Author: Ka K

သတင်းကြည့်ရန် ပြင်ဦးလွင်မှ နောင်ချိုသို့ ရှေ့တိုးသောစစ်ကောင်စီတပ် အထိနာပြီးပြန်ဆုတ်သွား ဒီးဒီ/People’s Spring ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာအထိုင်စခန်းမှ နောင်ချိုမြို့နယ်အတွင်း ရှေ့တိုးလာသော စစ်ကောင်စီတပ် တော်လှန်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ အထိနာပြီး နောက်ပြန်ဆုတ်သွားကြောင်း နောင်ချိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။ ပြင်ဦးလွင်မြို့နယ် ဝက်ဝံကျေးရွာ၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် တအာင်းတပ်မတော်(TNLA)သိမ်းပိုက်ထားသော နောင်ချိုမြို့နယ်အတွင်း အောက်တိုဘာ ၂၂ရက်က စစ်‌ကြောင်းထိုးဝင်ရောက်လာရာ TNLAဦးဆောင်သော တော်လှန်ရေးတပ်များက တားဆီးတိုက်ခိုက်ခဲ့ခြင်းဟု နောင်ချိုပကဖမှ ရဲဘော်က ပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းသည် အောက်တိုဘာ ၂၂ရက်က နောင်ချိုမြို့နယ် ဘန့်ဘွေးရွာနှင့် ဂန့်ဂေါကျေးရွာကြား၌ နယ်ကျွံဝင်လာ၍ တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၅၀ခန့်အထိ သေဆုံးခဲ့သည်ဟု နောင်ချိုပကဖမှ ရဲဘော်က လူထုနွေဦးသို့ ပြောသည်။ ” ကျွံလာတာ။ သူတို့ ရှေ့မတိုးရဲတော့ဘူး။ ဒီနေ့ ငြိမ်နေတယ်”ဟု ၎င်းက ပြောသည်။ ဂန့်ဂေါရွာအနီးတိုက်ပွဲနှင့်ပတ်သက်ပြီး TNLAထံ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရသေးပေ။ စစ်ကောင်စီတပ် သေဆုံးမှုနှင့် ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်ပြုချက် မရသေးပေ။ စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာအနီး၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့သည် အောက်တိုဘာ ၁၉ရက်ကတည်းက စတင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ဂေါရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။ လက်တလောတွင် ပြင်ဦးလွင်မြို့အတွင်း တည်ငြိမ်နေပြီး ည ၇နာရီနောက်ပိုင်းတွင် မြို့တွင်း နေရာအချို့၌ စစ်ဆေးမှုရှိကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။ ”…

Read More

နပခ တိုင်းစစ်ဦးစီးမှူးအဆင့် အပါအဝင် အကြီးအကဲအချို့ ပြင်းထန်ဒဏ်ရာရပြီး စာသင်ကျောင်းတွင် ဆေးကုသမှုခံနေရ ဓါတု မဇ္ဈိမ။ ။ အမ်းမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) ရှိ တိုင်းစစ်ဦးစီးမှူး( စစ်ဦးစီး ပထမတန်း – G1)အဆင့် အပါအဝင် အကြီးအကဲ အချို့ ပြင်းထန်ဒဏ်ရာရရှိပြီး မြို့နယ်တွင်းရှိ စာသင်ကျောင်းအတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ တိုက်ပွဲအတွင်းအပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ဆေးရုံမှာထိခိုက်ပျက်စီးသွားသဖြင့် ၎င်းတို့အပါအဝင် ဒဏ်ရာရ အောက်ခြေတပ်သားအများစုမှာ နပခမှ နှစ်ဖာလုံ အကွာရှိ အ.ထ.က(၂) စာသင်ကျောင်းတွင်ဆေးဝါးကုသမှုခံနေရခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းမြစ်က မဇ္ဈိမကိုပြောသည်။ “နပခထဲက တိုင်းစစ်ဦးစီးမှူး G1 အဆင့်အကြီးအကဲ တဦး၊ တပ်ရင်းမှူးတဦးရယ် သူတို့ကလက်နက်ကြီးအစထိလို့ ခန္ဓာကိုယ်ပိုင်း ဝမ်းဗိုက်ထိမှန်တာ စိုးရိမ်ရတယ်။ ၃၇၂တပ်ရင်းမှူးရဲ့ မျက်နှာက ဒဏ်ရာတော်တော်ပြင်းထန်တယ်။ သူ့ကိုဆို အနီးကပ်ပစ်တာ မိန်းကလေးတွေပစ်သွားလို့တဲ့ ခံပြင်းနေတယ်”ဟု၎င်းကဆိုသည်။ ပြီးခဲ့သည့် (အောက်တိုဘာလ ၂၁ရက်)က အာရက္ခတပ်တော်(AA) ဘက်မှ နပခအနီး ဂေါက်ကွင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နပခဌာနချုပ်အနီးရှိ အမြောက်တပ် (၃၇၄) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် တရစက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နပခအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိခဲ့ခြင်းကြောင့် အကြီးအကဲအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ ထို့နောက် ကုသမှုခံယူနေဆဲ ခမရ (၃၇၂) မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မောင်မောင်ချိုသည် စက်တင်ဘာ ၂၆ ရက်က အမ်းနှင့်မဲတောင်တိုက်ပွဲတွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့သောကြောင့် စစ်ဆေးတပ်တွင် ကုသမှုခံယူနေရာမှ ၎င်းကိုယခုရက်ပိုင်းအတွင်း စာသင်ကျောင်းသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း တပ်တွင်းနီးစပ်သည့်သတင်းအရင်းမြစ်၏အဆိုအရသိရသည်။ အဆိုပါ အမှတ်(၂)အခြေခံပညာအထက်ကျောင်းသည်…

