လျှာကင်ဆာ၊ ပါးစပ်အတွင်းအပူနာ၊ လည်းပင်းကင်ဆာ၊ သွားပိုးစား၊ သွားကိုက်၊သွားနာ၊ မဲ့ခရု၊ ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း သက်သာစေသည်။
နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ပွင့်ပါ – ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။
ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုး အကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုရုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည် ။
အသုံးပြုပုံ
၁။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။
၂။ ဆေးအိုးပုတ်ရွက်အား အနည်းငယ်ခူးပြီး အရွက်များနှင့် ပဉ္စငါးပါးကို ရေဖြင့် ၃ခွက် ၁ခွက်တင် ကျိုပါ။ ကျိုပြီးလျှင် ထိုအရည်အား သောက်ပါ။ ငုံခြင်း ပလုတ်ကျင်းခြင်းကိုလည်း အချိန်ရသလို ပြုလုပ်ပေးပါ။ ထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည် ။
အပင်ပုံသဏ္ဍာန် – အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏။ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏။ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏။အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။
ရရှိနိုင်မည့်နေရာ – သန်လျင်ကျောက်တန်း တစ်ဝိုက်၊ လှည်းကူးမြို့နယ် ကျွန်းကုန်း၊ တွံတေးဗောင်းတော်ချုပ် လေးမျက်နှာ ဘုရားအနီးနားတွေမှာ အလေ့ကျ ပေါက်တယ်လို့ ကြားပါတယ်။
အလေ့ကျပေါက်တဲ့ အပင်ဖြစ်လို့ ချုံနွယ် ပိတ်ပေါင်းများတဲ့-နေရာတွေ ရထားလမ်းဘေး တွေမှာလည်း ရှာတွေ့နိုင်ပါသည်။ ဆီးချိုကိုလည်းကျစေသည် ။
Credit – Orginal Uploader မြန်မာဆေးစွမ်းကောင်းများ