People’s Spring ကုလသမဂ္ဂက ခန့်အပ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီယန် ဘိရှော့ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က ကုလသမဂ္ဂ အစည်းအဝေး တစ်ခုမှာ သူက နေပြည်တော် ခရီးစဉ်အတွင်း အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့တဲ့ အကြောင်းကို တရားဝင် အသိပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာ့ နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းရာမှာ ဆက်စပ်ပါဝင်တဲ့ အဖွဲ့အစည်းတိုင်း အနေနဲ့ တစ်ဖက်က သေချာပေါက် ရှုံးနိမ့်သွားမှ တစ်ဖက်က အနိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ကို ချန်ထားခဲ့ဖို့ လိုတယ်လို့လည်း ဘိရှော့က သတိပေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်တုန်းက စစ်တပ် အာဏာသိမ်းပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သား ဒီမိုကရေစီ အစိုးရကို ဖယ်ရှားခဲ့ချိန် ကတည်းက ဆိုးရွားလှတဲ့ နိုင်ငံရေး၊ စစ်ရေး အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဘိရှော့ဟာ ဧပြီလမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ရာထူးကို လက်ခံယူခဲ့တာ ဖြစ်ပါတယ်။ ဘိရှော့က သူဟာ ထုတ်ပြန်ကြေညာခြင်း မရှိတဲ့ နေပြည်တော် ခရီးစဉ် တစ်ခုကို သွားရောက်ခဲ့ပြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ် အကြောင်းအရာတွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။ အဲဒီ ဆွေးနွေးမှု ဘယ်အချိန်က ဖြစ်မြောက်ခဲ့သလဲ ဆိုတာကိုလည်း မသိရပါဘူး။ ဘိရှော့က…
Author: Ka K
အီယိုရီ/People’s Spring ဗြိတိန်သည် မြန်မာစစ်တပ်အား လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာများ ပံ့ပိုးပေးနေသည့် အဖွဲ့အစည်းများကို ပစ်မှတ်ထားပိတ်ဆို့အရေးယူကြောင်း ယနေ့(အောက်တိုဘာ ၂၉ရက်) ကြေညာလိုက်သည်။ ဗြိတိန်အစိုးရသည် Asia Sun Group Company Limited၊ Swan Energy Company Limited၊ Myan-Oil Company Limited၊ Rich Ray Trading Company Limited၊ Progress Technology Support Company Limited (a.k.a Royal Shune Lei) စသည့် ကုမ္ပဏီငါးခုကို ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။ “နိုင်ငံတဝှမ်းမှာ ဖြစ်ပွားနေတဲ့ မြန်မာစစ်တပ်ရဲ့ အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အအုံများကိုလေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လက်ခံနိုင်ဖွယ် မရှိပါ။ အပြစ်မဲ့ အရပ်သားတွေအပေါ် ထိခိုက်ခြင်းဟာလည်း သည်းခံနိုင်ဖွယ်မဟုတ်ပါ” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Catherine West က ပြောသည်။ ၂၀၂၄ ခုနှစ် ဩဂုတ်လအတွင်း မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများဟာ အကြိမ်အရေအတွက် အများဆုံးမှတ်တမ်းတင်ခဲ့ပြီး အရပ်သားစုစုပေါင်း ဒါဇင်နှင့်ချီ သေဆုံးခဲ့ရသည်။ “ဒါကြောင့် ဒီနေ့ ယူကေဟာ မြန်မာစစ်တပ်ဆီသို့ ပစ္စည်းကိရိယာများနဲ့ လေကြောင်းလောင်စာများ ဖြန့်ဖြူးရောင်းချနေသူတွေကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုအသစ်တွေ ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဖက်များဖြစ်တဲ့ အီးယူနဲ့ ကနေဒါနိုင်ငံနဲ့အတူ စစ်တပ်ရဲ့ ရန်ပုံငွေ၊ ပစ္စည်းကိရိယာများနဲ့ အရင်းအမြစ်များ ရယူသုံးစွဲခွင့်ကို ပိုမိုကန့်သတ်လိုက်ခြင်းဖြစ်ပါတယ်” ဟု အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီးက ဆိုသည်။ ယခုချမှတ်လိုက်သော ပိတ်ဆို့မှုများသည် မြန်မာစစ်တပ်အပေါ် ဖိအားတိုးများစေမည်ဖြစ်ပြီး မြန်မာပြည်သူပြည်သားများနှင့် ၎င်းတို့…
အိမ်သွင်/People’s Spring အမ်းမြို့သိမ်းတိုက်ပွဲအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အပြင် စစ်ကောင်စီစခန်းများအားလုံးကို အာရက္ခတပ်တော်( AA)က ပိတ်ဆို့ထားပြီး အမ်း-ပဒါန်းလမ်းကိုလည်း AAကထိန်းချုပ်ထားကြောင်း ဒေသခံများကပြောသည်။ စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခုရက်ပိုင်း အလွန်ပြင်းထန်နေပြီး စစ်ကောင်စီ၏ထွက်ပေါက်များအားလုံးကို AAက ပိတ်ဆို့ထားပြီဖြစ်ကြောင်း ဒေသခံတဦးကပြောသည်။ “ဒီကနေ့ အပြင်းထန်ဆုံးကတော့ ၉၁၉ တပ်ဘက်မှာ။ (၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း)။အဲ့တပ်ကစစ်ကောင်စီတပ်သားတွေ ကစဥ့်ကလျားပဲထွက်ပြေးနေရတယ်။စစ်တပ်က နပခထဲကို ဟက်စကီးတွေနဲ့ လူတွေထပ်ချတယ်။အဓိက ကစစ်ကောင်စီ ချောင်ပိတ်သွားတဲ့အနေအထားပါ”ဟု မြို့ခံတဦးကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀စစ်ဆေးရုံ၊ အမှတ် (၉၄၆) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၄၅) စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်(၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊အမှတ် (၉၂၆)ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ်(၉၁၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင် အမှတ် ၇၅၇ အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည်။ ထို့အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၃၆၂)၊(၃၆၅)၊(၃၆၉)တို့ကိုလည်း စစ်ကောင်စီကထပ်မံဖြည့်တင်းထာပြီးခုခံနေဟု ရခိုင်စစ်ရေးလေ့လာသူ တစ်ဦးကဆိုသည်။ AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)တို့ကို AAက တိုက်ခိုက်ထိန်းချုပ်ခဲ့ရာ ယင်းတပ်ရင်းများမှစစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာ၍ နပခ၌ သွားရောက်ပူးပေါင်းနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်ကပြောသည်။ တိုက်ပွဲများမှာမြို့နှင့်ပိုမိုနီးကပ်လာပြီး စစ်ကောင်စီက စစ်ကူ ၊ရိက္ခာနှင့် ခဲယမ်းများကိုလေကြောင်းမှဖြည့်တင်း၍ ခုခံနေပြီး လေကြောင်းမှ တိုက်ခိုက်၍ ပစ်ကူပေးနေသည့်ကြားမှ AA ကအပြင်းအထန်ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အောက်တိုဘာ ၂၇ ရက်တိုက်ပွဲတွင် နပခကို…
