Author: Ka K

#တချက်ရှိုးလိုက်အုံးသာကောကြီး ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ 👎🏿👎🏿👎🏿 အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးလို့ ခံစားမိတဲ့ သတင်းကတော့ ….. လူလည်ကြီး တ ရုတ် ကို KIA, ရဲ့တုန့်ပြန်ချက်ပဲ …. စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့ တ ရုတ် ဟာ KIA ကို ချီဗွေ, လော့ဆော်, ပန်ဝါ စတဲ့ နယ်စပ်စခန်းတွေကို မတိုက်ဖို့ ဖိအားပေးတယ်၊… တ ရုတ် ရဲ့ တဖက်သတ်အောက်တန်းကျယုတ်မာမှုကို သိနေတဲ့ KIA က လက်မခံပဲ တ ရုတ် နယ်စပ်က မြေရှားသတ္ထုတွေ အဓိကထွက်တဲ့ နေရာတွေ၊ မြို့တွေကို သိမ်းယူပစ်လိုက်တယ်၊… တ ရုတ် ဟာ မွှန်ထူပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်တယ်၊ အမှန်တော့ တ ရုတ်ဟာ အဆင်ခြင်မဲ့စွာ ပက်လက်လှန်ပြီး တံတွေးထွေးလိုက်တာပဲ ..။ တ ရုတ် ဟာ KIA ကို မြောက်ပိုင်းအဖွဲ့တွေလို အကြပ်ကိုင်လို့ ရမယ် ထင်နေခဲ့တယ်၊ တ ရုတ် ဟာ KIA ကို အထင်မကြီးဘူး၊ ငါတို့ လုပ်သမျှခံလိမ့်မယ်လို့ ထင်နေတာကိုး … တ ရုတ် ဟာ စီးပွားရေးဈေးကွက်အရ ချုပ်ကိုင်ပြီး ကမ္ဘာကို သြဇာညောင်းနေတဲ့ မြေရှားသတ္တုဟာ ကချင်ဒေသက ထွက်နေတာလေ ..။ KIA က ဒီအထာကို သိနေ,နေတော့ လှလှလေး တုန့်ပြန်လိုက်တယ်၊.. ရတယ် သာကောရေ၊..…

Read More

မိုးမောက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး ၏ အမည်များ ရရှိထားပြီး အားလုံးကို ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာဖြင့် မြေမြုပ်သဂြိုလ် ရန်ကုန်၊ နိုဝင်ဘာ ၁၆ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ၏ လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် သေဆုံးသော ကလေးငယ် ၇ ဦးနှင့် ပြည်သူ ၂ ဦး၏ နာမည်များ ရရှိပြီး အားလုံးကို ယနေ့ ခရစ်ယာန်ဘာသာရေး ထုံးတမ်းအစဉ်အလာနှင့်အညီ မြေမြုပ်သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် မိုးမောက်မြို့နယ်၊ ကုန်းလောရွာရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ခရစ်ယာန် ဘုရားကျောင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် အပါအဝင် ပြည်သူ ၉ ဦး သေ ဆုံးပြီး ၁၀ ဦး ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မိုးမောက်မြို့နယ် ကုန်းလောကျေးရွာ ခရစ်ယာန်ဘုရားကျောင်းတွင် စစ်ဘေးတိမ်းရှောင်နေသော ပြည်သူများကို စစ်ကောင်စီ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ကြောင့် ၁၃ နှစ်အောက်အရွယ် ကလေး ၇ ဦး နှင့် အသက် ၃၀ ကျော် ပြည်သူ ၂ ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ စစ်တပ်၏ လေယာဉ်ဖြင့် ဗုံးကျဲသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသော ကလေးငယ် ၇…

Read More

◾️လက်နက်နှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး အရှင်ဖမ်းမိဟု TNLAထုတ်ပြန် ဒီးဒီ/People’s Spring ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ တောင်းခမ်းကျေးရွာ၌ ယနေ့(နိုဝင်ဘာ ၁၆ရက်) တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီ၏ တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က အသိပေးထုတ်ပြန်သည်။ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၃၅)မိုင်ကွာဝေးသော နောင်ချိုမြို့နယ်၊ တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နှင့် အမြောက်တပ်စခန်း (၃၅၄)တပ်ရင်းတို့၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း တပ်မ(၁၁)၏ ခမရ (၂၁၃) တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီး အဆင့်ရှိသူနှင့် တပ်သားများ သေဆုံးပြီး လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းရပြီး လက်နက်ခဲယမ်းနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးလည်း အရှင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ထပ်မံအသိပေးထားသည်။ တိုက်ပွဲသတင်းနှင့်ပတ်သက်ပြီး တအာင်းတပ်မတာ်ထံဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်း စစ်အင်အားဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။ နောင်ချိုမြို့ရှိ တောင်းခမ်းအမြောက်တပ်စခန်းထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်သည် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူမှတစ်ဆင့် စစ်အင်ဖြည့်တင်းနေပြီး လေကြောင်းမှတစ်ဆင့်လည်း စစ်လက်နက်ခဲယမ်းများ ဖြည့်တင်းနေသည်ဟု ဆိုသည်။ ထို့အပြင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာတွင်လည်း လက်နက်ကြီးများ ပစ်ခတ်ခြင်း၊လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေဟု ထပ်မံဖော်ပြထားသည်။ နိုဝင်ဘာ ၁၂ရက်က နောင်ချို မြို့ လမ်းဆန်းလက်ဖက်ရည်ဆိုင်ကို ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ ၁၁ဦး သေဆုံးပြီး ၁၁ဦး…

Read More

နိုဝင်ဘာ ၁၅ ရက်၊ နံနက် ၁၁ နာရီ နိုဝင်ဘာ ၁၈-၁၉ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်ထဲကိုဝင်ရောက်လာမည့် (လက်ရှိအချိန်မှာ CATEGORY-1 တိုင်ဖွန်းမုန်တိုင်း) MAN-YI – ဖိလစ်ပိုင်အမည် PEPITO ကတွန်းပို့လိုက်မည့် မိုးတိမ်အချို့နဲ့ အရှေ့လေပွေလှိုင်းအချို့က မြန်မာနိုင်ငံဘက်အထိ မိုးအနည်းငယ် သယ်ဆောင်လာနိုင်ပါတယ်။ နိုဝင်ဘာ ၁၈-၁၉-၂၀ ရက်တွေအတွင်း – 🔸 ရှမ်းပြည်နယ်တောင်ပိုင်းမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၄၀ မီလီမီတာအထက် – ၁လက်မခွဲကျော်ခန့်) နဲ့ 🔸 နေပြည်တော်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသအချို့မှာ နေရာကွက်ပြီး အချိန်အခါမဟုတ်မိုးအနည်းငယ် ရွာသွန်းနိုင်ပါတယ်။ 🔸 နိုဝင်ဘာ ၁၈-၁၉ ရက်တွေမှာ မိမိဒေသဘက်ကို မိုးတိမ်တောင်များဝင်လာတာတွေ့ရင်၊ မိုးတွေအုံ့လာရင် – ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲ သီးနှံတွေ မိုးမထိအောင်သတိထားပြီးကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်ထားကြဘို့တော့ အကြံပေးချင်ပါတယ်။ မိုးများမှာမဟုတ်တဲ့အတွက် အရမ်းစိုးရိမ်စရာလဲ မလိုပါ။ ပြည်နယ်တိုင်းမြို့များအတွက် ၄ ရက်စာ မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကို MMWeather Site မှာတင်ပေးထားတာလဲ ကြည့်ကြပါ။ https://www.mmweather.org/divisional-cities-weather ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ကြမည့် မြန်မာများ စစ်မှုထမ်းရေး မြန်မာနိုင်ငံသို့ ပြန်လာရန် စစ်ကောင်စီက ညွှန်ကြားစာထုတ်ပြန်ခြင်းနှင့် ကတိစာချုပ် လက်မှတ်ရေးထိုးခိုင်းခြင်းများ လုပ်ဆောင်နေသော်လည်း အများစုသော မြန်မာများက ပြန်လာမည်မဟုတ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ အောက်တိုဘာလနှောင်းပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတွင် ပြည်ပသို့ ထွက်ခွာသွားသော မြန်မာအလုပ်သမားများသည် ပြည်ပတွင် အလုပ်လုပ်နေစဉ် ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် ဆင့်ခေါ်ခြင်းခံရပါက မိခင်နိုင်ငံသို့ အချိန်မီ ပြန်လာ၍ စစ်မှုထမ်းရန် လက်မှတ်ရေးထိုးခဲ့ကြရ ကြောင်းသိရှိရသည်။ “ထိုင်း MOU နဲ့ ဂျပန်သင်တန်းသားတွေထဲက အဲဒီစာချုပ် လက်မှတ်ထိုးလိုက်ရတဲ့ အလုပ်သမားတွေရှိပါတယ်။ စစ်မှုထမ်းခိုင်းရင် ပြန်လာပါမယ်ဆိုတဲ့ စာချုပ်ကို မီသွားတဲ့ လက်မှတ်ထိုးလိုက်ရတဲ့ မြန်မာအလုပ်သမားတွေ ရှိပါတယ်” ဟု ရန်ကုန်မှ ပြည်ပအလုပ်အကိုင်အေဂျင်စီတာဝန်ရှိသူတစ်ဦးက ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက အေဂျင်စီနှင့် ပြည်ပထွက်မည့် မြန်မာအလုပ်သမားများကို လက်မှတ်ရေးထိုးခိုင်းသည့် စည်းကမ်းချက်များတွင် စစ်မှုထမ်းရေးစည်းကမ်းချက် အသစ်ပါဝင်လာကြောင်း၊ ယင်းစည်းကမ်းချက်မှာ အေဂျင် စီသည် ပြည်ပနိုင်ငံသို့ စေလွှတ်သည့် အလုပ်သမားအား ပြည်ပတွင် အလုပ်လုပ်ကိုင်နေစဉ်အတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်ခြင်းခံရပါက ၃ နှစ် စာချုပ်သက်တမ်းပြည့်ချိန် မိခင်နိုင်ငံသို့ ပြန်လာ စစ်မှုထမ်းဆောင်နိုင်ရေး သက်ဆိုင်ရာ အလုပ်ရှင်နှင့် အလုပ်သမားကို အသိပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရမည်ဟု စစ်ကောင်စီက စည်းကမ်းချက် အသစ် ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ သို့ရာတွင် ပြည်ပရောက် မြန်မာအလုပ်သမားများက စစ်မှု ထမ်းရန် မိခင်နိုင်ငံသို့ ပြန်လာရမည်ဆိုသော စစ်ကောင်စီ ၏ သတ်မှတ်ချက်ကို…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၄ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ကျောက်က္ကာလမ်း၊ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေး ယူနေသော ရဲ ၂ ဦးနှင့် စစ်ကူ ထွက်လာသော စစ်သားများကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၆ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Kaung Kin Local PDF (ဒီပဲယင်းမြို့နယ်) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခန့်က မုံရွာမြို့၊ ကျောက္ကာလမ်းမပေါ်ရှိ ရန်ကင်းမီးပွိုင့်တွင် လုံခြုံရေးယူနေသော ဒုအရာခံ ဗိုလ် ၁ ဦးနှ့င် ရဲတပ်သား ၁ ဦးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဦး စလုံးသေဆုံးသွားပြီး BA 63 (ခေါ်) G3 အမျိုးအစားသေနတ်တစ်လက်သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။ “သူတို့က လူကြီးလမ်းကြောင်းခရီးစဉ်ရှိပုံရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲမှာကတော့ စောစော ကတည်းက ရှိနေတာ၊ မီးပွိုင့်မှာ လုံခြုံရေးယူနေတဲ့ ခွေး ၂ ကောင်ကို ပစ်ပြီးတော့ ကျနော်တို့ G3 သေနတ်တစ်လက်ယူပြီးပြန်ထွက်ခဲ့တဲ့ အချိန်မှာ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခနဲ့ လည်းထိတွေ့တိုက်ပွဲ ဖြစ်တယ်။ ရန်ကင်းမီးပွိုင့်မှာရှိတဲ့ စခကင်းထဲကိုလည်း ၄၀ မမ တစ်လုံးပစ်ထည့်လိုက်တယ်။ အဲဒီထဲ မှာရှိတဲ့ စခတွေလည်းထိသွားတယ်လို့ သိရတယ်။ ရန်ကင်းဘုန်းကြီးကျောင်းထဲကနေ ထွက်လာတဲ့ စခတွနဲ့လည်း ထိတွေ့တိုက်ပွဲထပ်ဖြစ်တယ်။ စုစုပေါင်း ၆ ဦးသေတယ်၊…

