နိုဝင်ဘာ ၅ – ၂၀၂၄ နေပြည်တော် အေလာလေဆိပ်မှာ ဒီကနေ့ နိုဝင်ဘာ ၅ ရက်၊ မနက် ၈ နာရီ၊ မိနစ် ၂၀ ဝန်းကျင်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အေလာလေယာဥ်ကွင်းရှိ လေယာဥ်ပြေးလမ်းနဲ့ ကားပါကင်ကြား ခြုံပုတ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာလို့ ကနဦး သိရပြီး စစ်ဆေးချက်အရ PVC ပိုက်နဲ့ ပြုလုပ်ထားတဲ့ ဗုံးဖြစ်တယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်လို့ ဒေသခံတယောက်က “ကျွန်မတို့ သိတာတော့ လေယာဉ်ပြေးလမ်းပေါ်မှာလို့ သိရတယ်။ ပေါက်ကွဲသံက နှစ်ချက်၊ တချက်ကတော့ အကျယ်ကြီးပဲ။ ကျွန်မတို့ကြားတာတော့ မနက် ၉ နာရီ၊ ၁၅ မိနစ်လောက်က ကြားတာ။ ပထမတချက်ကတော့ ဘာသံမှန်း မသဲကွဲဘူး။ နောက်တချက်ကျမှ အသံအကျယ်ကြီးထွက်လာတာ။ ကျွန်မတို့က လေယာဉ်ပျက်ကျတယ် ထင်နေတာ” လို့ ပြောပါတယ်။ ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီးနောက် နစက လေယာဉ်တွေ ကောင်းကင်ပေါ် ခေါက်တုံ့ခေါက်ပြန် ဝဲပျံနေတာကိုလည်း တွေ့ရတယ်လို့ သူက ပြောပါတယ်။ နောက်ထပ် ဒေသခံတယောက်က တော့ “ပေါက်ကွဲမှုလည်း ဖြစ်ပြီးရော ကျွန်တော်တို့တဲနားမှာ တတီတီနဲ့ ကျလာလို့ အသံကြားလို့ သွားကြည့်ကြတာ။ ဒရုန်းပုံစံ သေးသေးလေးတခုတွေ့တယ်။ နေရာကတော့ အေလာလေဆိပ်နားက ရန်အောင်ချမ်းသာ ထိုင်တော်မူဘုရားကြီးနဲ့ဆို တမိုင်လောက် ဝေးတဲ့နေရာပေါ့။ ဘုရားကြီးလမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ။ ခဏနေတော့ နစက လုံခြုံရေးတပ်ဖွဲ့တွေ အများကြီးရောက်လာပြီး စစ်နေတာအကြာကြီးပဲ။ လိုက်လည်း ရှာကြတယ်။ ဒရုန်းကတော့ တောက်လျှောက်…
Author: Ka K
ခရက်ဒစ်-ဗီဒီယို ဆက်လက်ဖတ်ရှုရန်
နိုဝင်ဘာ ၅ – ၂ဝ၂၄ KKO(VOM) ကားလောကရဲ့ ဒိတ်ဒိတ်ကြဲ လူငယ်စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သူ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာ ဟုတ်မှန်တယ်လို့ သူနဲ့ နီးစပ်တဲ့ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းက လုပ်ငန်းရှင်တယောက်က အတည်ပြုပြောကြားလိုက်ပြီး မည့်သည့် အတွက်ကြောင့် အခုလိုဖမ်းဆီးထိန်းသိမ်းခံထားရသည်ဆိုတာကိုတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆိုပါတယ်။ “ကိုကြည်သာဟန်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေထွက်လာတော့ သူတပည့်တွေကို ဖုန်းဆက်မေးကြည့်တဲ့အခါမှာ သူတပည့်တွေကလည်းဒါနဲ့ပတ်သက်လို့ဟုတ်မှန်ကြောင်းပြောပါတယ်။သူတပည့်တွေကလည်း အတော်လေးစိတ်မကောင်းဖြစ်နေတယ်၊ဝမ်းနည်းကြောင်းပဲပြောတယ်၊ဦးတို့ အခုသိရသလောက်ကတော့ သူ့ကိုစစ်ကြောရေးတခုမှာစစ်နေတယ်လို့ကြားတယ်၊ ဘယ်စစ်ကြောရေးမှာလဲဆိုတာကိုတော့မသိဘူးပေါ့နော်၊အဲ့လိုလေးတော့လောလောဆယ်မှာသိတယ်၊ကြားရတယ်”လို့ ပြည်တွင်းရှိ အမည်မဖော်လိုသူ ကားလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာဟာ EV လျှပ်စစ်ကားတင်သွင်းရောင်းချမှုမှာဈေးကစားတာကြောင့်ဖြစ်နိုင်တယ်လို့ ကားအသိုင်းအဝိုင်းက လုပ်ငန်းရှင်အချို့က သုံးသပ်ထားသလို ပြင်ပမှာထွက်ပေါ်နေတဲ့ သုံးသပ်ပြောဆိုမှုတွေအရ မကြာသေးမီက ဖမ်းဆီးထိန်းခြင်းကို ခံခဲ့ရတဲ့ ဒေါက်တာနေစိုးမောင်အမှုနဲ့ ဆက်စပ်ပတ်သက်မှုကြောင့်လည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုအချို့လည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီး ကားလုပ်ငန်းရှင်အသိုင်းအဝိုင်းနဲ့ နီးစပ်သူတယောက်ကတော့ ကိုကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းခံရတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ချေအရှိဆုံးနဲ့ သူသိရှိရသလောက်ကို အခုလိုပြန်လည်ပြောပြပေးခဲ့ပါတယ်။ “သိရသလောက်က EV ကားကိစ္စမှာ သူကကားဈေးဆွဲတင်တာတွေ ဆွဲချတာတွေလုပ်ပြီးဈေးကစားတယ်ပေါ့၊ကားဈေးကို မသမာမှုလုပ်တယ်ပေါ့လေ၊ဟိုးအရင်ထဲက သူက SKD ကားတွေကိုလည်းနောက်ပေါက်ကနေထုတ်ခဲ့တာရှိတယ်။ ဒါကကားလောကမှာဖြစ်ခဲ့တာပေါ့၊အခုဟာက EV ကားကိစ္စလို့ တော့သိရတယ်။EV ကားကိစ္စမှာသူတော်တော်လေးအကျိုးအမြတ်ရလိုက်တယ်လို့လည်းအကိုတို့ကြားတယ်။သူက EV ကိုဘယ်လိုဝယ်ရမလဲ၊ဘယ်လိုဈေးကစားရမလဲ ၊ဘယ်အသိုင်းအဝိုင်းတွေကိုရောင်းချရ မလဲဆိုတာကိုလည်းသူကသိတယ်။EV ကားဈေးကစားတယ်ဆိုတာကလည်းသိရသလောက်သူနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းလောက်မှာ သူကဒါကိုဈေးကစားပြီးလုပ်သွား တဲ့အနေအထားပေါ့။ အဲ့ဒါကိုတချို့လုပ်ငန်းရှင်တွေကသူ့ကိုမျက်စောင်းထိုးတဲ့အနေအထားလည်းရှိတယ်။ပြောရရင် SKD တို့ EV တို့ဆိုတာက ပြည်တွင်းမှာလူသိပ်မကြိုက်တဲ့အမျိုးအစားတွေပေါ့၊ ဒါကိုသူကဈေးကွက်မှာဈေးကစားပြီးရအောင်ရောင်းသွားတာပေါ့။နောက်လူကြီးသားတယောက်နဲ့ ရှယ်ယာကိစ္စတခုမှာလည်းသူပါဝင်ပတ်သက်နေတယ်လို့ကြားရတယ်။ငွေပမာဏက တော်တော်လေး များတယ်လို့ပြောတယ်။နောက်ဆုံးကြားရတာကတော့ သူက EV ကားတွေကိုသတ်မှတ်ဈေးနှုန်းထက်ပိုပြီးဈေးတင်ရောင်းတယ်ပေါ့၊အခုသူ့ကိစ္စကသူ့ပတ်ဝန်းကျင်ကလူတွေကိုလည်းသို့လော၊သို့လောတွေဖြစ်ကုန်တာပေါ့၊ တွေးစရာတွေလည်းဖြစ်ကုန်တယ်၊အကိုတို့ထင်တာက EV ကိစ္စမှာဒီလိုလေး မသမာမှုလေးသွားလုပ်လိုက်တာနဲ့ အခုလိုဖြစ်သွားတယ်လို့ထင်တာပါပဲ…
ဆက်လက်ဖတ်ရှုရန်
