အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက်ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။ “ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ(၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီးတွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦးစီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ “တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက ကျောက်ဖြူကို ရောက်နေတယ်။ သူလည်း အမ်းကျမှာသိလို့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေလုံခြုံရေး အကြောင်းပြပြီး ထွက်ပြေးတာ လို့သိရတယ်”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ AA၏ ၁၀၂၇ စစ်ဆင်ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေတို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကသောကြာ်နေ့ (နိုဝင်ဘာလ ၈ရက်) နံနက်တွင် ပြောသည်။ ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံတဦးကပြောသည်။ “စစ်ကောင်စီက…
Author: Ka K
ဒါကတော့လွန်ပြီ တရုတ်ရဲတွေပါ မြန်မာနိုင်ငံထဲ ဝင်ပြီးညီနောင် ၃ဖွဲကို နှိပ်ကွပ်ပြီ- ဆက်လက်ဖတ်ရှုရန်
ခရက်ဒစ်- ဗီဒီယို ဆက်လက်ဖတ်ရှုရန်
နိုဝင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် တပုန်းကျေးရွာမှာ NUG ပညာရေးမှူးအပါအဝင်မိသားစုဝင် ၃ ဦးကို ယမန်နေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိသားစုဝင်သုံးဦး အသတ်ခံရတဲ့အထဲမှာ ၃ လသားအရွယ်ရှိတဲ့မိန်းကလေးတဦးပါဝင်ခဲ့ပြီး သူ့တို့ကို ဘာ့ကြောင့် အသတ်ခံရတယ်ဆိုတာ ဘယ်သူမှမသိကြသေးဘူးလို့ ပြောပါတယ်။ “ကနီမြို့နယ် ပညာရေးမှူးပါ။ NUG က ခန့်အပ်ထားတဲ့ ပညာရေးမှူး။ တပုန်းရွာလည်ခေါင်မှာနေတာ။ သူတို့က မနက်ဆိုရင် ၈ နာရီလောက်မှ အိပ်ယာထကြတာ။ အိပ်ယာမထသေးတာနဲ့ သွားကြည့်တော့မှ မိသားစု ၃ ဦးစလုံး အသတ်ခံရတယ်ဆိုတာ သိရတာ။ လည်လှီးပြီး သတ်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ ကနီမြို့နယ် သုံးလောင်းပြိုင်လူသတ်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးတွေက တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းထောက်လှမ်းနေတယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့မိသားစုဝင်သုံးဦးမှာ NUG က ခန့်အပ်ထားတဲ့ ကနီမြို့နယ် ပညာရေးမှူး ဦးဝင်းဌေးဖြစ်ပြီး ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ၊ သမီးဖြစ်သူ ရွှေဝတ်ရည်လွှာတို့ဖြစ်ကြပါတယ်။ ကနီမြို့နယ် ပညာရေးတာဝန်ခံနဲ့ မိသားစု အသတ်ခံရမှု ကျူးလွန်သူများကို အရေးယူမယ်လို့ NUG ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံဦးဝင်းဌေး မိသားစု အသတ်ခံရမှုနဲ့ပက်သက်လို့ ကျူးလွန်သူများကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ ၊ သမီးဖြစ်သူဖြစ် ရွှေဝတ်ရည်လွှာတို့ သုံးဦး အသတ်ခံရမှုအတွက် လွန်စွာကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။…
