Author: Ka K

ဧရာ၀တီတိုင်း၊ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့အနီးရှိ ဘောမိတိုက်ပွဲအတွင်းအာရက္ခတပ်တော် (AA)နှင့် ပူးပေါင်းတပ်ဖွဲ့မှ စစ်ကောင်စီထံမှ စစ်ကားများနှင့် တင့်ကားများအပါဝင် လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရမိကြောင်း သတင်းရရှိသည်။ ရွှေသောင်ယံမြို့အနီးရှိဘောမိစခန်းကို  ဇန်နဝါရီ ၁၇ရက်နေ့ကတည်းက အာရက္ခတပ်တော်(AA) ဦးဆောင်သည့်ပူးပေါင်းမဟာမိတ်တပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သည်ဟုဒေသခံစစ်ရေးသတင်းရင်းမြစ်တစ်ဦးက နိရဉ္စရာသတင်းဌာန ကို ပြောသည်။ ”  ဒီလ ၁၇ ရက်နေ့ကတည်းက သိမ်းပိုက်ထားပြီ။စစ်သားတွေက နောက်ဆုတ်ထွက်ပြေးတယ်။  စစ်ကားတွေ၊တင့်ကားတွေ လက်နက်တွေအများကြီးရထားတယ်။ အလောင်းတွေလည်းသိမ်းဆည်းရမိတယ်။ ဒါပေမယ့် လက်နက်ပစ်ခတ်သံတွေ မစဲသေးဘူး။ပင်လယ်ပြင်က နေဗီနဲ့ တပင်မှော်ရေတပ်၊ ဝက်သေရွာ အထိုင်ချထားတဲ့ အမြောက်တပ်ကနေ ပစ်ခတ်မှုတွေတော့ ရှိနေပါသေးတယ်” ဟုပြောသည်။ ဘောမိကျသွားပြီးနောက်စစ်ကောင်စီလေတပ်က ဗုံးကြဲသဖြင့် နေအိမ်အများအပြား မီးလောင် သွားခဲ့သည်ဟု သိရသည်။ ဂွဒေသခံတစ်ဦးက ” အခုက မီးခိုးမီးလုံးတွေကိုဂွဖက်ကနေမြင်ရတယ်။ ဘောမိချောင်းဖျားကမ်းစပ်ကရွာတွေ လက်နက်ကြီးနဲ့အပစ်ခံနေရတယ်။ နေဗီကလည်းလက်နက်ကြီးနဲ့ပစ်သလိုလေယာဉ်ကလည်း ဗုံးကြဲတယ်။အိမ်တွေ တော်တော်များများ ပျက်စီးသွားတယ်လို့ သတင်းရပါတယ်” ဟုပြောသည်။ ဘီဘီစီ (မြန်မာပိုင်း) ယနေ့ ဇန်နဝါရီ ၁၉ ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် သတင်းတွင် ဇန်နဝါရီ၁၈ ရက် တိုက်ပွဲအတွင်း ဘောမိရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲနေသောကြောင့် နေအိမ်များပျက်စီးပြီးဘုန်းတော်ကြီးတစ်ပါးပျံလွန်တော်မူခဲ့သည်ဟု သိရှိရကြောင်းဖော်ပြထားသည်။ ၎င်းပြင် “အင်အား၄၀၀ လောက်ရှိသောစစ်ကောင်စီတပ်တွင် ဆယ်ကျော်လောက်သာဘောမိကပြန်ဆုတ်သွားနိုင်သလိုဗျူဟာမှူးလည်း ပျောက်နေသည်ဟု သတင်းရကြောင်း ဘီဘီစီ (မြန်မာပိုင်း)တွင် သတင်းဆက်လက်ဖော်ပြသည်။ ဘောမိတွင် စစ်ကောင်စီတပ်၏တင့်ကား ၄ စီးလည်းမီးလောင်ပျက်စီးပြီးကျန်နေခဲ့သည်ဟုဆိုသည်။ အာရက္ခတပ်တော်သည် မကျီးဇင်အား ဇန်နဝါရီ ၉ ရက်နေ့က သိမ်းပိုက်ပြီး ဘောမိကို ဒီလ ၁၇ ရက်နေ့က ထိပ်မံသိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ ဒေသခံများမှာ ရွှေသောင်ယံ၊ ပုသိမ်၊…

