Author: Ka K

■ တေးသံရှင် ဆုမြတ်ထက်ကို နေအိမ်ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခေါ်ဆောင်သွား (မနေ့ နေ့လယ်က ခေါ်ဆောင်သွားပြီး ယနေ့အထိ ပြန်မလွတ်လာသေး) Western News| အောက်တိုဘာ ၈ ရခိုင်၊ မြန်မာ တေးသံရှင် မာန်အောင် ဒေသခံ မဆုမြတ်ထက်ကို ရန်ကုန်တိုင်းတာမွေ နေအိမ်မှ ယမန်နေ့ အောက်တိုဘာလ ၇ ရက် မွန်းလွဲအချိန်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်အချို့၊ အရပ်ဝတ်အချို့ စုစုပေါင်း ၁၀ ဦးခန့်က ရန်ကုန် တာမွေရှိ နေအိမ်မှ စစ်ဆေးစရာရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း မဆုမြတ်ထက် အသိုင်းအဝိုင်းက Western News ကို ပြောသည်။ မဆုမြတ်ထက် အသိုင်းအဝိုင်းထဲက တစ်ဦးက “မနေ့က နေ့လယ် ၁ နာရီလောက်မှာ သူ့နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်က စစ်ဆေးစရာရှိတယ်ဆိုပြီး ခေါ်ယူသွားတယ်။ ဘာ စစ်ဆေးမှာလဲ ဘာအကြောင်းပြချက်တွေကြောင့်ဆိုတာကို ဘာတစ်ခုမှ မပြောဘဲ ခေါ်သွားတာပါ။ ဒီကနေ့အထိ အဆက်အသွယ်က မရသေးဘူး။ ဘယ်ကို ခေါ်သွားတာလဲ မသိဘူး။ မိသားစုဝင်တွေက အရမ်းစိတ်ပူနေကြပါတယ်” ဟု ပြောသည်။ မဆုမြတ်ထက်နှင့်အတူ နေအိမ်တွင် အတူနေထိုင်သည့် ၎င်း၏ တူမဖြစ်သူကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက တချိန်းတည်းတွင် ခေါ်ဆောင်သွားပြီး နှစ်ယောက်စလုံးမှာ ပြန်လွတ်လာခြင်းမရှိသေးကြောင်း သိရှိ ရသည်။ မဆုမြတ်ထက်၏ တူမဖြစ်သူမှာ အသက် ၂၄ နှစ်အရွယ်ရှိပြီး အမည်ကို စုံစမ်းနေဆဲဖြစ်သည်။ မဆုမြတ်ထက်က အသက်…

Read More

Breaking News- ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်ရရှိ ရန်ကုန်၊ အောက်တိုဘာ ၈ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို KIA နှင့် PDF ပူးပေါင်းတပ်များက ဒုတိယအကြိမ်အဖြစ် ပြန်လည် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း KIA သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်းမြောက် ပိုင်း၊ ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေပြီး အခြေအနေ အသေးစိတ်မသိရှိရသေးကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။ “ပင်လည်ဘူးမြို့ ဒုတိယအကြိမ် Sold out ပါပြီ။ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုနဲ့ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခုအထိတော့ စာရင်းမရသေးပါဘူး” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။ လွန်ခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းတွင်လည်း ပင်လည်ဘူးမြို့ကို KIAနှင့် PDF ပူးပေါင်းတပ်များက ပထမအကြိမ်အဖြစ် တိုက်ခိုက်သိမ်းခဲ့ပြီး ရက်ပိုင်းခန့်အကြာတွင် စစ်ကောင်စီက အပြင်းအထန် ထိုးစစ်ဆင်သဖြင့် တော်လှန်ရေး တပ်များက ပြန်လည် ဆုတ်ခွာပေးခဲ့ရသည်။ ယခုဒုတိယအကြိမ် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး ၂ လနီးပါး ကြာမြင့်လာချိန်တွင် ပင်လည်ဘူးမြို့တစ်ခုလုံးကို တိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စစ်ကောင်စီက ပင်လည်ဘူးမြို့ မကျစေရေးအတွက် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့် ဝန်းသိုဘက်မှ စစ်ကူအင်အား အများအပြား ဖြည့်တင်းခဲ့ကြောင်း၊…

