“ကျဆုံး တော်-လှန် ရဲဘော် ၅၀၀၅ ဦး” တဲ့….
ဒီကိန်းဂဏန်းဟာ
ကြောက်မက်ဖွယ်၊ တုန်လှုပ်ဖွယ် ပါပဲ…
တဖက် ကိန်းဂဏန်းဟာ
ဒီထက်အဆပေါင်းများစွာ ပိုနိုင်ပေမယ့်
တန်ဖိုးချင်း မတူဘူး၊
အဆင့်အတန်းချင်း မညီဘူး၊
ခမ်းနားမှုချင်း ကွာတယ်…
“သင် သွားလိုရာ သွားနိုင်ပြီ” ဆိုတဲ့
အမိန့်ပြန်တမ်းနောက်မှာ
ကြွေလွင့်ခဲ့ရတဲ့ လူငယ် ၅ ထောင်ကျော်၊
အဲ့ဒီ သားလိမ္မာ ၅ ထောင်ကျော်
(သမီး အနည်းငယ် လည်း ပါမပေါ့) ကို
ဆုံးရှူံးခဲ့ရတဲ့ မိခင် ၅ထောင်ကျော် ဟာလည်း
“စိတ်မကောင်းပါဘူး၊ သားအတွက် ဂုဏ်ယူပါနော်”
ဆိုတာကိုပဲ ထွေးပွေ့ရင်း….
ဒီနေရာမှာ ကိုယ့်ညီ ကိုယ့်ညီမ
ကိုယ့်အမေ ကိုယ့်အဒေါ်တွေ များ ဖြစ်ခဲ့ရင် ဆိုတဲ့
အတွေးနဲ့တင် စုတ်သပ်ဝမ်းနည်းစရာ အပြည့်…
အညာမှာတော့ အုတ်ဂူနီနီ ဟာ
ရွာတိုင်းနီးပါး ရဲ့ သင်္ကေတ ဖြစ်လာခဲ့ပြီ၊
တခြားဒေသတွေမှာလည်း
အုတ်ဂူတောင် တည်ခွင့်မရခဲ့တဲ့
သူ.ရဲ.ကောင်းတွေဟာ အလားတူ ကိန်းဂဏန်းပါပဲ…
ဒီကိန်းဂဏန်းတွေကြောင့်ပဲ
ဒီပွဲဟာ နောက်ပြန်ဆုတ်လို့ မရတဲ့ပွဲ၊
အနိုင်တို-က်ရုံကလွဲလို့ တခြားအာရုံထားလို့မရတဲ့ပွဲ…
ဟုတ်တယ် သူတို့ကြောင့်ပဲ အနိုင်တို-က်ရမယ့်ပွဲပါ…
သူတို့အများစု က လုံးဝဥသုံ အောင်ပွဲရချိန်ကြမှပဲ
အမျှဝေစေချင်ကြမယ့်
ဒီ ကျ-ဆုံးရဲ.ဘော်တွေနဲ့ သူတို့ မိသားစုတွေရဲ့
မျက်နှာတွေကို တနေ့မှာ စေ့စေ့ကြည့်နိုင်ဖို့၊
ခင်ဗျားတို့ ကျုပ်တို့ လျော့နေတဲ့ မာန်ကိုပြန်တင်း၊
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း၊
မေးကြောတွေ ပြန်ထောင်လာအောင် အံကိုကြိတ်ရင်း
အတူရုန်းကန် ချီတက်ကြပါစို့…
Credit – ZZ