Read More

■Breaking News ဘောမိရွာတိုက်ပွဲ ဗျူဟာမှူးအပါအဝင်စစ်သား ၂၀၀ ခန့် အဆက်အသွယ်ပြတ်​နေ ■တင့်ကားများကို မီးရှို့ဖျက်ဆီးပြီး စစ်‌ကောင်စီတပ်အကျအဆုံးများစွာဖြင့်ဆုတ်ခွာ ကဖေး/People’s Spring ဧရာဝတီတိုင်း ၊ရွှေသောင်ယံမြို့နယ် ၊ဘောမိရွာတိုက်ပွဲတွင် ​တော်လှန်​ရေးတပ်များ၏ တိုက်ခိုက်မှု​ကြောင့်စစ်​ကောင်စီတပ် မှဗျူဟာမှူးတဦးနှင့် အရာရှိများအပါအဝင်တပ်ဖွဲ့ဝင် ၂၀၀ခန့် အဆက်အသွယ်ပြတ်နေပြီး ပြန်သယ်ရန်ခက်ခဲသည့် တင့်ကား သုံးစီးထက်မနည်းကို စစ်တပ်ကကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့သည်။ “ဘောမိကို ဖြန့်ခွဲပြီးသွားတာ ၅၀၀ မကဘူး။ ဗျူဟာမှူးနှစ်ဦးမှာ တစ်ဦးပဲကျတော်တို့ဆီ ပြန်ရောက်တယ်။ တစ်ဦး အဆက်အသွယ်ပြတ်နေတယ်။ကျတာက ၁၀၀ အနည်းဆုံးရှိတယ်။ ပြန်ရောက်လာတဲ့ ဒဏ်ရာရ ၈၀ ခန့်ကလည်း လက်နက်ပါမလာကြဘူး။ ချောင်းထဲ ဆင်းပြေးတာက ၂၀၀ ခန့်ရှိပြီး သူတို့လည်း ဘာတွေဖြစ်နေလဲ မသိဘူး။ တင့်တွေပါ မီးရှို့ဖျက်ဆီးခဲ့ရတာ” ဟု ပုသိမ်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက People’s Spring သို့ပြောသည်။ ဘောမိရွာသည် ရွှေသောင်ယံမြို့နှင့် ဘောမိချောင်းခြားသည်။ ‌ဇန်နဝါရီ ၁၆ရက်ညက တိုက်ပွဲသည့် အနီးကပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သည် ဝရုန်းသုန်းကား ထွက်ပြေးသွားခဲ့​ကြကြောင်းစုံစမ်းသိရသည်။ “ဘောမိချောင်းက ပင်လယ်ထွက်ပေါက်လေ။ သဘ်ောကြီးတွေပါ ဝင်လို့ရတယ်။ အရမ်းကျယ်တယ်။ တိုက်ပွဲကနေ ပြေးတဲ့ စစ်ကောင်စီတပ်တွေ ချောင်းထဲဆင်းပြေးကြရတာ မှန်တယ်”ဟု သတင်းရင်းမြစ်တဦးကပြောသည်။ စစ်ကောင်စီသည် ဘောမိကျေးရွာကို အသေအချာခံစစ်ပြင်ခဲ့ပြီး ရက်ပိုင်းအတွင်း ထွက်ပြေးရခြင်းဖြစ်သည်။တိုက်ပွဲသည် အလွန်ပြင်းထန်ပြီး ဘောမိကျေးရွာချောင်းဖျားထိပ်တွင် အနီးကပ်တိုက်ပွဲဖြစ်ပွားခြင်းဟု သတင်းရရှိသည်။ စစ်ကောင်စီက လေကြောင်းမှခုခံတိုက်ခိုက်ရာ အိမ်ခြေ ၂၀၀ထက်မနည်းရှိသော ဘောမိရွာတွင် မုန်တိုင်းဒဏ်ခံ အဆောက်အဦ(ရှဲယ်တာ)တစ်ခု၊ဘုန်းကြီးကျောင်းတစ်ကျောင်း၊ အိမ်သုံးလုံးသာ ကျန်ရှိတော့သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမလပတ်က ဂွနှင့်…

