“တနင်္လာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “အင်္ဂါ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “ဗုဒ္ဓဟူး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “ကြာသပတေး သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “သောကြာ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “စနေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ “တနင်္ဂနွေ သား သမီးများအတွက် တစ်ပတ်စာဟောစာတမ်းလက်ဆောင်” (၈.၁.၂၀၂၅) မှ (၁၄.၁.၂၀၂၅) အထိ
Author: Ka K
လက်ကိုင်ဖုန်းနဲ့ပတ်သက်ပြီး အရေးကြီးသည့် ကျန်းမာရေးဗဟုသုတတစ်ခုကို မိတ်ဆွေများအတွက် မျှဝေပေးချင်ပါတယ်။ဒီခေတ်မှာ ဟန်းဖုန်းများ ပေါများစွာ ပေါ်ပေါက်လာပြီး အရွယ်ရောက်ပြီးသူ လူတိုင်းနီးပါး အသုံးပြုလာနေကြပါပြီ။ လူအများဟာ အိပ်ယာ၀င်ခါနီးမှာ အများဆုံး အသုံးပြုနေကြပြီး ခေါင်းအုံးအနားမှာပဲချထားကာ အိပ်ပျော်သွားတတ်ကြပါတယ်။လက်ကိုင်ဖုန်းအတွင်းမှာပါတဲ့ နည်းပညာနဲ့ပြုလုပ်ထားပြီး သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ရေဒီယိုကြိမ်နှုန်း ထုတ်လွတ်ပေးပြီး ရေဒီယိုလှိုင်း ချုံ့၊ ချဲ့လုပ်ပေးတဲ့လှိင်းများဟာ လူတွေရဲ့ ဦးနှောက်သွေးကြောများကို ထိခိုက်စေနိုင်ပါတယ်။ pA IC ,rf IC တို့ဟာ ဖုန်းကို ပါဝါပိတ်ထားသည့်တိုင် အထဲမှာ ဆက်ပြီး အလုပ်လုပ်နေပါသေးတယ်။ ခေါင်းအုံးနားမှာ အချိန်ကြာမြင့်စွာ ချထားမိရင် ကျန်းမာရေးကို ထိခိုက်စေပါတယ်။ချက်ချင်းကြီး မသိသာပေမယ့် အစပိုင်းမှာ သတိလက်လွတ်ဖြစ်ခြင်း၊ မကြာခဏ မေ့လွယ်ခြင်းနဲ့ မှတ်ဉာဏ်ချို့ယွင်းခြင်းများကို ဖြစ်စေတတ်ပြီး ရေရှည်မှာတော့ ဦးနှောက်ကင်ဆာအထိ ဖြစ်ပွါးစေနိုင်ကြောင်း လေ့လာသူများက ဆိုထားပါတယ်။ဒါ့ကြောင့် မိတ်ဆွေတို့ကို အကြံပြုလိုပါတယ်။(၁) အိပ်ယာပေါ်မှာ ဟန်းဖုန်းကို အသုံးပြုပြီး အိပ်တော့မယ်ဆိုရင် အနည်းဆုံး (၅)ပေခန့် အကွာအဝေးမှာ ထားပြီးမှ အိပ်ပါ။(၂) ပါဝါပိတ်၊ Airplane Mode လုပ်ထားရင်လည်း မလုံလောက်သေးပါဘူး။ လက်ကိုင်ဖုန်းထဲက pA IC ,rf IC တို့ဟာ ဆက်ပြီး အလုပ်လုပ်နေသေးတာကြောင့် ဦးခေါင်းနဲ့ နီးကပ်စွာ မထာပါနဲ့။လူတိုင်း ကျန်းမာရေးဗဟုသုတများကို မှတ်သားလိုက်နာကြပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။သင့်မိတ်ဆွေများကိုလည်း Share ပေးပြီး မျှဝေပေးနိုင်ကြပါတယ်။စောနွဲ့နေဆိုင်(ပူတာအို)ကိုးကား – Why you should not sleep with your phoneစောနွဲ့နေဆိုင် – ပူတာအို
