Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
အောက်တိုဘာ ၁၂ ၊ ၂၀၂၄ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၁၀ရက်၊ မနက်ပိုင်းက ရမည်းသင်းမြို့နယ်၊ ပေပင်ရှည်ရွာနဲ့ ကျောက်အိုးလေးရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာအနီးအနားရှိ ကျေးရွာတွေခဲ သန်းခေါင်စာရင်းလိုက်လံကောက်ယူနိုင်ဖို့ ရှေ့ပြေးကင်းထွက်လာရင်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကျောက်အိုးလေး ကျေးရွာ အနောက်ဘက်အထွက်ကို ရောက်ရှိလာချိန်မှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီနောက် လည်ကျင်းခေါင်းကျေးရွာ၊ ကျေားလမ်းမကြီး အပေါ်ကို ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း နောက်တစ်ကြိမ်ထပ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ “ဒီကောင်တွေ အရင်ဆုံးပေပင်ရှည်ရွာမှာ အထိုင်ချတယ်။ နောက်တော့ ကျောက်အိုးလေးရွာကို ရောက်လာပြီး အဲ့မှာ ဂိတ်လုပ်စောင့်ရင်း စာရင်းကောက်ဖို့လုပ်ပါတယ်။ ပထမတစ်ခေါက်မိုင်းဆွဲတဲ့အချိန်က မနက် ၇ နာရီလောက်မှာပါ။ ညအိပ်စောင့်ပြီး မနက် ဒီကောင်တွေ ကွင်းထဲဝင်လာမယ့်အချိန်စောင့်ပြီး ဆွဲခဲ့တာ။ စခတွေချည်းပဲ ရှေ့ပြေးထွက်လာတာလို့ ပြောရမယ်။ ဒုတိယတစ်ခေါက်ကျ လည်ကျင်းခေါင်းရွာ၊ ကျောလမ်းဆုံမှာပေါ့။ မိုင်းကွင်းတွေကွဲပြီးနောက်ပိုင်း အဲ့ကောင်တွေ လျှောက်ပစ်နေတာ အချက် ၈၀ လောက်ရှိမယ်။ နေ့လည်ပိုင်းလောက်ကျ ရပ်သွားတယ်။ ညပိုင်းပြန်တက်လာပြီးပြန်ဖောက်သေးတယ်။ ကျနော်တို့ကတော့ ခဏပြန်ဆုတ်ထားပါတယ်။ ဒီကောင်တွေသေတာက ပထမ တစ်ခေါက် ၇ ယောက်၊…
ရန်ကုန်၊ အောက်တိုဘာ ၁၂ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရန် ဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။ လာမည့်လအနည်းငယ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စမတ်ကတ်များဖြင့် စက်သုံးဆီများ ရောင်းချရန် စစ်ကောင်စီနှင့် စက်သုံးဆီအသင်းတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ စမတ်ကတ်များကို ဆီဆိုင်များတွင် အသုံးပြုရန် စမတ်ကတ်ဖတ်စက်များ၊ နည်းပညာနှင့် Software များကိုလည်း မဝယ်မနေရ ရောင်းချ တပ်ဆင်ခိုင်းနေကြောင်း သိရှိရသည်။ “အရင်တစ်ခေါက်တုန်းကလည်း Real time PO နဲ့ Normal PO သိရအောင်ဆိုပြီး RT Software တွေ တပ်ခိုင်းတယ်။ သိန်းရာချီ ဆိုင်တွေက ပေးရတာ။ အခု တစ်ခါ စမတ်ကတ်နဲ့ ဆီရောင်းဖို့ စမတ်ကတ် ဖတ်စက်၊ နည်းပညာနဲ့ Software တွေ တပ်ရမယ်ပြောတယ်။ အရင်တစ်ခေါက်ကတော့ ဒေါက်တာဝင်းမြင့် မြတ်မေတ္တာမွန်က ရောင်းတာ။ အခုလည်း သူပါပဲ။ ဘိုးတော်ကတော့ ထောပြီးရင်ထောပေါ့” ဟု စက်သုံးဆီအသင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စက်သုံးဆီများကို စမတ်ကတ်ဖြင့် ရောင်းချမှု စတင်ပါက အမှန်တကယ် မော်တော်ယာဉ်များက အသုံးပြုနေသည့် နေ့စဉ် ဆီပမာဏကို သိရှိမည်ဖြစ်ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ ဆီဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လအနည်းငယ်အတွင်း မော်တော်ယာဉ်အရေအတွက်၏ တစ်နေ့တစ်ကြိမ်သာ ရောင်းချမည့် စက်သုံးဆီပမာဏကို အတိအကျသိရှိကာ စက်သုံးဆီတင်သွင်းမှုကို လိုအပ်သည့်ပမာဏအတိုင်းသာ တင်သွင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီတင်သွင်းမှု…
