Author: Ka K

ဧရာဝတီတိုင်းမ် ဇန်နဝါရီ ၂၁ ရက် ချင်းပြည်နယ်၊ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF) အမျိုးသမီးရဲဘော် ၂၈ ဦးသည် CNDF ရဲဘော်များနှင့်အတူ ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေကြောင်းသိရသည်။ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)သည် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖလမ်းမြို့သိမ်း တိုက်ပွဲကို ဖော်ဆောင်လျက်ရှိရာ CNDF အမျိုးသမီးရဲဘော်များသည် ၎င်းတို့ကျွမ်းကျင်ရာကဏ္ဍ အသီးသီးအလိုက် ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။ CNDF အမျိုးသမီးရဲဘော်များသည် ရှေ့တန်းတွင် စနိုက်ပါ ၊ ဒရုန်း၊ ဆေးတပ်သား( Medic team)၊ ဆက်သွယ်ရေးနှင့် လေကြောင်းရန် အသိပေးသည့် နေရာတို့တွင် ကျား၊ မ တန်းတူတာဝန် ထမ်းဆောင်နေကြောင်း ဒေသသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။ ရှေ့တန်းရောက် CNDF အမျိုးသမီးရဲဘော်များ တာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍ CNDF တာဝန်ခံကို ဧရာဝတီတိုင်းမ်က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းအခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပေ။ ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်၍ ဖလမ်းမြို့သိမ်း တိုက်ပွဲစတင်ဖော်ဆောင်ခဲ့ပြီး မြို့ကို ထိန်းချုပ်ကာ ခလရ ၂၆၈ တပ်ရင်းကို ဆက်လက်တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။ ပုံစာ-CNDF အမျိုးသမီးရဲဘော်များ(ပုံဟောင်း)

Read More

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများနှင့် ယုံကြည်မှု တည်ဆောက်နိုင်ခဲ့သည်၊ တော်လှန်ရေးသမားများ ဒေသစွဲစိတ် စွန့်လွှတ်ပြီး နိုင်ငံ့အရေး ကြိုးပမ်း ကြရမည်ဟု NUG ယာယီ သမ္မတက ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) NUG ယာယီ သမ္မတ ဒူဝါးလရှီးလက ၎င်းတို့နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲများအကြား ယုံကြည်မှု တည်ဆောက်နိုင်ခဲ့ပြီး ဒေသစွဲစိတ်ကို စွန့်လွှတ်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းသွားရန် လိုအပ်သည်ဟု ယနေ့ (ဇန်နဝါရီ ၂၁) တွင် ပြောကြားသည်။ NUG အစိုးရအဖွဲ့ အစည်းအဝေးတွင် ၎င်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “အခုဆိုရင် ကျွန်တော်တို့အစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ယုံကြည်မှု တည်ဆောက်ရေးကို အတိုင်းအတာတစ်ခုအထိ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒါဟာ ပြည့်စုံ လုံလောက်ပြီလို့ မပြောနိုင်သေးဘူးလို့ ထင်ပါတယ်။ မဟာမိတ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ရေးဟာ ‘ကြိုးစားပြီးရင် ရပ်ပစ်လိုက်လို့ ရတဲ့ သဘောမျိုး မဟုတ်ဘူး’ ဆိုတာ နားလည်ဖို့ လိုပါတယ်” ဟု ယာယီသမ္မတက ပြောကြားသည်။ ထို့ပြင် တိုင်းရင်းသားမဟာမိတ်များနှင့် ယုံကြည်မှုတည်ဆောက်ရေးမှာ ခရီးလမ်းကြောင်းပေါ်တွင်သာ ရှိနေသေးပြီး ပိုမိုအားကောင်းသည့် မဟာမိတ်နိုင်ငံရေး ပဋိညာဉ်များကို ခိုင်မာကျစ်လစ်စေရန် တည်ဆောက်ရမည်၊ ဒေသစွဲစိတ်ကိုဖျောက်ပြီး တစ်နိုင်ငံလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းရန် ၎င်းက ဆက်ပြောသည်။ တော်လှန်ရေးရဲဘော်များလည်း နိုင်ငံ၏ မည်သည့်နေရာတွင်မဆို တာဝန်ထမ်းရန် ကြိုးစားစေလိုသည်ဟု ၎င်းက ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုဝန်ကြီးများတွေ့ဆုံသည့် ထိုအစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။​ “ဒေသစွဲစိတ်နဲ့ ကိုယ့်နေရာ…

