Author: Ka K

တောင်တရုတ်ပင်လယ်က မုန်တိုင်း “TRAMI” နဲ့ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ၂ လုံး တပြိုင်နက်ဖြစ်ပေါ်နေခဲ့တာမှာ မုန်တိုင်း TRAMI ကတော့ ဗီယက်နမ်ကမ်းခြေပေါ်မေးတင်ပြီး ပင်လယ်ထဲ ပြန်ဆင်းကာ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာပါ။ မုန်တိုင်း TRAMI ကြောင့် ဗီယက်နမ်နိုင်ငံကမ်းခြေမှာ လွန်ခဲ့တဲ့ ၁၂ နာရီအတွင်းမှ အခုအချိန်အထိ မိုးသည်းထန်ခဲ့တာတွေ့ရပြီး၊ မနက်ဖန်ညနေ ၅ နာရီအထိ ၂၄ နာရီအတွင်း မိုးရေချိန် ၁၀ လက်မကျော် ထပ်မံရွာသွန်း(မိုးများ)ဦးမှာလို့ ကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့နေရပါတယ်။ TRAMI ကြောင့် မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာသာ နေရာကွက်၍မိုးများနိုင်ပြီး နောက် ၂၄ နာရီအတွင်း မိုးရေချိန် ၁ လက်မခွဲခန့်သာရွာသွန်းနိုင်မှာဖြစ်ကြောင်းတွေ့ရပါတယ်။ အရှေ့ဖိလစ်ပိုင်ပင်လယ်က မုန်တိုင်း KONG-REY ကတော့ အားပိုကောင်းလာပြီး အောက်တိုဘာလကုန်(၃၁ ရက်)မှာ CATAGORY-3 အားကောင်းတဲ့တိုင်ဖွန်းမုန်တိုင်းတလုံးဖြစ်လာမှာဖြစ်ကြောင်း၊ ထိုင်ဝမ်ကျွန်းဘက်ကို ဦးတည်ရွေ့လျားပေမဲ့ ထိုင်ဝမ်ကျွန်းအရှေ့မြောက်ဘက်အနီးမှ ကပ်၍ ဖြတ်ကျော်ကာ ဂျပန်နိုင်ငံဘက်ကို ဆက်လက်ရွေ့လျားနိုင်မှာဖြစ်ကြောင်း၊ ကြိုတင်ခန့်မှန်းထားတာတွေ တွေ့ရပါတယ်။ မုန်တိုင်း KONG-REY က တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာဖြစ်တာကြောင့် မြန်မာနိင်ငံရဲ့ မိုးလေဝသအခြေအနေတွေအပေါ် သက်ရောက်မှုကတော့ မရှိတော့ပါဘူး။ အချုပ်အားဖြင့် … 🔸 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလဆန်းပိုင်းကာလများအတွင်း တောင်သူများစပါးရိတ်သိမ်းချိန်မှာ မိုးလွန်မိုး/အခါလွန်မိုး/ဖျက်မိုးဆိုတာတွေကြောင့် အနှောင့်အယှက်မဖြစ်နိုင်တော့ပါဘူး။ 🔸 ရေကြီးရေလျှံမှုတွေလဲ မရှိနိုင်တော့တာကြောင့် နွေစပါးနဲ့ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စိတ်အေးလက်အေးဆက်လက်ပြင်ဆင်နိုင်ကြပြီဖြစ်ပါကြောင်း မင်္ဂလာစကားပါးလိုက်ပါတယ်။ 🙏🙏🙏 Credit : Win Naing ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန် ၊ အောက်တိုဘာ ၂၈ ရခိုင်ပြည်တွင် AA က ပိတ်ဆို့တိုက်ခိုက်နေသည့် အမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး နိုင်ဇော်အောင် အစာငတ်ပြတ်ပြီး သေဆုံးသွားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယမန်နေ့အောက်တိုဘာလ ၂၇ ရက်နေ့ ညနေပိုင်းတွင် ဗိုလ်မှူးနိုင်ဇော်အောင် သည် အမ်းမြို့နယ်အတွင်းရှိ တောတွင်း တစ်နေရာတွင် စားနပ်ရိက္ခာပြတ်တောက်ပြီး အစာအိမ်သွေးကြောပေါက်သေဆုံးသွားသည်ဟု ရန်ကုန်ရှိ ကျန် ရစ်သူ မိ သားစုထံ စစ်ရုံးက တရားဝင် အသိပေး အကြောင်းကြားထားကြောင်း သိရှိရသည်။ အမ်းမြို့နယ်တွင် သေဆုံးသွားသည့် ဗိုလ်မှူးနိုင်ဇော်အောင်သည် စစ်အာဏာ သိမ်းခါစ ၂၀၂၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းမြို့ အခြေစိုက် ခမရ ၁၂ တပ်ရင်းမှ ဒုတပ်ရင်းမှူးအဖြစ်တာဝန်ထမ်းဆောင်နေသူဖြစ်ကာ ရှေ့တန်းမှာရရှိခဲ့သည့် ဒဏ်ရာကြောင့် နေပြည်တော်တွင် ဆေးကုသခံယူခဲ့ရသူဖြစ်သည်။ ယင်းနောက် ရခိုင်ပြည်နယ် အမ်းစစ်ဌာနချုပ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပြီး အာရက္ခတပ်တော် AA ၏ ထိုးစစ်အတွင်း အစာငတ်ပြတ်သေဆုံးခြင်းဖြစ်ကြောင်း၊ ၎င်းသည် စစ်အာဏသိမ်းမှုကို ထောက်ခံသူတစ်ယောက်ဖြစ်ပြီး အာဏာသိမ်းမှုကို လက်မခံသည့် ဆန္ဒပြသူများအပေါ် သဘောထား တင်းမာသူဖြစ်ကြောင်း သိရှိရသည်။ လက်ရှိ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာ၊ စေ့ချောင်းဗျူဟာ၊ မဲတောင် ဗျူဟာနှင့် နပခကို