ဇန်နဝါရီ ၂၄ ရက် အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) များဖြင့် နာမည်ကြီးသည့် မြဝတီခရိုင်၊ ရွှေကုက္ကိုလ်မြို့သစ်တွင် တရုတ်နှစ်သစ်ကူးပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း ရွှေကုက္ကိုလ်ဒေသခံနှင့် သတင်းရင်းမြစ်များထံက သိရသည်။ ဇန်နဝါရီ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရွှေကုက္ကိုလ်မြိုင်မြို့သစ်ရှိ ရထိုက် ဆိုက်နံပါတ် (၃) ရှိ DJ ကွင်းတွင် ပြုလုပ်မည့် တရုတ်နှစ်သစ်ကူးပွဲတွင် မြန်မာအဆိုတော်များဖြစ်သည့် ဝိုင်းစုခိုင်သိန်း၊ ဟဲလေး၊ ယွန်းမြတ်သူ၊ သာဒီးလူ၊ Bobby Soxer စသည့် အဆိုတော်များလည်း ပါဝင်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။ ” Free (အလကား) ပွဲ၊ DJ တွေရော ဝိုင်းစုခိုင်သိန်းတို့ သာဒီးလူတို့ ပါတယ်။ အကုန် ဝင်ကြည့်လို့ရတယ် အကြီးအကျယ်လုပ်မှာ” ဟု ရွှေကုက္ကိုလ်တွင် နေထိုင်သူတဦးက မဇ္ဈိမကို ယနေ့ (ဇန်နဝါရီ ၂၄ ရက်) တွင် ပြောသည်။ လက်ရှိတွင် အဆိုပါ တရုတ်နှစ်သစ်ကူးပွဲအတွက် ပွဲပြုလုပ်မည့်နေရာတွင် စတိတ်စင် ပြင်ဆင်နေပြီး သွားရောက်ဖျော်ဖြေမည့် မြန်မာအဆိုတော်များအား ဖေ့ဘုတ်လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဝေဖန်မှုများလည်း ရှိနေသည်။ ” အပြင်မှာသာ ကျားဖြန့်တွေ ဖမ်းမယ်။ ရွှေကုက္ကိုလ်ဝင်စီးမယ် အသံတွေ မျိုးစုံထွက်နေတာ၊ ဒီမှာက အေးဆေးပဲ။ ဆောက်လုပ်ရေးအသစ်တွေ ဆောက်တဲ့သူဆောက်၊ လူခေါ်တဲ့သူက ခေါ်၊ သွားလာနေကြတာပဲ။ ဒါပေမဲ့ BGF ကတော့ ဒီရက်ထဲ ကားတွေနဲ့ အပြင်ထွက်တာတွေရှိတယ်။ ကျန်တာ ဘာမှမထူးခြားဘူး ပုံမှန်ပဲ” ဟု ရွှေကုက္ကိုလ်ရှိ…
Author: Ka K
ယမန်နေ့က (ဇန်နဝါရီ ၂၃)အတည်ပြုလိုက်သည့် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေအရ စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် စစ်မှုထမ်းရမည်ဖြစ်သည်။ စစ်မှုထမ်းရန် ဆင့်ခေါ်ခံရသည့် Non-CDM ဝန်ထမ်းများသည် စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးတွင် အမည်စာရင်းပေါက်မည်ဖြစ်သော်လည်း မူလရရှိသည့်ဝန်ထမ်းလစာနှင့် တပ်သားသစ်အဖြစ်ရရှိမည့်လစာနှစ်ခုထဲမှ နှစ်သက်ရာတစ်ခုကိုသာ လက်ခံရရှိမည်ဟု ပြဌာန်းထားသည်။ စစ်ဗိုလ်များသည်အရပ်ဘက်ပြောင်းပါက စစ်ဘက်နှင့်အရပ်ဘက် နှစ်နေရာစလုံးအတွက် နှစ်သီးစားလစာများ ရသော်လည်း စစ်မှုထမ်း Non-CDM ဝန်ထမ်းများကတော့ ယင်းအခွင့်အရေးရရှိမည်မဟုတ်ပါ။ ယင်းအစားNon-CDM ဝန်ထမ်းများသည် ရာထူးတိုးစာမေးပွဲဖြေရန်ရှိလာပါက လူတွေ့နှင့်ရေးဖြေ နှစ်ခုစလုံးအတွက် ဖြေဆိုစရာမလိုဘဲ ကင်းလွတ်ခွင့်ရမည်ဖြစ်သည်။ Non-CDM ဝန်ထမ်းများသည် စစ်မှုထမ်းသတ်မှတ်ကာလပြည့်ပါက အရပ်ဘက်သို့မပြန်ဘဲ အမြဲတမ်းစစ်သားအဖြစ် ဆက်လက်လျှောက်ထားနိုင်ကြောင်းလည်း စစ်မှုထမ်းနည်းဥပဒေတွင်ပါဝင်သည်။ အာဏာရှင်ဟောင်းဗိုလ်ချုပ်သန်းရွှေကရေးဆွဲခဲ့ပြီး အာဏာရှင်လက်သစ်ဗိုလ်ချုပ်မင်းအောင်လှိုင်က ၂၀၂၄ တွင်အတည်ပြုခဲ့သည့် စစ်မှုထမ်း ဥပဒေအရ သာမန်အရပ်သားများထဲမှ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို ၂ နှစ်အထိ စစ်မှုထမ်းရန် စစ်တပ်က ဆင့်ဆိုနိုင်သည်။ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ သို့မဟုတ် အခြားအတတ်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများဖြစ်ပါက စစ်မှုထမ်းရမည့် အသက်အပိုင်းအခြားကို အမျိုးသားဖြစ်ပါက အသက် ၁၈ မှ ၄၅ နှစ်၊ အမျိုးသမီးဖြစ်ပါက အသက် ၁၈ နှစ်မှ ၃၅ နှစ်ဟု သတ်မှတ်ထားသည်။ အရေးပေါ်အခြေအနေဟု သတ်မှတ်ပါက စစ်မှုထမ်းကာလကို ၅ နှစ်အထိ သက်တမ်းတိုးနိုင်သည်။ Myanmar Now
အရွယ်မရောက်သေးတဲ့ ကျောင်းသား ၁၇ ယောက်ကို အဓမ္မပြုကျင့်ခဲ့တဲ့ ပဲခူးမြို့၊ မုက္ကလကျေးရွာ အလယ်တန်းကျောင်းခွဲက ကျောင်းအုပ်ဆရာကြီးကို ဇန်နဝါရီ ၂၃ ရက် မနက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ မုလက္ကအလယ်တန်းကျောင်းခွဲမှာ အရွယ်မရောက်သေးတဲ့ ၄ တန်းကျောင်းသားတယောက်ကို ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်က အလိုမတူဘဲ နှစ်ကြိမ်တိုင် အဓမ္မပြုကျင့်ခဲ့တဲ့အပေါ် မိဘဖြစ်သူက တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။ “ဖြစ်စဥ်က ၁၅ ရက်ကတည်းကဖြစ်တာ၊ ကလေးကို rape လုပ်တာ နှစ်ရက်ဆက်တိုက်၊ မိဘတွေက ကလေးကပြန်ပြောမှသိတာ၊ အဲဒီကျမှ ရဲစခန်းတိုင်တာ၊ အဲဒီလိုတိုင်မှ rape လုပ်ခံရတာ ၁၇ ယောက်တောင် ရှိပြီဆိုတာ သိရတာ။” ကျောင်းအုပ်ကြီး ဦးသက်ဇော်အောင်ဟာ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၁၇ ယောက်ကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ သူနေထိုင်ရာအိမ်မှာ လိင်တူဆက်ဆံခဲ့တာကြောင့် မိဘတွေက အမှုဖွင့်ထားတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။ “ကျောင်းသားမိဘတွေကိုယ်တိုင် အမှုဖွင့်တာ၊ ကလေးတွေကို ကျောင်းအုပ်ကြီးရုံးခန်းနဲ့ ဆိုင်တီရွာက သူ့နေအိမ်မှာလည်း rape လုပ်တာ၊ ရဲစခန်းဘက်ကတော့ စစ်ဆေးနေတုန်း၊ ဒါမျိုးက နောက်လူတွေ မလုပ်ရဲအောင် ဝန်ထမ်းကနေ အရင်နားပစ်လိုက်ရမှာ။” ဒီလိုပြစ်မှုမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိပါက ဆရာနဲ့ ကျောင်းသားမိဘတွေကြား ယုံကြည်မှု ကင်းမဲ့သွားမှာဖြစ်တယ်လို့ မြို့ခံတွေက ဝေဖန်ကြပါတယ်။ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ်အတွင်း မုဒိမ်းမှု ၁,၂၆၀ ရှိခဲ့ပြီး…