“ဂျပုတော့ တပူပေါ် တပူဆင့်ပြန်ပြီ ဒီပြသနာကို ဘယ်လိုရှင်းမလဲ စောင့်ကြည့်ရမယ်”
ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး ရန်ကုန်၊အောက်တိုဘာ ၁၁ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။ ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ၆၀ ဦးစိုးရိမ်ရကြောင်း၊ အလင်းဝင်လာသူ ၄၈ ဦးနှင့် စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး စစ်တပ်၏ အဓိကအခြေပြုသည့် စခန်းဖြစ်သော ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် ၁၈ ထုပ်၊ ခမ ၁ ပိဿာထုပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူအထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး (လက် ကောက်)ဆိုဒ်စုံ ၂၃၄…
အင်ကြင်း/People’s Spring မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် နေရာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ပြီး PDFထိန်းချုပ်နယ်မြေသို့ စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ အာဏာသိမ်းစစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကစ၍ သန်းခေါင်စာရင်းကောက်ယူနေရာ မြင်းခြံမြို့နယ်တွင် မြို့ပေါ်နှင့်စစ်ကောင်စီထိန်းချုပ်ရာ ကျေးရွာအချို့၌သာ သန်းခေါင်စာရင်းကောက်နိုင်ကြောင်း၊ အကယ်၍ PDF စိုးမိုးနယ်မြေသို့ သန်းခေါင်စာရင်းလာကောက်ပါက သက်ညှာမည်မဟုတ်ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။ “မြင်းခြံမြို့ထဲမှာ သန်းခေါင်စာရင်းကောက်တယ်။ မြင်းခြံမြို့နယ်ထဲမှာ စစ်အုပ်စုစိုးမိုးတဲ့ ဥပမာပျူစခန်းနှစ်ခုကြားက ရွာတွေပေါ့။အဲလိုရွာမျိုးတွေသန်းခေါင်စာရင်းကောက်တယ်။ PDFစိုးမိုးထိန်းချုပ်ထားတဲ့နေရာတွေတော့ သန်းခေါင် စာရင်းကောက်တာမရှိသေးဘူး။ ဒါပေမယ့်သန်းခေါင်စာရင်းလာကောက်မယ်ဆိုပြီး အသံကြားတယ်။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ကမတရားဖြစ်မှာစိုးလို့ ခုကတည်းကစာထုတ်ပြန်ထားတာ။ တကယ်လို့လာကောက်ခဲ့လို့ရှိရင် ကျွန်တော်တို့အဆိုးမဆိုနဲ့။ ကျွန်တော်တို့အနေနဲ့သက်ညှာမှာမဟုတ်ဘူးဆိုပြီးထုတ်ပြန်တာပါ။”ဟု ဗိုလ်မိုက်ခဲက ဆိုသည်။ ထို့အပြင် မြင်းခြံခရိုင်အတွင်းရှိ မြို့၊ရွာများတွင် စစ်ကောင်စီ၏ သန်းကောင်စာရင်း ကောက်ယူခြင်းကို ကူညီလုပ်ဆောင်ပေးနေသော မည်သူ့ကိုမဆို ပြင်းထန်စွာ အရေးယူသွားမည်ဟု MBT တပ်ဖွဲ့က သတိပေးထားသည်။ စစ်ကောင်စီက သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများအား ၎င်းတို့ထိန်းချုပ်ထားနိုင်သည့် မြို့ပေါ်အချို့သာ ပြုလုပ်နိုင်ပြီး လာရောက်ကောက်ယူသူ စစ်ကောင်စီ၏ Non CDM ဝန်ထမ်းများမှာလည်း အကြောက်တရားများဖြင့် ကောက်ယူနေရသည်ဟု မန္တလေးမြို့ပေါ်နေထိုင်သူအချို့က ပြောသည်။ ထို့အပြင် ဒေသအသီးသီး၌ စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဥ်များအား ပါဝင်ပတ်သက်ခြင်းမပြုရန် ကာကွယ်ရေးအဖွဲ့များက သတိပေးထားပြီး ဒေသအချို့၌ သန်းခေါင်စာရင်းကောက်ယူရာတွင်ပါဝင်သူများနှင့်ယာဥ်တန်းများအားတိုက်ခိုက်ခြင်း၊ ဖမ်းဆီးခြင်းများလည်း ပြုလုပ်နေသည်။ (ပဲခူးတိုင်းရှိ ကျေးရွာတစ်ရွာ၌ သန်းခေါင်စာရင်းကောက်နေသော စစ်အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ-CJ)
