ယူရစ်အက်ဆစ်ကြောင့်ဖြစ်တဲ့ ရောဂါတွေအတွက် သက်သာစေတဲ့ဆေးတစ်လက် သင့်ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါ တွေ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရာကယူရစ် အက်ဆစ်ကိုယ်ထဲမှာ များနေလို့ ဖြစ်ရတာပါတဲ့ ဒီဆေးနည်းလေးကတော့ ဂေါက်ရောဂါသာမက အစာအိမ်နာရောဂါ၊ ချောင်းဆိုးရောဂါ တွေကိုပါ ပျောက်ကင်းစေပါတယ်။ Mr. Liuရဲ့ လက်တွေ့ သောက်သုံးပြီး ပျောက်ကင်းထားတဲ့ ဆေးနည်းတစ်လက်ပါ။ သူရော သူ့အသိမိတ်ဆွေပါလက်တွေ့သောက်သုံးပြီး ရောဂါဝေဒနာခံစားရမှု့မှ ကင်းဝေးပါတယ်တဲ့။ ဘေးအန္တရယ် မဖြစ်စေတဲ့ သဘာဝ အံသြဖွယ် ဆေးတစ်လက်လည်းဖြစ်တာကြောင့်ဦးဝိနယမှ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ ဆေးနည်းလေးကတော့.. သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်မှာလှီးဖြတ်ထားပါ။ အထဲမှာရှိတဲ့ သင်္ဘောအစိတွေကို ဖယ်ထုတ်လိုက်ပါ။ ပြီးရင်တော့ဆူပွက်နေတဲ့ ရေနွေးများကို အထဲမှာ လောင်းထည့်လိုက်ပါ။ လက်ဖက်ခြောက်အနည်းငယ်ကို ထည့်ထားပါ။ လှီးထားတဲ့ ထိပ်ပိုင်းနဲ့ ခဏလောက်ပြန်ပိတ်ထားပါ။ ဖွင့်ရလွယ်ကူအောင် သွားကြားထိုးတံလေးနဲ့ထိပ်ကို ထိုးထားရင် ပိုပြီး အဆင်ပြေပါတယ်။ ဒီသင်္ဘောသီးစိမ်း လက်ဖက်ရည်နွေးကို နေ့စဉ်သောက်သုံးပေးခြင်းဖြင့်ယူရစ်အက်ဆစ်မြင့်မားမှု့ကြောင့် ခံစားနေရတဲ့ ဂေါက်ရောဂါ၊ အဆစ်ရောင်ရောဂါတွေကို၊ သက်သာပျောက်ကင်းစေပါတယ်။ သင့်ရဲ့ ယူရစ်အက်ဆစ် ပုံမှန်အခြေအနေဖြစ်သွားရင်တော့ ရောဂါဟောင်းဖြစ်ပွားမှု့မှ ရှောင်ရှားရန် တစ်လကို ၁-၃ ကြိမ်ထိ သောက်သုံးပေးပါ။ မိတ်ဆွေများအားလုံးရောဂါကင်းဝေးပြီး ကျန်းမာပျော်ရွင်တဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေနော်။ ဦးဝိနယတော့ လက်တွေ့သောက်သုံးနေပါပြီ။ သင်္ဘောသီးလေးက ရေနွေးမာ့ခွက်တခွက်စာ ကွက်တိဆန့်တာမို့ တော်တော်လေးကို အဆင်ပြေပါတယ်ဗျာ..။ ဦးဝိနယ(နတ်မောက်နယ်ဘွား)
Author: Ka K
“ခြင်္သေနဲ့ကျားအတူထားဆွေသားမိတ်ဖက် စီးပွားတက်” မိမိအိမ် မိမိစျေးဆိုင်စီးပွားတက်စေဖို့ ငွေရှာရလွယ်ကူစေဖို့ အင်္ဂါနံ ဆန်နဲ့ တနင်္လာနံငွေ ကို အတူယှဉ်တွဲထားရပါတယ်။ ဖန်ခွက်နဲ့ဖြစ်စေ ၊ လင်ဗန်းနဲ့ဖြစ်စေ၊ ကြွေပန်းကန်နဲ့ ဖြစ်စေ၊ ပြည်တောင်းနဲ့ဖြစ်စေ ဆန်နဲ့ငွေကို အတူယှဉ်တွဲထားပြီးဓာတ်ဆင်ထားရပါတယ်။ ပြုလုပ်ရမယ်အချိန်က- မိမိမွေးနေ့၉နာရီမှ ၁၀နာရီခွဲအတွင်း ပြုလုပ်ပေးပါ ၁လလုံး အိမ်မှာဆိုလည် အဆင်ပြေသော နေရာလေးမှာထားပေးပါ။ စျေးဆိုင်မှာဆိုလည်း လူမြင်သာတဲ့ကောင်တာမှာ တင်ထားပေးလို့ရပါတယ်။ ၁လပြည့်ပါက အိတ်တစ်ခုထဲ ဆန်ကောငွေကော ရောထည့်ပြီး မည်သူကို မဆို ဒါနကုသိုလ်အဖြစ် လှူဒါန်းနိူင်ပါတယ်။ ထိုသို့လှူ ဒါန်းပေးခြင်းဖြင့် သင်တို့ရဲ့မိတ်ဖက်ဆွေသားဆိုတဲ့ စီးပွားကို အထူးတိုးတက်စေပါတယ်။ နောက်လတွင်လည်း ဒီအတိုင်းထပ်မံ ဓာတ်ဆင် ထပ်မံလှူ ဒါန်းပေးပါ။ မေတ္တာဖြင့် ပြန်လည်မျှေ၀ပါသည်။ကောင်းကျိုး ကိုယ်၌ တည်ပါစေ။ ဓမ္မတရားဖြင့် အလင်းဆောင်သူ ဖြစ်ပါရစေ။ Credit – မူရင်းရေးသားတင်ပြသူ