Read More

နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်းအုပ်စု၊ ရွာသစ်ကျေးရွာ၊ ရေဆင်းနယ်‌မြေ ရဲစခန်းအပိုင်ထဲမှာ ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က အိမ်တအိမ်တည်းမှာ သားအမိ ၂ ယောက် သေဆုံးနေတာ တွေ့ခဲ့ရပြီး သက်ဆိုင်ရာခွင့်ပြုချက်နဲ့ ဆေးရုံပို့ဆောင်ပေးခဲ့တယ်လို့ ကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ သေဆုံးသူ ၂ ယောက်စလုံးရဲ့ ရုပ်အလောင်းတွေကို ဆွေမျိုးတော်စပ်သူ အမျိုးသမီးတယောက်က နေ့လယ် ၁၁ နာရီခွဲလောက်မှာ အရင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အသက် ၄၀ အရွယ် ဒေါ်သိန်းမူက သွပ်မိုးထရံကာအိမ်ရဲ့ ထုပ်တန်းမှာ ဆွဲကြိုးချသေဆုံးနေသလို သမီးတော်စပ်သူ အသက် ၄ နှစ်အရွယ် မသီရိဇော်ဟာလည်း အိပ်ရာပေါ်မှာပဲ လည်ပင်းနဲ့ဗိုက် ထိုးသွင်းဒဏ်ရာတချက်စီနဲ့ သေဆုံးနေတာ ဖြစ်ပါတယ်။ မြို့ခံတယောက်က “ဆုံးသွားတဲ့ ကလေးမလေးရဲ့ အ‌မေနဲ့ အဘွားက စိတ်‌ကျန်းမာ‌ရေး မကောင်းဘူး။ သူ့အမေကတော့ ပလတ်စတစ်ကြိုးနဲ့ပဲ ဆွဲကြိုးချအနေအထား သေနေတာ တွေ့ရတယ်။ ကလေးမလေးက အိပ်ရာပေါ်မှာ။ ပိုင်ရှင်မဲ့အလောင်းတော့ မဟုတ်ဘူး။ ‌မိသားစုဝင်တွေတော့ ရှိကြသေးတယ်” လို့ ပြောပါတယ်။ အဆိုပါအိမ်မှာ သေဆုံးသူရဲ့ စိတ်ကျန်းမာရေးမကောင်းတဲ့ မိခင်တော်စပ်သူ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတယောက်၊ စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ သေဆုံးသူ အမျိုးသမီး တယောက်နဲ့ သေဆုံး မိန်းကလေးတယောက် စုစုပေါင်း ၃ ယောက်တည်း နေထိုင်ကြတာ ဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့ရဲ့ စစ်ဆေးချက်အရ မိခင်ဒေါ်သိန်းမူ ကိုယ်တိုင်က ဆွဲကြိုးချသတ်မသေခင် သူ့သမီး မသီရိဇော်ကို အိမ်သုံးဓားနဲ့ အရင်ထိုးသတ်ခဲ့တယ်လို့ သိရပြီး…

