အခက်အခဲတွေနဲ့ အရမ်းကြုံနေရရင် ဒီဂါထာလေးရွတ်ကြည့်ပါလား…?
တစ်နေ့ ( ၇ ) ခေါက် ပုံမှန်ရွတ်ရုံနဲ့ထူးခြားပါလိမ့်မယ်။
” ဝေဒါသာကု၊
ကုသာဒါဝေ ဒါယသာတ၊
တသာယဒါ၊
သာသာဓိကု၊
ကုဓိသာသာ ကုတကုဘု၊
ဘုကုတကု “
ဂါတာတော်အနက်
————————-
ဝေ = ငါ၏ရန်သူ ဟူသမျှတို့သည်၊ ဒါ = ဝေးစွာသော အရပ်သို့၊ သာ = လျင်စွာ၊ ကု = ပြေးကုန်သတည်း။
ကု = ငါ့အား မကောင်းသဖြင့် ကြံကုန်သောသူတို့သည်၊ သာ = မိမိအလိုလို၊ ဒါ = အကြံအစည် ပျက်သောအားဖြင့်၊ ဝေ = ပျောက်စေကုန်သတည်း။
ဒါ = ငါ၏ ဒါန စေတနာတို့ကြောင့်၊ ယသာ=အခြံအရံ အကျော်အမော်တို့သည်၊ တ = ပွါးများ စေကုန်သတည်း။
တသာ=ငါပြုမိသော အကုသိုလ် ၁၀ပါးတို့သည်၊ ယ = ငါပြုမိသော ကုသိုလ် ၁၀ပါး၏ တန်ခိုးတော်တို့ကြောင့်၊ ဒါ =ပြေပျောက်စေကုန်သတည်း။
သာ = စက်ဆုပ်ဖွယ်သောသူတို့အားလည်းကောင်း သာ = အမျက်မာန ဒေါသရှိသော သူတို့အားလည်းကောင်း ဓိ = ဆုံးမသြဝါဒ ပေးခြင်းဖြင့်သာလျှင်၊ ကု = အောင်မြင်စေသတည်း။
ကု = ထိုထိုသော အမျက်မာန မာန်တက်သူတို့နှင့် ဓိ = ရှည်မြင့်စွာ သာ =မပေါင်းဖော်ရသည် သာ = ဖြစ်ပါစေသတည်း။
ကု = ကုသိုလ်စရိုက် ပြုကျင့်လေ့ရှိသော တ = သူတော်ကောင်းတို့နှင့်သာလျှင် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ ဘု = တွေ့ဆုံပေါင်းဖော်ခြင်းကိုပြုရစေသတည်း။
ဘု = အကုသိုလ် ဒုစရိုက် ပွါးများသူတို့နှင့် ကု = ဖြစ်လေရာ သံသရာ ဘဝအဆက်ဆက်၌ တ = အခါ ခပ်သိမ်း ကု = တွေ့ဆုံပေါင်းဖော်ခြင်း မပြုရသည်ဖြစ်ပါစေသတည်။
(၇)ရက်သားသမီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းမေတ္တာပို့သ အပ်ပါတယ်။