“ခြင်္သေနဲ့ကျားအတူထားဆွေသားမိတ်ဖက် စီးပွားတက်”
မိမိအိမ် မိမိစျေးဆိုင်စီးပွားတက်စေဖို့ ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန်နဲ့ တနင်္လာနံငွေ
ကို အတူယှဉ်တွဲထားရပါတယ်။
ဖန်ခွက်နဲ့ဖြစ်စေ ၊ လင်ဗန်းနဲ့ဖြစ်စေ၊ ကြွေပန်းကန်နဲ့ ဖြစ်စေ၊ ပြည်တောင်းနဲ့ဖြစ်စေ ဆန်နဲ့ငွေကို အတူယှဉ်တွဲထားပြီးဓာတ်ဆင်ထားရပါတယ်။
ပြုလုပ်ရမယ်အချိန်က-
မိမိမွေးနေ့၉နာရီမှ ၁၀နာရီခွဲအတွင်း ပြုလုပ်ပေးပါ ၁လလုံး အိမ်မှာဆိုလည် အဆင်ပြေသော နေရာလေးမှာထားပေးပါ။ စျေးဆိုင်မှာဆိုလည်း လူမြင်သာတဲ့ကောင်တာမှာ တင်ထားပေးလို့ရပါတယ်။
၁လပြည့်ပါက အိတ်တစ်ခုထဲ ဆန်ကောငွေကော ရောထည့်ပြီး မည်သူကို မဆို ဒါနကုသိုလ်အဖြစ် လှူဒါန်းနိူင်ပါတယ်။ ထိုသို့လှူ ဒါန်းပေးခြင်းဖြင့် သင်တို့ရဲ့မိတ်ဖက်ဆွေသားဆိုတဲ့ စီးပွားကို အထူးတိုးတက်စေပါတယ်။
နောက်လတွင်လည်း ဒီအတိုင်းထပ်မံ ဓာတ်ဆင် ထပ်မံလှူ ဒါန်းပေးပါ။
မေတ္တာဖြင့် ပြန်လည်မျှေ၀ပါသည်။ကောင်းကျိုး ကိုယ်၌ တည်ပါစေ။ ဓမ္မတရားဖြင့် အလင်းဆောင်သူ ဖြစ်ပါရစေ။
Credit – မူရင်းရေးသားတင်ပြသူ