Read More

ဇန်နဝါရီ ၂၁၊ ၂၀၂၅ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်တင်မက ရခိုင်ရိုးမနဲ့ နယ်နမိတ်ချင်း ထိစပ်နေတဲ့ ပဲခူး၊ မကွေးနဲ့ ဧရာဝတီတို့က ရိုးမတောင်အစပ်ပိုင်းတွေမှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေတယ်လို့ မနေ့က ဇန်နဝါရီ ၂၀ ရက်ညပိုင်းမှာ AA က သတင်းထုတ်ပြန်လာပါတယ်။ ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့အနီးက ဘောမိရွာနဲ့ ကမ်းခြေကို AA တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် ရခိုင်-ဧရာဝတီအစပ်ဖြစ်တဲ့ နေရာတချို့နဲ့ ပွိုင့် ၃၆၉ ကုန်း၊ ရေကြည်မြို့၊ ချင်းစုကျေးရွာအနီးမှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ရွှေသောင်ယံကို AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ယာယီထိန်းချုပ်ထားနိုင်တဲ့ အနေအထားဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ရေကြောင်းကနေ အင်အားဖြည့်တင်းပြီး ပြန်လည်တိုက်ခိုက်နိုင်တဲ့ အခြေအနေတွေရှိတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဆိုပါတယ်။ “ဧရာဝတီက တိုင်းဒေသကြီး ၇ ခုထဲမှာပါပေမယ့် ရခိုင်မင်းဆက်တွေ ပိုင်ခဲ့တဲ့ နယ်မြေတွေရှိပါတယ်၊ ပြီးတော့ ကရင်လူမျိုးစုတွေကလည်း ဒီမှာနေကြတယ်… အဲ့တော့ နယ်မြေပိုင်းခြားမှုအရဆိုရင် မော်တင်စွန်းနေရာလောက်ထိကို လုပ်သွားဖို့ရှိတယ်၊ ကျန်တဲ့ ပူးပေါင်းအဖွဲ့တွေ ပါဝင်လာပြီ အသင့်ဖြစ်သွားပြီဆိုရင်တော့ ဧရာဝတီက ခဏပါပဲ” လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။ စစ်ကောင်စီကင်းစင်တဲ့ အာရက္ခပြည် တည်ထောင်ဖို့ ဦးတည်တိုက်ခိုက်ရာမှာ အရင်ကထက် ပိုများတဲ့ ဖိအားတွေကိုလည်း AA အနေနဲ့ ကြုံတွေ့လာရနိုင်တယ်လို့ သူကဆက်ပြောပါတယ်။ AA တပ်ဖွဲ့ဝင်တွေဟာ…

Read More

People’s Spring မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း(MSRO)သည် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)နှင့် အလုံးစုံပူးပေါင်းလိုက်ကြာင်း MSROက ဇန်နဝါရီ ၁၉ရက် နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။ ၂၀၂၁ ဒီဇင်ဘာ ၁ရက်တွင် စတင်တည်ထောင်ခဲ့သည့် MSROသည် မွန်ပြည်နယ်ကိုအခြေပြုကာ တော်လှန်ရေးဆိုင်ရာ ကိစ္စရပ်များကို တတ်စွမ်းသမျှအားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပြီး ပိုမိုအားကောင်းစွာ လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ MSROကို ဖျက်သိမ်းပြီး MLA၏ Chain of command (COC)အောက်တွင် ဇန်နဝါရီ ၁၉ရက်ကစတင် အလုံးစုံ ပူးပေါင်းဆောင်ရွက်သွားမည်ဟု အသိပေးထားသည်။ MSRO စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ ယနေ့အထိ တော်လှန်ရေးခရီးကြမ်းကို လျှောက်လှမ်းခဲ့ရာတွင် ထောက်ပံ့ကူညီပေးခဲ့ကြသော အဖွဲ့အစည်းတစ်ခု ချင်းစီကိုသော်လည်းကောင်း၊အဖွဲ့အစည်းများကိုသော်လည်းကောင်း၊ ပြည်သူလူထု တစ်ဦးတစ်ယောက်ချင်းစီကိုသော်လည်းကောင်း၊အတူတကွ တာဝန်ထမ်းဆောင်ခဲ့ကြသော ရဲဘော်ရဲဘက်များကိုသော်လည်းကောင်း အထူးကျေးဇူးတင်ကြောင်းလည်း MSROက ထုတ်ပြန်ခဲ့သည်။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၏ COC အောက်မှ ဆက်လက်တာဝန်ထမ်းဆောင်ရင်း တော်လှန်ရေး ရည်မှန်ချက်ပြည့်ဝသည်အထိ စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကတိသစ္စာပြုသည်ဟုလည်း MSROက အသိပေးသည်။ “အဓိက ကတော့ တော်လှန်ရေးမှာ ကျွန်တော်တို့တွေ ဘုံရန်သူ တူတယ်။ ဘုံရည်မှန်းချက်တူတယ် ပြီးတော့လည်း ကျွန်တော်တို့ မွန်တပ်လေးတပ် ထုတ်ပြန်ထားတဲ့ အထဲမှာလဲပါပါတယ်။ အနာဂါတ်တွင် မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်သည့် မွန်တပ်တော်တစ်ခုတည်း ပေါ်ပေါက်လာရေး မူအရလည်းပါတယ် M.S.R.Oမှာ ရှိတဲ့ ရဲဘော်အားလုံးကလည်း တော်လှန်ရေးကို အရှိန်ပြင်းပြင်းနဲ့ တစ်စုတစ်တည်း သွားနိုင်ဖို့ ရယ် အပြင် သူတို့ အနေနဲ့ တော်လှန်ရေး အပေါ်ထားတဲ့ စေတနာတွေ ကြောင့် အခုလိုပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြတာပါ ဒီအပေါ်မှာလည်း အားလုံး ဝမ်းသာကြမယ်လို့ ယုံကြည်ပါတယ်”…