Read More

ဘုတလင်မှာ စစ်အုပ်စုက ၁၀ ရွာခန့် မီးရှို့၊ လူ ၂၀ ကျော် သတ်ဖြတ်ကာ ဆက်လက် ရွာစဉ်ပတ်မွှေ လူသတ်၊ လုယက်၊ မီးရှို့နေ စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ် စီပါရွာကျေးရွာကို အောက်တိုဘာလ ၁၇ရက်မှာ စီးနင်းတဲ့ စစ်အုပ်စုက မပြေးနိုင်တဲ့ အဖိုးအိုနဲ့ စိတ်မနှံ့သူတွေ အပါအဝင် ဒေသခံ ခြောက်ဦးကို သတ်ဖြတ်ကာ တချို့ကို ခေါင်းဖြတ်ပြီး ခြံစည်းရိုးမှာ ချိတ်ဆွဲထားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။ ဒါ့အပြင် စစ်အုပ်စုက အောက်တိုဘာလ ၁၇ရက် မနက်ပိုင်းက စလို့ တနေကုန်၊ တညလုံး မီးရှို့လို့ စီပါ ကျေးရွာအတွင်း နေအိမ် ၃၀၀ ခန့် ပြာကျပျက်စီးတယ်လို့ ဆိုပါတယ်။ “အသတ်ခံရတာက အမျိုးသား ခြောက်ဦးဗျ။ စိတ်မနှံ့တာက တယောက်ပါတယ်။ သုံးယောက်က ခြေဖြတ် လက်ဖြတ် အူနှုတ် ခေါင်းဖြတ်ပြီး ဝန်းထရံတွေမှာ ချိတ်ဆွဲပြီး ကျန်တဲ့ သုံးယောက်ကိုတော့ သေနတ်နဲ့ ပစ်သတ်ခဲ့တယ်။ နေအိမ် ၃၀၀ နီးပါးကိုလည်း မီးရှို့ထားခဲ့တယ်” လို့ ဘုတလင်မြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ – ပအဖ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းမှာ ဘုတလင်နယ် တက်လှိုင်းရွာကတဆင့် စီပါရွာကို စစ်အုပ်စုက စီးနင်းကာ လူသတ်၊ လုယက်၊ မီးရှို့ပြီးနောက် အောက်တိုဘာလ ၁၈ ရက် မနက်ပိုင်းမှာ စီးပါရွာကနေ ဆယ်ဝရွာဘက် ထွက်သွားလို့ ဒေသခံတချို့ ရွာအတွင်း ဝင်ရောက်ကြည့်ရှု့စဉ် ခေါင်းဖြတ်ခံထားရတဲ့…