People’s Spring ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာ မိတ်များပူးပေါင်း ထိုးစစ်ဆင်တိုက်ခိုက်နေသည့်ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)စကခမှူး ဗိုလ်မှူးချုပ်တင်မင်းလတ် ဒဏ်ရာအပြင်းထန်ရရှိသွားပြီး ယနေ့ (ဇန်နဝါရီ ၂၃ ) နေ့လယ်ပိုင်းတွင် ရဟတ်ယာဉ်ဖြင့်လာရောက်သယ်ဆောင်သွားကြောင်းစစ် ရေးသတင်းရင်းမြစ်အချို့ကကပြောသည်။ “စကခ(၂၁)ထဲကို ရဟတ်ယာဉ်ဆင်းပြီး ဒဏ်ရာရတွေကိုခေါ်သွားတယ်။ အဲဒီထဲမှာ စကခမှူး ပါသွားတယ်လို့သတင်းရတယ်” ဟု ကချင်စစ်ရေးသ တင်းရင်းမြစ်ကပြောသည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်မှာ တော်လှန်ရေးအဖွဲ့များကပစ်ခတ်သော လက်နက်ကြီး ထိမှန် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း အခြားစစ်ရေးသတင်းရင်းမြစ်တဦးကလည်းပြောသည်။သို့သော်ဒဏ်ရာရရှိမှု အခြေအနေအသေးစိပ်ကိုမူ မသိရသေးပေ။ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် မဟာမိတ်များ၏ ဗန်းမော်မြို့သိမ်းတိုက်ပွဲကို ဒီဇင်ဘာ၄ရက်တွင် စတင်ခဲ့ပြီး မြို့ပေါ်နေရာများစုကိုထိန်းချုပ်ထားသည်။ စစ်ကောင်စီသည် စကခ (၂၁)ထဲမှနေ၍ ခုခံနေပြီး KIAကလည်း ဝိုင်းရံပိတ်ဆို့ထားသည်ဟု သတင်းရရှိသည်။ တိုက်ပွဲကာလ ရက် ၅၀ ရှိလာပြီဖြစ်သည်။ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့အချို့ကို KIAက သိမ်းယူထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လေ ကြောင်းပစ်ကူအဓိကအသုံးပြု၍ စကခ(၂၁) ထဲမှနေ၍ ခုခံတိုက်ခိုက်နေသည်။ KIA ကလည်းစစ်ကောင်စီတပ်ကို ကုန်လမ်း ၊ရေလမ်းမှစစ်ကူမပို့နိုင်အောင် ပတ်ဆို့ ဝိုင်းရံ၍ တိုက်ခိုက်နေသည်။ ဗိုလ်မှူးချုပ်တင်မင်းလတ်သည် စစ်တက္ကသိုလ်အမှတ်စဉ်(၄၁) ဆင်းဖြစ်သည်။ ၂၀၁၆ -၂၀၁၇က အနောက်ပိုင်းစစ်ဌာနချုပ်(နပခ)တွင် ဗိုလ်မှူးကြီးရာထူးဖြင့် စစ်ဦးစီးမှူး ပထမတန်း(စစ်ဆင်ရေး) တာဝန် ထမ်းဆောင်ခဲ့သည်။ရခိုင်ပြည်နယ်၌ လူမျိုးရေးနှင့်ဘာသာရေးမှိုင်းတိုက်၍ ပဋိပက္ခဖန်တီးရန် စစ်တပ်က ကြိုးပမ်းမှုတိုင်းတွင် ဗိုလ်မှူးချုပ်( ယင်းအချိန်က ဗိုလ်မှူးကြီး) တင်မင်းလတ်က လူမျိုးရေးမုန်းတရားများ လူမှုကွန်ရက်၌ လှုံ့ဆော်ခဲ့သည်။ အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်မည်ဟု ၎င်းသုံးသည့် ဖေ့စ်ဘွခ်လူမှုကွန်ရက်အကောင့်၌ မကြာခဏရေးတင်ခဲ့သူဖြစ်သည်။ နပခတွင် တာဝန်ထမ်းဆောင်နေစဉ်…