Read More

ဇန်နဝါရီ ၂၀ ရက် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်များအနေဖြင့် ပြည်သူလူထုအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများအတွက် တာဝန်ယူ၊ တာဝန်ခံရမည်ဟု AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ရန်ကုန်ခေတ်သစ်သတင်းဌာနမှတစ်ဆင့် သတိပေး ပြောဆိုသည်။ ဇန်နဝါရီလ ၁၈ ရက်နေ့ မြောက်ဦးမြို့ရှိ စစ်သုံ့ပန်းများ ထားရှိနေရာနေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးများကျဲချမှုကြောင့် အမျိုးသမီးများ၊ ကလေးများ အပါအဝင် ၂၈ ဦး သေဆုံးပြီး သေဆုံးသူများတွင် စစ်သုံ့ပန်းများလည်းပါဝင်ခဲ့ရာ ယင်းလုပ်ရပ်မှာ စစ်ရာဇဝတ်မှု မြောက်ကြောင်း၊ ဂျနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ ထို့ကြောင့် စစ်ခေါင်းဆောင်များအနေဖြင့် ယင်းလုပ်ရပ်အတွက် တာဝန်ယူ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။ “လူနေထူထပ်တဲ့မြို့တွေ ရွာတွေ အဲဒီနေရာတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာတွေတွေ့ ရပါတယ်။ ဒီဟာကတော့ ပြောမယ်ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့ စစ်ပွဲအတွင်းမှာ လိုက်နာရမယ့် ကျင့်ဝတ်တွေအားလုံး ကို ချိုးဖောက်ပြီးတော့ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်မှတ်ထားတိုက်ခိုက်လာတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါဟာ စစ်ရာဇဝတ်မှုဖြစ်ပါတယ်။ စစ်ကောင်စီခေါင်းဆောင်တွေအနေနဲ့ သူတို့ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိရမှာဖြစ်ပါတယ်” ဟု ခိုင်သုခက ဆိုသည်။ မြောက်ဦးရှိ စစ်သုံ့ပန်းများ ထားရှိနေရာကို ရည်ရွယ်ချက်ရှိရှိ စစ်လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုမှာလည်း စစ်ရာဇဝတ်မှု ကျူးလွန်မှုဖြစ်သဖြင့် မှတ်တမ်းတင်ထားရှိကြောင်း၊ ယခုအခါ စစ်တပ်က ပြည်သူများကို ပိုမို၍ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာကြောင်း၊ ပြည်သူလူထုအနေဖြင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမို၍ သတိထားရမည့် အချိန်ရောက်ရှိလာပြီဖြစ်ကြောင်း ၎င်းက…

