့် ထိုနည်းဥပဒေကို Myanmar Now ကရရှိထားပြီး ယင်းဥပဒေတွင် စစ်မှုထမ်းရန်အတွက် ပိုမိုပြင်းထန်သည့်ကန့်သတ်ချက်များပါရှိသည်။ အဆိုပါနည်းဥပဒေ၏အဆိုအရ စစ်ကောင်စီ၏အုပ်ချုပ်ရေးမှူးများသည် ရပ်ကွက်နှင့်ကျေးရွာများအတွင်းမှ စစ်မှုထမ်းရန်အသက်ပြည့်သူများကို စာရင်းကောက်မည်ဖြစ်ပြီး ထိုသူတို့ကို မြို့နယ်အဆင့်တွင်စုစည်းပြီး ဆေးစစ်မည်ဟုဖော်ပြထားသည်။ ကျန်းမာပြီးဆေးအဆင့်မီသူများကို စစ်မှုထမ်းရန်အတွက် မှတ်ပုံတင်သွင်းမည်ဖြစ်သည်။ ဆေးအောင်သူများသည် စစ်မှုထမ်းရန်အတွက် စောင့်ဆိုင်းနေရမည်ဖြစ်ပြီး စစ်သင်တန်းတက်သည်ဖြစ်စေ၊ စစ်သင်တန်းမတက်ရောက်သေးဘဲ အရပ်သားအဖြစ် နေထိုင်သည်ဖြစ်စေ နိုင်ငံရပ်ခြားသို့ သွားလာခွင့်မရှိကြောင်း စစ်ကောင်စီကကန့်သတ်လိုက်သည်။ စစ်မှုထမ်းရန် အကျုံးဝင်သူ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၄ သန်းနီးပါးရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့်…