မိုးများနိုင်မည့်အခြေအနေ (ECMWF forecast update)
နိုဝင်ဘာ ၅ ရက် ည ၈ နာရီ
=====
နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီမှ ၈ ရက် ည ၁၂ နာရီ(၂၄ နာရီအတွင်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ဘက်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသအချို့(ပုံ) တို့တွင် မိုးများနိုင်ပါမယ်။
ကျန်ပြည်နယ်တိုင်းဒေသများ မိုးမများနိုင် အသင့်အတင့်သာ ရွာနိုင်ပါမယ်ကြိုတင်ခန့်မှန်းချက်ကြည့်ရန် –
၂၄ နာရီအတွင်း –
64.5 mm နှင့်အထက် မိုးရွာလျှင် မိုးများပါသည်(Heavy Rainfall)
115.6 mm နှင့်အထက် မိုးရွာလျှင် မိုးအလွန်များပါသည်(Extremely Heavy Rainfall)



ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေ UPDATE
နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်
====
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက စ ပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

တရားဝင်မိုးလေဝသဋ္ဌာနများမှ ထုတ်ပြန်ကြေညာချက်တွေထွက်လာရင်လည်း ဆက်လက်တင်ပြပေးသွားပါမယ်။
အခုလိုဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေကြောင့် –