Read More

🟥ဝတ်မှုန်ရွှေရည်၊ ခင်ပွန်း နိုင်ဖြိုးကျော်၊ စင်ရော်မောင်မောင် သားအဖတို့က အကျိုးတူ ပူးပေါင်းပါဝင် By ငြိမ်းဒေဝီခင် မင်းအောင်လှိုင်သား၊ချွေးမနှင့်သမီးတို့က Bebee TV နှင့် Show Like Application တို့ကို ထူထောင်မိတ်ဆက်ပြီး မြန်မာ့ရုပ်ရှင်နှင့် အနုပညာ ဖျော်ဖြေရေး စျေးကွက်ထဲသို့ နည်းလမ်းမျိုးစုံဖြင့် ပြန်လည် ဝင်ရောက်လာသည်။ စစ်အာဏာသိမ်း အကြမ်းဖက် ဖခင် ကြောင့် မြန်မာ့ စီးပွားရေးနယ်ပယ်အသီးသီးတွင် လက်ဝါးကြီးအုပ် လုပ်ပိုင်ခွင့် ရရှိနေသော မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ၊ ချွေးမ မျိုးရတနာထိုက်၊ သမီး ခင်သီရိသက်မွန်တို့က ပြည်သူလူထုကို ၎င်းတို့ အလိုကျ ဝါဒဖြန့် ပုံဖော်မည့်၊ အနုပညာ ဖြင့်ဖျက်ဆီးရန် ကြံရွယ်ပြီး ထုတ်လုပ်ရေးလုပ်ငန်းများကို ပုံစံမျိုးစုံ ဖြင့် ဝင်ရောက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြခြင်းဖြစ်သည်။ Bebee TV ————— ယခုနောက်ဆုံး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူက Bebee TV အမည်ဖြင့် ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုကို စတင်ထူထောင်နေပြီး ဇန်နဝါရီလ ၂၃ ရက်နေ့ ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်တွင် အဆိုပါ ထုတ်လုပ်ရေးလုပ်ငန်းကို မိတ်ဆက်တော့မည်ဖြစ်သည်။ အဆိုပါ Bebee TV တွင် ခင်သီရိသက်မွန်၏ စီးပွားရေး မိတ်ဖက် နိုင်ဖြိုးကျော်လည်း ပါဝင်သည်။ နိုင်ဖြိုးကျော်သည် ရုပ်ရှင်သရုပ်ဆောင် ဝတ်မှုန်ရွှေရည်၏ ခင်ပွန်းဖြစ်ပြီး ယခင်ကတည်းက မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်နှင့် စီးပွားဖက်ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံအတွင်းသို့ EV လျှပ်စစ်ကားများ တင်သွင်းနေရာတွင် ခင်သီရိသက်မွန်က နောက် ကွယ်က…