တမာပင်က နို့ရည်ထွက်တယ်ဆိုတာ အမှန်တရားလား၊ စဉ်းစားစရာ မေးခွန်းတွေကတော့ နှစ်တိုင်း ဒီအချိန်ရောက်တိုင်း တမာပင်ကနေ နတ်ကြီးလို့ နို့ရည်ထွက်တယ်ဆိုတဲ့ စကားတွေ ကြားနေရပါတယ်။ ဒါပေမယ့် တကယ်တမ်း နို့စစ်စစ် ဖြစ်နိုင်ပါသလား၊ သိပ္ပံနည်းကျ ဘယ်လိုရှင်းပြနိုင်မလဲ၊ ဘာသာရေးအယူအဆနဲ့ရော ဘယ်လိုသဘောထားကြမလဲ၊ သိပ္ပံနည်းကျ စဉ်းစားကြည့်ရင် တိရစ္ဆာန်နို့ရည်စစ်စစ်မှာ အောက်ပါဓာတ်တွေ ပါဝင်ပါတယ်။ ပရိုတင်းများ၊ အဆီဓာတ်များ၊ ကာကွယ်ရေးပရိုတင်းများ၊ ဗီတာမင်များနဲ့ သတ္တုဓာတ်များ တမာပင်က ထွက်တဲ့အရည်က ပင်စည်ထဲက သိုလှောင်ထားတဲ့ ရေသာဖြစ်ပါတယ်။ ဘက်တီးရီးယားကြောင့် ဖြစ်တဲ့အကျိတ်ကနေ စိမ့်ထွက်လာတာပါ။ တပတ်လောက်သာ ကြာတတ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ (၁) တမာပင်ကြီးတွေက အမြစ်ကနေရေကို စုပ်ယူသိုလှောင်ထားပါတယ်။ (၂) ဘက်တီးရီးယားကြောင့် အကျိတ်တွေဖြစ်လာပါတယ်။ (၃) စိုထိုင်းဆများချိန်မှာ အကျိတ်တွေကွဲပြီး အရည်ဖြူဖြူတွေ ထွက်လာတာပါ။ ပြောချင်တာကတော့ တမာပင်က နတ်ကြီးလို့ နို့ရည်ထွက်တယ်လို့ ယုံကြည်နေတာဟာ သိပ္ပံနည်းကျ မဟုတ်သလို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သရဏဂုံတရားကိုလည်း ထိခိုက်စေပါတယ်။ စဉ်းစားကြည့်ရအောင် သဘာဝတရားကို သိပ္ပံနည်းကျ လေ့လာခြင်းက ပိုမိုကောင်းမွန်ပါတယ်။ အယူအစွဲတွေကို ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့အသိပညာကို ဝေမျှခြင်းက ပတ်ဝန်းကျင်အတွက် အကျိုးရှိပါတယ်။ #တမာပင် #နို့ရည်
ဆီးချိုဖြစ်တာ နှစ်၂၀ ရှိပြီဖြစ်တဲ့ အမေ ပျောက်တဲ့အတွက် ဆေးနည်းဒါနပြုတာပါ။ ဤဆေးနည်းကိုဖြန့်ဝေပါတယ် လိုအပ်သော ပစ္စည်းမှာ ရဲယိုရွက် နှင့် ဥသျှစ်သီးပါ ။ ” ပြုလုပ်ပုံ ” ရဲယိုရွက် ၉ ရွက် နှင့် ဥသျှစ်သီး ၂ လုံး ကို ရေနှင့်ပွက်ပွက်ဆူအောင် ကျိုပါ ။ ရေ ၆ ပုလင်း သို့ ၁၀ ပုလင်း ခန့် နှင့် ထည့်ကျိုပါ။ ပွက်ပွက်ဆူပြီး အရောင်ရင့်ရင့် ပယင်းရောင်ဖြစ်လျှင် ရပါပြီ ။ တရက် လက်ဖက်ရည်သောက်ခွက်၂ခွက်ခန့်သောက်ပါ။ မနက်တခွက် ညတခွက်သောက်ရပါမယ် ။ အမေ ပျောက်တဲ့အတွက်ဆေးနည်း ဒါနပြုတာပါ။ ဥသျှစ်သီး အစိုဖြစ်စေ အခြောက်ဖြစ်စေ သုံးစွဲနိုင်ပါသည်။ ဆီးချိုအတွက်သောက်သုံးရန်ဖြစ်ပါတယ် ။ ပိုစ့်တင်သူရဲ့မိခင်နှစ်၂၀ကျော်ဆီးချိုရောဂါဖြစ်နေတာ ရဲယိုရွက်နဲ့ဥသျှစ်သီးခြောက်နှစ်မျိုး ကျိုချက်ပြီး မနက်တခွက် ညအိပ်ရာဝင်တခွက် သောက်ရပါတယ် ။ တခါချက်လျင် ၃ရက်၄ရက်စာ ချက်ရပါတယ် ။ ဥသျှစ်သီး နှင့် ရဲယိုရွက် ကို အစိုရရ အခြောက်ရရ အာနိသင်ရှိတာ တူပါတယ် ။ ။ ဥသျှစ်သီး၏ ကျန်းမာရေး စွမ်းပကား ရှေးကတည်းက ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြပါတယ်။ ဥသျှစ်သီးက မှည့်သွားတဲ့အခါ ဆေးဖက်ဝင်တန်ဖိုးက အလွန်မြင့်တက်သွားပါတယ်။ ဥသျှစ်သီးက အနံ့မွှေးပြီး အေးမြကာ ဝမ်းပျော့ပျော့သွားစေတဲ့အာနိသင်ရှိပါတယ်။ ဒါ့အပြင် ဗီတာမင်စီချို့တဲ့လို့ ဖြစ်တဲ့ရောဂါ (Scurvy) မဖြစ်အောင် ကာကွယ်ကုသရာမှာလည်း အသုံးဝင်ပါတယ်။ အစာအိမ်ကို သန်စွမ်းစေသလို အစာအိမ်ရဲ့လုပ်ငန်းဆောင်တာတွေကိုလည်း…
အဥ္စနလီညှင်း(လေး၀တီFM) ၁၂ ၊ဇန်န၀ါရီ ၊၂၀၂၅ မကွေးတိုင်း ငဖဲမြို့နယ် ထဲက ဂုတ်ကြီးဗျူဟာကို အာရက္ခတပ်တော်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်း ထိုးစစ်ဆင်လျှက်ရှိတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၁၁ ရက်ညပိုင်းက စပြီး ဂုတ်ကြီးကျေးရွာ၊ လင်းတဲ ကျေးရွာနဲ့ စွန်တက်ကျေးရွာတွေမှာ အခြေစိုက်ထားတဲ့ ဗျူဟာစခန်းနဲ့ ကာကင်းစခန်းတွေကို AA နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ “တိုက်ပွဲဖြစ်နေတာမနေ့ညကပင် အခုလည်းဖြစ်နေတယ်၊ ဂုတ်ကြီးနဲ့ အဲ့အနီးအနားက ရွာတွေ ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာကြဲနေတယ်”လို့ ဒေသခံ သတင်းရင်းမြစ်တစ်ဦး က ပြောပါတယ်။ အာရက္ခတပ်တော် AA ဟာ မကွေးတိုင်းနဲ့ ရခိုင်ရိုးမ အစပ်က တိုက်ပွဲတွေမှာ PRA(မကွေး) ၊အရှိုချင်းကာကွယ်ရေးတပ်(ACDF) စတဲ့ မဟာမိတ်အဖွဲ့တွေနဲ့ ပူးတွဲစစ်ဆင်ရေးတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ “အခုတိုက်ပွဲဖြစ်နေတဲ့ ဂုတ်ကြီးမှာက အဓိက ဗျူဟာစခန်းကုန်းကြီးရှိတယ် ။ အမြှောက်တပ်အထိုင်ချထားတယ်။ ရဲစခန်းတွေ လည်းရှိတယ် ပဒါန်းမြို့က လာရင် အမ်းရိုးမကို မတက်ခင် လမ်းပိုင်းပေါ်က ရွာကြီးလည်းဖြစ်ပါတယ်” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။ အဲ့ဒီ ဂုတ်ကြီး အမြှောက်စခန်းမှာ စစ်ကောင်စီအင်အား ၂၀၀ ကျော်နဲ့ အထိုင်ချထားပြီး ငဖဲမြို့နယ်၊ ပဒါန်းဘက်ကို စစ်ကျွံ မလာအောင် ကာကင်းတွေလည်းအထပ်ထပ်ကာထားတယ်လို့ ဒေသ သတင်းရင်းမြစ် က ဆိုပါတယ်။ စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ထွက်ပြေးလာတဲ့ စစ်ရှောင်တွေ ကို ပဒါန်းဘက်ကို အဝင်မခံဘဲ လမ်းပိုင်းတွေကိုလည်း ပိတ်ဆို့ထားတာဖြစ်ပါတယ်။ လေးဝတီ…
ဂမုန်းဆိုတဲ့ အပင်မျိုးနွယ်လေးကတော့ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းတဲ့အပင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥရှိတဲ့ အပင်များစွာကို ဂမုန်းလို့ခြုံငုံ ခေါ်ဝေါ်ကြပြီးတော့ တချို့ဂမုန်းပင်တွေက အပင်ကြီးတွေမှာ တွယ်ကပ်ပေါက်တက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရှေးခေတ်က မြန်မာလူမျိုးတွေဟာ ဂမုန်းပင်လေးတွေကို