လေကြောင်းရန်ကြောင့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေ၊
မြင်းခြံခရိုင်ထဲမှာ စစ်အုပ်စုက မကြခဏ လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတာဖြစ်၊
MN/MFP ၊ ဇန်နဝါရီ – ၂၇
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် မြင်းခြံ-ဆီမီးခုံ ကားလမ်းပေါ်က ဆင်းဂွတ်ရွာကို မနေ့က မနက်ပိုင်းမှာ စစ်အုပ်စုက လေကြောင်းက ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ကာကွယ်ရေး ရဲဘော် ၁၂ ဦးနဲ့ ကလေးငယ်တွေအပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( မြင်းခြံ-ပ ကဖ_တာဝန်ခံက MFP ကို ပြောပါတယ်။
လက်ရှိမှာ စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့တာကြောင့် ကာကွယ်ရေးရဲဘော်တွေနဲ့ ဒေသခံပြည်သူ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ပြီး ထပ်မံသေဆုံးသူ မရှိဘူးလို့လည်း မြင်းခြံမြို့နယ် – ပကဖ တာဝန်ရှိသူက ဆိုပါတယ်။
“လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးလာကြဲလို့ ကျဆုံးသွားခဲ့သူတွေက မြင်းခြံမြို့နယ် – ပကဖ က ရဲဘော် လေးဦး၊ ရပ်ကျေး -ပကဖက ရှစ်ဦးပါ။ အရပ်သား ပြည်သူတွေကတော့ ခြောက်ဦးဖြစ်ပါတယ်။ စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့တာပါ။ ဒဏ် ရာရတာကတော့ ကျနော်တို့ ရဲဘော် နှစ်ဦးနဲ့ လမ်းပေါ်မှာ လှည်းမောင်းနေတဲ့ ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရသွား တာပါ။ ကျနော်တို့ သေဆုံးသူတွေကို အသက်အရွယ်တွေနဲ့ အားလုံး စိစစ်ပြီးသွားပါပြီဗျ။ (သေဆုံးသူ)စုစုပေါင်း ၁၈ ဦးပဲ ဖြစ်ပါတယ်။ ထပ်ပြီးတော့ သေဆုံးသူတွေ မရှိပါဘူးဗျ”လို့ မြင်းခြံမြို့နယ်-ပကဖ တာဝန်ခံက MFP ကို ပြောပါတယ်။
စစ်အုပ်စု ဗုံးကြဲလို့ ထိခိုက်သေဆုံးခဲ့သူတွေအားလုံးဟာ ဆင်းဂွတ်ကျေးရွာ စာသင်ကျောင်းအတွင်းမှာ ရောက်ရှိနေ သူ တွေဖြစ်တယ်လို့လည်း မြင်းခြံ-ပကဖ တာဝန်ခံက ဆိုပါတယ်။
“အသက်ဘေးကနေ လွတ်ခဲ့တဲ့ ကျနော်တို့ ရဲဘော်ပြန်ပြောပြတာကတော့ ဂျက်ဖိုက်တာနဲ့ ပထမဆုံး ပေါင် ၂၅၀ ဗုံး စကြဲပြီးနောက် အဲဒီအချိန်မှာပဲ စာသင်ကျောင်းထဲက ရဲဘော်တွေနဲ့ ပြည်သူတွေ ထိခိုက်သေဆုံးခဲ့တာလို့ ပြော ပါတယ်။ နောက်ထပ် ဗုံးတစ်လုံးထပ်ကြဲပြီးတော့ Mi -35 ရဟတ်ယာဉ်နဲ့ ရွာပေါ်ပတ်ဝဲပြီးတော့ ပစ်ခတ် သွားတာပါ”လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။
လေကြောင်းဗုံးကြဲလို့ သေဆုံးခဲ့သူတွေထဲမှာ မိသားစုလိုက်သေဆုံးခဲ့ရတဲ့ အသက်ငါးလအရွယ် ကလေးငယ် (ကျား) ၊ လေးနှစ်အရွယ် မိန်းကလေး၊ အသက် ၃၀ အရွယ် မိဘနှစ်ပါး ဖြစ်ပြီး နောက်ထပ် အသက် ၁၁ နှစ်အရွယ် ယောကျ်ားလေး တစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ကျေးရွာစာသင်ကျောင်းမှာ ဆေးခန်းဖွင့်ပြီး ရပ်ရွာလူထုကို ဆေးဝါးကုသပေးနေတဲ့ CDM ဆရာဝန် ရဲမေ တစ်ဦး၊ မြင်းခြံမြို့နယ်-ပကဖ ရဲဘော်လေးဦး၊ ရပ်ကျေး ပကဖ ရဲဘော် ရှစ်ဦး တို့ပါ လေကြောင်းဗုံးစထိမှန်ပြီး သေ ဆုံးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလို လေကြောင်းဗုံးကြဲလို့ ထိခိုက်သေဆုံးခဲ့တဲ့ ရဲဘော်တွေနဲ့ ပြည်သူတွေကိုတော့ ဇန်နဝါရီလ ၂၆ ရက် မနေ့က နေ့လယ်ပိုင်းမှာ မီးသင်္ဂြိုဟ်ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စု လေကြောင်းဗုံးကြဲခဲ့လို့ ဒေသခံ ပြည်သူ တစ်ဦးနဲ့ ရဲဘော် နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီးစာသင် ကျောင်းဆောင် နှစ်လုံး၊ လူနေအိမ်တစ်လုံး၊ နှစ်ခန်းတွဲရေလောင်းအိမ်သာတစ်လုံး၊ ကားတစ်စီးနဲ့ဆိုင်ကယ်တွေ ထိ ခိုက်ပျက်စီးခဲ့သလို နွားတစ်ကောင်သေဆုံးကာ နှစ်ကောင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့လည်း မြင်းခြံမြို့နယ် ပကဖ က ဆိုပါတယ်။
