🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼🌼 (၁) “ဒါနကုသိုလ်” မနက်အိပ်ယာထမျက်နှာသစ်တော့မယ်ဆိုရင် ရေဖလားထဲကို ရေထည့်လိုက်ပါ။ မျက်စိနဲ့မြင်သာမယ့် ရင်ခေါင်းလောက်မှာ ရေဖလားကို ကိုင်ထားပါ။ ရေဖလားကို အပေါ်တော့ မမြှောက်လိုက်ပါနဲ့။ မေတ္တာပို့တဲ့အခါ အဆင်မပြေမှာစိုးလို့ပါ။ လက်ကကိုင်ထားတဲ့ရေဖလားနဲ့ ” မြတ်စွာဘုရား မျက်နှာသစ်တော်ရေ ကပ်လှူပါ၏ဘုရား။ ဘုရားတပည့်တော်ကို သနားချီးမြှောက်သောအားဖြင့် မျက်နှာသစ်တော်မူပါဘုရား” လို့ဆိုပြီး ကပ်လိုက်ပါ။ ဒါဆို ဒါနကုသိုလ်ဖြစ်သွားပါပြီ။ (၂) “ဗုဒ္ဓနုသာတိကုသိုလ်” မြတ်စွာဘုရားမျက်နှာသစ်တော်ရေ အသုံးပြုနေတုန်းမှာ အရဟံကို အနက်(၃)ခုနဲ့ ပွါးလိုက်ပါ။ အရဟံ – ကိလေသာ မြူမှုန်ပင် ကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ – ပူဇော်အထူးကို အထူးခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ – ဆိတ်ကွယ်ရာအရပ်မှာပင် မကောင်းမှုကို မပြုတော်မူသောမြတ်စွာဘုရား။ ဒါဆို ဗုဒ္ဓနုသာတိကုသိုလ်ဖြစ်သွားပါပြီ။ (၃) “မေတ္တာကုသိုလ်” ကြည်လင်နေတဲ့ရေကိုကြည့်ပြီး… ဤရေအေးမြသလို အဖေနဲ့အမေ စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့အလုပ်ရှင် စိတ်ကောရုပ်ကော အေးမြပါစေ။ ဤရေအေးမြသလို ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ စိတ်ကောရုပ်ကော အေးမြကြပါစေ။ ဤရေအေးမြသလို သတ္တဝါအားလုံး စိတ်ကောရုပ်ကော အေးမြကြပါစေ…လို့ မေတ္တာပို့လိုက်ပါ။ ဒါဆို မေတ္တာကုသိုလ်ဖြစ်သွားပါပြီ။ ဒါ့ကြောင့်ရေဖလားကို အပေါ်မမြှောက်ပါနဲ့လို့ ပြောတာပါ။ အပေါ်မြှောက်ထားရင် မေတ္တာပို့ရတာ အဆင်မပြေပါဘူး။ ရေကိုမြင်တဲ့နေရာမှာ ရေဖလားကိုထားပြီး မေတ္တာပို့ရတာက ပိုအဆင်ပြေလို့ပါ။ (၄) “မရဏာနုဿတိကုသိုလ်” ပြီးရင် ငါဒီတစ်ညတော့ အသက်ရှင်ခဲ့ပြီး။ ၀င်လေမဆုံးခင် ထွက်လေမဆုံးခင် နံနက်၊နေ့ည အချိန်မရွေး သေသွားနိုင်သည်…လို့ မရဏာနုသာတိပွါးလိုက်ပါ။ ဒါဆိုမရဏာနုသာတိကုသိုလ်ဖြစ်သွားပါပြီး။ (၅) “အသုဘဘာဝနာကုသိုလ်” မျက်စိအတွင်းမှာရှိနေတဲ့…
Author: Ka K
