မိုးများနိုင်မည့်အခြေအနေ (ECMWF forecast update)
နိုဝင်ဘာ ၅ ရက် ည ၈ နာရီ
=====
နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီမှ ၈ ရက် ည ၁၂ နာရီ(၂၄ နာရီအတွင်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ဘက်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသအချို့(ပုံ) တို့တွင် မိုးများနိုင်ပါမယ်။
ကျန်ပြည်နယ်တိုင်းဒေသများ မိုးမများနိုင် အသင့်အတင့်သာ ရွာနိုင်ပါမယ်ကြိုတင်ခန့်မှန်းချက်ကြည့်ရန် –
၂၄ နာရီအတွင်း –
64.5 mm နှင့်အထက် မိုးရွာလျှင် မိုးများပါသည်(Heavy Rainfall)
115.6 mm နှင့်အထက် မိုးရွာလျှင် မိုးအလွန်များပါသည်(Extremely Heavy Rainfall)
ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေ UPDATE
နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်
====
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက စ ပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။
နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း models တွေရဲ့ update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်းတွေ့ရပါတယ်။
တရားဝင်မိုးလေဝသဋ္ဌာနများမှ ထုတ်ပြန်ကြေညာချက်တွေထွက်လာရင်လည်း ဆက်လက်တင်ပြပေးသွားပါမယ်။
အခုလိုဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် –
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်းအနောက်ပိုင်းနှင့် ပဲခူးတိုင်းအရှေ့မြောက်ပိုင်း(တောင်ငူမြို့အထက်ပိုင်း စစ်တောင်းမြစ်ဖျားဒေသ)၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း(မန္တလေးမြို့အောက်ဘက်ဒေသများ) တွေမှာ နေရာကွက်ကျား မိုးအသင့်အတင့်မှ မိုးများနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။
ရခိုင်ကမ်းရိုးတန်း ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာ နိုဝင်ဘာ ၇ ရက်မှ ၉ ရက်အထိ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၈ မိုင်မှ ၃၇ မိုင် အထိ တိုက်ခတ်နိုင်ပြီး၊ လှိုင်းအမြင့် ၆ ပေ မှ ၇ ပေအထိရှိကာ လှိုင်းကြီးနိုင်ပါတယ်။
ဧရာဝတီမြစ်ဝကျွန်းပေါ်၊ ကမ်းနီးကမ်းဝေးပင်လယ်ပြင်မှာတော့ နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အတွင်း လေတိုက်နှုန်း တနာရီ မိုင် ၂၀ မှ မိုင် ၃၀ ကျော်အထိ တိုက်နိုင်ပြီး၊ လှိုင်းအမြင့် ၄ ပေ မှ ၅ ပေခန့်အထိ ရှိနိုင်ကြောင်းတွေ့ရပါတယ်။