ကယန်းလူထုအခြေပြု လက်နက်တော်လှန်ရေးတပ်များစုစည်း၍ ကယန်းအမျိုးသားတပ်မတော်(KNA)ကို ယနေ့ ၂၀၂၄ခုနှစ်၊ အောက်တိုဘာလ(၂၉)ရက်နေ့တွင် တပ်ရင်း(၈)ရင်းဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)ကို အခြေခံမူ(၉)ချက်၊ အမျိုးသားရည်မှန်းချက် (၅)ချက်ဖြင့် ဖွဲ့စည်းထားပြီး ကယန်းဒေသအတွင်းရှိ တော်လှန်ရေးတွင် ဦးဆောင်ပါဝင်နေသော ပုဂ္ဂိုလ်များဖြင့် ကော်မတီတစ်ရပ် ဖွဲ့စည်းကာ ဦးဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည် လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံနှင့် အခြား ကယန်းဒေသရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်တပ်ဖွဲ့တို့ကို တစုတစည်းတည်း ပြန်လည်ပေါင်းစည်းပြီး စစ်ကောင်စီကို တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)အနေဖြင့် စစ်ကောင်စီကို တိုက်ခိုက်နေသည့် မည်သည့် တော်လှန်ရေးအင်အားစု လက်နက်ကိုင်နှင့်မဆို အတူလက်တွဲပြီး တိုက်ပွဲဝင်သွားမည် ဟုဆိုသည်။ ကယန်းအမျိုးသားတပ်မတော်(KNA)သည် NUG အစိုးရကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ https://t.me/TachileikNewsAgency/57254 Photo: Progressive Karenni People Force – PKPF ဆက်လက်ဖတ်ရှုရန်
ရောင်နီ (မဇ္ဈိမ) မကြာခင်ရုံတင်မည့် ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီးရုပ်ရှင်ကားအား လူမှုကွန်ရက်တွင် ဝေဖန်ခဲ့သည့် ကိုရှိုင်းထက်အောင် (ခေါ် ) ဟာဆယ်ယွန်အား အရပ်ဝတ်လူအချို့က ဖမ်းဆီးခေါ်ဆောင်သွားပြီး ပျောက်ဆုံးနေကြောင်း မိသားစုနှင့်နီးစပ်သူများနှင့် သူ၏ မိတ်ဆွေအချို့က မဇ္ဈိမကို ပြောသည်။ ဟာဆယ်ယွန်အမည်ဖြင့် လူမှုကွန်ရက်အသုံးပြုသည့် အသက် ၃၃နှစ်အရွယ် အိန္ဒိယနွယ်ဖွား ကိုရှိုင်းထက်အောင်သည် အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် မိသားစုနှင့်အဆက်အသွယ် ပြတ်တောက်သွားခြင်းဖြစ်သည်။ မရမ်းကုန်းမြို့နယ်၊ခဝဲခြံမျက်မမြင်ကျောင်းအနီး၌ အရပ်ဝတ်လူနှစ်ဦးက Town Ace အမျိုးအစား ကားအဖြူပေါ်မှဆင်းလာပြီး ဖမ်းချုပ်ကာ မျက်နှာအဝတ်အုပ်ပြီး ကားပေါ်သို့ ဆွဲတင်သွားသည်ကို တွေ့လိုက်သူရှိကြောင်း ဖြစ်စဉ်ကိုသိရှိထားသူတဦးက ပြောသည်။ “ မျက်မမြင်ခဝဲကျောင်းမှာ အသံလှူဖို့ဆိုပြီး ရောက်နေတဲ့အချိန် ဖုန်းတလုံးဝင်လာလို့ ဖုန်းပြောမယ်ဆိုပြီး ခဏအပြင်ထွက်သွားတာကနေ ပြန်ကိုမလာတာ။ ပျောက်တဲ့အချိန်ကျနော်တော့မရှိနေဘူး။ ဒါပေမယ့် သူဆွဲခေါ်ခံရတာကို တွေ့သူရှိလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ ကိုဟာဆယ်ယွန်ပျောက်ဆုံးသွားသည့်အောက်တိုဘာလ ၂၆ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်မှစ၍ ယင်းနေ့ညနေ ၄ နာရီအချိန်အထိ ၎င်း၏ လက်ကိုင်ဖုန်းဖွင့်ထားသော်လည်းည ၇ နာရီဝန်းကျင်တွင် ဖုန်းစက်ပိတ်သွားကြောင်း၊ လက်ရှိတွင် လှိုင်နှင့်မရမ်းကုန်းမြို့မရဲစခန်းတွင် လူပျောက်တိုင်ထားကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။ ၎င်းက “ မိသားစုက လူပျောက်တိုင်ထားပါတယ်။ နယ်ထိန်းနဲ့လည်း ဆက်ရှာနေပါတယ်။ မတွေ့သေးပါဘူး” ဟု ပြောသည်။ ကိုဟာဆယ်ယွန်ပျောက်ဆုံးနေကြောင်းနှင့် ၎င်းကို တွေ့ရှိသူများအနေဖြင့် ဆက်သွယ်ပေးကြရန် မေတ္တာရပ်ခံထားသည့် ပို့စ်ကိုလည်း လူမှုကွန်ရက်သုံးစွဲသူအချင်းချင်း မျှဝေအကူအညီတောင်းထားကြသည်။ကိုဟာဆယ်ယွန်သည် စစ်ကောင်စီ စစ်ကြောရေး၌ရောက်နေကြောင်း လာရောက် သတင်းပေးသူတဦး…
