လက်ကိုင်ဖုန်းနဲ့ပတ်သက်ပြီး အရေးကြီးသည့် ကျန်းမာရေးဗဟုသုတတစ်ခုကို မိတ်ဆွေများအတွက် မျှဝေပေးချင်ပါတယ်။
ဒီခေတ်မှာ ဟန်းဖုန်းများ ပေါများစွာ ပေါ်ပေါက်လာပြီး အရွယ်ရောက်ပြီးသူ လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ။ လူအများဟာ အိပ်ယာ၀င်ခါနီးမှာ အများဆုံး အသုံးပြုနေကြပြီး ခေါင်းအုံးအနားမှာပဲချထားကာ အိပ်ပျော်သွားတတ်ကြပါတယ်။
လက်ကိုင်ဖုန်းအတွင်းမှာပါတဲ့ နည်းပညာနဲ့ပြုလုပ်ထားပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုကြိမ်နှုန်း ထုတ်လွတ်ပေးပြီး ရေဒီယိုလှိုင်း ချုံ့၊ ချဲ့လုပ်ပေးတဲ့
လှိင်းများဟာ လူတွေရဲ့ ဦးနှောက်သွေးကြောများကို ထိခိုက်စေနိုင်ပါတယ်။ pA IC ,rf IC တို့ဟာ ဖုန်းကို ပါဝါပိတ်ထားသည့်တိုင် အထဲမှာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ခေါင်းအုံးနားမှာ အချိန်ကြာမြင့်စွာ ချထားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။
ချက်ချင်းကြီး မသိသာပေမယ့် အစပိုင်းမှာ သတိလက်လွတ်ဖြစ်ခြင်း၊ မကြာခဏ မေ့လွယ်ခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများကို ဖြစ်စေတတ်ပြီး ရေရှည်မှာတော့ ဦးနှောက်ကင်ဆာအထိ ဖြစ်ပွါးစေနိုင်ကြောင်း လေ့လာသူများက ဆိုထားပါတယ်။
ဒါ့ကြောင့် မိတ်ဆွေတို့ကို အကြံပြုလိုပါတယ်။
(၁) အိပ်ယာပေါ်မှာ ဟန်းဖုန်းကို အသုံးပြုပြီး အိပ်တော့မယ်ဆိုရင် အနည်းဆုံး (၅)ပေခန့် အကွာအဝေးမှာ ထားပြီးမှ အိပ်ပါ။
(၂) ပါဝါပိတ်၊ Airplane Mode လုပ်ထားရင်လည်း မလုံလောက်သေးပါဘူး။ လက်ကိုင်ဖုန်းထဲက pA IC ,rf IC တို့ဟာ ဆက်ပြီး အလုပ်လုပ်နေသေးတာကြောင့် ဦးခေါင်းနဲ့ နီးကပ်စွာ မထာပါနဲ့။
လူတိုင်း ကျန်းမာရေးဗဟုသုတများကို မှတ်သားလိုက်နာကြပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
သင့်မိတ်ဆွေများကိုလည်း Share ပေးပြီး မျှဝေပေးနိုင်ကြပါတယ်။
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား – Why you should not sleep with your phone
စောနွဲ့နေဆိုင် – ပူတာအို
Related Posts
Add A Comment