Read More

BVJ/Moore _ ဇန်နဝါရီ ၁၉ ၊ ၂၀၂၅ မြန်မာစစ်တပ် (စစ်ကောင်စီ) အနေနဲ့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို ဆိုင်းငံ့ထားသင့်ပြီး လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို အဆုံးသတ်နိုင်အောင် ကြိုးစားဖို့နဲ့ တွေ့ဆုံဆွေးနွေးရေးကို အမြန်ဆုံး စတင်ဖို့ အာဆီယံခေါင်းဆောင်တွေက စစ်ကောင်စီကို ဖိအားပေး ပြောကြားခဲ့ပါတယ်။ ဒီနေ့ ဇန်နဝါရီ ၁၉ ရက် မလေးရှားနိုင်ငံ လန်ကာဝီမှာ ကျင်းပနေတဲ့ အာဆီယံဝန်ကြီးများ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မိုဟာမက်ဟာဆန်ကလည်း လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲဟာ အရေးကြီး ဦးစားပေးလုပ်ရမယ့်ကိစ္စမဟုတ်ဘဲ နှစ်ဖက်အပစ်အခတ်တွေ ရပ်စဲဖို့က အဓိကလုပ်ဆောင်ရမယ့်ကိစ္စသာဖြစ်တယ်လို့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀ ကို စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းမှာ ဖျက်သိမ်းခဲ့ပြီးနောက် စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲမျှသာဖြစ်တယ်လို့ ပြည်တွင်း ပြည်ပ နိုင်ငံရေးအင်အားစုတွေကလည်း ဝေဖန်ထားကြပါတယ်။ ဒါ့အပြင် နိုင်ငံတွင်းဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို ရပ်တန့်ဖို့လိုအပ်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီကို ရရှိဖို့နဲ့ ဝင်ရောက်နိုင်ဖို့အတွက်ကိုလည်း စစ်ကောင်စီအနေနဲ့ တားဆီးပိတ်ပင်တာမျိုး မလုပ်ဆောင်ဖို့ကိုလည်း အာဆီယံက တောင်းဆိုထားပါတယ်။ “မြန်မာ (စစ်ကောင်စီ) အနေနဲ့ အာဆီယံက တောင်းဆိုထားတဲ့ မူဝါဒ ၅ ရပ်ကို အကောင်အထည်ဖော်ဖို့နဲ့ အပစ်အခတ်ရပ်စဲပြီး တွေ့ဆုံဆွေးနွေးဖို့ကို လိုက်နာဆောင်ရွက်ဖို့ ပြောထားတာပါ။ အင်မတန် ရိုးရှင်းပါတယ်။ ပြီးတော့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို ကန့်သတ်ထားမှုမရှိဘဲ ဝင်ရောက်ခွင့်ပေးဖို့ လိုအပ်ပါတယ်” လို့ မြန်မာနိုင်ငံဆိုင်ရာ…

Read More

People’s Spring မကွေးတိုင်း၊ ဆိတ်ဖြူအခြေစိုက် စစ်ကောင်စီလေတပ်သုံး ဗုံးသီးများထုတ်လုပ်သည့် ကာ ကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၂၁)ကို ၁၀၇ မမရှော့တိုက်ဒုံးရှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။ “ထိခိုက်မှုအတော်များတယ်လို့သိရပါတယ်။ အသေးစိတ်အတိအကျကို အတည်ပြုနိုင်အောင်ကြိုးစားနေပြီး ရရင်ထပ်ကြေညာပေးပါ့မယ်။ “ဟု ၎င်းက ပြောသည်။ ယမန်နေ့(ဇန်နဝါရီ ၁၈ ရက်)ညနေ ၄ နာရီခွဲအချိန်ကစ၍ လေတပ်သုံးဗုံးများ ထုတ်လုပ်သည့် ကပစ(၂၁)ကို ၁၀၇ မမ ရှော့တိုက်ဒုံးရှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ရာ ခုနစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ကြောင်း BWM က အသိပေးသည်။ ဒုံးတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ကပစ(၂၁) ဗုံးသီးထုတ်စက်ရုံအတွင်း ကြီးမားသော ထိခိုက်မှုရှိခဲ့ကြောင်း ကနဦးသိထားရပြီး တိကျသော နောက်ဆက်တွဲထိခိုက်သေဆုံးမှုအခြေအနေများအား ဆက်လက်ကြေညာပေးသွားမည်ဟု BWM က ဆိုသည်။ “ကပစ(၂၁)တစ်ခုလုံးက စက်ရုံပါ။ အားရကျေနပ်တဲ့ မစ်ရှင်တစ်ခုလို့ ပြောချင်ပါတယ်” ဟု တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Brave Warriors for Myanmar (BWM)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ ကပစ (၂၁)စက်ရုံသည် စစ်ကောင်စီ​၏ လေတပ်က နိုင်ငံတဝန်းရှိပြည်သူလူထုအား ဗုံး ကြဲသတ်ဖြတ်ရာတွင် အသုံးပြုသော ပေါင် ၂၅၀၊ ပေါင် ၅၀၀ ဗုံးသီးများအပြင် Cluster ဗုံးသီးများအပါအဝင် တိုက်လေယဥ်သုံး လူသတ်ဗုံးသီးအမျိုးမျိုးကို အဓိကထုတ်လုပ်ပေးနေသည်ဟု ဆိုသည်။ BWM နှင့် မဟာမိတ်အဖွဲ့များက လေတပ်ဆက်စပ်ပစ်မှတ်နှင့် အရေးပါသော အကြီးစားစစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ BWM…