People’s Spring တရုတ်မင်းသား ဝမ်ကျင် ခေါ် ကျင်ကျင်တစ်ယောက် တစ်ရက်ကို သရုပ်ဆောင်ခ ဘတ် ၁၂,၀၀၀ ပေးပြီး အလုပ်အပ်မယ်ဆိုတဲ့ We Chat ပေါ်က စည်းရုံးမှုကို အမှန်ထင်ခဲ့တာက ပြသာနာအစဖြစ်ပါတယ် ။ တရုတ်နိုင်ငံမှာ လူသုံးအများဆုံး လူမှု ကွန်ယက်တခုဖြစ်တဲ့ WeChat ကနေ ဒီဇင်ဘာ ၂၄ ရက်နေ့မှာ လူတယောက်နဲ့ဝမ်း စကားစပြောဖြစ်ပါတယ် ။ ထိုင်းနိုင်ငံက GMM Grammy ဖျော်ဖြေရေးကုမ္ပဏီက ဝန်ထမ်းတစ်ဦးအဖြစ် ဟန်ဆောင်ထားတဲ့ လူလိမ်က သရုပ်ဆောင်ဖို့အလုပ်ကမ်းလှမ်းမှု အပေါ် ဝမ်တယောက်ယုံကြည်သွားပါတယ် ။ ထိုင်းနိုင်ငံမှာ ဒီအမည်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေးအပါအဝင် ဖျော်ရေးလုပ်ငန်းအစုံလုပ်တဲ့ ကုမ္ပဏီက တကယ်ရှိတာပါ ။ တရုတ်မင်းသား ကို အွန်လိုင်းပေါ်က လူကုန်ကူးသူတွေက ခေါ်ဆောင်သွားတယ်ဆိုတာကို သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ဖော်ပြတဲ့ အခါမှာထိုင်းရုပ်ရှင်ထုတ်လုပ်ရေး GMM Grammy ကလည်း ဒီဖြစ်စဥ်မှာ သူတို့ပါဝင်ပတ်သက်ခဲ့တာမရှိဘူးလို့ ကြေညာပါတယ် ။ထိုင်းရဲတပ်ဖွဲ့က လည်း အခုလိမ်လည်မှု တစ်ခုလုံးမှာ တရုတ်နိုင်ငံသားချင်းလိမ်လည် လှည့်ဖျားခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံသားတွေ ပါဝင် ပက်သက်တာမရှိဘူးလို့ဆိုထားပါ တယ် ။ အသက် ၃၁ နှစ်အရွယ် ဝမ်ကျင်ဟာ သရုပ်ဆောင်ကမ်းလှမ်းတာကို ယုံကြည်သွားတဲ့အတွက် ဇန်န ဝါရီ ၃ က်နေ့မှာထိုင်းနိုင်ငံ ဘန်ကောက်မြို့ကိုလေကြောင်းကနေသွားခဲ့ပါတယ် ။ ဘန်ကောက်မြို့ ၊ သုဝဏ္ဏဘူမိလေဆိပ်ကို ရောက်တဲ့အခါ အလုပ် ကိစ္စအတွက်ဆိုပြီး မဲဆောက်မြို့ကို ဆက်လက်ခေါ်ဆောင်ခံရပါတယ် ။မဲဆောက် မှာ ထိုင်းလူမျိုးယာဉ်မောင်းတစ်ယောက်ကလာခေါ်ပြီး မြန်မာနယ်စပ်ဘက်ခြမ်းကိုပို့ပေးခဲ့တာလို့ သိရပါတယ် ။ ဖြစ်စဥ်…
ရခိုင်ပြည်နှင့် ဗမာပြည်အား ဆက်သွယ်ထားသည့် အမ်း၊ တောင်ကုတ်နှင့် ဂွ ရိုးလမ်းပေါ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနီးပါးကို အာရက္ခတပ်တော်နှင့် မဟာမိတ်ပူးပေါင်းတပ်များကို သိမ်းပိုက်လိုက်ပြီဟု ဒေသအတွင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အမ်-ပဒါန်းလမ်းပေါ်ရှိ ရိုးမလမ်းပေါ်ရှိ တောင်စောက်စခန်းများအပါအဝင် နတ်ရေကန် တစ်ရောက်ထိ စစ်ကောင်စီစခန်းများအားလုံးကို သိမ်းပိုက်လိုက်သလို တောင်ကုတ်နှင့် ပန်းတောင်းလမ်းပေါ်ရှိ တောင်ပုံကြီး စခန်းကိုလည်း သိမ်းပိုက်လိုက်ပြီဟု ၎င်းသတင်းရင်းမြစ်က အတည်ပြုသည်။ ၎င်းပြင် ဂွ ငသိုင်းချောင်းလမ်းပေါ်ရှိ ၂၄ မိုင် အထိုင်ချထားသည့် အမြောက်စခန်း၊ ၂၅ မိုင် ဗေဒါစခန်းတို့ကိုလည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။ ဒေသ စစ်ရေးသတင်းရင်းမြစ်တစ်ခုက “ အမ်း- ပဒါန်းလမ်းပေါ်မှာဆိုရင် အမ်းနဲ့ နတ်ရေကန်ကြားမှာ ရှိတဲ့ တောင်စောက်စခန်းတွေ အပါအဝင် တရုတ်စီမံကိန်းတွေကို အစောင့်ချထားတဲ့ စခန်းတွေကို အကုန်သိမ်းပိုက်လိုက်ပြီဖြစ်ပါတယ်။ ကျန်တာက နတ်ရေကန်နဲ့ ကံမြင့်ကန်စစ်ဆေးရေး စခန်းတွေဘဲ ကျန်ပါတော့တယ်” ဟု ပြောသည်။ အဆိုပါ စစ်ဆေးရေးဂိတ် ၂ ခုတွင်လည်း ကံမြင့်ကန်စစ်ဆေးရေးဂိတ်ကို AAနှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။ “နတ်ရေကန်ကတော့ နည်းနည်းအင်အားအများပြားနဲ့ ပြင်ဆင်ထားတာမျိုးတော့ရှိတယ်။ လေယာဉ်တွေ ပစ်ကူနဲ့ ခုခံဖို့ အသေအချာပြင်ထားတယ်။ ဒါပေမယ့် ရေရှည်ဖြတ်တောက် ခံထားရရင်တော့ တောင့်ခံဖို့မလွယ်ဘူး။ အဓိက ရေအခက်အခဲရှိတယ်။ ကံမြင့်ကန်ကို ဆက်တိုက်နေတော့ ဒီနေ့လား၊ မနက်ဖြန်လား။ အဲဒီစခန်း ကျသွားနိုင်တယ်” ဟု ပြောသည်။ ရခိုင်ပြည်၊ တောင်ကုတ်- ပန်းတောင်း ရိုးလမ်းပေါ်က စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်ကြီးတောင်ပုံကြီးစခန်းကို အာရက္ခတပ်တော်(AA)မှ…
မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အရှေတောင်ခြမ်း ရှိ တင်ငုတ်ကြီးကျေးရွာမှ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက် ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တာဝန်ခံ ဦးငွေသိန်းမှာ ၎င်း၏နေအိမ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှသိရသည်။ ယမန်နေ့(ဇန်နဝါရီလ ၇ ရက်) မနက် ၅ နာရီ ၅၀ မိနစ်ဝန်းကျင်တွင် အစိမ်းရောင်ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားသူ နှစ်ဦးက နေအိမ်သို့ လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။ ၎င်းက “ နေအိမ်ရှေ့ကနေ သေနတ်နဲ့ သုံးချက် ပစ်ခတ်သွားတာ” ဟု ပြောသည်။ ဦးငွေသိန်း မှာ အသက် ၄၀ ဝန်းကျင်ရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ရင်ညွှန့်တွင် နှစ်ချက် နှင့် ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း မဇ္ဈိမကရရှိသည့် ဓာတ်ပုံများအရ သိရသည်။ ယခုဖြစ်ပွားခဲ့သည့် တင်ငုတ်ကြီးကျေးရွာ ရပ်ကျေးတာဝန်ခံ ဦးငွေသိန်း လုပ်ကြံခရမှုနှင့် ပတ်သက်၍ အမူမှန်ပေါ်ပေါက်ရေး NUG မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ ဆောင်ရွက်လျက်ရှိကြောင်း ကန့်ဘလူမြို့နယ် ရဲတပ်ဖွဲ့ ထံမှ သိရသည်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က အုပ်ချုပ်ရေးယန္တရားတည်ဆောက်ပြီး စီမံအုပ်ချုပ်နေသည့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒေသများတွင် NUG