Read More

ဇန်နဝါရီ ၁၈ ဧရာ၀တီနှင့်ရခိုင် အစပ် ရွှေသောင်ယံမြို့၊ ဘောမိရွာတွင် AA နှင့် စစ်တပ် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်စစ်ကြောင်းတချို့ ဆုတ်ခွာသွားကြောင်း ဒေသသတင်းရင်းမြစ် ပုသိမ် သတင်းအထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ထိ ဧရာ၀တီတိုင်းနှင့် ဂွမြို့နယ် အစပ် ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ရှိ ဘောမိရွာတွင် အကြမ်း ဖက် စစ်တပ်နှင့် AA ဦးဆောင်သော တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၁၇ ရက်နေ့ ညပိုင်း ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ပုသိမ်မြိုနယ် ရွှေသောင်ယံမြိုနယ်ခွဲ ဘောမိဘက်မှ အင်အား ၂၅၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းမှာ သပေါ့ကန်သို တပ်ပြန်ဆုတ်လာကြောင်း ၊ ရွှေသောင်မြို့တပ်ရိပ်သာမှ စစ်တပ်က ဝက်သေနှင် သပေါ့ကန်သို စစ်အင်အားဖြည့်နေကြောင်း သိရှိရသည်။ ဘောမိကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု၊ လေကြောင်းပစ်ကူဖြင့် လေယာဉ်ဗုံးကြဲမှုများကြောင့် နေအိမ်များပျက်စီးကာ ပြည်သူများ ထိခိုက်မှုရှိကြောင်း၊ ထို့ပြင် ဂွမြို့နယ် အစပ်ရှိ အကြမ်းဖက် စစ်တပ်စခန်းများမှ အမိန့်မရဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မကြာခဏတပ်ဆုတ်ခြင်း၊ တပ်ပျက်ထွက်ပြေးခြင်း၊ တပ်အချင်းချင်း ထိတွေ့မှုဖြစ်ခြင်းတို့ကြောင့် အကြမ်းဖက် စစ်တပ်၏ ခံစစ် ဖွဲ့စည်းပုံသည် ဖရိုဖရဲဖြစ်နေပြီး လေယာဉ် ပစ်ကူများပါ တောင်း၍…

Read More

မုံရွာမြို့နယ်အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်မှု တိုင်းဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိအပါအဝင် ၁၅ ယောက်သေ (ရုပ်/သံ) ကိုကြည့်ရှုလိုပါက ဒီမှာနှိပ်ကြည့်နိုင်ပါသည်။ ဇန်နဝါရီ ၁၈ ၊ ၂၀၂၅ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အရာရှိအဆင့်အပါအဝင် အများအပြား ထိခိုက်သေဆုံးခဲ့တယ်လို့ Chindwin Rocket Brothers -CRB တာဝန်ရှိသူက မောင်းသတင်းဌာနကို ပြောပါတယ်။ ဇန်နဝါရီလ ၁၄ရက်နေ့ မနက်အစောပိုင်းမှာ တော်လှန်ရေးအဖွဲ့များက အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ရော့ကတ်အလုံး ၃၀ နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုင်းစစ်ဦးစီးချုပ်ရဲ့ ကိုယ်ရေးအရာရှိ(PSO) ဗိုလ်ကြီးကောင်းခန့်ဇော်၊ တပ်ကြပ်ကြီး၁ယောက်နဲ့ အမှတ် ၁၂ အဆင့်မြင့်ဆက်သွယ်ရေးတပ်က ဗိုလ်ကြီး အပါအဝင် အခြားသေဆုံးသူ ၁၁ ယောက်ထက်မနည်းအထိ ရှိခဲ့တယ်လို့ သိရတာပါ။ ဒါ့အပြင် ကိုယ်လက်အင်္ဂါပြတ်တောက်သွားတဲ့သူတွေနဲ့ မီးလောင်ခံရသူတွေကို တပ်နယ်တွင်းက သံပြားကာကားတွေနဲ့အတူ ခုတင် ၃၀၀ တပ်ဆေးရုံ (တဆ ၄/ ၃၀၀)နဲ့ မုံရွာပြည်သူ့ဆေးရုံကြီးဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေကိုတော့ ဇန်နဝါရီလ ၁၆ ရက်နေ့မှာ နမခ စစ်သင်္ချိုင်းနဲ့ အလုံတပ််မြို့သရဏဂုံသင်္ချိုင်းတွေမှာ နာရေးပြုလုပ်ခဲ့ကြောင်း Chindwin Rocket Brothers -CRB က ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှုဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ဆီ အသစ်ပြောင်းရွှေ့လာတဲ့ တိုင်းမှူးမျိုးမင်းထွေးကို ဧည့်ခံ ကြိုဆိုတဲ့အနေနဲ့ စစ်ဆင်ရေးတစ်ခုအဖြစ် လုပ်ဆောင်ခဲ့တာလို့လည်း သိရပါတယ်။ ” ရမခ (အရှေ့မြောက်တိုင်းစစ်ဌာနချုပ်) ကနေ…