Read More

Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အသိပေး Missဝင်ပြိုင်နေတဲ့ သဲသဲကို Boycott လုပ်ဖို့ တော်လှန်ပြည်သူတွေကို အောက်တိုဘာ၂၁ရက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက အသိပေးဆိုထားပါတယ်။ “Missတစ်ယောက်ဟာ နိုင်ငံ တစ်နိုင်ငံရဲ့ ဂုဏ်ဆောင်တဲ့။အဲ့လိုလူတစ်ယောက်ဟာ ကိုယ့်နိုင်ငံ့အရေး မပြောနဲ့၊ ကိုယ့်နိုင်ငံကို ဖျက်ဆီးနေတဲ့ – နိုင့်ထက်စီးနင်း အကြမ်းဖက်မှုတွေ၊ – – ရက်စက်စွာ သတ်ဖြတ်ခံရမှုတွေ၊ – – အပြစ်မဲ့ ပြည်သူတွေဆီကပါ အသက်၊ အိုးအိမ် လုယူ ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ တစ်ခွန်းမှ ဟမသွားတာဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဂုဏ်လို့ ပြောရင် ဒီနိုင်ငံဟာ ဂုဏ်သိက္ခာမဲ့ရာ ကျသွားပါလိမ့်မယ်။ Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto (ဆောင်ပုဒ်) ဖြစ်တဲ့ ” Stop the War and Violence” ဆိုတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ဘယ်ဘက်မှမပါဘဲတောင် Speak out ဘာလို့ လုပ်မသွားရတာလဲ”လို့ဆိုပါတယ်။ နိုင်ငံအတွက် ဘာအကျိုးပြုမှုမှမရှိဘဲ အချိန်တစ်ခုရောက်တဲ့အခါ ပြည်သူတွေဆီကပဲ ပိုက်ဆံတွေ သဲ့ယူသွားတဲ့ Organization နဲ့ Miss အပါအဝင် အားလုံးကို အပြင်းအထန် ရှုံ့ချတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစုကဖော်ပြပါတယ်။ “ဒီလို အကျိုးမရှိဘဲ ပြည်သူတွေဆီကသာ အမြတ်ထုတ်နေတဲ့ပွဲတွေကြောင့် လူတွေကြားရောက်သင့်တဲ့ သတင်းတွေ ဘယ်လောက်တောင် အမှောင်ဖုံးနေခဲ့ပြီးပြီလဲ သတိပြုမိကြရဲ့လား။ မတရားမှုကို မျက်ကွယ်ပြုသူတို့ဟာ မတရားမှု…