မြို့နယ်အုပ်ချုပ်ရေးအဆင့် တာဝန်ရှိသူတချို့နှင့် ရပ်ကျေးအဆင့် တာဝန်ရှိသူတချို့ လုပ်ကြံသတ်ဖြတ်ခံရမှုများ ရှိလာကြောင်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံဖြစ်သူ အသက် ၄၀ အရွယ် ဆရာဦးဝင်းဌေး၊ ဇနီးသည်နဲ့ လသားအရွယ်သမီးတို့သည် ကနီမြို့နယ် တပုန်းကျေးရွာရှိ ၎င်းတို့၏ နေအိမ်တွင်ရှိနေချိန် မိသားစုလိုက်…
ပဌာန်းအကျိုး ပဌာန်းတန်ခိုး 🙏 •••••••••••••••••• 🙏 ၁။ ဘုန်းကံပွင့်လို ပဌာန်းကို ရွတ်ဆိုပူဇော်ပါ။ ၂။ ကံဟောင်းပေါ်လို ပဌာန်းကို ရွတ်ကိုရွတ်ရမည်။ ၃။ ဘုန်းသမ္ဘာကံ ပွင့်လင်းရန် ချိန်မှန်ရွတ်သင့်သည်။ ၄။ အန္တရာယ်ကင်းပ မြတ်ဆန္ဒ ပြည့်ဝစေနိုင်သည်။ ၅။ စိတ်ဓာတ်ကြည်လင် နှလုံးရွှင် ကြည်လင်အေးမြသည်။ ၆။ အမှားကင်းစင် အမှန်မြင် ဉာဏ်လျင်ထက်မြက်သည်။ ၇။ ဥစ္စာစီးပွား ဒီရေလား ကြီးပွားတိုးတက်မည်။ ၈။ အပါယ်ဘေးမှ ကင်းဝေးပ ရောက်ရလူနတ်ပြည်။ ၉။ နတ်များဒေဝါ ချစ်ခင်ကာ လိုရာပြည့်စေသည်။ ၁၀။ ဘေးရန်ခပင်း မကပ်ခြင်း ရှောင်ကွင်းသွားစေမည်။ ၁၁။ မဂ်ဉာဏ်ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန် ခြေခံပါရမီဖြည့်ရပြီ။ ၁၂။ ဓမ္မဒါန မြတ်ပညာ ဖြည့်ရပါရမီ ပြည့်ဝပြီ။ ၁၃။ ဘုန်းမြတ်ပဌာန်း တန်ခိုးစွမ်း ငြိမ်းချမ်းပါစေ မြန်မာပြည် . #credit ယနေ့ ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဆိုနေကြသောအမျိုးကောင်းသား၊အမျိုးကောင်းသမီးသူတော်စင်များအနေဖြင့်၁။ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲ။၂။ပဋ္ဌာန်းတရားကို ပထမဦးဆုံး ဆင်ခြင်သည့်နေရာ၃။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သော အချိန်၄။ပဋ္ဌာန်းတရားကို ဟောကြားခဲ့သောနေရာ၅။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သောပုဂ္ဂိုလ်၆။ပဋ္ဌာန်းတရားကိုဟောကြားခဲ့သော ရည်ရွယ်ချက်၇။ပဋျဌာနြးတရားကိုဟောကှားခဲ့သော ရက်ပေါင်း၈။ပဋ္ဌာန်းတရားကို ပြန့်ပွားအောင်ဖြန့်ဖြူးခဲ့သော ပုဂ္ဂိုလ်၉။ပဋ္ဌာန်းတရားကျယ်ဝန်းပုံ၁၀။ပဋ္ဌာန်းတရားတော်ရွတ်ဆိုရခြင်းကြောင့် ရရှိနိုင်သော အကျိုးတရားများ၊ဤဆယ်ချက်ကိုအကျဉ်းချုပ်သိထားဖို့လိုပါတယ်။.(၁)ဘာကြောင့်ပဋ္ဌာန်းလို့ခေါ်သလဲပဋ္ဌာန်းဆိုတဲ့ ဝေါဟာရသည် ပဋ္ဌာန ဆိုတဲ့ပါဠိကနေဆင်းသက်လာတာပါ။ပဋ္ဌာန=အမျိုးမျိုးသော အကြောင်းပဋ္ဌာန=ဝေဖန်ခြင်းပဋ္ဌာန=ကျက်စားသွားလာရာသို့ ဆိုပြီး အနက်သုံးမျိုးထွက်ပါတယ်။ထို့ကြောင့်(က)။အကြောင်းအမျိုးမျိုးကိုဟောတတ်သောကြောင့် ပဋ္ဌာန်း။(ခ)။ကုသိုလ်စသော တရားတို့ကို (၂၄)ပစ္စည်းတို့ဖြင့် ဝေဖန်ထားသောကြောင့် ပဋ္ဌာန်း။(ဂ)။သဗ္ဗညုတဥာဏ်၏လွတ်လွတ်လပ်လပ် ကျက်စားသွားလာရာကျမ်းဖြစ်သောကြောင့်ပဋ္ဌာန်းဟုခေါ်ဆိုခြင်းဖြစ်ပါတယ်။(၂) ပထမဆုံး ဆင်ခြင်သည့်နေရာပဋ္ဌာန်းတရားကို မြတ်စွာဘုရား ဘယ်နေရာမှာ ပထမဦးဆုံး စတင်ဆင်ခြင်ခဲ့သလဲလို့ဆိုတော့မြတ်စွာဘုရားရှင်သည် မဟာသက္ကရာဇ် (၁၀၃)ခုနှစ်မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် (၂၁)ရက်အလွန် (၂၂)ရက်မှစ၍ ရတနာဃရ…
တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဇန်နဝါရီ ၇ ရက်နေ့ တိဘက်ရဲ့ ရှီဇန်ခရိုင်ထဲမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၅၃ ဦးထက်မနည်း စာရင်းရထားပြီး ၆၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ငလျင်ဟာ ရစ်ချ်တာစကေး ၇.၁ အဆင့်ထိ အားပြင်းခဲ့ပြီး မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာလောက်အကွာ မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုလည်း ပိုမို များပြားခဲ့ပါတယ်။ ငလျင်ကြီး အပြီးမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ရှားမှုကိုပါ တိုင်းတာ ရရှိခဲ့တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါ နိုင်ငံတွေကပါ သက်ရောက် ခံစားခဲ့ရပါတယ်။ ရှီဂတ်ဆီနဲ့ တင်ဂရီတို့လို မြို့တွေဟာ ငလျင်ဒဏ်ကို အဓိက သက်ရောက် ခံစားခဲ့ရပြီး လောလောဆယ် ဓာတ်အားနဲ့ ရေအထောက်အပံ့ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ကယ်ဆယ်ရေးတွေက အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေ ရှိသလား ဆိုတာကို အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။ ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ တင်ဂရီမှာတော့ အပူချိန်ဟာ အနုတ် ၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေပြီး…
ရန်ကုန်၊ ဇန်နဝါရီ ၇ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်တွင် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ် မှ ထွက်လာသော စစ်ကြောင်းကို ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု များပြားခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၃ ရက် နှင့် ၄ ရက်၊ ၅ ရက်နေ့တို့တွင် ရွှေဘိုမြိုနယ် အမှတ် ၈ စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ထွက်လာသော စစ်ကြောင်းကို ဝက်လက်မြို့နယ်အတွင်း တော်လှန်ရေး တပ်ဖွဲ့များက ၃ ရက်ဆက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရှိရသည်။ “စည်းလုံးညီညွတ်မှုရဲ့ အကြိုးရလဒ်ကို ဝက်လက်မြို့ မြင်စေချင်ပါတယ် ဇာမဏီဒရုန်းတပ်ဖွဲ့အနေနှင့် ဝေဟင်စစ်ဆင်ရေးမြှင့်တင်ဖို့ ၆ လက် ဒရုန်းကမ်ပိန်းလေးလည်း မပြည့်သေးပါဘူး ၄၀ ရာခိုင်နှုန်းပဲ ရှိပါသေးတယ် ” ဟု ဇာမဏီဒရုန်းတပ်ဖွဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်လရောင်က ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ထိခိုက်သေဆုံးမှု အရေအတွက်ကို အများပြည်သူ သိရှိပြီးဖြစ်ကြောင်း၊ ဇာမဏီ ဒရုန်းတပ်ဖွဲ့အနေဖြင့် ဝေဟင်စစ်ဆင်ရေးများ ဆက်လက် လှုပ်ရှားနိုင်ရန် ၆ လက် ဒရုန်း ကမ်ပိန်းကို ပြုလုပ်ထားကြောင်း၊ ၆ လက်ဒရုန်းကမ်ပိန်းမှာ ၄၀ ရာခိုင်နှုန်း ရရှိထားပြီးဖြစ်၍ ယခု စစ်ဆင်ရေးကို အကြိမ်ကြိမ်အခါခါ ပြုလုပ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အမြစ်ပြတ်စေရန် ဒရုန်း၏…
ဒီလိုအိပ်မက်တွေ မက်ပြီဆိုရင် ငွေအထုတ်လိုက်အထည်လိုက် ဝင်တော့မယ်ဆိုတာ သိထားပါ
ကလေးငယ်တွေကိုဒီလိုပုံစံထိုင်နေတာတွေ့ရင်ချက်ခြင်း တားမြစ်သင့်ပါတယ်။ သင့်ရဲ့ပတ်ဝန်းကျင်မှာ ကလေးငယ်တစ်ဦးက ခြေနှစ်ဖက်ကို အင်္ဂလိပ်အက္ခရာW ပုံစံလုပ်ပြီးထိုင်နေတာမျိုး မြင်ဖူးပါလိမ့်မယ်။ ဒါမှမဟုတ်သင်ကိုယ်တိုင်လည်းငယ်ငယ်ကဒီလိုထိုင်ခဲ့ဖူးပါလိမ့်မယ်။ ဒီလိုထိုင်နေတဲ့ကလေးငယ်တစ်ဦးကို မြင်လိုက်ရင်တော့ ချက်ခြင်းရပ်တန့်ပစ်ဖို့ ပြောသင့်ပါတယ်။ ဒီပုံစံဟာ ကျန်းမာရေးအတွက်အတော်စိုးရိမ်စရာကောင်းတဲ့ကိစ္စပါဆရာဝန်တွေရဲ့ထောက်ပြချက်အရ ကလေးငယ်တစ်ဦးက ဒီလိုပုံထိုင်နေခြင်းဟာခန္ဓာကိုယ်အောက်ပိုင်း အရိုးတွေအတွက် အတော်စိုးရိမ်စရာကောင်းပါတယ်။ ငယ်ရွယ်စဉ် ခန္ဓာကိုယ်ဖွံ့ဖြိုးနေတုန်းမှာဒီလိုထိုင်တဲ့အခါတင်ပါးရိုး၊ဒူးရိုးနဲ့ခြေမျက်စိကိုထိခိုက်ဖို့ရာခိုင်နှုန်းအရမ်းများပါတယ်။ ဒူးဆစ်နေရာမှာရှိတဲ့အရိုးနှစ်ခုဆုံချက်ဟာဒီလိုထိုင်လိုက်တဲ့အတွက်ဟန်ချက်ပျက်သွားလေ့ရှိပါတယ်။ အကျိုးဆက်ကတော့ကြီးလာတဲ့အခါအခြားကလေးငယ်တွေလိုအားကစားလှုပ်ရှားမှုကောင်းကောင်းမလုပ်နိုင်တာပါပဲ။ ဘောလုံးကစားတာလိုမျိုးလျင်လျင်မြန်မြန်လှုပ်ရှားရတဲ့နေရာတွေမှာ ကစားနိုင်မှာမဟုတ်တာပါပဲ။ ဒါကြောင့်ဒီပုံစံထိုင်နေတဲ့ကလေးငယ်တွေ့ရင်ချက်ခြင်းတားမြစ်ရမှာပါ။ Credit