စီးပွားလာဘ်လာဘ တိုးတက်ဖို့၊ ရာထူးအာဏာ တိုးတက်ဖို့၊ ဧည့်ကောင်းဆောင်ကောင်းလာဖို့၊ မီးကွင်းဖို့၊ သူခိုး-ဓားပြ အန္တရာယ်ကင်းဖို့ ဆိုပြီး ခြံဝန်းထဲမှာ စိုက်ပျိုးခဲ့ကြသလို အခုခေတ်မှာတော့ အိမ်တွင်းအပင်လေးတွေ အဖြစ်ပါ စိုက်ပျိုးလာကြပါတယ်။ ဒါက ပြဿနာမဟုတ်ပေမယ့် ဂမုန်းပင်တွေထဲမှာမှ အိမ်တွင်းမှာ လုံးဝမစိုက်ပျိုးသင့်တဲ့ အပင်တွေကလည်း ရှိနေပါတယ်။ အဲအပင်(၃)မျိုးကို စိုက်ပျိုးရေးဝါသနာရှင်တွေ သထိထားဆင်ခြင်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ၁။ ဆင်စွယ်ဂမုန်း ဆင်စွယ်ဂမုန်းကတော့ မြေကြီးမှ တစ်ပင်ချင်းပေါက်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ဒန့်သလွန်သီးနဲ့ အပင်ချင်းတူပါတယ်။ ဆင်စွယ်ဂမုန်းဟာ စိုက်ပျိုးသူကို စီးပွားလာဘ်လာဘဖြစ်စေတဲ့ ဂမုန်းမျိုးမဟုတ်ပဲ အမျိုးသားတွေ ဒီအပင်ကို ကျော်ဖြတ်မိပါက အူကျခြင်းကို ဖြစ်စေတက်တယ်လို့ တချို့ကလည်း ပြောကြပါတယ်။ ဒါ့အပြင် ငါးရံ့၊ ငါးကွင်းနှင့် ဆင်စွယ်တစ်ထောင့် ရောချက်ပါက ဒူလာသွေးဝမ်းပျက်တယ်လို့လည်း ပြောကြပါတယ်။ ဆင်စွယ်ဂမုန်းစိုက်ပျိုးပြီး စီးပွားတက်လာပါက တစ်ဦးနဲ့တစ်ဦး အကြောင်းမရှိပဲ ရန်လိုခြင်း၊ မိသားစုအတွင်း ပြဿနာအမျိုးမျိုးဖြစ်ရခြင်း၊ မှုခင်းတစ်ခုခု ဖြစ်တက်ခြင်း၊ ဘေးရန်များခြင်း စတဲ့ စိတ်သောကမျိုးစုံဖြစ်ပွားတက်တဲ့ ဂမုန်းပင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဂမုန်း စိုက်ပျိုးသူတွေအနေနဲ့ ဆင်စွယ်ဂမုန်းကိုတော့ အထူးရှောင်ကြဉ်စေချင်ပါတယ်။ ၂။ ဆင်ဂမုန်း ဆင်ဂမုန်းရဲ့ အရွက်ဟာ ကွမ်းရွက်နဲ့ပုံစံတူပြီးတော့ အရွက်ထူပြီး အစိမ်းရံကို အဝါဖောက်ထားတဲ့ ပုံစံမျိုးပါ။ ဒီဂမုန်းပင်ကို စိုက်မယ်ဆိုရင် စီးပွားလာဘ်လာဘတွေ တိုးတက်စေသည်မှန်သော်လည်း…
တော်လှန်ရေးပူးပေါင်းတပ်မှ ရဲဘော် ၄၀ ကျဆုံး၊ ၁၉၀ ဒဏ်ရာရ People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသရှိ စစ်ဒေသခွဲအမှတ်(၃) ဗျူဟာ ၃၂ ပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ကျော်သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် လေးဦး ကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက ယနေ့(ဇန်န၀ါရီ ၁၁ရက်)တွင် ထုတ်ပြန်သည်။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)ဗျူဟာ ၃၂ စစ်ကြောင်းများဖြစ်သော ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်းနှင့် Venom စစ်ကြောင်းတို့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ ၂၀၂၄အတွင်း ဖော်ဆောင်ခဲ့သော တိုက်ပွဲသတင်းများကို အသိပေး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ၂၀၂၄အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲပေါင်း (၈၈) ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ရင်း၊ ဗျူဟာ (၁)ဗျူဟာနှင့် ကာကင်းတပ်စခန်းငယ် (၁၁)ခုကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဖော်ပြသည်။ ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ လေကြောင်းပစ်ကူ အကြိမ် (၁၀၀)ကျော်နှင့် လက်နက်ကြီးပစ်ကူ အကြိမ်ရေ (၆,၃၇၄) ကြိမ်နှင့်အထက် ရှိခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၄၁၃ဦး သေဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့သည်ဟု အတည်ပြုရရှိကြောင်း၊တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၄၀ဦး တိုင်းပြည်အတွက်မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၁၉၀ဦး ရှိခဲ့ကြောင်း ဖော်ပြသည်။ သို့သော် မြေပြင်အခြေအနေအရ အတည်ပြု၍မရသော အချက်အလက်များကိုချန်လှပ်ထားသည်ဟုလည်း အသိပေးသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများစွာကိုလည်း…
ဇန်နဝါရီ ၁၁ ရက် အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းအဖွဲ့ ထိုးစစ်မှာ ရွှေသောင်းယံမြို့အထိ ရောက်ရှိလာ၍ ချောင်းသာကမ်းခြေသွားသည့် ပုသိမ်-ချောင်းသာလမ်းကို လာမည့် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ပိတ်တော့မည်ဟု သတင်းများထွက်ပေါ်နေသည်။ ရွှေသောင်ယံကမ်းခြေနှင့် ချောင်းသာကမ်းခြေတို့မှာ တစ်ဆက်တည်းဖြစ်ပြီး ဆိုင်ကယ်ဖြင့် မိနစ် ၂၀ ခန့်သာ သွားရသော ခရီးဖြစ်ကြောင်း အမည်မဖော်လိုသည့် ပုသိမ်ဒေသခံတစ်ဦးက ပြောသည်။ “မကျီးဇင်က တိုက်ပွဲတွေဟာ ရွှေသောင်ယံမြို့အထိ ရောက်နေပြီ။ AA နဲ့ PDF တပ်ဖွဲ့တွေဟာ ရွှေသောင်ယံက ထွေ/အုပ်ရုံးနဲ့ ဆေးရုံကို ထိန်းချုပ်ထားတယ်လို့ သိရတယ်။ ဒါ့ကြောင့် ချောင်းသာက လူတွေလည်း တိမ်းရှောင်ဖို့ လုပ်နေကြပါတယ်။ ချောင်းသာနဲ့ ရွှေသောင်ယံက နီးနီးလေပဲဆိုတော့လေ။ ပြီးတော့ ပုသိမ်-ချောင်းသာ ကားလမ်းကိုလည်း ဒီလ ၁၃ ရက်နေ့ စပိတ်တော့မယ်လို့ စကစ ဘက်က သတင်းတွေထွက်နေတယ်။ လမ်းပိတ်ပြီး စစ်လက်နက်၊ လူအင်အား အများအပြားပို့မယ်လို့ သတင်းတွေထွက်နေတယ်။ အခြေအနေတွေက ဆက်လက် တင်းမာလာဖို့ပဲရှိပါတယ်” ဟု ပြောသည်။ အာရက္ခတပ်တော် AA သည် ဂွမြို့သိမ်းပြီးနောက် ဧရာဝတီတိုင်းထဲက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြင့် ဧရာဝတီ-ရခိုင်အစပ်ရှိ မကျီးဇင်ကျေးရွာက စစ်ကောင်စီ စခန်းများကို ယခုရက်ပိုင်းအတွင်း သိမ်းပိုက်ခဲ့သည်။ ယင်းမှတစ်ဆင့် ပူးပေါင်းတပ်ဖွဲ့မှာ ရွှေသောင်ယံမြို့အထိ ထိုးဖောက်ဝင်ရောက်ကာ မကျီးဇင်ကတပ်ဆုတ်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ရွှေသောင်ယံကမ်းခြေ၌ ခုခံရင်း တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။ “စစ်ကောင်စီဟာ ပုသိမ်ကနေ အခု တိုက်ပွဲဖြစ်နေတဲ့ ရွှေသောင်ယံနဲ့ ငသိုင်းချောင်းမြို့ကတစ်ဆင့်…