ရဲခေါင်/People’s Spring အာဏာသိမ်းခေါင်းဆောင်၏သား အောင်ပြည့်စုံ နှင့် အငြင်းပွားသဖြင့် ကားလောကတွင်ထိန်းတန်းလူငယ်လုပ်ငန်းရှင် ကိုကြည်သာဟန် ကို စစ်ကောင်စီက ဖမ်းဆီးထားကြောင်း သတင်းများထွက်ပေါ်နေသည်။ ကိုကြည်သာဟန်ကို နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟု မော်တော်ယာဥ် ဝယ်ရောင်းအသင်း ဝင်အချို့က ပြောသည်။ “EV(လျှပ်စစ်ကား) ကိစ္စနဲ့ ငြိတာလို့ လောလောဆယ် သိရတယ်။EV ကား တွေ အာမခံ ကုမ္ပဏီတွေမှာ ထား မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ ကြားတယ်”ဟု မော်တော်ယာဥ် အသင်း အဖွဲ့ဝင်တစ်ဦးကလူထုနွေဦးသို့ ပြောသည်။ စစ်ကောင်စီ၏ အထူးတင်သွင်းခွင့်ပေးသည့် လျှပ်စစ် ကား EV မူဝါဒထွက်ပေါ်လာပြီးနောက် ကိုကြည်သာဟန်သည် Amazing Auto ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့ Dayun EV နှင့် တိုယိုတာ EV ကားများတင်သွင်းရောင်းချနေခြင်းဖြစ်သည်။ ထို့အပြင် KL Seven Car အရောင်းစင်တာ နှင့် Great Big Boss ကားအရောင်းစင်တာတို့မှာလည်း ကိုကြည်သာဟန်၏ လုပ်ငန်းခွဲ များအဖြစ် မော်တော်ယာဥ် လောကတွင်လူသိများသည်။ ကိုကြည်သာဟန် ဖမ်းဆီးခံရမှုတွင် ဒရိုက်တာအဖွဲ့ဝင် များကိုမှ ငွေရေးကြေးရေးအရှုပ်အရှင်းများနှင့် ပတ်သက်၍ ပေးရန်ကျန်ရှိခြင်း လုံးဝမရှိဘဲ ဘဏ် ချေးငွေကိစ္စများနှင့်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝ မရှိကြောင်း Amazing Auto ကုမ္ပဏီက နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထို့အပြင် Amazing Auto ကုမ္ပဏီသည်တရားဝင်ဖွဲ့စည်းထားသော Company တစ်ခုဖြစ်ပြီး EV လုပ်…
ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးနေမှုများ အပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံ မြိုနယ် ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ လေကြောင်းရန်ကာကွယ်ရေးတပ် နှင့် လေတပ်ဝင်းအတွင်း သို့ အဆင့်မြင့်တင်ထားသော မစ်ဇိုင်း ဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုမှာ စစ် ကောင် စီနှင့် လက်အောက်ခံများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေပြုလျက် တိုင်းရင်းသား ပြည်သူလူထုအား နည်းမျိုးစုံ ဖြင့် ဒုက္ခပေး လျက်ရှိကြာင်း၊ စစ်ကောင်စီ၏ ဘက်ပေါင်းစုံမှ ဒုက္ခပေးနေမှု များကို မခံနိုင်သဖြင့် ပြည်ပသို ထွက်ခွာရန်ကြိုးစားလျက်ရှိကြသော တိုင်းရင်းသားပြည်သူလူထု နှင့် လူငယ်များကို နည်းမျိုးစုံဖြင့် ငွေညစ်ခြင်း၊ MAI နှင့် အခြားသော လေကြောင်းလိုင်းများမှ လတ်မှတ် ကို လေယာဉ်ဆန့်သည် ထက် လက်မှတ်များ ပိုရောင်းထားပြီး လေဆိပ်တွင် ပြည်ပထွက်ခွင့်မပေးဘဲ နည်းမျိုးစုံဖြင့် ညစ်ပတ် အိမ်ပြန်ခိုင်းများကို စစ်ကောင်စီက တောက်လျှောက် လုပ်ဆောင်နေကြောင်း၊ ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ နှင့် ဒေါက်တိုင်စီးပွားရေးသမားများ ပူးပေါင်း ကာ နည်းလမ်းမျိုးစုံဖြင့် ငွေကြေး…
မိုးများနိုင်မည့်အခြေအနေ (ECMWF forecast update) နိုဝင်ဘာ ၅ ရက် ည ၈ နာရီ ===== နိုဝင်ဘာ ၇ ရက် ည ၁၂ နာရီမှ ၈ ရက် ည ၁၂ နာရီ(၂၄ နာရီအတွင်း) ရခိုင်ပြည်နယ်တောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်းအနောက်မြောက်ဘက်၊ နေပြည်တော်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်၊ ဧရာဝတီတိုင်းဒေသအချို့(ပုံ) တို့တွင် မိုးများနိုင်ပါမယ်။ ကျန်ပြည်နယ်တိုင်းဒေသများ မိုးမများနိုင် အသင့်အတင့်သာ ရွာနိုင်ပါမယ်ကြိုတင်ခန့်မှန်းချက်ကြည့်ရန် – https://www.mmweather.org/divisional-cities-weather ၂၄ နာရီအတွင်း – 64.5 mm နှင့်အထက် မိုးရွာလျှင် မိုးများပါသည်(Heavy Rainfall) 115.6 mm နှင့်အထက် မိုးရွာလျှင် မိုးအလွန်များပါသည်(Extremely Heavy Rainfall) ဘင်္ဂလားပင်လယ်အော်မှ ထူးခြားမိုးလေဝသအခြေအနေ UPDATE နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ် ==== ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းပင်လယ်ပြင်မှာ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက စ ပြီး အထက်အမြင့်လေပွေလှိုင်းမှ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်မယ်လို့ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ယမန်နေ့က ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ နိုဝင်ဘာ ၅ ရက် နံနက်ပိုင်း models တွေရဲ့ update အချက်အလက်များအရ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် ဆက်စပ်လျှက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းပင်လယ်ပြင် 11.223ºN, 87.122ºE မှာ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်ပေါ်ကြောင်းတွေ့ရပါတယ်။ တရားဝင်မိုးလေဝသဋ္ဌာနများမှ ထုတ်ပြန်ကြေညာချက်တွေထွက်လာရင်လည်း ဆက်လက်တင်ပြပေးသွားပါမယ်။ အခုလိုဘင်္ဂလားပင်လယ်အော်တောင်ပိုင်းပင်လယ်ပြင်မှ…
ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၅ရက် အမ်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) အနီးရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို အာရက္ခတပ်တော် (AA) က ထပ်မံသိမ်းပိုက်လိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့တွင် AA က ဝင်ရောက် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီက Y 12 လေယာဉ်များနှင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီ၏ ခမရ ၃၇၃ ဆေးတပ်၊ အမှတ် (၂) တပ်မ တော်ဆေးရုံ၊ စရဖတပ်တို့နှင့်လေကြောင်း ကာကွယ်ရေးတပ်တို့သည် တဆက်တည်း တည်ရှိနေပြီး AA က မဲတောင်မှစ၍ အဆိုပါတပ်ရင်းတပ်ဖွဲ့အားလုံးကို သိမ်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အခု အမ်းမှာက နေရာလေးခုထက်မနည်း တိုက်ပွဲ ဖြစ်နေတယ်။ ပဲပဒုံ၊ ဒိုင်ကြီး၊ ခမရ ၃၇၁၊ တပ်ဆေးရုံ နားမှာ တိုက်ပွဲပြင်းထန်နေတယ်။ မနေ့ကတော့ တပ်ဆေးရုံဘက်ကို စစ်ကူသွားတဲ့တပ်တွေ နောက်ပြန်လန်သွားတယ်လို့ သိရတယ်။ ဒရုန်းနဲ့လေကြောင်း အကာအကွယ်တွေအတွက် အဓိကဖြစ်တဲ့ လေကြောင်းကာကွယ် ရေးတပ်လည်း ကျသွားပြီ။ မဲတောင်ကနေ နပခ ဂိတ်အနီး ဘယ်တပ်မှ မကျန်တော့ဘူး” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။ စစ်ကောင်စီသည် အမ်းမြို့နယ် တစ်မိုင်ကုန်းနှင့် ၎င်းတို့၏ ဂေါက်ကလပ်အနီးဝန်းကျင်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၃ ရက်နေ့က Y 12 လေယာဉ်ဖြင့် ဗုံးကြဲကာ နယ်မြေရှင်းလင်းပြီးနောက် ရဟတ် ယာဉ်လေးစင်းဖြင့် စစ်ကူအင်အားဖြည့်ခဲ့ကြောင်း သိရသည်။ AA သိမ်းပိုက်ထားသည့်…
▪︎“ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက် အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်” -NUG နိုင်ငံခြားရေးဝန်ကြီး အီယိုရီ/People’s Spring အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ လက်ရှိ တရုတ်ခရီးစဥ်သည် နိုင်ငံတော်တရားဝင်ခရီးစဥ်(State Visit)မဟုတ်ဘဲ တရုတ်နိုင်ငံ ပြည်နယ်တစ်ခု၌ ပြုလုပ်သော ဒေသတွင်းဖိုရမ်(Regional Forum)တစ်ခုကို တက်ရောက်စေခြင်းသာဖြစ်သည်ဟု တရုတ်နိုင်ငံဘက်မှ သတင်းစကားပြန်လည်ရရှိခဲ့ကြောင်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ကရင်အမျိုးသားအစည်းအရုံး KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နှင့် ချင်းအမျိုးသားတပ်ဦး CNF တို့က ယနေ့(နိုဝင်ဘာ ၅ရက်)ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ NUG နိုင်ငံခြားရေးဝန်ကြီးက ယနေ့စတင်သော စစ်ခေါင်းဆောင်မင်းအောင်လှိုင်၏ တရုတ်ခရီးစဥ်နှင့်ပတ်သက်၍ ဖြေကြားခဲ့ခြင်းဖြစ်သည်။ “ကျွန်မတို့ သဘောထားက အင်မတန်မှ ရှင်းလင်းပါတယ်။ ဒီတွေ့ဆုံမှု၊ ဒီလိုမျိုးဖိတ်ကြားမှု ဒီခရီးစဥ်က တရုတ်နဲ့ မြန်မာပြည်သူလူထုအကြား၊ တရုတ်-မြန်မာဆက်ဆံရေးကို အထောက်အကူဖြစ်ဖို့ထက် အဖုအထစ်ဖြစ်သွားနိုင်ဖို့လို့ကို စစ်ကောင်စီကိုပဲ မျက်နှာမူပြီးဆက်ဆံတဲ့ ဆက်ဆံရေးမျိုး ဖြစ်နေလားဆိုတာကို ကျွန်မတို့ စိုးရိမ်မှုရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်မတို့ အကြောင်းကြားထားပြီးဖြစ်တယ်။ နောက်ပိုင်း သိရသလောက်က state visit မဟုတ်ဘူး။ ပြည်နယ်တစ်ခုမှာပဲလုပ်တဲ့ regional forum တစ်ခုကို တက်ရောက်တာသာလျှင်ဖြစ်တယ်ဆိုတာကို ကျွန်မတို့ သတင်းစကားပြန်ရရှိခဲ့တာ ရှိပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။ တရုတ်နိုင်ငံဘက်မှ မည်သည့်ဌာန၊ မည်သို့သော အဆင့်ရှိသူက NUG ကို ပြန်လည်သတင်းစကားပေးပို့ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။ သို့သော် NUG သည်…
ရန်ကုန်၊ နိုဝင်ဘာ ၅ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ်ကိုင်းတက္ကသိုလ်ဝင်းအတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် စစ်ကူစစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦး ဝန်းကျင်သေဆုံးခဲ့ကြောင်း Sagaing PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်က စစ်ကိုင်းမြို့နယ်၊ ပဲကတိုးကျေးရွာရှိ စစ် ကိုင်းတက္ကသိုလ်တွင် တပ်စွဲနေသည့် အကြမ်းဖက်စစ်ကောင်စီဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အများအပြားသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဝင်ရောက်တိုက်ခိုက်မှုကို စစ်ကူပေးရန် စစ်ကိုင်းမြို့ပေါ်ရှိ တပ်မ ၃၃ က စစ်ယာဥ်တန်း ဖြင့် ထွက်လာခဲ့ရာ လမ်းကြောင်းပိတ်ဆို့ဖြတ်တောက်ရေး အတွက် တာဝန်ယူထားသော ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား အများ သေဆုံး ခဲ့ကြောင်း၊ ထို့ပြင် တက္ကသိုလ်ဝင်းအတွင်းရှိ စစ်သားများ ကျောင်းပေါက်ဝ အရောက်တွင်လည်း မိုင်းတစ်လုံးဖြင့်ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက်စစ် သား ၂၀ ဦးဝန်းကျင်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “တက္ကသိုလ်ထဲမှာက ၅၀ ဝန်းကျင်လောက်နဲ့တပ်စွဲထားတာပါ။ တိုက်ပွဲက ၁၅ မိနစ်လောက်ပဲကြာခဲ့ ပါတယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းကင်းနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။ ကျနော်တို့ Sagaing PDF အနေနဲ့ စစ်ကောင်စီရဲ့ စစ်ရေးပစ်မှတ်တွေကို ယခုထက်ပိုမိုပြီး စစ်ဆင်ရေးဖော်ဆောင်သွားမှာ ဖြစ်ကြောင်း အသိပေးလိုပါတယ်” ဟု Sagaing…