#တချက်ရှိုးလိုက်အုံးသာကောကြီး
ဝမ်ဆွေ့တို့ အမောက်မထောင်နိုင်တော့ပြီ 👎🏿👎🏿👎🏿
အခုတလော စိတ်ဝင်စားစရာအကောင်းဆုံးလို့ ခံစားမိတဲ့ သတင်းကတော့ …..
လူလည်ကြီး တ ရုတ် ကို KIA, ရဲ့တုန့်ပြန်ချက်ပဲ ….
စစ်တပ်ကို ပေါ်ပေါ်ထင်ထင်ထောက်ခံအားပေးနေတဲ့ တ ရုတ် ဟာ KIA ကို ချီဗွေ, လော့ဆော်, ပန်ဝါ စတဲ့ နယ်စပ်စခန်းတွေကို မတိုက်ဖို့ ဖိအားပေးတယ်၊…
တ ရုတ် ရဲ့ တဖက်သတ်အောက်တန်းကျယုတ်မာမှုကို သိနေတဲ့ KIA က လက်မခံပဲ တ ရုတ် နယ်စပ်က မြေရှားသတ္ထုတွေ အဓိကထွက်တဲ့ နေရာတွေ၊ မြို့တွေကို သိမ်းယူပစ်လိုက်တယ်၊… တ ရုတ် ဟာ မွှန်ထူပြီး ခြိမ်းခြောက်အကြပ်ကိုင်တဲ့ အနေနဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ဆို့ပစ်လိုက်တယ်၊ အမှန်တော့
တ ရုတ်ဟာ အဆင်ခြင်မဲ့စွာ ပက်လက်လှန်ပြီး တံတွေးထွေးလိုက်တာပဲ ..။
တ ရုတ် ဟာ KIA ကို မြောက်ပိုင်းအဖွဲ့တွေလို အကြပ်ကိုင်လို့ ရမယ် ထင်နေခဲ့တယ်၊ တ ရုတ် ဟာ KIA ကို အထင်မကြီးဘူး၊ ငါတို့ လုပ်သမျှခံလိမ့်မယ်လို့ ထင်နေတာကိုး … တ ရုတ် ဟာ စီးပွားရေးဈေးကွက်အရ ချုပ်ကိုင်ပြီး ကမ္ဘာကို သြဇာညောင်းနေတဲ့ မြေရှားသတ္တုဟာ ကချင်ဒေသက ထွက်နေတာလေ ..။
KIA က ဒီအထာကို သိနေ,နေတော့ လှလှလေး တုန့်ပြန်လိုက်တယ်၊..
ရတယ် သာကောရေ၊.. ဆိုပြီး နယ်စပ်ဂိတ်တွေကို ပြန်ပိတ်ပြလိုက်တယ်၊ ပါးကိုက်ရင် နားကိုက်ပြမယ် ဆိုတဲ့ အကွက်။
ဒီတုန့်ပြန်မှုဟာ သာမန်မဟုတ်ဘူး၊ ကိုယ်ကျိုးစီးပွားအတွက် စ-စ် ခွေး အုပ်စုကို တဖက်သတ်ထောက်ခံနေတဲ့ တ ရုတ် အတွက်၊.. စ,စဉ်းစားရမယ့် အချိန်ရောက်နေပြီ ဆိုတာ သတိပေးလိုက်တာပဲ ..
စ-စ် ခွေး မအလအလို ကုန်သွယ်ရေးနယ်စပ်ဂိတ်တွေကို ပိတ်ထားရပေမယ့် ရေရှည်မှာ ယူနန်နယ်အဖို့ အခက်တွေ့နိုင်တယ်၊ အခု KIA ရဲ့ တန်ပြန်ပိတ်ဆို့မှုကြောင့် သကော ဟာ မျက်လုံးပြူးလာပြီ၊..
အကယ်၍ AA က ရခိုင်ပြည်နယ်တခုလုံး သိမ်းနိုင်ခဲ့ရင် သာကော က စစ်ကောင်စီဖက် ရပ်တည်ရဲပါဦးမလား .. သူ့အကျိုးစီးပွားတွေ AA လက်ထဲ ရောက်သွားတဲ့အခါ တော်လှန်ရေးကို ဈေးကိုင်ပြီး ကြိုက်ဈေးခေါ်လို့ ရပြီ။
သာကော အနေနဲ့ မိုက်မိုက်မဲမဲနဲ့ စစ်ရှုံးကောင်စီကို မျက်စိမှိတ်ထောက်ခံနေဦးမယ် ဆိုရင်တော့ …
စိတ်မကောင်းပါဘူး ပေါက်ဖော်ကြီးရေ ..
ခင်ဗျားရဲ့ အကျိုးစီးပွားတွေ ဘယ်သူ့လက်ထဲမှာရှိနေလဲ တချက်ရှိုးလိုက်ဦး ..
#ကိုဝေကြီး
ရွှေ မုဆိုး
ဆက်လက်ဖတ်ရှုရန်