ဇန်နဝါရီ ၁၁ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးတွင် တော်လှန်ရေး တပ်ဖွဲ့နှင့် စစ်တပ်တို့ ထိပ်တိုက် တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကား ပျက်စီးခဲ့ကြောင်း Aung San’s Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီ က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီ ၁၀ ရက်နေ့ နံနက် ၄ နာရီခန့်အချိန် ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အထိ တော်လှန်ရေး တပ်ဖွဲ့များ ရောက်ရှိလာပြီးနောက် ရွာသစ်ကျေးရွာအနီးတွင် အကြမ်းဖက် စစ်ကားနှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲအတွင်း စစ်ကားပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း သိရှိရသည်။ တော်လှန်ရေးတပ်များက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ ရှိ စိုင်ကောင်း ရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ရန် ရောက်ရှိလာစဉ် စစ်တပ်နှင့် ထိပ်တိုက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရန်ကုန်-မန္တလေး အမြန်လမ်းမကို စစ်တပ် လော်ဘီ ကျော်စိုးဦးက မိုင်တိုင်၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးဆိုတဲ့အတွက်ကြောင့် မိုင်တိုင် ၂၆၂ အမြန်လမ်းက စိုင်ကောင်းရဲစခန်းကို ဝင်ရောက် စီးနင်း တိုက်ခိုက်ဖို့ လာကြတာပေါ့။ ကျနော်တို့ ဆင်းလာတဲ့ အချိန်မှာ ရွာသစ်ကျေးရွာအနီးမှာ စစ်ကားနဲ့ ထိပ်တိုက် တွေ့တဲ့ တိုက်ပွဲဖြစ်တယ်။ ၄၀ မမ တွေ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာ…
စစ်ကောင်စီတပ်၏ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၁ ဦး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသများသို့ လက်နက်ချ ပူးပေါင်းလာကြောင်း စစ်ဒေသ ၂ ခု က ယနေ့ညတွင် ထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး ဇန်နဝါရီ ၇ ရက်က လက်နက်ချ ပူးပေါင်းလာကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ယနေ့ညတွင် ထုတ်ပြန်သည်။ ၎င်းတို့နှင့်အတူ (၈၁)မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါလှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ စစ်တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။ လက်နက်ချသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားကြောင်းကို ဖော်ပြထားသည်။ အလားတူ ဇန်နဝါရီ ၉ နှင့် ၁၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး လက်နက်အပါဖြင့် PDF တပ်ရင်းများထံ လက်နက်ချခဲ့ကြသည်ဟု NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီ ၉)တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား…