Author: Ka K

ရန်ကုန်၊ အောက်တိုဘာ ၂၆ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်၊ အမှတ် ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်း မိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည် သူ့ ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ယမန်နေ့ အောက်တိုဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်အချိန်​ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၂၆ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အကြမ်းဖက်စစ်သား၊ ရဲ ၊ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး၊ ရာအိမ် မှူးများ စုဝေးနေစဉ် ပြင်းအားမြင့် အဝေး ထိန်းမိုင်း ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံး မှုရှိနိုင်ကြောင်း သိရသည်။ “ရုံးထဲမှာ အုပ်ကြီး၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ စခ၊ ရခတွေရှိနေတဲ့အချိန် ပေါက်ကွဲသွားတဲ့ အတွက် ထိခိုက်သေဆုံးမှုကရှိနိုင်ပါတယ်။ အတိအကျတော့ မသိရသေးဘူး။ လက်ရှိတော့ အဲဒီရုံးနားမှာ ရခ တွေ စောင့်ကြည့်နေတယ်လို့ သိရတယ်။” ဟု မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥက္ကလာပ မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် YUPA တို့ မဟာမိတ် ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘေး အန္တရာယ် ကင်းရှင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်အုပ်ချုပ် ရေးမှူးရုံးများအား ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ပြီး…

Read More

ရွှေမန္တလေးရေ … ကြားရတဲ့သတင်းက..အတော်ဆိုး … ဒီအတိုင်းသာဆိုရင် …တစ်မြို့လုံးအတွက် ရင်လေးစရာကြီးပါပဲ ဆက်လက်ဖတ်ရှုရန်

Read More

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်တွင် ဆိုင်ဝန်ထမ်းက ဓါးဖြင့်ခုတ်၍ ဆိုင်ရှင်အပါအဝင် နှစ်ဦးသေဆုံးပြီး ကလေးတစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ အောက်တိုဘာ ၂၄ရက် ည ၁၂ နာရီ ၄၅မိနစ်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားအကွက်(၉)၊ ၁၈လမ်း၊ ၆၃လမ်းနှင့် ၆၄လမ်းကြားရှိ ငွေကောင်း လက်ဖက်ရည်ဆိုင်၌ ဆိုင်ဝန်ထမ်းအမျိုးသားတစ်ဦးက ဓားဖြင့်ခုတ်၍ ဆိုင်ရှင် အမျိုးသမီးတစ်ဦးနှင့် ၎င်း၏တူတော်စပ်သူ ဝန်ထမ်းတစ်ဦး သေဆုံးကြောင်း၊ ထို့အပြင် (၁၀)နှစ်ခန့်အရွယ် ကလေးတစ်ဦးအပါအဝင် ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နီးစပ်သူများက ပြောသည်။ “ဆိုင်အောက်ထပ်မှာ အတူတူ အိပ်နေတဲ့ အလုပ်ဖော်ကိုအရင်လည်လှီးသတ်တာတဲ့။ ဟိုကောင်လေးက အိပ်နေရင်းဘာမှတောင်မသိဘဲ သေသွားတာ။ အဲလိုအသံတွေကြားလို့ ဆိုင်ရှင်လင်မယားကအိမ်ပေါ်ကပြေးဆင်းလာတာ။ ဆိုင်ရှင် မိန်းမနဲ့ဝန်ထမ်းကောင်လေးသေတယ်။ အဲ့ကောင်လေးကလည်း ဆိုင်ရှင်ရဲ့တူတော်တယ်လိုဆိုတယ်။ ယောက်ျားနဲ့ ကလေးကတော့ ဆေးရုံမှာ။ ယောက်ျားကနှာခေါင်းတစ်ခြမ်းပြတ်တယ်လို့လဲပြောတယ်။”ဟု နီးစပ်သူတစ်ဦးက ပြောသည်။ ဓါးဖြင့်ခုတ်သွားသူဆိုသူ ဝန်ထမ်းအား ဖမ်း​ဆီးရမိထားကြောင်း သိရသည်။ သို့သော် မည်သည့်အတွက်ကြောင့် ဓါးခုတ်မှုဖြစ်ပွားခဲ့သည်ကိုမူ မသိရသေးပေ။ ထိခိုက် သူများအား ဆေးရုံ၌ ဆေးကုသမှုခံယူနေကြောင်း သတင်းရရှိသည်။ အင်ကြင်း/People’s Spring

Read More

ဖျက်မိုးကြောင့် ရန်ကုန်နှင့် ဧရာ၀တီမှ စပါးခင်းများ ပျက်စီးသွားတာကြောင့် … ကြိုတင်ပြင််ဆင်ထားကြပါ။ ဆက်လက်ဖတ်ရှုရန်

Read More

“စာဖတ်နေသူကြီးသန်းရွှေနဲ့ ဒဲ့ညိပြီးမင်းအောင်လှိုင် သတင်းထူးပြီ…အားလုံး ဝမ်းသာရတော့မယ်” ဆက်လက်ဖတ်ရှုရန်

Read More

ဧရာဝတီတိုင်းမ် အောက်တိုဘာ ၂၄ ရက် ဧရာဝတီတိုင်း၊ မြန်အောင်မြိုနယ်တွင် အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူများကို အောက်တိုဘာ ဒုတိယပတ်ကစတင်ပြီးစစ်သင်တန်းတက်ရန် မဲနှိုက်ခိုင်းနေကြောင်း ဒေသခံများထံက သိရသည်။ လက်ပံကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ ခြောက်ရွာရှိပြီး စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြည်သူ့လုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုကာ မဲနှိုက်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ ထို့ပြင် မြန်အောင်မြို့နယ်၊ ထိန်သေးကြီးအုပ်စုတွင်လည်း ပြည်သူ့လုံခြုံရေး စစ်သင်တန်းတက်ရမည်ဟုဆိုကာ မဲနှိုက်ခိုင်းခဲ့သည်ဟု ဒေသခံများကဆိုသည်။ “ဘယ်သူမှ စစ်သင်တန်းတက်ဖို့ မလိုက်ချင်ကြဘူး၊ ဒါကြောင့် အတင်းအကျပ်တွေ မဲနှိုက်ခိုင်းပြီး သင်တန်းတက်ဖို့ တပ်ထဲကို သွားခိုင်းတာ။ ရပ်ရွာလုံခြုံရေးအတွက်လို့တော့ ပြောတာပဲ” ဟုလက်ပံကွင်းအုပ်စုရှိ ဒေသခံအမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ အဆိုပါ အသက် ၃၅နှစ်မှ ၆၅နှစ်အတွင်း ရှိသူများကို ကျေးရွာအုပ်စု၊ ရပ်ကွက်၊ လုံခြုံရေးအတွက်တာဝန်ယူရမည်ဟုပြောဆိုကာ မဲနှိုက်ခိုင်းပြီး မဲပေါက်သူများမှာ မြန်အောင်မြို့ ခလရ ၅၁ တပ်ရင်းတွင် စစ်သင်တန်းတက်ရမည်ဖြစ်သည်။ ပြီးခဲ့သည့် ဩဂတ်လအတွင်းကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်ရှိ ကျေးရွာတစ်အုပ်စုလျှင် လူအယောက် ၇၀ ကို ပြည်သူ့လုံခြုံရေးထမ်းဆောင်ရမည်ဟုဆိုကာ စာရင်းတောင်းယူခဲ့ကြောင်း ဒေသခံများထံက သိရသည်။ စစ်ကောင်စီသည် ၎င်းတို့ စစ်ရှုံးနေမှုကို ထိန်းချုပ်၍ ကျန်ဒေသများကို ကာကွယ်နိုင်ရန် ပြည်သူ့ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှု အဖွဲ့ကိုဖွဲ့စည်းပြီး အသက် ၃၅ နှစ်မှ ၆၅ နှစ်အတွင်းရှိသူ အမျိုးသားများကို စစ်သင်တန်းပေးကာ လက်ရှိဆင်နွှဲနေသည့် တိုက်ပွဲများနှင့် ကိုက်ညီသော လက်နက်၊ စစ်ပစ္စည်းများ တပ်ဆင်ပေးမည်ဟု ထုတ်ပြန်ထားသည်။ စစ်ကောင်စီသည်…

Read More

သွားတော့လို့ စစ်သားက ပြောလိုက်ချိန်မှာ ဘာကိုမှ မစဉ်းစားတော့ဘဲ၊ နောက်ကြောင်းလည်း လှည့်ပြန်မကြည့် တော့ဘဲ စစ်ကြောင်းနဲ့ဝေးနိုင်သမျှ မြန်မြန်ဝေးအောင် ဦးမောင်ဘ(အမည်လွှဲ) သုတ်ချေတင်ဖြစ်ခဲ့တယ်။ စစ် ကြောင်းနဲ့ဝေးပြီး အတော်လှမ်းလှမ်းနေရာရောက်တော့ မြန်မြန်ရွာဘက်ဆီရောက်အောင်မပြေးရုံတမယ် လျှောက် လာဖြစ်ခဲ့တယ်။ “ ကျနော်က အသက် ၈၀ ကျော် အမေအိုကြီးကို လုပ်ကျွေးနေရတာပါ။ ကျနော့်ကို ပြန်လွှတ်ပေးပါလို့ အဲဒီထဲက စစ်သားတစ်ယောက်ကို တောင်းပန်ပြီး ပြန်လွတ်လာတာ”လို့ စစ်အုပ်စုတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံရပြီးနောက် အဓမ္မစေ ခိုင်းခံခဲ့ရာက ပြန်လွတ်လာတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဦးမောင်ဘက ပြန်ပြောပြပါတယ်။ ဦးမောင်ဘက ဘုတလင်မြို့နယ် စိုင်ပြင်လေးကျေးရွာသားတစ်ဦးပါ။ စစ်အုပ်စုက စိုင်ပြင်လေးကျေးရွာကို ဝင် ရောက်မီးရှို့ ဖျက်ဆီးပြီးနောက် စစ်ကြောင်းပြန်အထွက်မှာ ဖမ်းဆီးခံရပြီး ဘုတလင်မြို့ပေါ်အထိ ခေါ်ဆောင်သွားခံခဲ့ရတာ ဖြစ်ပါတယ်။ မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (မုံရွာ-နမခ) က ထွက်လာတဲ့ အင်အား ၈၀ ခန့်ရှိတဲ့ စစ်အုပ်စု စစ် ကြောင်းဟာ အောက်တိုဘာလ ၉ ရက်မှာ ဘုတလင်မြို့ပေါ်ကို ရောက်လာပြီး ဘုတလင် မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့ အနီးဝန်းကျင် ကျေးရွာတွေကို စီးနင်းကာ ပြည်သူတွေကို အကြောင်းမဲ့ ရက်ရက် စက်စက်သတ်ဖြတ်ခဲ့သလို ဓား စာခံ အဖြစ် ဖမ်းဆီးခေါ်ဆောင်တာတွေလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ ၁၂ ရက်မှာ ဘုတလင်မြို့ ဗန္ဓုလ ကွက်သစ်ရပ်ကွက်ထဲက ကုန်စုံဆိုင် ပိုင် ရှင် အပါအဝင် မိသားစုဝင် ခြောက်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့သလို မြောက်ကြည်ရွာက…

Read More