Read More

Miss Grand International ပြိုင်ပွဲ၏ National Costume ပြိုင်ပွဲတွင် Stop The War စာတန်းကို ကိုင်ဆောင်ပြခဲ့သည့် ဟေတီအလှမယ် နှင့် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့ပြည်သူများ နေ့စဉ်သေဆုံးနေရသော်လည်းနှုတ်ဆိတ်နေသည့် မြန်မာအလှမယ်ကို နှိုင်းယှဉ်ဝေဖန်နေသည်။ ယင်းပြိုင်ပွဲကို ထိုင်းနိုင်ငံ၌ ပြုလုပ်နေခြင်းဖြစ်ပြီး National Costume ပြိုင်ပွဲဝင်ဓာတ်ပုံများ တက်လာပြီးနောက်‌ မြန်မာအလှမယ်ကို ပိုမိုဝေဖန်နေခြင်းဖြစ်သည်။ “(​ဟေတီအလှမယ်)ကိုယ့်နိုင်ငံသူမဟုတ်ပေမယ့် အဓိပ္ပါယ်များစွာပါသော ၀တ်စုံဖြစ်လို့ လေးစားချစ်ခင်မိပါတယ်။ သူရဲ့မျက်နာဟန်ပန်ကကို အကူညီလိုအပ် မေတ္တာလိုအပ် ၊ မျှော်လင့် တောင်းဆိုနေတဲ့ မျက်နာဟန်ပန်ဖြစ်တယ်။အမှန်တကယ်ဆိုရင် ကိုယ့်နိုင်ငံကိုယ်စားပြုတဲ့ miss က နိုင်ငံရေးစိတ်မ၀င်စားဘူးဆိုရင်တောင် ဘယ်ဘက်မှမလိုက်ဘဲ့ စစ်ရေးကြောင့် ဒုက္ခရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် Speak out လုပ်ပေးစေချင်ပါတယ်။”ဟု ဓာတ်ပုံများကိုနှိုင်းယှဉ်၍ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတစ်ဦးကရေးသားထားသည်။ Miss Grand International ၏ ဆောင်ပုဒ်သည် “Stop The War and Violence” ဖြစ်သော်လည်း ပြည်တွင်းစစ်နှင့် ကြုံနေရသည့် နိုင်ငံနှင့်ပတ်သက်၍ မြန်မာအလှမယ်သည် နှုတ်ဆိတ်နေသောကြောင့် ယင်းကဲ့သို့ဝေဖန်ခံရခြင်းဖြစ်သည်။ သို့​သော် အသက် ၁၈ နှစ်အရွယ် မြန်မာအလှမယ် သဲစုငြိမ်းကို ရုပ်လှ၍ ၊ကြိုးစား၍ ၊​တော်၍စသည့်အ​ကြောင်းပြချက်မျိုးစုံဖြင့် အား​ပေး​နေသူအများအပြားလည်းရှိသည်။အနုပညာသတင်းများအသား​ပေး​ဖော်ပြ​နေ​သော အနုပညာအွန်လိုင်းမီဒီယာများက ထိုအလှမယ်ကို အဓိကအသား​ပေး​ဖော်ပြ​နေကြသည်ကို​တွေ့ရသည်။ “Miss နဲ့ နိုင်ငံရေး ဘာမှမဆိုင်ဘူးဆိုသူတွေကို မေးချင်တာက အဲ့ဒီ ပြိုင်ပွဲရဲ့ Concept & Moto (ဆောင်ပုဒ်) ဖြစ်တဲ့ ❝ 𝗦𝘁𝗼𝗽 𝘁𝗵𝗲 𝗪𝗮𝗿 𝗮𝗻𝗱…

Read More

စစ်ကောင်စီက စစ်မှုထမ်းရန် လူငယ် ၂၀၀၀၀ ကျော်ကို စုဆောင်း၍ တပ်သားသစ်ရရှိရေး ပုံစံ ၃ မျိုးဖြင့် လုပ်ဆောင်နေ အောက်တိုဘာ ၂၃ ရက် စစ်ကောင်စီက ၎င်းတို့အတွက် စစ်မှုထမ်းရန် လူငယ်အမျိုးသား နှစ်သောင်းကျော်ကို စုဆောင်းထားပြီး တပ်သားသစ် ရရှိရေးအား ပုံစံသုံးမျိုးဖြင့် လုပ်ဆောင်နေကြောင်း မြန်မာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) ထံက သိရသည်။ အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ရှုံးနိမ့်လာသော စစ်ကောင်စီက ၎င်းတို့၏ တပ်အင်အား ပြုန်းတီးလာသည့်အတွက် စစ်မှုထမ်း ဥပဒေကို အသက်သွင်းခဲ့ပြီး လူငယ်များကို စုဆောင်းခဲ့ရာ လက်ရှိတွင် အမှတ်စဉ် ၆ အထိ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါဥပဒေဖြင့် တပ်သားသစ်စုဆောင်းမှုသည် အပတ်စဉ် တစ် မှ ငါးအထိ စုစုပေါင်းအင်အား ၂၁၀၀၀ ထက်မနည်း တွေ့ရှိရပြီး အပတ်စဉ် တစ်ခုအတွက် လူငယ် ၄၀၀၀ ကျော် ပုံမှန်စုဆောင်းခဲ့ကြောင်း BACS ပြောခွင့်ရ ကိုမင်းထက်အောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ “အရင်ထက်ပိုပြီး အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာမျိုးတွေ ပိုလုပ်လာတယ်။ ဒါပေမယ့် ဒီလိုဖမ်းဆီး ခေါ်ဆောင်တာတွေကို လူမြင်ကွင်းမှာ အထိတ်တလန့်ဖြစ်အောင်၊ သတင်းမီဒီယာတွမှာ သတင်းပျံ့လာအောင် မလုပ်တော့ဘဲ ပိုသတိထားပြီး သိုသိုသိပ်သိပ် လုပ်လာတယ်” ဟု ၎င်းက ဆိုသည်။ ထိုမှသာ ထွက်ပြေးတိမ်းရှောင်သူများ နည်းလာမည်ဖြစ်၍ ယင်းနည်းလမ်းကို အဓိကထား သုံးလာသလို ၎င်းတို့ ထိန်းချုပ်ထားနိုင်သော ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့မှ လူငယ်များအား စုဆောင်းပြီး ရှမ်းပြည်နယ်ရှိ သင်တန်းကျောင်းများသို့…