Read More

AA က အမ်းနှင့် ဂွမြို့နယ်ရှိစစ်စခန်းနှစ်ခုကို ထပ်မံသိမ်းပိုက် ▪︎စစ်ကောင်စီက ဂွ- ကျိန္တလီမြို့ကြားရှိ ကျိန္တလီချောင်းကူးတံတားကိုဖျက်ဆီးထွက်ပြေး လူအေး/People’s Spring အာရက္ခတပ်တော်(AA)က အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အဓိက ခံစစ်စခန်းတစ်ခုဖြစ်​သော မဲနယ်တောင်ဗျူဟာ နှင့် ဂွမြို့ရှိ ကုလားပြင်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၏ အဓိကခံစစ်စခန်းတစ်ခုဖြစ်သော မဲနယ်တောင်တောင်ဗျူဟာကို အောက်တိုဘာလ ၆ ရက်ည‌နေတွင် AAက တိုက်ခိုက်သိမ်းပိုက်လိုက်​​ကြောင်း အမ်းမြို့တွင်ရှိနေသည့်ဒေသခံတဦးကပြောသည်။“ပထမတကြိမ်က သိမ်းခဲ့သေးတယ်။ စစ်တပ်က လေကြောင်းကနေ ပစ်လို့ ပြန်ခွာပေးထားခဲ့တာ။ ဒီတခါတော့AAက ရက်ပိုင်းအတွင်းသိမ်းယူလိုက်တာ”ဟု ၎င်းကပြောသည်။ မဲနယ်တောင်ဗျူဟာသည် စစ်ကောင်စီ၏ အခိုင် အမာစခန်းဖြစ်ပြီး စခန်းအားတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းနှင့်ပတ်သက်၍ AAက သတင်းမထုတ်ပြန်သေးပေ။ ဒေသခံများကမူ AAသည် မဲနယ်တောင်ဗျူဟာကို လက်နက်ကြီးဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ​အောက်တိုဘာ ၆ရက်နံနက်တွင် မြေပြင်စစ်ကြောင်းထိုး၍ စီးနင်းတိုက်ခိုက် သိမ်းပိုက်ခြင်းဟု ပြောသည်။ ရခိုင်ပြည်နယ် ၊အမ်းမြို့နယ်တွင် တောဟိန်းတောင်ဗျူဟာကို AAက ပြီးခဲ့သည့် ဇွန်လကတိုက်ပွဲတွင်တိုက်ခိုက်သိမ်းယူထားသည်။ AAကအမ်းမြို့နယ်အတွင်းတိုက်ပွဲနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ရက်၌ နောက်ဆုံးသတင်းထုတ်ပြန်ခဲ့ရာ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာအနီးတွင် စစ်ကောင်စီ၏ စကခ (၅) လက်အောက်ခံ ခမရ ၃၄၆/ ၃၇၃/ ၃၇၂တပ်ရင်းများ စုပေါင်းထားသော အင်အား ၁၀၀ခန့်ပါ စစ်ကြောင်းနှင့် စက် တင်ဘာလ ၂၆ရက်နှင့် ၂၇ရက် နံနက်၌တိုက်ပွဲဖြစ်ခဲ့ရာ အလောင်း၅ လောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ​ဖော်ပြထားသည်။ထို​ကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးအချို့ဖြင့် နောက်ဆုတ်သွားကြောင်း ထုတ်ပြန်ထားသည်။ ” ရန်သူ၏ စစ်အသုံးအဆောင်ပစ္စည်း၊…