ရန်ကုန်၊ ဇန်နဝါရီ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မှတ်ထိရွာနှင့် မင်းကုန်းရွာကြားတွင် တနေကုန်နီးပါး တိုက်ပွဲဖြစ် ပြီး စစ်တပ်စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၅ တပ်ရင်း – Eagle Guerilla Force မှ ဗိုလ်ကောက်ရိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။ ဇန်နဝါရီလ ၃ ရက်နေ့က ရွှေဘိုမြို့လေ့ကျင့်ရေး ၈ ထောက်ပံ့နှင့် ပို့ဆောင်ဆက်သွယ်ရေးတပ်မှ အင် အား ၇၇ ဦးဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများသည် ချောင်းဆုံကျေးရွာ၌ တစ်ညအိပ်တပ် စွဲခဲ့ကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အလည်ကိုင်းကျေးရွာ၌ ထပ်မံညအိပ်တပ်စွဲခဲ့ကြောင်း သိရ သည်။ ထို့နောက် ဇန်နဝါရီလ ၅ ရက်နေ့တွင် အလည်ကိုင်းကျေးရွာမှ ဝက်လက်မြို့နယ်အရှေ့ခြမ်းသို့ ဆက် လက်ထွက်ခွာလာရာ မှတ်ထိရွာနှင့်မင်းကုန်းကျေးရွာကြားအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက နံနက် ၇ နာရီအချိန်မှစတင်ပြီး တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ညနေ ၄ နာရီ ခန့်အထိ ကြာမြင့်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းတစ်ခုလုံးနီးပါးပြုတ်သွားပြီး မွန်းတည့် ၁၂ နာရီ ၂၅ မိနစ်၊ ၁၂ နာရီ ၃၀ မိနစ်၊ ၁၂ နာရီ ၃၂ မိနစ်၊ ၃ နာရီ ၃၂ မိနစ် နှင့် ၃ နာရီ ၃၅ မိနစ်တို့တွင် လေကြောင်းဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဝက်လက်မြို့ပေါ်မှလည်း စစ်ကူအင်အား…
(တောင်ကုတ်တပ်မသိမ်းလိုက်ပြီဟု သတင်းထွက်နေ) သဉ္ဇာနွယ်၊ နိရဉ္စရာ၊ ဒီဇင်ဘာ ၁၃/၂၀၂၄ ရခိုင်ပြည်၊ တောင်ကုတ်မြို့ စကခ(၅)တပ်မကို အာရက္ခတပ်တော်(AA)က အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေစဉ်အတွင်းမှာ တပ်မအတွင်းကနေ တပ်ရင်းမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်သားတွေ ရာနဲ့ချီပြီးအလံဖြူထောင်လက်နက်ချနေကြတယ်လို့ သတင်းရရှိပါတယ်။ တောင်ကုတ် စကခ(၅)တပ်မတွင် တိုက်ပွဲပြင်းနေစဉ် ဒီကနေ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တပ်မအတွင်းကနေ တပ်ရင်မှူးအဆင့်အပါအဝင် စစ်ကောင်စီတပ်သားရာနဲက ချီပြီး အာရက္ခတပ်တော်ထံ အလံဖြူထောင် လက်နက်ချအညံ့ခံလာကြတယ်လို့ စစ်ရေးအခြေအနေကို အနီးကပ်စောင့်ကြည့်နေတဲ့ တောင်ကုတ်မြို့ခံ အမျိုးသား တစ်ဦးက နိရဉ္စရာကို ပြောပါတယ်။ ” တပ်မအထဲမှာက တိုက်ပွဲပြင်းထန်နေတုန်း။ အာရက္ခတပ်တော်က အင်အားအများကြီးနဲ့ဝင်တိုက်တာ ၅ ရက်လောက်ပဲ ကြာတယ်။ လက်နက်ချအလံဖြူထောင်လာကြတယ်။ အခုလက်နက်ချ အလံဖြူထောင်တဲ့ အထဲမှာ တပ်ရင်းမှူးအဆင့်တွေပါတယ်။ ဦးရေကတော့ရာနဲ့ချီပဲ ။” တောင်ကုတ်မြို့ အခြေစိုက် စကခ(၅)ကို အလံဖြူထောင် လက်နက်ချရန် အာရက္ခတပ်တော်က ပြောကြားထားပြီး တစ်ပတ်ခန့်စောင့်ကြည့်နေပေမယ့် ထူးခြားမလာတာကြောင့် ဒီဇင်ဘာ ၉ ရက်နေ့ နံနက်က စတင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချလာတာဖြစ်တယ်လို့ အဲဒီ တောင်ကုတ်ဒေသခံက ပြောပါတယ်။ တိုက်ပွဲအတွင်း စကခ(၅) တပ်မအတွင်း လက်နက်ကြီးကျည်များထိမှန်ပြီး အဆောင်တွေ မီးလောင်နေသလို စစ်ကောင်စီလေယာဉ်တွေနဲ့ အဆက်မပြတ် ဗုံးကြဲတဲ့အတွက် အပျက်အစီးတွေများနေတယ်လို့ သိရှိရပါတယ်။ စကခ(၅)ဝန်းကျင်နှင့်အနီးအနားကို ဒီကနေက ဒီဇင်ဘာ ၁၃ ရက်နေ့မှာလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ တောင်ကုတ်ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောပါတယ်။ ” တောင်ကုတ်က တပ်ရင်းတွေနဲ့ တိုက်ပွဲစဖြစ်ကတည်းက…