Read More

စက်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁,၀၀၀ ကျော် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရ စစ်တင်ဘာလတွင်း နိုင်ငံတစ်ဝန်း တိုက်ပွဲပေါင်း (၃၃၀) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၁,၀၉၉) ဦး သေဆုံးကာ (၃၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။ နိုင်ငံတစ်ဝန် မြို့နယ်ပေါင်း (၁၉၉) ခုမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက် တပ်ဖွဲ့ဝင် (၂၉)ဦး ကျဆုံးပြီး (၃၈)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲ့ဒီ တိုက်ပွဲတွင်း လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး/လက်နက် ပစ်ခတ်မှု၊ ဒရုန်း ပစ်ခတ်မှုတွေကြောင့် အရပ်သား (၁၂၄) ဦးသေဆုံးပြီး (၈၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ စက်တင်ဘာလတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲဟာ ယခင် သြဂုတ်လတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲထက် ၂၆.၅၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားမှု အများဆုံးဟာ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်နဲ့ မကွေးတိုင်း တို့ဖြစ်ပြီး စစ်ကိုင်းတိုင်း တိုက်ပွဲဖြစ်ပွားမှုနှုန်းဟာ အရင်လထက် ၄.၅၅ ရာခိုင်နှုန်းထက် မြင့်တက်လာပြီး နိုင်ငံတစ်ဝန်း တိုက်ပွဲဖြစ်ပွားမှုအများဆုံး ဒေသဖြစ်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်စခန်း၊ ဌာနချုပ်၊ ဗျူဟာကုန်းနဲ့ ရဲစခန်း စုစုပေါင်း (၁၉)ခုကို လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ ကချင်ပြည်နယ်၊ ချီဖွေမြို့ရှိ စစ်ကောင်စီ တပ်စခန်းကို KIA နဲ့ ပူးပေါင်းတပ်တို့က စက်တင်ဘာလတွင်း…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၃ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်တွင် မြို့တွင်း တိုက်ပွဲများဖြစ်လာနိုင်သည်ဟုဆိုကာ စစ်ကောင်စီ၏ လက်ရုံးတပ်များတွင် တရားဝင် အသိ ပေး ပြောဆိုလာပြီး နောက်ဆုံးလက်ကျန် တပ်မိသားစုဝင်များကို ပြောင်းရွှေ့ပေးမှုများ လုပ်ဆောင်နေကြောင်း တပ်သတင်းရင်းမြစ်တချို့နှင့် ဝန်ထမ်းအသိုင်းအ၀ိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီ၏ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်သော ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA နှင့် တော်လှန်ရေးတပ်များက သိမ်းပိုက်လိုက်ပြီးနောက် သီပေါမြို့နယ်တစ်ခုလုံးကို သိမ်းပိုက်ရရှိသည်ဟု ကြေညာခဲ့ကြောင်း၊ သီပေါမြို့နယ်ရှိ ခမရ ၅၀၃၊ ခမရ ၅၀၄ တပ်ရင်းများအားလုံးမှာလည်း တော်လှန်ရေးတပ်များ အောက် ကျရောက်ခဲ့ကြောင်း၊ ထိုသို့ သီပေါမြို့နယ်နှင့် တပ်ရင်းစခန်းကြီး ၃ ခုလုံး သိမ်းပိုက်ခံရချိန်မှစတင်၍ ပြင်ဦးလွင်မြို့နယ်ရှိ စစ်ကောင်စီ၏ လက်ရုံးတပ်များအတွင်း နောက်ဆုံးလက်ကျန် မိသားစုများကို တပ်များမှ ပြောင်းရွှေ့ပေးခြင်းဖြစ်ပြီး Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းတွင်လည်း မှီခိုသူမိသားစုများကိုလည်း ၎င်းတို့၏ အစီအစဉ်ဖြင့် ရွှေ့ပြောင်းနေကြကြောင်း သိရှိရသည်။ “အခု နောက်ဆုံး ပြောင်းရွှေ့တာကတော့ လက်ကျန် တပ်မတော် မိသားစုဝင်တွေ ဖြစ်ပါတယ်။ ရှေ့မှာလည်း တစ်သုတ်၊ နှစ်သုတ် မိမိအစီ အစဉ်နဲ့ မိမိ ပြောင်းရွှေ့ခဲ့ကြပြီးဖြစ်ပါတယ်။ သက်ဆိုင်ရာတပ်ရင်း၊ တပ်နယ်တွေက တပ်မိသားစုဝင်တွေကို အထူးသဖြင့်တော့ ဆေးဝါးကုသမှု ဆက်လုပ်ရမယ့်သူတွေ၊ တစ်ခုခု အရေးအကြောင်းဆိုရင် ပြေးဖို့ လွှားဖို့ ခက်တဲ့ နာတာ ရှည် လူနာ၊ သက်ကြီးရွယ်အိုတွေ မိဘဆွေမျိုးတွေ၊ လသားကလေးငယ်တွေရှိတဲ့ မိသားစုက မိခင်တွေပေါ့၊ မြို့တွင်းတိုက်ပွဲတွေဖြစ်လာရင်…