Read More

ပါခွီး (မဇ္ဈိမ) ။ ။ ချင်းပြည်နယ်၏မြို့တော် ဟားခါးမြို့နယ်အတွင်း ဇူလိုင်လ ၁၂ရက်နေ့မှ နိုဝင်ဘာလ ၁၂ အထိ လေးလကျော်ကြာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃ ဦးသေဆုံးပြီး ရဟတ်ယာဉ်တစီးကိုလည်း ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ကြောင်း CDF ဟားခါး တာဝန်ရှိသူ မဇ္ဈိမကို ပြောသည်။ ထို့ပြင် စစ်ကောာင်စီတပ်ဖွဲ့ဝင် ခြောက်ဦးကို အရှင်ဖမ်းမိနိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၄ ဦးထက်ရှိကြောင်းလည်း ဆိုသည်။ အဆိုပါ စစ်ဆင်ရေးကာလအတွင်း ရဲ ၁၃ ဦးနှင့် စစ်သားလေးဦး လက်နက်ချ အလင်းဝင်လာခဲ့ပြီး ၎င်းတို့ယူဆောင်လာသည့် လက်နက်များနှင့် တိုက်ပွဲများအတွင်းသိမ်း ဆည်း ရရှိခဲ့သော လက်နက် ၄၃ လက် ရှိခဲ့ကြောင်း သိရသည်။ လက်နက်နှင့် အလင်းဝင်လာသူများကို လက်နက်နှင့် ခဲယမ်းပေါ်မူတည်၍ ကျပ်သိန်း ၃၀ မှ သိန်း ၅၀ ထိ ဆုငွေများချီးမြှင့်ခဲ့ပြီး ၎င်းတို့အားလုံးကို လုံခြုံစိတ်ချရသည့် ဘေးကင်း ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ ကျည်ထိမှန်သွားသော ရဟတ်ယာဉ်မှာ Mi-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြစ်ပြီး အောက်တိုဘာလ ၁၀ရက်နေ့ တွင် ပစ်ခတ်ခဲ့ခြင်းဟု CDF – Hakha တာဝန်ရှိသူက ယခုလို ပြောသည်။ “ကလေးမြို့ကနေ ဟားခါးကိုလာတဲ့ရဟတ်ယာဥ်ကို ဟားခါးကနေပြန်အတက် ကျနော်တို့စောင့်နေတဲ့နေရာအနီးကပျံသွားတဲ့အချိန် ပစ်ခတ်ခဲ့တာပါ ၊ ရဟတ်ယာဥ် ကိုယ်ထည်ကို ထိမှန်သွားတဲ့ဟာကို ကျနော်တို့ ဖုန်းနဲ့ မှတ်တမ်းယူထားတဲ့သက်သေ တွေရှိပါတယ်” ဟု CDF – Hakha…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်နှင့်မန္တလေးတွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ်အရေအတွက် ရာချီ စစ်တပ်က တောင်းခံနေပြီး လိုအပ်ချက်မပြည့်၍ ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် လူငယ် ၂၀၀ ဦး ရှာဖွေပေးရန် စစ်တပ်က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များထံသို့ တောင်းခံလာ​ကြောင်း၊ ယခုနိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်မှုထမ်းအပတ်စဉ် ၇ အတွက် လိုအပ်သော တပ်သားသစ်အရေအတွက် ပြည့်မီခြင်းမရှိသေး၍ အမြန်ဆုံး ပြည့်မီအောင် ဆောင်ရွက်ပေးရန် စစ်တပ်က အမိန့်ပေးလာကြောင်း ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ “မန္တလေး၊ မဟာအောင်မြေမှာ အခြေအနေ အရမ်းဆိုးနေတယ်။ လူငယ်တွေကို လမ်းပေါ်မှာလည်း ညီလေး ခဏ ဆိုပြီး ခေါ်သွားတာ စုံစမ်းမရတော့ဘူး။ ဆေးသမား၊ ခြေလက်မသန်တာကော ရောဂါအခြေအနေတော်တော်ဆိုးတဲ့သူတွေကော အကုန်သိမ်းကျုံးပြီး ပေါ်တာဆွဲနေတယ်။ စစ်မူ ထမ်း အတွက် လူမပြည့်လို့ဆိုပြီး မနက်ပိုင်း၊ ညပိုင်း အကုန်ဝင်ဆွဲနေတာ။ မနက်ပိုင်းကြီး ဧည့်စာရင်းဆိုပြီး ဝင်လာပြီး တက်ဆွဲနေတာပဲ။ လူငယ်တွေ ရပ်ကွက်တွေမှာတောင် မနေရဲအောင်ဖြစ်ပြီးတော့ ရှောင်နေရတယ်” ဟု မန္တလေး၊ မဟာအောင်မြေမှ သတင်းရင်းမြစ်က ပြောဆိုသည်။ အလားတူ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အကွက် ၈၆၈ ရပ်ကွက်တွင် ကွပ်စိတ်မှူး စိုးဝင်း ဦးဆောင်ပြီး ရဲ ၁၅ ဦးနှင့် ပျူစောထီးများက ဧည့်စာရင်း အကြောင်းပြ၍…

Read More

🟥 ၁ နှစ်အတွင်း မြို့နယ် ၁၂ ခုသိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောတို့ကို သိမ်း ပိုက်ရန် လက်တစ်ကမ်းအလိုရောက်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး AA က ဆက်လက် အကောင်အထည်ဖော်နေကြောင်း တရားဝင် ကြေညာလိုက်သည်။ ရခိုင်ဒေသတွင် တိုက်ပွဲများ ၁ နှစ်ပြည့်သည့် ယမန်နေ့တွင် AA က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ၁ နှစ်ပြည့်သည့်အချိန်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို AA ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာသည်။ ရခိုင်ဒေသတွင် တိုက်ပွဲကာလမှာ ၁ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း ထိုးစစ်စတင်သည့်ရက်မှ ၁ နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ AA၏ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊…

Read More