Read More

ရန်ကုန်မြို့မှာ မိန်းကလေးတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်ပြီး ငွေနဲ့ ပြန်ရွေးရတဲ့ဖြစ်ရပ်တွေ ရှိလာတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး လမ်းသွားလမ်းလာ လူငယ်အမျိုးသားတွေကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်တာအပြင် အခုနောက်ပိုင်း မိန်းကလေးတွေကို ဖမ်းဆီးပေါ်တာဆွဲတဲ့ ဖြစ်ရပ်တွေ ရှိလာတာလို့ ဆိုပါတယ်။ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာနေထိုင်သူတယောက်က “မနေ့က အသိညီမလေးတယောက် အပြင်က ပြန်လာပြီး ဘတ်စ်ကားပေါ်ကအဆင်း ကားမှတ်တိုင်မှာ အဆွဲခံရတယ်။ သူ့အိမ်က သိတော့ လိုက်တာ နောက်ဆုံး သိန်း ၂၀ ပေးမှ ပြန်လွှတ်ပေးလိုက်တယ်။ အဲဒီညီမလေးဆို အသက် ၂၀ ဝန်းကျင်ပဲရှိသေးတယ်။ စီးပွားရေးလည်း သိပ်အဆင်ပြေတာမဟုတ်ဘူး” လို့ ပြောပါတယ်။ စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက်အရွယ်ထဲပါတဲ့ လူငယ်အမျိုးသားတွေ ရန်ကုန်မြို့မှာ အပြင်သွားလာရင်း မိသားစုနဲ့အဆက်သွယ်ပြတ်တဲ့ ဖြစ်ရပ်တွေ အများအပြားရှိနေသလို မိန်းကလေးတွေ ပျောက်ဆုံးတာတွေလည်း ရှိလာတယ်လို့လည်း မြို့ခံတွေက ဆိုပါတယ်။ ဒါ့အပြင် စစ်မူထမ်းဥပဒေကို အကြောင်းပြပြီး ရပ်ကွက်တချို့မှာ အိမ်ထောင်စုအလိုက် လစဉ် ထည့်ဝင်ကြေး ပေးဆောင်နေကြရတယ်လို့လည်း ကိုယ်တိုင်ကြုံတွေ့ရသူတွေက ပြောပါတယ်။ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကနောင်အိမ်ရာမှာ နေထိုင်သူတယောက်က “စစ်မှုထမ်းအသက် အကျုံးဝင်တဲ့သူရှိတဲ့ အိမ်ခန်းဆိုရင် တလ ၂၀,၀၀၀ ပေးရတယ်။ မရှိတဲ့သူအခန်းဆို ၅,၀၀၀ ပေးရတယ်။ ဒီမြို့နယ်ထဲက ရပ်ကွက်တော်တော်များများက လစဉ်ကြေးတွေ ပေးနေရတာ” လို့ ပြောပါတယ်။ အဲဒီလို စစ်မှုထမ်းဥပဒေကို အကြောင်းပြပြီး ငွေကြေးကောက်ခံတဲ့လုပ်ရပ်ကို နယ်မြို့တွေမှာ မကြာခဏ ကြားရလေ့ရှိပြီး အခု ရန်ကုန်မြို့မှာပါ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတချို့က…

Read More