Read More

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ဂေါကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ မန္တလေး – လားရှိုးလမ်းမကြီးအနီး နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စုရှိ ဂန့်ဂေါကျေးရွာတွင် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ အဆိုပါ ကျေးရွာ၌ အောက်တိုဘာ ၁၉ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားပြီး ယနေ့(အောက်တိုဘာ ၂၂ရက်)အထိ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဂန့်ဂေါရွာ၊ အုမ္မသီးကျေးရွာ လမ်းခွဲနေရာအထိစစ်ကြောင်းထိုးလာ၍ တိုက်ပွဲဖြစ်ပွားခြင်းဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။ “စစ်ကြောင်းထိုးလာတယ်။ အဲနေ့တည်းကတိုက်ပွဲက ဖြစ်နေတာ။ အခု ပိုပြင်းထန်လာတယ်။ အနီးနားရွာတွေလည်း ထွက်ပြေးကုန်ကျပြီ”ဟု ပြင်ဦးလွင်ဒေသခံက ပြောသည်။ တအာင်းတပ်မတော်(TNLA)က ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၁၂၀ရက်မြောက်နေ့အဖြစ် အောက်တိုဘာ ၂၂ရက်စစ်ရေးသတင်းဖော်ပြရာ နောင်ချိုမြို့၊ ဂန့်ဂေါကျေးရွာ၌ တိုက်ပွဲရှိခဲ့သည်ဟု ယနေ့ည ထုတ်ပြန်အသိပေးသည်။ ယနေ့ နေ့လည် ၁၂နာရီခွဲတွင် ဂန့်ဂေါရွာ စာသင်ကျောင်း၌ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာကို ဒရုန်းဖြင့် နှစ်ကြိမ် ဗုံး(၁၈)လုံး ကြဲချ တိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။ အောက်တိုဘာ ၁၉ရက်က တိုက်ပွဲဖြစ်ပွားမှုကြောင့် မန္တလေးမြို့မှ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုးမြို့ အတက်ကားများအား စစ်ကောင်စီအဖွဲ့က ပြင်ဦးလွင်မြို့နယ် မြိုင်ကြီးကွေ့လမ်းပိုင်းမှ လှည့်ပြန်ခိုင်းခဲ့ကြောင်း ခရီးသွားပြည်သူများက ပြောသည်။ ထိုနေ့ကစပြီး ပြင်ဦးလွင် – လားရှိုးလမ်းပိုင်းမှာ စစ်ကောင်စီက ပိတ်ထားခဲ့ခြင်း ဖြစ်သည်။ လက်တလောတွင် နောင်ချိုမြို့၌ ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထား၍ တိုက်ပွဲဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်ပြီး မသိရသေးကြောင်း အခြားဒေသရောက် နောင်ချိုမြို့ခံတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူမှ…

Read More