ဇန်နဝါရီ ၂၃ ရန်ကုန်မြို့၊ တောင်ဥက္ကလာမြို့နယ် ၅ ရပ်ကွက်မှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော အသက် ၁၉ နှစ်အရွယ် ကိုခန့်ဟိန်း အပါအဝင် သူငယ်ချင်း လူငယ် ၆ ဦးမှာ စစ်မှုထမ်းသင်တန်း ဆင်းလာပြီးနောက် ရခိုင်ပြည်နယ် ရှေ့တန်း စစ်မြေပြင်သို့ ပို့ဆောင်ခံလိုက်ရကာ ပျောက်ဆုံးနေကြောင်း မိဘဆွေမျိုးများနှင့်နီးစပ်သော သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် တောင်ဥက္ကလာမြို့နယ် ၅ ရပ်ကွက်၌ နေထိုင်သော အသက် ၁၉ နှစ်အရွယ် ကိုခန့်ဟိန်း အပါအဝင် လူငယ် ၆ ဦးသည် နေအိမ်ရှေ့တွင် ဂိမ်းထိုင်ဆော့နေစဉ် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်က လူငယ် ၆ ဦးကို ဖမ်းဆီးပြီးနောက် ခမရ ၄၃၅-၄၃၆ တပ်ရင်းထဲသို့ ခေါ်ဆောင်ခဲ့ ကြောင်း၊ ယင်းမှတစ်ဆင့် ဘုရင့်နောင် စစ်ကြောရေးတပ်သို့ ပို့ဆောင်ခဲ့ပြီး နောက်ဆုံးတွင် လှည်းကူးမြို့နယ်ရှိ စစ်မှုထမ်း စစ်သင်တန်းကျောင်းသို့ ပို့ဆောင် ခဲ့ကြောင်း၊ စစ်မှုထမ်း စစ်သင်တန်း တက်ရောက်နေစဉ် မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မပေးဘဲ စစ်သင်တန်းဆင်းပြီးနောက် တစ်ပတ်အကြာတွင် လူငယ်များကို ရခိုင်သို့ ပို့ဆောင်ခဲ့ကြောင်း သိရှီရသည်။ စစ်တပ်က လူငယ် ၆ ဦးကို လေယာဉ်ဖြင့် ရခိုင်ပြည်နယ်ကို ပို့ဆောင်ခဲ့ပြီးနောက် အဆက်အသွယ်ပြတ်တောက်ခဲ့ကြောင်း၊ အဆိုပါလူငယ် ၆ ဦးမှာ ရခိုင်ရှေ့တန်း စစ်မြေပြင်တိုက်ပွဲတွင်လည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု ဆက်သွယ်ပြောဆိုလာပြီးနောက်…
“ကျဆုံး တော်-လှန် ရဲဘော် ၅၀၀၅ ဦး” တဲ့…. ဒီကိန်းဂဏန်းဟာ ကြောက်မက်ဖွယ်၊ တုန်လှုပ်ဖွယ် ပါပဲ… တဖက် ကိန်းဂဏန်းဟာ ဒီထက်အဆပေါင်းများစွာ ပိုနိုင်ပေမယ့် တန်ဖိုးချင်း မတူဘူး၊ အဆင့်အတန်းချင်း မညီဘူး၊ ခမ်းနားမှုချင်း ကွာတယ်… “သင် သွားလိုရာ သွားနိုင်ပြီ” ဆိုတဲ့ အမိန့်ပြန်တမ်းနောက်မှာ ကြွေလွင့်ခဲ့ရတဲ့ လူငယ် ၅ ထောင်ကျော်၊ အဲ့ဒီ သားလိမ္မာ ၅ ထောင်ကျော် (သမီး အနည်းငယ် လည်း ပါမပေါ့) ကို ဆုံးရှူံးခဲ့ရတဲ့ မိခင် ၅ထောင်ကျော် ဟာလည်း “စိတ်မကောင်းပါဘူး၊ သားအတွက် ဂုဏ်ယူပါနော်” ဆိုတာကိုပဲ ထွေးပွေ့ရင်း…. ဒီနေရာမှာ ကိုယ့်ညီ ကိုယ့်ညီမ ကိုယ့်အမေ ကိုယ့်အဒေါ်တွေ များ ဖြစ်ခဲ့ရင် ဆိုတဲ့ အတွေးနဲ့တင် စုတ်သပ်ဝမ်းနည်းစရာ အပြည့်… အညာမှာတော့ အုတ်ဂူနီနီ ဟာ ရွာတိုင်းနီးပါး ရဲ့ သင်္ကေတ ဖြစ်လာခဲ့ပြီ၊ တခြားဒေသတွေမှာလည်း အုတ်ဂူတောင် တည်ခွင့်မရခဲ့တဲ့ သူ.ရဲ.ကောင်းတွေဟာ အလားတူ ကိန်းဂဏန်းပါပဲ… ဒီကိန်းဂဏန်းတွေကြောင့်ပဲ ဒီပွဲဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ပွဲ၊ အနိုင်တို-က်ရုံကလွဲလို့ တခြားအာရုံထားလို့မရတဲ့ပွဲ… ဟုတ်တယ် သူတို့ကြောင့်ပဲ အနိုင်တို-က်ရမယ့်ပွဲပါ… သူတို့အများစု က လုံးဝဥသုံ အောင်ပွဲရချိန်ကြမှပဲ အမျှဝေစေချင်ကြမယ့် ဒီ ကျ-ဆုံးရဲ.ဘော်တွေနဲ့ သူတို့ မိသားစုတွေရဲ့ မျက်နှာတွေကို တနေ့မှာ စေ့စေ့ကြည့်နိုင်ဖို့၊ ခင်ဗျားတို့ ကျုပ်တို့ လျော့နေတဲ့ မာန်ကိုပြန်တင်း၊ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း၊ မေးကြောတွေ…
“ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး။” People’s Spring ကိုးကန့်တပ်မတော်(MNDAA)က တိုက်ခိုက်သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်ပေးရန် လုံး၀အကြောင်းမရှိဟု လားရှိုးမြို့ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းမှုဖြင့် ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတို့အကြား တရားဝင်အပစ်အခတ်ရပ်စဲလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြီးခဲ့သည့် ရက်ပိုင်းတွင် ပြောကြားခဲ့သည်။ ဇန်နဝါရီ ၁၈ရက်တွင် စတင်သက်ရောက်သည့် အဆိုပါ အပစ်ရပ်သဘောတူညီချက် နှင့်ပတ်သက်ပြီး စစ်ကောင်စီနှင့် MNDAA ဘက်က ထုတ်ပြန်ပြောဆိုမှု မရှိသေးသကဲ့သို့ သဘောတူညီချက်ပါ အကြောင်းအရာများ အသေးစိတ်အချက်အလက်များကို အပစ်ရပ်နိုင်ပြီဟု ပြောကြားခဲ့သည့် တရုတ်ဘက်က အသိပေးခဲ့ခြင်းမရှိပေ။ ထိုအခြေအနေတွင် MNDAAက လားရှိုးမြို့ ပြန်ပေးရန် စစ်ကောင်စီဘက်က ကြိုးပမ်းနိုင်သည့် ဆိုသည့် သုံးသပ်ချက်များ ရှိနေသည့်အပေါ် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ “လားရှိုးမြို့ရဲ့ အခြေအနေကတော့ အေးဆေးပါပဲ။ ပြီးတော့ လက်ရှိမှာက ပြန်ပေးဖို့ ဘာညာအချက်တွေ ဆိုတာ သူတို့ ရေးထားတဲ့ သဘောတူညီချက် တွေမှာလည်း မပါပါဘူး။ ပြီးတော့ တရုတ်နိုင်ငံက တရားဝင်ထုတ်ပြန်တဲ့ သတင်းတွေမှာတောင် ဒီအချက်အလက်တွေ မပါထားဘူး။ရင်းထားရတဲ့ အသက်တွေလည်း အများကြီး ပြန်ပေးစရာတော့ မရှိပါဘူး”ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး တာဝန်ရှိသူက ပြောသည်။ လက်ရှိတွင် လားရှိုးမြို့၌ MNDAA တပ်ဖွဲ့ဝင်များရှိနေပြီး မကြာမီ ကျရောက်တော့မည့် တရုတ်နှစ်သစ်ကူးပွဲတော်ကိုပင် အကြီးအကျယ် ကျင်းပရန် ပြင်ဆင်နေသည်ဟု မြို့ပြန်လည်ထူထောင်ရေးတာဝန်ရှိသူက ပြောသည်။ MNDAAသည် ၂၀၂၄ ဇူလိုင်…
ဇန်နဝါရီ ၂၂ မြန်မာတစ်နိုင်ငံလုံးတွင် မျက်နှာစုံဖွင့် တိုက်ပွဲဝင်ကြမည့် ယခု ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းက အရေးကြီးသည့် စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေး ပြောဆိုလိုက်သည်။ ယမန်နေ့ ပြုလုပ်သည့် “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲတွင် ၎င်းက အထက်ပါအတိုင်း အသိပေး သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။ လက်ရှိ တော်လှန်ရေးမှာ ၄ နှစ်ပြည့်လာချိန်တွင် မည်သူကမှ တားဆီး၍ မရတော့ကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၏ မြဲမြံသော အုတ်မြစ်နှင့် မျိုးဆက်သစ်များ၏ စိတ်ပိုင်းဆုံးဖြတ်မှု အရှိန်အဟုန်ကို မည်သူမှ ဖြိုဖျက် ရပ် တန့်၍ မရတော့ကြောင်း၊ ၂၀၂၅ ခုနှစ်တွင် တစ်နိုင်ငံလုံး