Author: Ka K

ရန်ကုန်၊ အောက်တိုဘာ ၂၁ ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များအပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သော ပန်ဝါမြို့မှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ “လက်နက်ကြီးငယ်က ၅၀၀ ကျော်တယ်။ ခဲယမ်းတွေကတော့ ရေတွက်လို့ကို မကုန်ဘူး။ များချက်က ရက်စက်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ကန်ပိုက်တီးမြို့တွင် လက်နက်ခဲယမ်းနှင့်စစ်အင်အားတချို့ ဖြည့်တင်းနေကြောင်း သိရှိရသည်။ တရုတ် – မြန်မာနယ်စပ် ကန်ပိုက်တည်ဒေသရှိ နယ်ခြားစောင့်တပ် (၁၀၀၃)ဌာနချုပ်ကို KIA သိမ်းပိုက် ▪️ကန်ပိုက်တည်မြို့ရှိ ခလရ(၁၅)စခန်းကိုလည်း သိမ်းပိုက်ပြီးဟုဆို တရုတ် – မြန်မာနယ်စပ်မြို့ ကန်ပိုက်တည်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် – BGF (၁၀၀၃)တပ်ရင်းကို ယနေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ အောက်တိုဘာတတိယပတ်အတွင်းက…

Read More

“ဒီနေ့စပြီ..မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခု….” လေဖိအားနည်းရပ်ဝန်း 98B INVEST update အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ ==== 🔸 အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။ 🔸 အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။ 🔸 အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။…

Read More

ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ KIA ပူးပေါင်းတပ်များ တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် တရုတ်ဘက်သို့ ထွက်ပြေးရာ KIA က နယ်စပ်တွင် ဖမ်းဆီးရရှိခြင်းများပင်ရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ပြီဟု သိရသည်။ “ည (၁၂)နာရီလောက်မှာပဲ မြို့ထဲကို KIA က နေရာဝင်ယူလိုက်တာ။ စစ်ကောင်စီတပ်သားတွေက မရှိတော့ဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ ဖမ်းမိတာတွေလည်းရှိတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ် က Tachileik News Agency ကိုပြောသည်။ ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လှုပ်ရှားစစ် ဗျူဟာမှူး ရဲခေါင်မှာ…

Read More

“မုန်တိုင်းမိုးတဲ့ဟေ့စုစုစံသတိပေးပြီရန်ကုန်အပါအဝင်တိုင်းနဲ့ပြည်နယ် 6ခုမှာကြမ်းမယ်”

Read More

အောက်တိုဘာ ၂၀၊The Nation Voice သတင်း-015 စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ အမျိုးသားတွေကို ဏာသိမ်းစစ်တပ်ရဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မန္တလေးမှာ စစ်မှုထမ်းဖို့ ပို့ဆောင်လိုက်တယ်လို့ ဖမ်းဆီးခံခဲ့ရတဲ့ မိသားစုဝင်တွေ ထံကသိရပါတယ်။ အောက်တိုဘာ ၁၅ ရက်နေ့က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခဆီကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်လာပြီးနောက်မှာ စစ်မှုထမ်းဖို့ အဓမ္မဖမ်းဆီးထားတဲ့ အမျိုးသားတွေအနက်က ၇၈ ဦးကို မန္တလေးမြို့မှာ စစ်မှုထမ်းဖို့ စေလွှတ်ခိုင်းတဲ့ အမိန့်ပေးခဲ့တာကြောင့် အောက်တိုဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ပို့ဆောင်လိုက်ပြီလို့ ဖမ်းဆီးခံထားရတဲ့ မိသားစုဝင်တွေဆီက စုံစမ်းသိရပါတယ်။ “အထုပ်တွေပြင်ပြီး ချက်ခြင်းသွားရတာ မန္တလေးဘက်ကနေ သံပြားကာကားတွေနဲ့ လာခေါ်တာ။ သူတို့ထားရာနေ စေရာသွားရတာပေါ့ဗျာ သီတင်းကျွတ် လပြည့်နေ့ကြီးမို့ထင်တယ် လမ်းပိုင်းတလျောက် မိုင်းဆွဲခံရတာတော့ မဖြစ်ခဲ့ပါဘူး”လို့ ဖမ်းဆီးခံလိုက်ရတဲ့ အမျိုးသားတစ်ဦးရဲ့ မိသားစုဝင်က The Nation Voice ကို ပြောပါတယ်။ စစ်မှုထမ်းဖို့ မုံရွာကနေ မန္တလေးကို စေလွှတ်ရာမှာ စစ်ယူနီဖောင်းနဲ့ ကျည်ကာအင်္ကျီသာ ပေးထားပြီး လက်နက်တစ်လက်မှ မပေးဘူးလို့ သူကဆက်ပြောပါတယ်။ စေလွှတ်ခံရတဲ့ အမျိုးသား ၇၈ ဦးအနက်မှာ ၅၀ ကျော်ဟာ စစ်သင်တန်း တစ်လနီးပါး တက်​ထားရသူတွေဖြစ်ပေမယ့် ကျန်တဲ့ ၂၀ ဦးကတော့ စစ်သင်တန်းမတက်ရသေးတဲ့ သူတွေလို့ သိရပါတယ်။ စေလွှတ်ခံရသူတွေဟာ အောက်တိုဘာ ၁၇ ရက်နေ့ နေ့လည် ၁ နာရီကျော်မှာ မန္တလေးမြို့ကို ရောက်ရှိသွားပြီး နန်းတွင်းမှာရှိတဲ့ အလယ်တိုင်း စစ်ဌာနချုပ်ထဲမှာ…

Read More

အီယိုရီ/People’s Spring မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးအား တိုက်ခိုက်သည့်လုပ်ရပ်များကို ကန့်ကွက်ရှုံ့ချကြောင်း NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။ အကြမ်းဖက်စစ်အုပ်စုသည် အမျိုးသားရေးလှုပ် ရှားမှု အမည်ခံ၍ တရုတ်ဆန့်ကျင်ရေး ဆန္ဒ ပြပွဲများ၊ ဆန့်ကျင်လှုပ်ရှားမှုများ ဆောင်ရွက်နေသကဲ့သို့ တချိန်တခါက တရုတ်-မြန်မာပဋိပက္ခ ဖြစ်ပွားစေခဲ့သည့် လက်သည်တရားခံဖြစ်ကြောင်းကိုလည်း ထပ်လောင်းသတိပေးလိုဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(အောက်တိုဘာ ၁၉ရက်) ဖော်ပြသည်။ အမျိုးသားညီညွတ်ရေးအစိုးရသည် သဘောထားမတူကွဲပြားမှုများ ရှိခဲ့ပါကလည်း သံတမန်နည်းအရ ညှိနှိုင်းဆွေးနွေးအဖြေရှာသည့် နည်းလမ်းဖြင့်သာ ဆောင်ရွက်မည်ဖြစ်သကဲ့သို့ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံအားလုံးနှင့် ချစ်ကြည် ရေး၊ကောင်းမွန်သောဆက်ဆံရေး၊ပြည်သူ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးကိုသာ အစဉ်တစိုက်ဦးတည်သွားမည်ဟု ဖော်ပြသည်။ ထို့အပြင် အိမ်နီးချင်းနိုင်ငံများ၏ ပုံရိပ်ကို ထိခိုက်စေမည့် ကိစ္စရပ်များ၊ လူမျိုးရေး၊ဘာသာရေး အမုန်းတရားဖြစ်ပွားစေမည့် ကိစ္စရပ်များ၊ ဆောင်ရွက်ချက်များကို ကန့်ကွက်ရှုံ့ချကြောင်း ဆက်လက်ဖော်ပြသည်။ မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရသည့် ဖြစ်ရပ်‌ကြောင့် လူမျိုးရေးအမုန်းတရားပဋိပက္ခ ဖြစ်ပွားမည်ကိုလည်း NUG က အထူးပင်စိုးရိမ်ကြောင်းနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားစေမည့် မည်သည့်လုပ်ရပ်မျိုးကိုမဆို အစဉ်တစိုက်ဆန့်ကျင်သွားမည်ဟု အသိပေးသည်။ NUG နိုင်ငံခြားသည် ၂၀၂၁ ဧပြီလကတည်းက အိမ်နီးချင်းနိုင်ငံများ အပေါ်သဘောထားကြေညာချက်ကို ထုတ်ပြန်ထားသကဲ့သို့ ၂၀၂၄ ဇန်နဝါရီလတွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်စပ်လျဥ်းသည့်မူဝါဒကို ထုတ်ပြန်ကြေညာထားကာ အဆိုပါ ထုတ်ပြန်ထားသည့် မူဝါဒသဘောထားများအတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု ဆိုသည်။ စစ်ကောင်စီကလည်း မန္တလေး တရုတ်ကောင်စစ်ဝန်ရုံးပေါက်ကွဲမှုဖြစ်စဉ်ကို ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ထားပြီး အကြမ်းဖက်သမားများကို ဖမ်းဆီးရမိနိုင်ရေးစုံစမ်းနေကြောင်းနှင့် လိုအပ်သောလုံခြုံရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း ဆိုသည်။ တရုတ်ကောင်စစ်ဝန်ရုံးသည် မန္တ​လေးမြို့တွင်စစ်​ကောင်စီတပ်လုံခြုံ​ရေးအများအပြားချထား​သော​နေရာတွင်တည်ရှိသည်။ (တရုတ်ကောင်စစ်ဝန်ရုံး အနီးစစ်​ကောင်စီတပ်က…

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၉ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၁၂ နာရီ ၂၀ မိနစ်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း နှင့် စွယ်တော်လမ်းထောင့်ရှိ အကြမ်းဖက် စစ်တပ်ဝင်း အဝင်ဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ တော်လှန်ရေး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကို God’s Hand Forces (GHF) အဖွဲ့က ” M 043 စစ်ဆင်ရေး ” ၏ တစ်စိတ်တစ်ဒေသ အဖြစ် အဌမ အကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြတွင် အကြမ်းဖက် စစ်ကောင်စီအနေနှင့် လုံးဝအုပ်ချုပ်ခွင့်မရ ၊ စစ်ကောင်စီ၏ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ တိုက်ခိုက်နေခြင်းကြောင့် ပြည်သူ အနေဖြင့် စစ်ကောင်စီနှင့် ပတ်သတ်သော ဒေါက်တိုင်များ ၊ လုပ်ငန်းဌာနများ ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် God’s Hand Forces (GHF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

Read More

အောက်တိုဘာ ၁၈ ၊ ၂၀၂၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ လေးကေ့ကော်မြို့သစ်အနီးက စစ်ကောင်စီရဲ့ စွယ်တော်ကုန်းအမြောက်တပ် စခန်းသိမ်းတိုက်ပွဲကနေ ပြန်လာတဲ့ ကော်ဘရာစစ်ကြောင်း ၂ (Venom) စစ်ကြောင်းက ရဲဘော်တွေကို ပြည်သူတွေက အောင်သပြေနဲ့ ကြိုဆိုခဲ့တယ်လို့ အဆိုပါစစ်ကြောင်းက ဓာတ်ပုံတွေနဲ့အတူ ထုတ်ပြန်ဖော်ပြထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် မစခ−၆၀၆ လက်အောက်ခံ အမြောက်တပ်ဖွဲ့ ပူးတွဲတာဝန်ယူထားတဲ့ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ဦးဆောင်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့က (၇) လကြာ ဝန်းရံ ပိတ်ဆို့ပြီးနောက် အောက်တိုဘာလ (၁၇) ရက် မနက်အစောပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါ။ စွယ်တော်ကုန်း နယ်စပ်ခြေကုတ်အမြောက်စခန်းဟာ ၂၀၀၃ ခုနှစ်ကစလို့ ထိုင်း−မြန်မာ နယ်စပ်တပ်စခန်းအဖြစ် စတင်တပ်စွဲခဲ့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) လက်အောက်ခံတပ်တွေ တာဝန်ယူခဲ့သလို ၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ် အာဏာသိမ်းချိန်ကစလို့ တပ်မ (၂၂)၊ တပ်မ (၄၄) နဲ့ ကမ်းရိုးတမ်းတပ်တွေပါ လာရောက်တပ်စွဲခဲ့တဲ့ တပ်စခန်းတစ်ခု ဖြစ်တယ်လို့ KNU က ဆိုပါတယ်။

Read More

ကန်ပိုက်တီဒေသရှိ နယ်ခြားစောင့်တပ်(၁၀၀၃) တပ်ရင်းဌာနချုပ်ကို KIAသိမ်းပိုက် ▪️ကန်ပိုက်တီနှင့် ပန်ဝါဒေသရှိ စစ်ကောင်စီလက်အောက်ခံတပ်စခန်း ၅ခုထက်မနည်း ယနေ့သိမ်းပိုက် ▪️တိုက်ပွဲကြောင့် ပန်ဝါဒေသခံများ စစ်ဘေးရှောင်ရန် ကြိုးပမ်း၊ တရုတ်ဘက်က ပေးမဝင်၍ နယ်စပ်ဂိတ်၌ စုပြုံနေ ဟန်နွေ/People’s Spring ကချင်ပြည်နယ် ကံပိုက်တီဒေသ စင်ကြိုင်ကျေးရွာအနီးရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၃) တပ်ရင်းဌာနချုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ အောက်တိုဘာ ၁၅ရက်တွင် ပန်ဝါမြို့အနီး လုပီဒေသ အခြေစိုက် နယ်ခြားစောင့်တပ် BGF (၁၀၀၂) တပ်ရင်းဌာနချုပ်ကို KIAက သိမ်းပိုက်ပြီးနောက် ကန်ပိုက်တည်-ဆဒုံးကြားရှိ (၁၀၀၃)တပ်ရင်းကို ယနေ့တွင် ဆက်လက်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ “ဟုတ်တယ် ၁၀၀၃က ဒီညနေ ၅နာရီလောက် သူတို့က ရှင်းလင်းရေးလုပ်လိုက်တယ်။ မနက်ပိုင်းက ကာကင်းကို မနက်ပိုင်း သိမ်းလိုက်တယ်။ ညနေပိုင်းတော့ ၁၀၀၃ကို ပြန်သိမ်းလိုက်တာပေါ့။ သူတို့ ရှင်းလင်းရေးလုပ်လိုက်တာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း အမှတ်(၁၀၀၃)နယ်ခြားစောင့်တပ် (စစ်ကြိုင်)၏ ကာကင်းစခန်း သုံးခုကို သိမ်းပိုက်ထားသလို ပန်ဝါမြို့အနီး ချန်းယင်ခူး ဂိတ်စခန်း၊ ကန်ပိုက်တည် လမ်း လဖိုင်နှင့် နခတ(၁၀၀၃)ကြားရှိ ဒွန်ဘန်ခ တံတားစခန်းအား သိမ်းပိုက်ပြီး ဖြစ်ဟု အသိပေးသည်။ စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်ကလည်း (၁၀၀၃)တပ်ရင်းကို နယ်မြေရှင်းလင်းနေကြောင်း ကနဦး သတင်းရရှိသည်ဟု ယနေ့ညနေပိုင်းတွင် ပြောသည်။ KIA သည် ဆဒုံး၊ ချီဖွေ၊ ဆော့လော်မြို့များကို အပြီးသတ် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း…

Read More