ကာရံထားသည့် တပ်စခန်းအချို့ကိုလည်း AA က သိမ်းပိုက်ထားပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်နေသည်။ ထို့ပြင်အမ်းမြို့လေယာဉ်ကွင်းကို စစ်ကောင်စီ လေယာဉ်များ လုံးဝအသုံးပြု၍ မရနိုင်စေရန် AA က ဝိုင်းရံပိတ်ဆို့…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၈ ရန်ကုန်တိုင်းအတွင်း လာမည့်နိုဝင်ဘာလအတွင်း စတင်မည့် စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တပ် သားသစ်များ ကြိုတင်စုဆောင်းရန် ရန်ကုန်တိုင်းစစ်ကောင်စီက ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ ယခုအောက်တိုဘာလအတွင်း ဖွင့်လှစ်ခဲ့သည့် စစ်မှုထမ်း အပတ်စဉ် ၆ အတွက် ရန်ကုန်တိုင်းက သတ်မှတ် လျာထားချက် ပြည့်မီစွာ တပ်သားသစ်များ စုဆောင်းနိုင်ခဲ့ပြီး ယင်းအခြေအနေကို ဆက်လက် ထိန်းသိမ်းနိုင်ရန်၊ သတ်မှတ်တပ်သားသစ်အရေအတွက်ရရှိရေး ကြိုတင် လူများ စုဆောင်းထားရန် ညွှန်ကြားခြင်းဖြစ်ကြောင်း၊ အောက်တိုဘာလ စစ်မှုထမ်း အပတ်စဉ် ၆ တွင် တချို့သော ပြည်နယ်/တိုင်းများတွင် လူအပြည့် မရခဲ့သဖြင့် စစ်သင်တန်းဖွင့်လှစ်မှု နောက်ကျမှုများရှိခဲ့ကြောင်း သိရှိရသည်။ “စစ်မှုထမ်း အပတ်စဥ် ၇ အတွက် လူကြိုရှာထားဖို့ ညွှန်ကြားလာပါတယ်။ အခုက တဖြည်းဖြည်းနဲ့ လူငယ်တွေက ရှားလာပြီ။ အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိက အချုပ်သားတွေ၊ အောက်ခြေလူတန်းစား အတော်များများ ခေါ်သွားခဲ့ပြီးပြီဆိုတော့ လာမယ့် အပတ်စဉ် ၇ အတွက် လူမပြည့်မီမှာစိုးလို့ ညွှန်ကြားချက် ထွက်လာတာထင်ပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ရှင်းပြသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးနှင့်တည်းခိုခန်းစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော လူငယ် ၄၀၀ ကျော်ကို ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်ရှိ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် စစ်မှုထမ်း အပတ်စဉ် ၆ စစ်သင်တန်းတက်ရန်အတွက် စစ်ယာဉ်တန်းဖြင့် စတင်ပို့ဆောင်ခြင်းဖြစ်ကြောင်း၊…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၈ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ၊ ရေချမ်းအိုး ရပ်ကွက်ရှိ ပြည်သူလူထု နေထိုင်သော မြေဧက ၂၀၀ ကျော်ကို စစ်တပ်က သိမ်းပိုက်ရန်ကြိုးစားနေပြီး ယင်းမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ မန္တလေးတိုင်း ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ်အရှေ့ ရပ်ကွက်ကြီး ၁၂ ရေချမ်းအိုးရပ်ကွက်အတွင်း မြေဧက ၂၀၀ ဒသမ ၁၄ ပေါ်ရှိ ပြည်သူလူထု အိမ် ထောင်စု‎ပေါင်း ၁၀၀၀ ခန့်နေထိုင်သည့် မြေနေရာကို တပ်ပိုင်မြေဟု နာမည်တပ်ကာ အကြမ်းဖက်စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ သိမ်းယူရန်ကြိုးပမ်းနေကြောင်း ၊ လက်ရှိအချိန်တွင် အဆိုပါ မြေနေရာတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ခန့် လူဦး ရေ ၃၀၀၀၀ ဝန်းကျင်နေထိုင်နေကြောင်း၊ အဆိုပါ ရပ်ကွက်ကို ၂၀၀၀ ပြည့်နှစ်ကတည်းက တပ်မတော်အလုပ်ရုံတည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ပြီး မြေယာပိုင်ရှင် တောင်သူများနှင့် ညှိုနှိုင်းခဲ့ဖူးကြောင်း၊ စစ်တပ်၏ အလုပ်ရုံစီမံကိန်းအတွက် မြေပိုင်ရှင် တောင်သူအများစုက လက်မှတ်မထိုးခဲ့ကြ၍ စီမံကိန်းရပ်ဆိုင်းခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် တောင်သူများက တပ်ပိုင်မြေ မဟုတ်ကြောင်း အဆင့်ဆင့် စာတင်ခဲ့သဖြင့် တပ်ပိုင်မြေမဟုတ်ပေါ်လွင်ခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်တွင် မြေကွက်များကို ပြန်လည် သိမ်းယူရန် ကြိုးစားလာခြင်းဖြစ်ကြောင်း ရပ်ကွက်နေ ပြည်သူများက…