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ရန်ကုန်တိုင်းတွင် ကျန်းမာရေး ကောင်းမွန်သော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်မှန်သမျှကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင်မဆို လို အပ်လျှင် လိုအပ်သလို စစ်မှုထမ်းရန်အတွက် ခေါ်ယူစုဆောင်းနိုင်ပြီး ယင်းသို့ ခေါ်ယူစုဆောင်းမှု(ပေါ်တာဆွဲမှု) များမှာလည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် တရားဝင် ညီညွတ်မှုရှိကြောင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်နှင့်ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ တရားဝင် အသိပေးအကြောင်းကြားလိုက်ကြောင်း သိရှိရသည်။ ယခုဒီဇင်ဘာလဆန်းပိုင်းအတွင်း ရန်ကုန်တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်၊ ရပ် ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ အပတ်စဉ် ၈ အတွက် စစ်မှုထမ်းများ ခေါ်ယူရေးနှင့်ပတ် သက်၍ အသိပေးအကြောင်းကြားလာရာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း ကျန်းမာသန်စွမ်းသော အမျိုးသားလူငယ်မှန်သမျှသည် နိုင်ငံတော်ကာကွယ် ရေးအတွက် စစ်မှုထမ်းရန် မဖြစ်မနေ တာဝန်ရှိ ကြောင်း၊ စစ်မှုထမ်းများကို ခေါ်ယူရာတွင် သက် ဆိုင်ရာ ရပ်ကွက်/ကျေးရွာများမှ အ လှည့် ကျစနစ်ဖြင့် ခေါ်ယူနိုင်သကဲ့သို့ လိုအပ်ပါက ပူး ပေါင်းအဖွဲ့များ ဖွဲ့စည်း၍ ကျန်းမာသန်စွမ်းသော လူငယ်များကို လိုအပ်သလို စစ်ဆေး စုဆောင်းခေါ်ယူနိုင်ကြောင်း၊ ယင်းသို့ ခေါ်ယူမှုများမှာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အညီ တရား ဝင်ပြီး ဥပဒေနှင့်လည်း ကိုက် ညီမှုရှိသည်ဟု အသိပေးလာကြောင်း သိရှိရသည်။ “တချို့ ရပ်ကွက်နဲ့ ကျေးရွာတွေမှာ လူမရလို့ မြို့နယ်က စုဆောင်းခိုင်းတဲ့ စစ် မှုထမ်း လူအရေအတွက် မရဘူး။ အဲဒါ မြို့နယ် စီမံရေးကောင်စီဝင် ဗိုလ်မှူးတွေက…
ရန်ကုန်၊ ဒီဇင်ဘာ ၁၃ ဧရာဝတီတိုင်းအတွင်း တိုင်းစစ်ဌာန – ဧရာဝတီ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းလိုက်ပြီး မဟာမိတ် EROs များနှင့် လက်တွဲ၍ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများ ဝင်ရောက်နေပြီဖြစ်ကြောင်း တရားဝင်သတင်းထုတ်ပြန်သည်။ တိုင်းစစ်ဌာန – ဧရာဝတီ PDF အဖွဲ့သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၏ ကွပ်ကဲအုပ်ချုပ်မှုနှင့် ပြည်သူ့ဘက်တော်သား စစ်သည်တော်များနှင့် အတူ စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာများ အဆင့်ဆင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် တိုင်းစစ်ဌာန – ဧရာဝတီ အနေနှင့် မဟာမိတ် EROs များနှင့် အတူ လက်တွဲ ပူးပေါင်း၍ ဧရာဝတီမြေအတွင်း ထိုးဖောက်ဝင်ရောက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရှိရသည်။ ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို AA က တိုက်ခိုက်သိမ်းပိုက်လာချိန် NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်က တိုင်းစစ်ဌာန-ဧရာ၀တီ PDF ကို တရားဝင်ဖွဲ့စည်းကြောင်း ကြေညာထားရာ ယင်းကြေညာမှုကြောင့် များမကြာမီ ဧရာ၀တီတိုင်းအတွင်း တိုက်ပွဲများ အရှိန်အဟုန်ဖြင့် မြင်ရဖွယ်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “တကယ်က တိုင်းစစ်ဌာန-ဧရာ၀တီဆိုပြီး အခုမှသာ တရားဝင်ကြေညာတာ။ တကယ်တမ်း ထိုးဖောက်ဝင်ရောက်နေတာက နှစ်နဲ့တောင် ချီနေပါပြီ။ တိုင်းရင်းသားနဲ့ လက်တွဲမယ်ဆိုတာက ကျနော်တို့သိသလောက် AA ဆီမှာ တိုက်ပွဲဝင် သင်တန်းဆင်းထားတဲ့ တပ်ဖွဲ့တွေရှိသလို KNU ဆီမှာ စစ်သင်တန်းဆင်းထားတာတွေလည်းအများကြီးပဲ။ တိုင်းရင်းသားနှစ်ဖွဲ့စလုံးနဲ့ လက်တွဲပြီး ဧရာ၀တီတိုင်းဘက်မှာ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ…
ဒီဇင်ဘာ ၁၃ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)ခေါင်းဆောင်များ နှင့် တရုတ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် KIO သိမ်းပိုက်ထားသော နယ်မြေပိုက်နက်အတွင်းမှ တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ်များအားလုံးကို တရုတ်နိုင်ငံက ပြန်လည် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း လိုင်ဇာ အခြေစိုက် KIO သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ “KIO/KIA ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်အားလုံး ဒီမနက်ပြန်လည်ဖွင့်ပါပြီ။ KIO လူကြီးတွေနဲ့တရုတ်အစိုးရ ကူမင်းမှာတွေ့ ဆုံဆွေနွေးမှုရဲ့ရလဒ်ဖြစ်ပါတယ်။ ကုန်သွယ်ရေးဆိုင်ရာ သဘောတူ ဆွေးနွေးမှုတွေအရ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်ဖို့သဘောတူညီမှုရရှိတာဖြစ်ပါတယ်” ဟု လိုင်ဇာ အခြေစိုက် KIO သတင်းရင်းမြစ်က ရှင်းပြသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော KIO ကိုယ်စားလှယ်အဖွဲ့မှာ တရုတ်နိုင်ငံသို့ သွားရောက် ဆွေးနွေးလျက်ရှိပြီး လက်ရှိအချိန်အထိ တရုတ်အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ကြောင်း၊ လိုင်ဇာသို့ ပြန်လည် ရောက်ရှိခြင်းမရှိသေးကြောင်း သိရှိရသည်။ လက်ရှိ KIO ထိန်းချုပ် နယ်မြေအတွင်းမှ ပြန်လည် ဖွင့်လှစ်လိုက်သော တရုတ်-မြန်မာနယ်စပ်ဂိတ်များတွင် လိုင်ဇာ၊ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ နယ်စပ်ဂိတ်များပါဝင်ပြီး KIO ထိန်းချုပ်နယ်မြေအတွင်းမှ ကျန်ရှိနေသေးသော တရုတ်-မြန်မာနယ်စပ်ဂိတ်များအားလုံးကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။ KIA က တရုတ်-မြန်မာနယ်စပ်ရှိ ဂိတ်များအားလုံးကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်နိုင်ငံက တစ်ဖက်သတ် ပိတ်ပင်မှုများ လုပ်ဆောင်ထားခဲ့ရာမှ ယခုနောက်ဆုံးတွင် တရုတ်အစိုးရနှင့်ညှိနှိုင်းကာ ဂိတ်များ ပြန်လည် ဖွင့်လှစ်လာခြင်းဖြစ်ကြောင်း KIO သတင်းရင်းမြစ်က ရှင်းပြသည်။