Read More

▪︎စစ်​ကောင်စီက ဆေးရုံလာ၍ လွတ်ငြိမ်းခွင့်ဖတ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဒုဥက္ကဌ-၂ ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး၌ အရေးပေါ်ကုသမှုခံယူနေရပြီး သတိပြန်လည်မလာသေးကြောင်း ပါတီသတင်းရင်းမြစ်အချို့က ပြောသည်။မနေ့ အောက်တိုဘာလ ၅ ရက်ညနေပိုင်းကစပြီး မေ့မြောနေတာဖြစ်ပြီး ဒီနေ့အထိ သတိပြန်လည်တာမရှိဘူးလို့ သိရပါတယ်။ သွေးကင်ဆာရောဂါဝေဒနာခံစားနေရသူ အသက် ၇၃နှစ်အရွယ် မန္တလေးတိုင်းဝန်ကြီးချုပ်ဟောင်းဒေါက်တာဇော်မြင့်မောင်ကို အာဏာသိမ်းစစ်ကောင်စီက ဆေးကုသခွင့် ကောင်းမွန်စွာ မပေးဘဲ မိသားစုနှင့်တွေ့ဆုံခွင့်ကိုလည်း တားမြစ်ကန့်သတ်ထားသည်။ “အရေးပေါ်မှာပဲလို့ သိရတယ်။ အခြေအနေကတော့ နောက်ဆုံးအချိန်ရောက်နေပြီလို့ ပြောရမယ်” ဟု NLD သတင်းရင်းမြစ်က ပြောသည်။ စစ်​ကောင်စီက ​ဆေးကုသခွင့်​ကောင်းစွာမ​ပေးခဲ့ဘဲ ယ​နေ့ ​နေ့ခင်းပိုင်းတွင်မူ ​ဆေးရုံသို့လာ၍လွတ်ငြိမ်း ခွင့်လာဖတ်သွား​ကြောင်းလည်း သတင်းရင်းမြစ် အချို့က​ပြောသည်။ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် နံနက်အစောပိုင်းတွင် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးခဲ့ပြီး မတရားသဖြင့် အမှု ၁၀ မှုစွဲဆိုခဲ့ကာ ထောင်ဒဏ် ၂၉နှစ်အထိ ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ အရေးတော်ပုံကြီးအပြီးတွင် မန္တလေးဆေးတက္ကသိုလ် ဇီဝဓာတုဌာနမှ အလုပ်ထွက်ကာ နိုင်ငံရေးနယ်ပယ်သို့ ဝင်ရောက်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် NLD ပါတီဝင်ဖြစ်လာပြီး ၁၉၉၀ အထွေထွေရွေးကောက်ပွဲ၊ ၂၀၂၁ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတို့၌ အနိုင်ရခဲ့ကာ လေးထပ်ကွမ်းအမတ် အဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲတွင် အမရပူရမြို့နယ်မှ ရွေးကောက်တင်မြှောက်ခံရသူ ဒေါက်တာဇော်မြင့်မောင်ကို ထိုစဥ်က စစ်အစိုးရက ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့သည်။ ဒေါက်တာဇော်မြင့်မောင်သည် နှစ်ပေါင်း ၂၀ ခန့် အကျဥ်းထောင်များအတွင်း ဖြတ်သန်းခဲ့ရပြီး…

Read More

ကျောင်းဆရာများ နိုင်ငံကာကွယ်ရေးတွင် တာဝန်ရှိကြောင်း စစ်ကောင်စီပြော ကျောင်းဆရာများအနေဖြင့် နိုင်ငံကာကွယ်ရေးတွင်လည်း တာဝန်ရှိကြောင်း အောက်တိုဘာလ ၄ ရက်နေ့နှင့် ၅ ရက်နေ့ထုတ် စစ်ကောင်စီ၏ ကြေးမုံ သတင်းစာတွင် ဖော်ပြခဲ့သည်။ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အမတ်ဟောင်း ဒေါက်တာမောင်သင်း၏ ကမ္ဘာ့ဆရာများနေ့ ဂုဏ်ပြုဆောင်းပါးတွင် ထိုသိုရေးသားထားခြင်း ဖြစ်သည်။ အဆိုပါ ဆောင်းပါးတွင် ကျောင်းဆရာများကို ပညာရေးခံကတုတ်မှ ကာကွယ်ပေးနေသူများဟု ထည့်သွင်းသုံးနှုန်းထားပြီး နိုင်ငံကာကွယ်ရေးအစ စာသင်ခန်းကဖြစ်ကြောင်း တိုက်တွန်းရေးသားထားသည်။ ကျောင်းဆရာများအနေဖြင့် စာသင်ခန်းထဲတွင် လူမမည်မျိုးဆက်များကို အဖျက်မျိုးစေ့များ ထိုးဖောက်ဝင်ရောက်မည့်ဘေးမှ ပညာစွမ်းအားဖြင့် ကာကွယ်နိုင်ပြီး တန်ဖိုးပြည့် နိုင်ငံသားမျိုးစေ့ကောင်းများကိုဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း ဒေါက်တာမောင်သင်းက ဆိုသည်။ လက်နက်ကိုင် ဖျက်ဆီးနေသူများသာလျှင် အဖျက်သမားစစ်စစ်မဟုတ်ဘဲ လက်နက်ကိုင်ဆောင်သည့် အဆင့်ရောက်အောင် စေ့ဆော်ပေးနေသော အန္တရာယ်မျိုးစေ့များကလည်း အဖျက်သမား စစ်စစ်များဖြစ်ကြောင်း၊ အသိဉာဏ်ပညာဆင်းရဲမွဲတေခြင်း၊ အမျိုးသားရေးစံများပျက်သုဉ်းခြင်း အပါအဝင် အချက်ခုနစ်ကို အဖျက်မျိုးစေ့များဟု ၎င်းက ရေးသားထားသည်။ထိုပြင် အမျိုးချစ်၊ အမျိုးမြင့် ၊ အမျိုးဂုဏ်တက်စေသည့် စိတ်ထားများပိုင်ဆိုင်သည့် လူငယ်များကို အုံနှင့်ကျင်းနှင့် မွေးထုတ်ပေးရန်မှာ ကျောင်းဆရာများ၏ တာဝန်ဖြစ်ကြောင်းလည်း ထည့်သွင်း ဖော်ပြထားသည်။ ယင်းဆောင်းပါးနှင့် ပတ်သက်ပြီး CDM ကျောင်းဆရာ ကိုနောင်ချိုက နိုင်ငံကာကွယ်ရေးအတွက် ကျောင်းဆရာသာမက အရေးကြုံလာပါက ပြည်သူအားလုံးတွင် တာဝန်ရှိသော်လည်း လက်ရှိတွင် အဆိုပါ ဆောင်းပါးသည် ယခင် ၁၉၈၈ ခုနှစ်တုန်းကကဲ့သို ကျောင်းဆရာ၊ ဆရာမများကို စာသင်ကျောင်းများတွင် စစ်‌ေကာင်တပ်၏ ဝါဒဖြန့်ချီရေးအတွက် အသုံးချရန်ဖြစ်ပြီး ယင်းမှာ ပုံမှန်တိုင်းပြည်ကို ကာကွယ်ပေးရန် အခြေအနေမဟုတ်ဘဲ စစ်အာဏာရှင်နှင့် စစ်အုပ်စုကို…