Read More

ဂျစ်ကားစီးဖူးသလား ဂျာကစ် စာဘူးသရီးရုပ်ရှင်ကို ရှုံ့ချသူ ကိုဟာဆယ်ယွန်ပျောက်ဆုံးနေခြင်း ယခုရုပ်ရှင်နဲ့ပတ်သက်ပြီး အောက်တိုဘာ ၂၄ရက်နေ့က ကိုဟာဆယ်ယွန်က social mediaမှာ စတင်ရှုံ့ချခဲ့ပါတယ် အကြောင်းရင်းကတော့ ဇာတ်ကားနာမည် ဇာတ်ကားထဲဝတ်ဆင်ထားတဲ့ ဟိန္ဒူရိုးရာဝတ်စုံတို့က ရိုးရာယဥ်ကျေးမှုကိုပျက်ရယ်ပြုစော်ကားသလိုဖြစ်နေလို့ပါ ဇာတ်ကားထဲသုံးနှုန်းထားတဲ့စကားလုံးအသုံးနှုန်းတွေကျွန်တော်တို့မသိရသေးပါ ယခုရုပ်ရှင်လိုမျိုး အရင်တုန်းကလည်းတစ်ခြားလူမျိုးတစ်ခြားဘာသာယဥ်ကျေးမှု လူလူချင်းခွဲခြားဖိနှိပ်တာတွေ အရံမင်းသားမင်းသမီးတွေဆိုအသားမဲတာပုတာတွေ တစ်ပါးသူအားနားချက်ကိုဖိတာ အိမ်အကူနေရာဆို တောက မိန်းကလေးတွေပဲလုပ်တယ်ဆိုတဲ့လော့ဂျစ်ရိုက်သွင်းတာ လူကြမ်းဆိုသူများသားမယားကိုဖျက်စီးရမယ်ဆိုတာလော့ဂျစ်တစ်ခုလိုဖြစ်တာ မြန်မာ့ရုပ်ရှင်မှာပြုပြင်မယ်ဆိုပြင်စရာတွေအများကြီးပါ တစ်ခြားဘာသာလူမျိုးကိုစော်ကားပြီးမှ ဟာသဆိုတဲ့စကားလုံးနဲ့ကာတာကို ကျွန်တော့်လိုပဲလက်မခံနိုင်သူတွေရှိပါတယ် အဲ့ထဲကမှကိုဟာဆယ်ယွန်ကလည်းပါဝင်ပါတယ် အသံအလှူနေရင်း သူ့ဆီကိုဖုန်းတစ်လုံးဝင်လာလို့ဖုန်းပြောမယ်ဆိုပြီး ယ‌ေန့နေ့လည်၁နာရီကျော်လောက်ကစပြီး ပြန်မလာတော့တာပါ အင်တာနက်သုံးတာတော့ မနေ့ည၇နာရီနောက်ဆုံးသုံးခဲ့တာပါ ယနေ့ညနေ၄နာရီလောက်တုန်းကဖုန်းဆက်တော့ ဖုန်းဝင်ပါတယ်မကိုင်ပါဘူး ညနေ၆နာရီကျော် ၇နာရီဝန်းကျင်လောက်ကစပြီး ဖုန်းဆက်ပိတ်သွားတာပါအခုထိလည်းအဆက်သွယ်မရသေးလို့ပါ ယခုပုံပါသူအားတစ်နေရာတွင်တွေ့ရှိပါက မိသားစု အသိမိတ်ဆွေတွေစိတ်ပူနေကြောင်းပြောပြီး ထိန်းသိမ်းထားပေးကြပါနော် မိတ်ဆွေတို့အနေနဲ့လည်း ထိုသူပျောက်ဆုံးနေကြောင်း အများသိအောင်ကူညီပေးကြပါ တစ်စုံတစ်ယောက်က ကိုဟာဆယ်ယွန်နဲ့ပတ်သက်ပြီး သတင်းရတာ သဲလွန်စရခဲ့သည်ရှိသော် ကျွန်တော့်cbကိုလာပြောပေးကြပါ အားလုံးကူညီပေးဖို့ တောင်းဆိုပါတယ်ဗျ #Edit – ပျောက်ဆုံးသူ ကိုရှိုင်းထက်အောင် မူရင်းလင့် ဆက်လက်ဖတ်ရှုရန်