နိုဝင်ဘာ ၃ ရက် ECMWF, ICON နှင့် GFS model UPDATE များအရ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နိုင်မည့် အခြေအနေကို model အားလုံးမှ တပြေးညီ ခန့်မှန်းထားကြောင်းတွေ့ရသည်ဟု တင်ပြခဲ့ပြီး ဖြစ်ပါသည်။ နေ့လည်ပိုင်း ထပ်မံရရှိသည့် update များအရ – နိုဝင်ဘာ ၆ ရက် နံနက် ၁၁ နာရီမှ နောက် ၂၄ နာရီအတွင်း … ရှမ်းပြည်နယ်တောင်ပိုင်းဒေသများ၊ မကွေးတိုင်းတောင်ပိုင်းနှင့် နေပြည်တော်နယ်မြေများ၊ ဧရာဝတီတိုင်းအရှေ့တောင်ဘက်ခြမ်း(မြေပုံတွင်ကြည့်ပါ) … တို့တွင် ၂၄ နာရီအတွင်း ရွာသွန်းနိုင်သည့် မိုးရေချိန်ခန့်မှန်းချက်များရှိနေကြောင်း၊ မိုးများနိုင်ကြောင်း (Heavy Rain) ဟု ဖေါ်ပြနေပါသည်။ (နိုဝင်ဘာ ၃ ရက် – နေ့လည် ၂ နာရီ ၄၀ မိနစ်) နိုဝင်ဘာ ၈ ရက် နေ့လည် ၁၂ နာရီမှာ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း – မြောက်လတ္တွီတွဒ် ၁၅ ဒီဂရီအထိ ရွေ့လာပြီးမှ အနောက်ဘက်ကို ဆက်ရွေ့မယ်လို့ ဥရောပ သင်္ချာပုံစံပြုမော်ဒယ် ICON(German)က ပြနေတာရှိပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၆ ရက်နေ့က စ ပြီး ၇ ရက်၊ ၈ ရက်၊ ၉ ရက်နေ့တွေအထိ မြန်မာနိုင်ငံဘက်ခြမ်းမှာ မိုးများနိုင်တဲ့ အခြေအနေတွေက ဆက်ပြီးဖြစ်ပေါ်နေပါမယ်။ ဆက်လက်စောင့်ကြည့် တင်ပြပေးနေပါမယ်။ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေတော့ မတွေ့ပါ။…
မြန်မာပြည်ကြီး ပြန်လည်ငြိမ်းချမ်းမယ့်နေ့ရက် အတိကျကို ဟောကိန်းထုတ်လိုက်တဲ့ နာမည်ကျော် ဆရာတော်ကြီး- ဆက်လက်ဖတ်ရှုရန်
မြန်မာပြည်ကြီး မင်းကောင်းမင်းမြတ်ပေါ်နေပြီး ဆိုတာ အခုအတိအကျဝါရင့်ဆရာတော်ကြီးတွေက ဟောကိန်းထုတ်ခဲ့တဲ့ရုပ်သံ ဆက်လက်ဖတ်ရှုရန်
၂၀၂၄ နိုဝင်ဘာလ ၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံကိုမုန်တိုင်းဝင်ရောက်နိုင်ခြင်းမရှိနိုင်သော်လည်း အဆိုပါရက်တွေမှာ အဆိုပါမုန်တိုင်းငယ်ရဲ့ 850 mbar winds လေစီးကြောင်းတွေကနေပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်း မကွေးတိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး တောင်ငူခရိုင် နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် ကြိုတင်ခန့်မှန်းပေးထားတာဖြစ်တယ် အပြောင်းအလဲမရှိနိုင်ပါဘူး အတိအကျဖြစ်လာမှာပါ ကိုယ့်ပညာကို ကိုယ်ယုံကြည်တယ် ကြိုတင်ပြင်ဆင်ကြပါ ISSUED TIME 03/11/2024 12:31pm(MMT) တိကျမှန်ကန် Su Su San ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊နိုဝင်ဘာ ၃ လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ “Phyu Phyu In London” နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။ ယင်း “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။ ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန်
Crd- All ဆက်လက်ဖတ်ရှုရန်