တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတိုက်ခိုက်မှုပြုလုပ်ပြီး တရုတ်ဘက်ကလည်း မြေပြင်ကနေ ပြန်လည်ခြိမ်းခြောက်ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက် ၇နာရီကျော် နဲ့ ၈နာရီကျော်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ မန့်ဝိန်းကြီးနဲ့ စခန်းသစ်ကုန်းအနီးဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံး ၆လုံးလာကြဲချတိုက်ခိုက်ခဲ့တယ်လို့ နမ့်ခမ်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။
“မနက် ၇နာရီ အကျော်မှာ မန့်ဝိန်းကို ၄လုံး ပစ်တယ်။ ၈နာရီအကျော်မှာတော့ လွယ်ဆာရွာမှာ လေယာဉ်လာဝဲပြီး တရုတ်သချိုင်းကုန်းဘက်မှာ လာကျတာ။ တရုတ်တွေကလည်း လေယာဉ်တွေပစ်နေတာပဲ ခုထိပဲ”လို့ ဆိုပါတယ်။
နမ်းခမ်းမြို့ကို လေယာဉ်တွေ ဆက်တိုက်ဝဲပြီး လူထိခိုက်မှုအတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေပါတယ်။
ဒီနေ့ အောက်တိုဘာလ ၂၇ရက်နေ့ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLAနဲ့ အာရက္ခတပ်တော် AA တို့ရဲ့ ၁၀၂၇စစ်ဆင်ရေးဟာ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။
အလားတူ ဒီမနက်အစောပိုင်း မနက်၁၂နာရီဝန်းကျင်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပို့လဘား၊ အောက်တိုဘာလ ၂၇ရက်၊ နမ့်ခမ်း
ဗီဒီယို – Local
ဆက်လက်ဖတ်ရှုရန်