Read More

BVJ /အေတီ၊ အောက်တိုဘာ၂၇၊၂၀၂၄ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ဟာ မကြာခင်အချိန်ပိုင်းအတွင်း အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်တော့မယ်လို့ BPLA ခေါင်းဆောင် မောင်ဆောင်းခက သူ့ရဲ့ ဖေ့စ်ဘုခ် စာမျက်နှာကတဆင့် သိပေးထုတ်ပြန်လာပါတယ်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။” BPLA တပ်ဖွဲ့ဟာ မြောက်ပိုင်းညီနောင်မဟာမိတ် ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ သူတို့တပ်ဖွဲ့ အများကြီးတိုးတက်လာတဲ့အတွက် ကျေးဇူးမမေ့တဲ့အကြောင်း သူက အခုလို ထပ်ဖြည့်ပြောပါတယ်။ “ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။” ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနဲ့ ဒုတိယပိုင်းမှာ ပူးးပေါင်းပါဝင်တိုက်ခိုက်ခဲ့တဲ့ BPLA တပ်ဖွဲ့ဟာ တပ်အင်အားပိုမိုကြီးထွားအောင် ကြိုးစားနေပီး တပ်သားသစ်တွေ စိစစ်ရွေးချယ်ခေါ် ယူနေတဲ့ အကြောင်း BPLA တပ်ဖွဲ့ စာမျက်နှာကတဆင့် အောက်တိုဘာ၁၃ရက်နေ့က ဖိတ်‌ခေါ်ထားပါတယ်။ ဓာတ်ပုံ- BPLA ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာမိတ်(၃)ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ Maung Saungkha ဆက်လက်ဖတ်ရှုရန်

Read More

(ထန်တလန်)၊ အောက်တိုဘာ ၂၇ ရက် ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းအများစုကို ပြန်လည်လက်လွှတ်ခဲ့ရကြောင်းသိရသည်။ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ “ အခုလက်ရှိ ထန်တလန်မြို့မှာ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က တပ်စခန်းအကုန်လုံးနီးပါးပြန်လည် လက်လွှတ်လိုက်ရတယ်။ စုစုပေါင်း လေးခုလောက်ရှိမယ်။ အခု အော်တိုတောင်ကုန်း တစ်ခုကိုပဲ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က ထိန်းချုပ်ထားတယ်။ ဟားခါးကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းလည်း ထန်တလန်မြို့ထဲ ဝင်နိုင်ပြီ” ဟု မြေပြင်သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီတပ်က အော်တိုတပ်စခန်း(C3)၊ C2 အပါအဝင် အခြားတပ်စခန်းတို့ကို ထပ်မံရရှိထားပြီး လက်ရှိအချိန်အထိ ထန်တလန်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး မြေပြင်မှ ထိုးစစ်ဆင်နေကာ ဟားခါးမြို့မှ လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ပစ်ကူပေးနေကြောင်း သိရသည်။ ဧရာဝတီတိုင်းမ်

Read More