ရန်ကုန်၊ အောက်တိုဘာ ၁၁ အကြမ်းဖက်စစ်ကောင်စီက ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်ကာ မရမ်းကုန်းစစ်ကြောရေးတွင် စစ်ဆေးနေကြောင်း စုံစမ်းသိရှိရသည်။ အောက်တိုဘာ ၇ ရက် မွန်းလွဲ ၁ နာရီအချိန် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်မှဖမ်းဆီးသွားပြီး လက်ရှိ မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံနေရကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မဆုမြတ်ထက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ သိရတယ်။ ဘယ်ပုဒ်မနဲ့ဆိုတာကတော့ မသိရသေးဘူး။ မရမ်းကုန်းမြို့နယ် ၈ မိုင်က စစ်ကောင်စီ စစ်တပ်စခန်း စစ်ကြောရေးမှာ စစ်ဆေးခံနေရပါတယ်။ အခုထိ အိမ်ပြန်မရောက်သေးဘူး။ သမီးသတင်းကြောင့် မိခင်ဖြစ်သူဟာ အိပ်ရာထဲလဲပြီး စိုးရိမ်သောက ရောက်နေပါတယ်။ ” ဟု မိသားစုနှင့်နီးစပ်သူက ပြောသည်။ မဆုမြတ်ထက် သည် ပြည်ပရှိအဖွဲ့တစ်ခု၏ ဖေ့စ်ဘုတ်လူမှုကွန်ရက်အကောင့်တွင် Admin ဖြစ်နေခြင်း၊ ယင်းလူမှုကွန်ရက်အကောင့်မှ ဆုမြတ်ထက်ထံသို့ ငွေကျပ် သိန်း ၄၅၀၀ လွှဲထားခြင်း၊ အကြမ်းဖက်အဖွဲ့ကို ငွေကြေးထောက်ပံ့မှုရှိသည်ဟု စသဖြင့် စစ်ကောင်စီက စွပ်စွဲကာ အမှုဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ သို့သော်လည်း စစ်ကောင်စီ၏ စွပ်စွဲချက်များအားလုံးကို မဆုမြတ်ထက်က ငြင်းဆိုထားပြီး အကြမ်းဖက်မှုဥပဒေဖြင့် အမှုဖွင့်လှစ်ထားခြင်းကိုလည်း လက်မခံဟု ထွက်ဆိုထားကြောင်း ခိုင်လုံသော သတင်းရင်းမြစ်က ပြောသည်။ “စစ်ကောင်စီ စွပ်စွဲတဲ့ ငွေကျပ် သိန်း ၄၅၀၀ လွှဲလို့ရှိတယ်ဆိုတာကို ဆုမြတ်ထက်က လက်မခံဘူးလို့ ထွက်ဆိုထားတယ်လို့…
မြန်မာနိုင်ငံတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့လာရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ထုတ်ပြန် အောက်တိုဘာ ၁၀ မြန်မာနိုင်ငံတွင် ကြီးမားသော အပြောင်းအလဲများ ကြုံတွေ့ရနိုင်သဖြင့် ကိုးကန့်တပ်နှင့်အုပ်ချုပ်ရေးပိုင်းများ လိုက်နာရမည့် စည်းကမ်းချက်များ ကို MNDAA က ယနေ့ တရုတ်ဘာသာဖြင့် ထုတ်ပြန် သည်။ မကြာမီကာလအတွင်း မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် စွက်ဖက်မှုများကြောင့် ကြီးမားသော အပြောင်း အလဲများ ကြုံနိုင်ကြောင်း၊ ရှုပ်ထွေးသော အခြေအနေများကြောင့် MNDAA ကို အသုံးချခံမဖြစ်စေရန် မလိုလားအပ်သော အငြင်းပွားမှုနှင့်ပဋိပက္ခများမဖြစ်စေရန် စည်းကမ်းချက်များကို ထုတ်ပြန်ကြောင်း MNDAA က ကြေညာသည်။ MNDAA က ထုတ်ပြန်သော စည်းကမ်းချက်များမှာ အာဆီယံနှိုင်ငံများ၊ အမေရိကန်နှင့် အနောက် နိုင်ငံများသို့ ခွင့်ပြုချက်မရှိဘဲ ခရီးသွားခြင်းမပြုရန် ၊ မြန်မာ့အရေးနှင့်ပတ်သက်သော နိုင်ငံတကာညီလာခံများတွင် မတက်ရောက်ရန်၊ အမေရိကန်နှင့်အနောက်နိုင်ငံများမှ သတင်း ထောက်များ၏ အင်တာဗျူးများကို လက်မခံရန်၊ ပြည်ပမီဒီယာများနှင့် အင်တာဗျူးများ မလုပ်ရန်၊ မြန်မာနိုင်ငံအခြေအနေများနှင့်ပတ်သက်ပြီး သဘောထားမှတ်ချက်များ ခွင့်ပြုချက်မရဘဲ ဖြေဆို ဖော်ပြခြင်းမပြုရန် တားမြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် တရုတ်နိုင်ငံက မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့ကို စစ်ရေးနှင့်တိုက်ပွဲများ ဖော်ဆောင်ခြင်းမပြုရန် ပြင်းပြင်းထန်ထန် ဖိအားများ ပေးလျက်ရှိရာ MNDAA ဘက်ကလည်း အဆိုပါ ဖိအားများ၏နောက်ဆက်တွဲ ကြေညာချက်များ မကြာခဏ ထုတ်ပြန်လေ့ရှိသည်ကို မြင်တွေ့ရသည်။
“ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြု ဆောင်ရွက်နေကြတာဖြစ်ပါတယ်” -AJAY ဦးဆောင်သူကိုနန်းလင်း ရန်ကုန်မြို့၌ စစ်ကောင်စီကဧည့်စာရင်းအကြောင်းပြစစ်ဆေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)၏ ဦးဆောင်သူတဦးကို မတရားဖမ်းဆီးသွားကြောင်း ယင်းအဖွဲ့က အသိပေးထားသည်။ ယမန်နေ့(အောက်တိုဘာ ၉ ရက်)ညပိုင်းတွင် AJAY ၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုပိုင်ဖြိုးမင်း(ခ) ဒီရေ မတရားဖမ်းဆီးခံခဲ့ရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေကြောင်း သတင်းထုတ်ပြန်ထားသည်။ “ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ နေထိုင်တဲ့အိမ်ကို မတရားစီးနင်းတာ၊ မတရားဝင်ရောက်ဖမ်းဆီးတာလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြုဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု AJAY ဦးဆောင်သူတစ်ဦး ကိုနန်းလင်းက ပြောသည်။ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေသည် စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့် လုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှလည်း မတရားဖမ်းဆီးမှုများကို ယခင်ထက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် လအတွင်းက ရန်ကုန်မြို့၌ ကုန်ဈေးနှုန်းကျဆင်းရေး နှင့် စစ်မှူထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် သပိတ်ရဲဘော်လေးဦး…
ဆိုင်းတောင်တိုက်ပွဲမှ ထွက်ပြေး လွတ်မြောက်နေသော အကြမ်းဖက် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဥရုချောင်းအနီး ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးသွားပြီး အလောင်းရရှိ ရန်ကုန်၊ အောက်တိုဘာ ၁၀ အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၏ တူတော်စပ်သူ ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် ဆိုင်းတောင် Lucky Men ဟိုတယ်တိုက်ပွဲတွင် ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ယမန် နေ့ညပိုင်းညပိုင်း လိုက်လံဖမ်းဆီးစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားပြီဖြစ် ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖားကန့်မြို့နယ်၊ ကသိုင်းတောင် တိုက်ပွဲတွင် ထွက်ပြေး လွတ်မြောက်ခဲ့သော ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းသည် Lucky Men ဟိုတယ်တွင် တပ်စွဲထားသော စစ်ကြောင်းကို ဦးဆောင်ခဲ့သူဖြစ်ကြောင်း၊ အောက်တိုဘာ၈ ရက်နေ့ Lucky Men ဟိုတယ်ကို KIA နှင့် PDF တပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်း ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း၊ ထွက်ပြေးလွတ်မြောက်သွားသော တပ်ရင်းမှူးကို KIA နှင့် PDF တပ်များက လိုက်လံ ဖမ်းဆီးရှင်းလင်းရာ အောက်တိုဘာလ ၉ ရက်နေ့ ညပိုင်း ဥရုချောင်းဘေးတွင် ခမရ ၁၁၉ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သက်ပိုင်ထွန်းကို အသေပစ်ခတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ “မနေ့ညက ခမရ ၁၁၉ တပ်ရင်းမှူး…
“ပုဂံခေတ်ကလို သူရဲကောင်းကြီး လေးယောက် စကစတပ်မှာ ပေါ်ထွက်လာတော့မယ်😱 တော်လှန်ရေးရဲဘော်များ သတိထားကြပါ😅”