ယူရစ်အက်ဆစ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက်
သင့်ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ တွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရာကယူရစ် အက်ဆစ်ကိုယ်ထဲမှာ များနေလို့ ဖြစ်ရတာပါတဲ့
ဒီဆေးနည်းလေးကတော့ ဂေါက်ရောဂါသာမက အစာအိမ်နာရောဂါ၊ ချောင်းဆိုးရောဂါ တွေကိုပါ ပျောက်ကင်းစေပါတယ်။
Mr. Liuရဲ့ လက်တွေ့ သောက်သုံးပြီး ပျောက်ကင်းထားတဲ့ ဆေးနည်းတစ်လက်ပါ။ သူရော သူ့အသိမိတ်ဆွေပါလက်တွေ့သောက်သုံးပြီး ရောဂါဝေဒနာခံစားရမှု့မှ ကင်းဝေးပါတယ်တဲ့။
ဘေးအန္တရယ် မဖြစ်စေတဲ့ သဘာဝ အံသြဖွယ် ဆေးတစ်လက်လည်းဖြစ်တာကြောင့်ဦးဝိနယမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ဆေးနည်းလေးကတော့..
သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။ အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။
ပြီးရင်တော့ဆူပွက်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။ လက်ဖက်ခြောက်အနည်းငယ်ကို ထည့်ထားပါ။
လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။ ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။
ဒီသင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။
သင့်ရဲ့ ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ သောက်သုံးပေးပါ။
မိတ်ဆွေများအားလုံးရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။
ဦးဝိနယတော့ လက်တွေ့သောက်သုံးနေပါပြီ။
သင်္ဘောသီးလေးက ရေနွေးမာ့ခွက်တခွက်စာ ကွက်တိဆန့်တာမို့ တော်တော်လေးကို အဆင်ပြေပါတယ်ဗျာ..။
ဦးဝိနယ(နတ်မောက်နယ်ဘွား)