Read More

ဇန်နဝါရီ ၁၈၊ ၂၀၂၅ စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ဇန်နဝါရီ ၁၄ ရက် ည ပိုင်းက ရှော့တိုက်ရော့ကတ် အလုံး ၃၀ နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Rocket Brother -CRB အဖွဲ့ထံက သိရပါတယ်။ စစ်ဌာနချုပ်အတွင်းရှိ တိုင်းရုံးကြီး၊ တိုင်းမှူးမျိုးမင်းထွေး အိမ်ယာဝန်း ၊ အရာရှိကြီးနေအိမ် ၇ လုံး တန်းဝန်း ၊ ငွေစာရင်းရုံး အနီး၊ စစ်ရေးပြ (ပရိတ်) ကွင်း၊ ဇေယျာသီရိခန်းမအနီး၊ ရိက္ခာဖြန့်ဝေဌာန အနီး၊ ရဟတ်ယာဥ်ကွင်းသစ် Mi-35P ခဲယမ်းသိုလှောင်ရုံအနီး ဂိတ်ကင်းတဲ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ (105 mm M2A1 Howitzer) ပစ်ကွင်း၊ WMA-301 သံချပ်ကာယာဥ်၊ Nora B-52 155mm ယာဥ်တင် အမြှောက်ကြီးထားရာ မော်တော်ယာဥ်ရုံ အနီး၊ စစ်သည်နေအိမ် (၆ ခန်းတွဲ) ၊ အဆရ-၁၂ (အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင်၊ မဆရ-၇(စစ်မြေပြင်ဆေးတပ်ရင်း) စစ်သည် လူပျိုဆောင် ၊ လစရ-၆(လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း) စစ်သည်ရိပ်သာ ၁ ဆောင် ၊ ထပရ-၉၂၉ (ထောက်ပံ့နှင့်ပို့ဆောင်ရေး တပ်ရင်း) ဆန်ပဲ ဂိုဒေါင်နဲ့ နမခတပ်နယ် မြောက်ဘက် ၁၂၀မမ (MK-6,MK-II) အထိုင်ကာကင်းစခန်းအနီးကို ရှော့တိုက်ရော့ကတ်တွေ ကျရောက် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း အဆရ-၁၂ ဗိုလ်ကြီး ၁ ယောက်အပါအဝင်…