အိမ်ပြန်လမ်းအတွက် မျက်နှာစုံဖွင့် တိုက်ပွဲ ဝင်ကြမည့် ၂၀၂၅ ခုနှစ်တွင် ဧရာ၀တီတိုင်းကအ ရေးကြီးသော စစ်မျက်နှာဖြစ်လာမည်ဖြစ်ကြောင်း NUG ဝန်ကြီးချုပ်က သတိပေးပြောဆိုသည်။ “အခုဆိုရင် ခေတ်ပြောင်းစနစ်ပြောင်း တော်လှန်ရေးဟာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ကြိုးစားရုန်းကန်ခဲ့ကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးရဲ့ မြဲမြံသော အုတ်မြစ်နဲ့ ယနေ့ခေတ် မျိုးဆက်သစ်တွေရဲ့ စိတ်ပိုင်းဖြတ်မှု အရှိန်အဟုန်တို့နဲ့ ဘယ်သူမျှ တွန်းဖြို ရပ်တန့်လို့မရတဲ့ အင်အားစုတစ်ခုအဖြစ်ရောက်ရှိလာပြီဖြစ်ပါတယ်။ ပြင်းပြတဲ့ စိတ်ခွန်အား လက်တွေ့ကျတဲ့ အုပ်ချုပ်မှုတွေ ပေါင်းစပ်ထားတဲ့ ကျနော်တို့ရဲ့ တော်လှန်ရေးကို ဘယ်အရာကမှ ဟန့်တားနိုင်တော့မှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံတည်းဟူသော ကျနော်တို့အားလုံးရဲ့ အိမ်ကို တက်အုပ်စိုးနေတဲ့ သူခိုးဓားပြ လက်ကနေ ပြန်ယူကြဖို့ လိုနေပါသေးတယ်။ ဧရာ၀တီတိုင်းသူ တိုင်းသားတွေက နည်းလမ်းပေါင်းစုံသော ဝေဖန်တိုက်ခိုက်မှုတွေကို အံကြိတ်ခံပြီး…
ဇန်နဝါရီ ၂၂၊ ၂၀၂၅ ကရင်ပြည်နယ်၊ မြဝတီမြို့မှာဖြစ်ပွားနေတဲ့ ကျားဖြန့်လို့ခေါ်တဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ လူကုန်ကူးမှုပြဿနာတွေကိုအကြောင်းပြုပြီး သူတို့ကို အပြတ်ရှင်းချင်တာလားလို့ ကရင်အမျိုးသားတပ်မတော် (KNA)လို့အမည်ပြောင်းထားတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)အဖွဲ့က မေးခွန်းထုတ်လိုက်ပါတယ်။ တရုတ်နိုင်ငံက ကျားဖြန့်တိုက်ဖျက်ရေး “ဇင်ယော်” ပူးပေါင်းဆောင်ရွက်မှု ဒုတိယအပိုင်းကို ၂၀၂၅ မှာအကောင်အထည်ဖော်သွားမယ်လို့ ထုတ်ပြန်လိုက်ပြီး ထိုင်ဝမ် နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံတွေ အပြင်တော်လှန်ရေးအင်အားစုတွေ နဲ့ စစ်ကောင်စီဘက်ကပါ ကျားဖြန့် ပြဿနာအပါအဝင်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေ နှိမ်နင်းဖို့နဲ့ပတ်သက်ပြီး အာရုံစိုက်ပြောလာချိန်မှာ BGF က အခုလို မေးခွန်းထုတ်ပြောကြား လာတာပါ။ ဇန်ဝါရီလ ၃ ရက်နေ့ ပျောက်ဆုံးသွားတဲ့ တရုတ်မင်းသားဝမ်ရှင်းကို သုံးရက်အတွင်း ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ထဲက KKPark အနီးမှာ တွေရှိခဲ့ပြီး BGF ကနေတဆင့် ထိုင်းနိုင်ငံကိုပြန်လည်ပို့ဆောင် လိုက်ပေမယ့် နောက်ဆက်တွဲ အနေနဲ့ တရုတ်နိုင်ငံသားတွေ အပါအဝင် လူကုန်ကူးခံရမှုတွေ ဆက်တိုက်ပေါ်ထွက်လာခဲ့ပြီး ဒီပြဿနာတွေကို ဖြေရှင်းဖို့ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက အာရုံပိုစိုက်လာခဲ့ပါတယ်။ ဧရာဝတီ ကျားဖြန့်နှိမ်နင်းရေး ထိုင်း၊ မြန်မာနဲ့ သဘောတူညီချက် ရရှိကြောင်း တရုတ်ထုတ်ပြန် အွန်လိုင်းငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေ ပပျောက်အောင် နှိမ်နှင်းရေး တရုတ်၊ မြန်မာ အပါအဝင် ဒေသတွင်း နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီလိုက်တဲ့အကြောင်း အကြောင်း တရုတ်သတင်းဌာနက ထုတ်လွှင့်ပါတယ်။ တရုတ်နိုင်ငံ ကူမင်း (Kunming) မြို့မှာ မနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ တရုတ်၊ မြန်မာ၊ ထိုင်း နိုင်ငံတွေအပြင် ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့…
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆားကျင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်တဲ့ ဒရုန်းဗုံးထိမှန်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးပြီး ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဥ်ကို သိရှိထားတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဇန်နဝါရီ ၁၈ ရက် ညနေ ၄ နာရီကျော်မှာ ချပ်သင်းကျေးရွာနဲ့ ကုက္ကိုကုန်းရွာဘက်ကထွက်လာတဲ့ ၂ ဖွဲ့ပေါင်း အင်အား ၇၀ ကျော်ပါစစ်ကောင်စီနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တို့က ဆားကျင်းရွာအနီးမှာ စတင်မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တိုက်ပွဲ ဖြစ်ခဲ့ပါတယ်။ မိနစ် ၂၀ ခန့်တိုက်ပွဲဖြစ်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အင်အားမမျှတဲ့အတွက် ရွာအနောက်ဘက်ကိုပြန်ဆုတ်ပြီး ပုန်းခိုနေစဥ် စစ်ကောင်စီဘက်ကပစ်ချတဲ့ ဒရုန်းဗုံးစထိမှန်ပြီး ကျဆုံးခဲ့ကြတာလို့ ဆိုပါတယ်။ “သူတို့ (ကာကွယ်ရေးအဖွဲ့တွေဘက်က)ပြန်ခေါက်တဲ့အချိန်မှာ **ဒရုန်းကတက်လာတယ်။ ဒရုန်းတက်လာတော့ တံတားအောက်ကို ဝင်ပုန်းတာ။ ဒရုန်းက တံတားအဝကိုချတာ။ တံတားအောက်ဝင်နေတဲ့ ရဲဘော်တွေအကုန်ထိတာ။ ခေါင်းတွေထိတဲ့သူတွေထိကုန်တာ”လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ ဒရုန်းဗုံးထိမှန်လို့ အသက် ၂၀ ကနေ ၃၅ နှစ်အရွယ်ကြားရှိ ဇီးကုန်းမြောက်ရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ဇီးကွက်ကြီး၊ တပ်ဖွဲ့ဝင် မိုးဒီ၊ KB2 တပ်ရင်း၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗန်းမောက်၊ ကုလားတို့ နေရာမှာတင်ကျဆုံးပြီး ပူးပေါင်းအဖွဲ့တွေဘက်ကလည်း အဖွဲ့ဝင် ၁၆ ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီနေ့မှာ ဒဏ်ရာရသူတွေက နဂါးပေါ်ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် မြွေပွေး ဟာ ဆေးကုသမယ့် နေရာအရောက်မှာကျဆုံးခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်မှာတော့ နဂါးပေါ်ကျေးရွာ ပကဖတာဝန်ခံ ခက်ထန် ထပ်မံကျဆုံးခဲ့တာကြောင့်…