ဇန်နဝါရီလ ၂၆ ရက် မနေ့က မနက် ၈နာရီကျော်အချိန်မှာ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာ၊ အနောက်ပိုင်းက စာ သင် ကျောင်း၊ ဆေးရုံ၊ ပကဖ ရုံးနဲ့ လမ်းသွားလမ်းလာ ပြည်သူတွေကို စစ်အုပ်စုက တိုက်လေယာဉ် တစ်စီးနဲ့ ပေါင် ၂၅၀ ဗုံးသီး နှစ်လုံး ကြဲချခဲ့ပြီးနောက် Mi – 35 ရဟတ်ယာဉ် တစ်စီးနဲ့ နာရီဝက်ခန့်ကြာ ရွာပေါ်ကဝဲပျံပြီး ပစ်ခတ် သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဆင်းဂွတ်ကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေကနယ်မြေရှင်းလင်းရေးလုပ်ဆောင် ပေးပြီးနောက် ဒေသခံအချို့ ပြန်လည်နေထိုင်တာရှိသလို စိုးရိမ်ပြီး တိမ်းရှောင်နေသူတွေလည်း ရှိနေတယ်လို့ မြင်း ခြံမြို့နယ် – ပကဖ တာဝန်ခံက ဆိုပါတယ်။
စစ်အုပ်စုက မြေပြင်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ခိုက်တာမဟုတ်ဘဲ တော်လှန်ရေး ရဲ ဘော်တွေနဲ့ ပြည်သူတွေကို လေကြောင်းကနေ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ မြင်းခြံမြို့နယ်-ပ ကဖ တာဝန်ခံက ပြောပါတယ်။
“မြေပြင်မှာသူတပြန်ကိုယ်တပြန် စစ်ထိုးနိုင်တာကို မလုပ်ဘဲနဲ့ ဝေဟင်ကနေ အကြမ်းဖက်တိုက်ခိုက်တာ ဖြစ်ပါ တယ်။ အကြမ်းဖက်ဆန်တဲ့ လုပ်ရပ်ပဲဖြစ်တယ်။ ကျနော်တို့မြင်းခြံခရိုင်တင်မကဘဲနဲ့တစ်နိုင်ငံလုံး လေကြောင်းက နေ အကြမ်းဖက်နေတာပါ။ ကာချုပ်ကြီး မင်းအောင်လှိုင် စစ်တပ်အပါအဝင် ရမ်းသန်း မလုပ်ပါနဲ့လို့ ပြောချင်တယ်။ မြေပြင်မှာ သူတပြန်ကိုယ်တပြန် ထိုးစစ်ဆင်နိုင်အောင် သူ့လက်အောက်ငယ်သားတွေကို လွှတ်ပေးပါလို့ ပြောချင် ပါတယ်”လို့ မြင်းခြံမြို့နယ် ပကဖ တာဝန်ခံက ဆိုပါတယ်။
စစ်အုပ်စု ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဆင်းဂွတ်ကျေးရွာဟာ မြင်းခြံမြို့ရဲ့ မြောက်ဘက် ၁၂ မိုင်အကွာ၊ ဆီမီးခုံမြို့နဲ့ ခု နစ်မိုင်အကွာ၊ မြင်းခြံ-ဆီမီးခုံ ကားလမ်းပေါ်မှာ တည်ရှိပြီး သိမ်ရွာ၊ ကျားတိုင်း၊ ဆင်းဂွတ်ဆိုတဲ့ သုံးရွာ အပူးလိုက် ကျေးရွာအုပ်စုကြီး ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက စစ်အုပ်စု လက်သပ်မွေးထားတဲ့ မြင်းခြံနယ်က ပျူစောထီးတချို့ သုတ်သင် ရှင်းလင်း ခံ ရတာ၊ မြင်းခြံနယ်က စစ်အုပ်စု ငွေညှစ်ဂိတ်နဲ့ အထိုင်စခန်းတွေ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက် တာ ခံရပြီးနောက် စစ်အုပ်စုက အငြိုးထားကာ မြင်းခြံနယ်ထဲ မကြာခဏ လေကြောင်းကဗုံးကြဲသတ်ဖြတ်တာတွေ ကျူးလွန်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။
MFP က ပြုစုထားတဲ့ စာရင်းအရ ၂၀၂၄ ဩဂုတ်လ ၁၀ရက်ကနေ အခု ၂၀၂၅ ဇန်နဝါရီလ ၂၅ ရက်အထိ ငါးလကျော် အတွင်း မြင်းခြံခရိုင် လေးမြို့နယ်ဖြစ်တဲ့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးနဲ့ ငါန်းဇွန်နယ်ထဲ စစ်အုပ်စုက လေယာဉ်၊ ရဟတ်ယာဉ်၊ စက်တပ်လေထီးတွေ အသုံးပြုပြီး ဗုံးကြဲသတ်ဖြတ်မှု အကြိမ် ၁၁၀ ကျော် ကျူးလွန်ခဲ့တာကြောင့် က လေး သူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ၆၂ ဦး သေဆုံးကာ ရာနဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။
MFP ရဲ့ သတင်း၊ ဆောင်းပါးနဲ့ ရုပ်သံတွေကို ယူကျူ့နဲ့ တယ်လီဂရမ်မှာလည်း ကြည့်နိုင်ပါတယ်။