▪️ထန်တလန်တိုက်ပွဲ ဆက်လက်ပြင်းထန်၊ စစ်ကောင်စီ လေကြောင်းမှရိက္ခာပို့ပေး ဟန်နွေ/People’s Spring ချင်းပြည်နယ် ဟားခါး-ထန်တလန်မြို့နယ်ကြား ကမ်တလန်း(Kiamtlang)ဒေသရှိ စစ်ကောင်စီတပ်စခန်းအပါအဝင် စခန်းအချို့ကို ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။ အောက်တိုဘာ ၂၈ရက် စစ်ရေးအခြေအနေကို မေးမြန်းရာ ဟားခါးမြို့၌ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ၎င်းက ပြောသည်။ ” ကမ်တောင်းပေါ့။ ဒေသဘာသာစကားနဲ့ဆိုရင် ကမ်တလန်းလို့ခေါ်တယ်။ အဲဒီမှာရှိတဲ့ စကစ ယာယီစခန်း ချင်းပြည်အစိုးရတပ်ဘက်က သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးရင် စကစ နေရာယူထားတဲ့ ရယ်အူးထန်းလို့ခေါ်တယ်။ အဲဒါလည်း သိမ်းပိုက်နိုင်ခဲ့တယ်။ နှစ်နေရာပေါ့။ ဟားခါးနဲ့ နီးစပ်တယ်။ဟားခါး – ထန်တလန်ကြားတော့ဖြစ်တယ်။ အဲဒီဘက်က နှစ်နေရာကို ကျနော်တို့ချင်းပြည်တပ်တွေက သိမ်းပိုက်နိုင်ခဲ့တာပါ”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ထို့အပြင် ထန်တလန်မြို့တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ ရိက္ခာခဲယမ်း ဖြည့်တင်းမှုရှိသည်ဟု ဆိုသည်။ အောက်တိုဘာ ၂၈ရက်တွင် ထန်တလန်မြို့ရှိ စစ်ကောင်စီ လက်ကျန် တပ်ဖွဲ့များထံ ရိက္ခာခဲယမ်းများ Y12 လေယာဉ်ဖြင့် ဖြည့်တင်းမှု ရှိသည်ဟု သတင်းရင်းမြစ်က ပြောသည်။ ” ထန်တလန်ကတော့တိုက်ပွဲ အကြီး၊အငယ်ရှိပါတယ်။ စကစကလည်း သူတို့ တပ်ကုန်း ပြန်လည်ရရှိဖို့ ထိုးစစ်ဆင်တာရှိပါတယ်။ ကျနော်တို့ဘက်က ခုခံတာ အဲဒါမျိုးနဲ့ တိုက်ပွဲရှိပါတယ်”ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ ချင်းအမျိုးသားတပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF) တပ်များစုဖွဲ့ထားသည့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး ဇူလိုင်ကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း ဆုံးရှုံးထားသည့် တပ်စခန်းများ ပြန်လည် ရရှိရေး အင်အားဖြည့်ထိုးစစ်ဆင်လျက်ရှိသည်။ (ချင်းပြည်ကောင်စီ…
တရားပွဲမှာဆရာတော်ကြီးကိုသေနတ်နဲ့လုပ်ကြံ တန်ခိုးတော်ကြောင့်ပစ်တဲ့သူဘယ်လိုဖြစ်သွားလဲ ဖြစ်စဉ်အသေးစိတ် ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ အောက်တိုဘာ ၂၉ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် နေပြည်တော်စစ်ရုံးတို့အကြား ဆက်သွယ်မှုများ ပြတ်တောက်နေပြီး အမ်းမြို့ရှိ ဒေသပြည်သူများနှင့်လည်း ဖုန်းလိုင်း အဆက်အသွယ်များ မရရှိတော့ကြောင်း တပ်မိသားစုဝင်တချို့၊ စစ်ရေးသတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီးဇင်ယော်၏ ပြောဆိုချက်အရ သိရှိရသည်။ အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းမှစတင်၍ အမ်းမြို့ရှိ ပြည်သူများ၊ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မိသားစုဝင်များနှင့် ဆက်သွယ်မှုများ ခက်ခဲလာပြီး ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး ဆက်သွယ်မရတော့ကြောင်း တပ်မိသားစုဝင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ “အမ်းက ဆက်သွယ်ရေးစက်တွေ ဖုန်းလိုင်းတွေပါ ပျက်နေတယ်။ ကျနော်တို့ကတော့ တပ်တွင်းသတင်းရင်းမြစ်အရ ဒီကောင်တွေက ပြေးတာ မြန်တယ်လေ။ သူတို့တွေ ဆက်သွယ်မှု ပြတ်တောက်သွားပြီ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)နဲ့ နေပြည်တော် စစ်ရုံးချုပ်နဲ့ ဆက်သွယ်မှုပြတ်တောက်သွားပြီ လုံးဝ အဆက်အသွယ်မရတော့ဘူးဆိုတာကို ကြည့်ပြီးတော့ ကျနော်တို့က အတည်ပြုရခြင်းပဲ ဖြစ်ပါတယ်”ဟု CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်အခြေစိုက် တပ်မိသားစုဝင်တစ်ဦးကမူ အောက်တိုဘာလ ၂၅ ရက်နေ့ အထိ အမ်းမြို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းရှိ ၎င်းတို့သားဖြစ်သူ တပ်ကြပ်ကြီးစာရေးနှင့် အဆက်အသွယ် ရရှိကြောင်း၊ အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဆက်သွယ်ရေး ခက်ခဲခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင်မူ ဆက်သွယ်၍ လုံး၀ မရတော့ကြောင်း၊ ပြင်ပတွင် အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးပြီဆိုသော သတင်းများ တက်နေသဖြင့် နေပြည်တော်ရှိ တပ်အရာရှိကြီးတချို့ ထံ ဆက်သွယ်မေးမြန်းရာ…
အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပေးသည့် ဂုဏ်ပြုလွှာလက်ခံစဉ် ဖိနပ်ချွတ်၍ လူသိရှင်ကြားအရိုအသေပေးခဲ့သည့် ဇာတ်မင်းသားဖိုးချစ်အား စစ်ကောင်စီအမာခံ ပြည်ခိုင်ဖြိုးပါတီဝင်များ ကိုယ်တိုင်ကပါလှောင်ပြောင်သရော်နေကြသည်။ ဇာတ်မင်းသားဖိုးချစ်သည် ပြီးခဲ့သည့်ရက် အနည်းငယ်က အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးသည့် ဂုဏ်ပြုလွှာကို လက်ခံရယူစဉ် ဖိနပ်စီး၍တက်ရသည့်စင်ပေါ်သို့ ဖိနပ်ချွတ်တက်ကာ လက်ခံခဲ့သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အတူ တွဲလျက်ရှိနေသည့် ဓာတ်ပုံသည် လူမှုကွန်ရက်၌ အလွန်ပျံ့နှံ့ခဲ့သည်။ ၎င်းသည် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရသည်။ စင်ပေါ်ရှိသူအားလုံးဖိနပ်စီးထားပြီး ၎င်းတစ်ဦးသာ စစ်ခေါင်းဆောင်ကို ပုံမှန်ထက်လွန်ခဲ့သည့် အရိုအသေပေးခဲ့ခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် နေပြည်တော်မှ ပြည်ခိုင်ဖြိုးပါတီဝင်များကပါ လှောင်ပြောင်သရော်နေခြင်းဖြစ်သည်။ ” မကြိုက်ကို မကြိုက်တာ။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။နောက်တခါ ထပ်ပြောမယ် မကြိုက်ဘူး။ကြိုက်လား မကြိုက်ဘူး”ဟု ၂၀၂၁ ခုနှစ်က အနုပညာရှင်များဦးဆောင်သည့် လူထုသပိတ်များအားကောင်းစဉ်က ၎င်းပြောခဲ့သည့် စကားများကို ပြန်သုံးကာ လှောင်ပြောင်နေကြသည်။ ၎င်းကို အားပေးသည့်ပရိသတ်တစ်ဦးကလည်း ဇာတ်မင်းသားဖိုးချွတ်ဟု ပြောကာ ပြစ်တင်ဝေဖန်ထားသည်။ ဖိုးချစ်သည် ၂၀၂၂ နိုဝင်ဘာကုန်ပိုင်းက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီး တစ်လခန့်အကြာတွင် ပြန်လည်လွတ်မြောက်လာပြီးနောက် စစ်ကောင်စီအားဝေဖန်ခြင်းမရှိတော့ချေ။ ထို့အပြင် စစ်ကောင်စီကကျင်းပသည့် ဝါဒဖြန့်ချိရေး ပွဲများတွင် ၎င်းက ပေါ်ပေါ်ထင်ထင်တက်ရောက်နေသည်။ထိုလုပ်ရပ်များသည် အရှက်ကင်းမဲ့သည့်လုပ်ရပ်များဖြစ်သည်ဟု ၎င်းအား အားပေးခဲ့ဖူးသည့် ပရိသတ်များကိုယ်တိုင်က ဝေဖန်ရှုတ်ချကြသည်။ ၂၀၂၁က အနုပညာရှင်များဦးဆောင်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်များတွင် ဇာတ်မင်းသားဖိုးချစ်နှင့်အတူ လူပြက်ခင်လှိုင်၊ ရာဇာနေဝင်း၊ ကျော်ရဲအောင်၊ ရန်အောင်ထိုကဲ့သို့ နာမည်ကြီးများလည်းပါဝင်ခဲ့ပြီး အများစုသည် ယခုအခါ အာဏာသိမ်းစစ်တပ်နှင့် တပူးပူးတတွဲတွဲ ရှိနေသလို စစ်ကောင်စီကပြုလုပ်သည့် ဝါဒဖြန့်ချိရေးပွဲများတွင် တွေ့မြင်နေရသည်။ အိမ်သွင်/People’s Spring (ကြံ့ဖွတ်ပါတီတွင်း လူသိများသူတစ်ဦးက ဖိုးချစ် အား…
ရှမ်းမြောက်တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် BPLA တပ်ဖွဲ့က အညာတွင်အခြေချ၍ စစ်ဆင်ရေးများ ဖော်ဆောင်နိုင်တော့မည်ဟုဆိုထားပြီး ဒေသခံတော်လှန်ရေးတပ်ဖွဲ့များကြိုဆို ဧရာဝတီတိုင်းမ် ၊ အောက်တိုဘာ ၂၈ ရက် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် မကြာခင်အချိန်အတွင်း အညာဒေသတွင် အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်တော့မည်ဖြစ်ကြောင်း BPLA တပ်ဖွဲ့ တာဝန်ခံ မောင်ဆောင်းခက အသိပေးပြောဆိုထားသည်။ BPLA တပ်ဖွဲ့သည် မြောက်ပိုင်းညီနောင်မဟာမိတ်ဦး ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ညီနောင်မဟာမိတ်သုံးဖွဲ့၏ ဦးဆောင်မှုအောက်တွင် ၎င်းတို့၏တပ်ဖွဲ့ များစွာတိုးတက်လာသည့်အတွက် ကျေးဇူးမမေ့ကြောင်းကို ၁၀၂၇ စစ်ဆင်ရေး တစ်နှစ် ပြည့်သည့် အောက်တိုဘာ ၂၇ ရက်နေ့က ရေးသားထားသည်။ “ပြည်သူတွေကို အသိပေးချင်တာတစ်ခုက BPLA ဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျွန်တော် တို့ကို ကြိုဆိုမယ်လို့ ယုံကြည် မျှော်လင့်ပါတယ်”ဟု BPLA တပ်ဖွဲ့ တာဝန်ခံမောင်ဆောင်းခက သူ၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။ BPLA က အညာဒေသတွင်အခြေချ၍ စစ်ဆင်ရေးများဖော်ဆောင်မည့်အပေါ် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီ တပ်ကို တော်လှန်တိုက်ခိုက်နေသည့် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM တပ်ဖွဲ့တာဝန်ခံ ကိုနွေဦးက ကြိုဆိုကြောင်းနှင့် ရောက်လာစေချင်သည်ဟုဆိုသည်။ “အစ်ကိုတို့ကကြိုက်တာပေါ့။ တူတူဝိုင်းလုပ်မယ့်လူတွေ ပိုတိုးလာလေ အင်အားတစ်ရပ်ပို ဖြစ်လာလေပဲ။ အခုဆို အညာအဖွဲ့တွေဆို တစ်ပွဲနဲ့တစ်ပွဲဆို ပက်လက် လန်လန်သွားတာလေ။ အဲဒီလိုအခြေအနေမျိုးမှာ တကယ်လုပ်နိုင်တဲ့အဖွဲ့တွေ ပစ္စည်းလည်းပေါတယ်၊ လူအင် အားလည်း ရှိတယ်ဆိုတဲ့အဖွဲ့တွေ ရောက်လာတယ်ဆိုရင် အဆက်မပြတ်စစ်ဆင်ရေးတွေ ပိုလုပ်လာနိုင်မယ်။ ဘုံရန်သူကိုတိုက်နေတဲ့အချိန် အင်အားတွေတိုး…