လက်ရှိ အချိန်ဟာ ဒီဇင်ဘာလ၊ ဆောင်းရာသီထဲမှာ ဖြစ်ပေမယ့် နွေရာသီကာလလောက်သာ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု ရှိနေပြီး ဓာတ်အား မလုံလောက်မှုက ပိုမို ဆိုးဝါးလာနေပါတယ်။ ရန်ကုန်မြို့မှာ လက်ရှိ ဓာတ်အားခွဲဝေမှု အဖြစ် အုပ်စု အေ၊ ဘီ နှစ်စု ခွဲကာ ၄ နာရီ မီးလာ၊ ၄ နာရီ မီးဖြတ် စနစ်နဲ့ မီးပေးနေတာ ဖြစ်ပါတယ်။ (တချို့မြို့နယ်တွေမှာ ၂ နာရီထက် ပိုမလာခြင်းတွေ ဖြစ်ပေါ်နေပါတယ်) ဒါပေမယ့် လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု က ပိုမိုကျဆင်းလာနေပြီး မလုံလောက်တာကြောင့် အုပ်စု အေ၊ ဘီကနေ စီနဲ့ ဒီ ထိ ပါ အုပ်စု ၄ စု ထိ တိုးမြှင့် ခွဲထုတ်ကာ မီးပိုဖြတ်ဖို့ စီစဉ်နေပြီ လို့ လျှပ်စစ်ဌာနနဲ့ နီးစပ်သူ တစ်ဦး ဖြစ်တဲ့ ကေအက်စ် (ခွဲမှုး)က အသိပေးလာပါတယ်။ လျှပ်စစ်မီးဟာ ရန်ကုန်လို မြို့ပြမှာ ချက်ပြုတ်ရေး အပြင် သောက်သုံးရေ ရရှိဖို့ထိပါ အားထားနေရတာ ဖြစ်ပြီး လတ်တလော မီးပျက်မှုတွေကြောင့် ရေမလာတာ၊ ရေမရရှိတာတွေထိပါ မြို့နေလူထု အခက်အခဲတွေ ဖြစ်နေပါတယ်။ လက်တလော လျှပ်စစ်မီး ယာယီပြတ်တောက်နေခြင်းအတွက် မိဘပြည်သူများ စိတ်ရှည်သည်းခံပေးကြရန်လည်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က မေတ္တာ ရပ်ခံထားသည်။ ထို့ပြင် လက်ရှိတွင် တစ်နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဓာတ်အားထုတ်လုပ်နိုင်မှု အလွန်လျော့ကျနေသည့် အတွက် ရှေ့လာမည့်…
တစ်လလုံးမှာ လပြည့်ည တစ်ညပဲနော် လပြည့်ည ရောက်တိုင်း ရွတ်ဆိုရမည့် ငွေပြည့် ငွေလျှံ ချမ်းသာစေမယ့် ငွေဝင်ဂါထာငွေဝင်ဂါထာဟု ကျော်ကြားသောဒိဝါတပတိဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော် (၁) ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ ဈာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ။ (၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ။ ဂါထာတော် မြန်မာပြန် အနက် (၁) နေမင်းသည် နေ့အခါ၌သာ တောက်ပ၏။ လမင်းသည် ညဉ့်အခါ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာငါးပါး ဆင်ယင်ထားမှသာ တောက်ပ၏ ။ ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏ ။ မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန်တိုင်း တောက်ပ၏ ။ (၂) ထိုသို့နေရော ညဉ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော်အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ မြတ်စွာဘုရား။ ဤသိုရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှင်မြတ်ဘုရား။ ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ။…