Read More

——————– မြဝတီကျားဖြန့်ဂိုဏ်းများကိုရှင်းလင်းရန် ကိုးကန့်ကျားဖြန့်ဂိုဏ်းများကိုနှိမ်နှင်းသည့်တပ်များ တပ်ဖြန့်ထားပြီဟုဆို ——————– ဇန်နဝါရီ ၁၈ ရက် တရုတ်သရုပ်ဆောင်များကို ပစ်မှတ်ထားသည့် ကရင်ပြည်နယ်၊ မြဝတီမြို့အခြေစိုက် လူကုန်ကူးဂိုဏ်းကို ခြေရာခံနိုင်ပြီဟု တရုတ်အစိုးရ ပြည်သူလုံခြုံရေးဝန်ကြီးဌာနက တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနမှတဆင့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။ ထိုရာဇဝတ်ဂိုဏ်းများ ဖမ်းဆီးထားသူတို့ကို ကယ်တင်ရန်အတွက် တရုတ်ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနက ဒေသအသီးသီးရှိ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို ဖြန့်ထားပြီဟုလည်း ဆင်ဟွာသတင်းကဆိုသည်။ အဆိုပါတပ်များသည် ပြီးခဲ့သည့်နှစ် အစောပိုင်းက မြန်မာနိုင်ငံအရှေ့မြောက်ဘက်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများ၊ ကြံ့ခိုင်ရေးအမတ်ဟောင်းများဦးဆောင်သည့် ကိုးကန့်ဒေသအခြေစိုက် ကျားဖြန့်ဂိုဏ်းများကို နှိမ်နှင်းသည့် စစ်ဆင်ရေးတွင် ဦးဆောင်သည့်တပ်ဖွဲ့ဖြစ်သည်။ တရုတ်အစိုးရအာရုံစိုက်လာသည့် မြဝတီမြို့ကို လက်ရှိအချိန်တွင် စစ်တပ်၏နယ်ခြားစောင့်အရာရှိ စောချစ်သူဦးဆောင်သည့် ကရင်နယ်ခြားစောင့်တပ်က ထိန်းချုပ်ထားသည်။ တရုတ်အစိုးရ၏အဆိုအရ မြဝတီအခြေစိုက် လူကုန်ကူးဂိုဏ်းသည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ တရုတ်နိုင်ငံတွင် လူသုံးများသည့် WeChat လူမှုကွန်ရက်ကိုအသုံးပြုပြီး တရုတ်သရုပ်ဆောင်များကို ရိုက်ကူးရေးဝန်ထမ်းအလုပ်ပေးမည်ဟု စည်းရုံးခဲ့သည်၊ ယုံကြည်သူများကိုထိုင်းသို့ခေါ်ကာ ထိုမှတဆင့် မြန်မာဘက်ခြမ်းသို့ပို့ကာ ကျားဖြန့်လိမ်ညာရေးဇုန်များသို့ လူကုန်ကူးခဲ့သည်ဟု ဆိုသည်။ “ဝမ်” ဟုတရုတ်အစိုးရက ရည်ညွှန်းသည့် သရုပ်ဆောင်သည် ဇန်နဝါရီ ၃ ရက်နေ့က ထိုင်းသို့ရောက်လာပြီးနောက် ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရသည်။ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်” စသည့် ဆက်သွယ်ရေး လိမ်ညာမှုဇုန်များစွာသို့ ထပ်မံရောင်းစားခြင်းခံခဲ့ရသည်ဟု တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကို ကိုးကားပြီး ဆင်ဟွာသတင်းကရေးသားသည်။ “ဝမ်” အပါအဝင် လူ…

Read More

မြ၀တီရှိ ရွှေက္ကိုလ်မြို့ အပါအဝင် ကျားဖြန့်လောင်းကစားဇုန်နေရာများမှာ စစ်ကောင်စီ မိတ်ဖက် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF တပ်ဖွဲ့များက အကာအကွယ်ပေးထား ဇန်နဝါရီ ၁၈ ရက် မြန်မာနိုင်ငံ၊ မြ၀တီတွင် ခိုအောင်းနေသော နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု သီးသန့်လုပ်ဆောင်နေသည့် ရာဇဝတ်ဂိုဏ်းများကို သဲလွန်စအရ ဖော်ထုတ်တွေ့ရှိရပြီး အထူးတိုက်ဖျက်ချေမှုန်းရေး လုပ်မည်ဖြစ်ကြောင်း တရုတ်အစိုးရက ကြေညာလာကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာ သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။ တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းက ထိုင်း-မြန်မာနယ်စပ်တွင် အဆက်အသွယ်ပြတ်တောက်၍ ပိတ်မိနေသော တ ရုတ် နိုင်ငံသားများအား အစွမ်းကုန်ကယ်ဆယ်၍ အမှုစုံစမ်းဆေးလျက်ရှိကြောင်း၊ မကြာသေးမီက တရုတ်သရုပ်ဆောင် ၊ တ ရုတ်မီးအလှပြပညာရှင် အပါအဝင် တရုတ်နိုင်ငံသားများစွာသည် ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်၊ ပိတ်မိနေမှုသည် လူမှုအသိုက်အဝန်း၏ အထူးအာရုံစိုက်ခြင်းခံခဲ့ရကြောင်း၊ အဆိုပါ ကိစ္စရပ်အပေါ် တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကများစွာအလေးထားပြီး ပြည်ပသို့ ရောက်ရှိပြီးအဆက်အသွယ်ပြတ်တောက် ၍ ပိတ်မိနေသူများ၏အခြေအနေအား ဘက်စုံခွဲခြမ်းစိတ်ဖြာမှု လုပ်ဆောင်ရန် သက်ဆိုင်ရာဒေသတွင်း ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းများကို လျင်မြန်စွာ ဖြန့်ကြက်စီမံထားပြီး ပြည်ပအခြေစိုက် သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံး စသည့် သက်ဆိုင်ရာဌာနများနှင့် တက်ကြွစွာတွဲဖက်၍ လူကယ်ဆယ်ရေးနှင့် အမှုစုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း ဆင်ဟွာက သတင်းဖော်ပြသည်။ လက်ရှိတွင် တရုတ်နိုင်ငံသားတချို့ကို အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ဘေးကင်းစွာပြန်လည်ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ လတ်တလော တရုတ်သရုပ်ဆောင်တစ်ဦးမှာလည်း ထပ်မံ၍ ထိုင်း-မြန်မာ နယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံ မြဝတီ “အပိုလို” ဇုန် (Apolo Park) သို့ ပို့ဆောင်ခံခဲ့ရကြောင်း၊ ထို့နောက် “ဟွမ်ရာ့” “ခိုင်ရွှမ်”…

Read More

အကယ်၍ သင်ဟာ စီးပွားရေး လူမှုရေး ကျန်းမာရေးအဘက်ဘက်မှာ ချို့ယွင်းလာနေပြီလား။ အလုပ်အကိုင်အခက်အခဲဖြစ်နေလား သေချင်လောက်အောင်စိတ်ဓာတ်ကျနေလား ဘဝမှာအခက်အခဲမျိုးစုံရင်ဆိုင်ကြုံတွေ့နေရပြီလား စိတ်မပူပါနဲ့ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုသာ ယုံကြည်လေးနက်စွာ ပူဇော် လိုက်ပါ။ မဟာသမယသုတ်ပ ရိတ်တော်မြတ်ကြီးကိုစ ပူဇော်ကာစမှာ အလွတ်ရစရာမလိုပါဘူး စာအုပ်ကိုကြည့်ပြီးပူဇော်တတ်ရင်ပဲ ရနေပါပြီ စပြီးပူဇော်ကြည့်ယုံနဲ့မိမိရဲ့စိတ်အနေဘယ်လောက်အေးချမ်း လာတယ်ဆိုတာသိလာရပါမယ်။ ပူဇော်တဲ့သက်တမ်းရလာတာနဲ့အမျှ ဘက်ပေါင်းစုံမှ အဆင်ပြေမှုတွေ တိုးတတ်မှုတွေ မထင်မှတ်ထားတဲ့ကောင်းကျိုးတွေ အများကြီးရလာပါလိမ့်မယ်။ လောကီချမ်းသာတင်ပဲလား မဟုတ်သေးပါဘူးနော် လောကုတ္တရာအတွက်ကြီးမြတ်သောအထောက်အပံ့ကောင်းတစ် ခုကိုမိမိလက်ဝယ်ပိုင်ဆိုင်နေတာကိုလည်းတွေ့လာရပါမယ်။ ကောင်းတဲ့အလုပ်တွေပဲလုပ်ချင်စိတ်ဖြစ်လာပါမယ် ဘဝမှာကောင်းမြတ်သောမျှော်လင့်ချက်တွေနဲ့ရှင်သန်လာပါမယ် ဘဝတိုးတတ်အောင်မြင်မှုကိုပေးစွမ်းနိုင်တာ မဟာသမယသုတ်ပါပဲ။ ဆင်းရဲတွင်းက လွတ်ကင်းစေနိုင်တာလည်း မဟာ သမယသုတ်တော်ပါပဲ လောကအလယ်မှာအထက်တန်းကျကျ မျက်နှာပန်းလှလှ လောကီ လောကုတ္တရာကောင်းမှုကုသိုလ်တွေကို အဆင့်အတန်းမြင့်မြင့် ပြုလုပ်ချင်တယ်ဆိုရင်။ မဟာသမယသုတ် တော်ကြီးကိုသာပူဇော်ကြပါ အေးချမ်းပါလိမ့်မယ် အောင်မြင်လာပါလိမ့်မယ် ထူးခြားမှုတွေကိုတစ်ခုခြင်း တစ်ခုခြင်းရရှိပိုင်ဆိုင်လာရပါလိမ့်မယ်။ မဟာသမယသုတ်တော်ကိုမျိုးကတော့ထူးခြားမှုဖြစ်စဉ် ဘဝမှာကောင်းသောပြောင်းလဲခြင်းများနဲ့ပြည့်စုံစေသော ကြီးပွားချမ်းသာခြင်းအတွက် အကောင်းဆုံးသော သုတ်တော် ကြီးလို့ဘဝမှာမှတ်တိုင်စိုက်ထူပြီးဖြစ်ပါတယ်။ မဟာသမယသုတ်ပရိတ်တော်မြတ်ကြီးကိုနာယူရသောကြောင့် ဘုရားရှင်လက်ထက်တော်မှာကျွတ်တန်းဝင်သွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေလည်းအများကြီးရှိသလို။ အခုလောကီမှာလည်းကောင်းကျိုးမျိုးစုံစံစားခံစားနေရတဲ့ ထူးခြားတဲ့လူသားတွေလည်းအများကြီးရှိနေတာကြောင့် မဟာသမယသုတ် ပရိတ်တော်မြတ်ကြီးကို ယုံကြည်စွာပူဇော်ကြပါလို့ လေးလေးနက်နက် တိုက်တွန်းလိုက်ပါတယ်။ မဟာသမယသုတ် ပရိတ်တော်ကို သိနေပြီ နာယူနေပြီ ပူဇော်နေပြီဆိုထဲက ထိုပုဂ္ဂိုလ် ဟာ ထူးမြတ်သော လူသားတစ်ယောက် ဖြစ်နေပါပြီလို့။

Read More

သင် ဟာ လက္ခဏာဗေဒင်ကို ဝါဿနာပါသူလား။ ကိုယ့်ရဲ့အနာဂတ်အကြောင်းကို သိရမယ်ဆိုရင်လူတိုင်းစိတ်ဝင်စားကြမှာပါ။ တစ်ချို့ဟောချက်တွေက မှန်တာတွေလည်းရှိသလို ၊ အချို့ဖြစ်မလာတဲ့ကိစ္စလေးတွေလည်းရှိပါတယ်..။ ယုံံကြည်သူဖြစ်စေ ၊ မယုံကြည်သည်ဖြစ်စေ ဒီလို လက်ဖဝါးမှာပါတဲ့ X ပုံစံလေးရဲ့ အဓိပ္ပာယ်ကိုတော့ သိချင်သူများအတွက် မျှဝေပေးလိုက်ပါတယ်နော် …။ X ရဲ့အဓိပ္ပာယ် – ပထမဦးဆုံးအနေနဲ့ ပြောပြချင်တာကတော့ မင်းဟာ ပြိုက်ဘက်ကင်းတဲ့ လူတစ်ယောက်ဖြစ်တယ်။ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်မယ့် လက္ခဏာ ဖြစ်ပါတယ် …။ ရုရှား STI တက္ကသိုလ်မှပညာရှင်များ လေ့လာချက်အရ လူတွေရဲ့လက္ခဏာဖွဲ့စည်းပုံဟာ ရှုပ်ထွေးပေမယ့် များသောအားဖြင့် ဒီလို Xပုံစံပါတဲ့ လူတွေဟာ ပြိုင်စံရှားဖြစ်သလို အထင်ကရလူတွေအဖြစ်လည်း မြင်တွေ့ရပါတယ် …။ ဒီလူတွေဟာ စိတ်ဓာတ်မာကြောပြီး တိတ်တဆိတ် နေတတ်ကြပါတယ်။ဒီလူတွေမှာ ကမ္ဘာကြီးကိုပြောင်းလဲနိုင်ဖို့အင်အားတွေအများကြီးပါဝင်နေတာကို တွေ့ရတယ် …။သူတို့ဟာသေသွားရင်တောင် နာမည်တွင်ကျန်ခဲ့မယ့် လူတွေဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်ပျက်နေလဲ အမြဲတမ်း စောင့်ကြည့်လေ့လာနေတတ်ပြီး တစ်ဖက်သားကလွယ်လွယ်နဲ့လာလိမ်တာမျိုးဆိုလည်း သိနှင့်နေတတ်ပါတယ် …။ ဆဌမအာရုံသိပ်ကောင်းပြီး အနီးမှာအန္တရာယ်တစ်ခုခုဖြစ်တော့မယ်ဆိုရင်လည်း ကြိုတင်သိနေနိုင်တယ်။ အမှန်ကတော့ ပတ်ဝန်းကျင်ကိုလေ့လာအားစိုက်မှုများတာပါ…ကိုယ့်ဘဝကိုယ် မြှင့်တင်နေနိုင်သူတွေဖြစ်ပြီး အနားရှိလူတွေကိုလည်းလက်တွဲကြိုဆိုပြီး ပညာတွေပြန်လည် မျှဝေပေးနိုင်စွမ်းရှိပါတယ် …။ ပြောပါဦး…စာဖတ်သူများဆီမှာရော ဒီလို X ပုံစံပါနေရဲ့လား ။ ရှိနေတယ်ဆိုရင်တော့ မင်းဟာ ကံကောင်းတဲ့လူတစ်ယောက် ဆိုတော့ ဂုဏ်ယူလိုက်ပါနော် …။ ။ ယခု မေလအတွက် ထီကံအရမ်းကောင်းသူများ ဖြစ်ပါတယ် ထီထိုးဖို့မမေ့ပါနဲ့နော်။ သူဌေးလောင်းများအားလုံး ကျန်းမာချမ်းသာပါစေခင်ဗျာ။ Credit to Original Writer

Read More

ဧရာ၀တီတိုင်း ပုသိမ်မြို့နယ်၊ ပုသိမ်နှင့် မကျီးဇင်သွားလမ်းပေါ်တွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား ယနေ့ညနေတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။ ဒေသခံတစ်ဦးက“တိုက်ပွဲဖြစ်ပွားတာ မကျီးဇင်နဲ့ ပုသိမ်သွားလမ်းပေါ်မှာဖြစ်တာပါ။ ကျားခေါင်းနဲ့ သဲဖြူရွာ၊ အဲဒီမှာ ဖြစ်တယ်လို့ သိရပါတယ်။ ညနေပိုင်းထိ သေနတ်သံတွေ မစဲသေးဘူးလို့ သိရပါတယ်” ဟု ပြောသည်။ တိုက်ပွဲမှာ ညနေ ၄ နာရီလောက်က စတင်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ “ တိုက်ပွဲဖြစ်တာက အေအေနဲ့လား၊ ပီဒီအက်နဲ့လားဆိုတာတော့ မသိဘူးတဲ့၊ အရပ်သားတွေပြောတာ။ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ဖြစ်ကြတယ်လို့ ပြောပါတယ်။ အနီးအနားရွာတွေကပါ ပစ်သံတွေ၊ အတွဲလိုက်ပစ်သံတွေကို ကြားရတယ်လို့ ပြောပါတယ်” ဟု ပြောသည်။ လက်ရှိ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့ဘက်တွင် အခြေအနေတည်ငြိမ်နေပြီး ဝက်သေ၊ ပိုးလောင်း၊ ကျူတော၊ သပေါ့ကန်နှင့် တပင်မှော်ရေတပ်တို့တွင် စစ်ကောင်စီက အင်အားအများအပြား ဖြည့်တင်းထားသည်ဟု သိရသည်။ “ အေအေကတော့ ဘောမိထိ ရောက်ခဲ့တယ်။ အခုတော့ မကျီးဇင်ဘက်ကို ဆုတ်သွားတယ်လို့ သိရပါတယ်။ စစ်ရေးသတင်းတွေကတော့ အမျိုးမျိုးထွက်နေပါတယ်။ ဂွမြို့ဘက်ကို ဆုတ်သွားပြီလို့လည်း ပြောတယ်။ သာပေါင်းဘက်ကို ထိုးစစ်ဆင်မယ်လို့ လည်း ပြောနေကြတယ်။ အရပ်ဘက်သတင်းကတော့ မျိုးစုံထွက်နေပါတယ်”ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ယမန်နေ့ကလည်း မကျီးဇင်အနီးရှိ ငှက်ပျောတောင်တွင် အေအေနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။(ဓာတ်ပုံ- အင်တာနက်)

Read More