Read More

ဆဏ်း / People’s Spring ရုပ်ရှင်အထူးပွဲသို့လာရောက်မည့် မီဒီယာများအနေဖြင့် ကတ်များဆွဲကာ လုံခြုံရေးစစ်ဆေးမှုခံရမည်ဟု စစ်တပ်အမာခံထောက်ခံသူ ယုန်လေး ရိုက်ကူးထားသော အော်ရီဂျင်နယ်ဂန်းစတား ၃ အထူးပွဲမတိုင်မီ မင်္ဂလာရုပ်ရှင်ရုံအုပ်စုက အသိပေးလိုက်သည်။ အဆိုပါသတိပေးချက်ကို မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ ဖေ့စ်ဘွတ်ခ်၌ တရားဝင်ကြေညာထားခြင်းမရှိသော်လည်း စစ်ကောင်စီသတင်းများအသား​ပေး​ဖော်ပြ​နေ​သော ပေါ်ပြူလာမီဒီယာမှ မြတ်ခိုင်၏ ဖေ့စ်ဘွတ်ခ်မှ တဆင့်ကြေညာထားခြင်းဖြစ်သည်။ မီဒီယာသမားများအနေဖြင့် ဝန်ထမ်းကဒ်များကို ချိတ်ဆွဲထားကာ လုံခြုံရေးအရ စစ်မေးမြန်းခြင်းကို ကြည်ဖြူစွာ ပူးပေါင်းဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း မင်္ဂလာရုပ်ရှင်ရုံအုပ်စု၏ အမှတ်တံဆိပ်နှင့် ကြေညာစာကို မြတ်ခိုင်က “မိုက်ပေါင်းတပ်ဖွဲ့ သိရှိနိုင်ပါရန် ” ဟုရေးသားကာတင်ထားခြင်းဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ရုံဘက်မှ လည်ဆွဲကတ်များပြုလုပ်ထားကာ တတ်ရောက်သည့် မီဒီယာများ အနေဖြင့် Register ပြုလုပ်ရမည်ဖြစ်ကြောင်း ဓာတ်ပုံများနှင့်အသိပေးထားသည်။ ရုပ်ရှင်အထူးပွဲများကို ရုပ်ရှင်များ ရုံမတင်မီ မီဒီယာများကို ဖိတ်၍ ပြသလေ့ရှိပြီး ယခုကဲ့သို့ ကဒ်များဆွဲ၍ လုံခြုံရေးစစ်ဆေးမှုများပြုလုပ်ခြင်းမရှိခဲ့ဘဲ ယုန်လေး၏ ဇာတ်ကားရုံတင်မည့် အချိန်မှသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ​ တော်လှန်​ရေးအား​ကောင်းလာပြီး​နောက်ပိုင်း စစ်​တပ်​ထောက်ခံသူ နှင့် အမျိုးသား​ရေးအစွန်း​ရောက်သူများသည် ​အပြင်သို့ လွတ်လပ်စွာမသွားရဲကြ​တော့ဘဲ လုံခြုံ​ရေးကို အထူးသတိထား​နေကြခြင်းဖြစ်သည်။ ထို့ပြင် အော်ရီဂျင်နယ်ဂန်းစတား ၃ ရုပ်ရှင်အထူးပွဲကို ယခင်က အောက်တိုဘာ ၈ ရက်တွင် သမ္မတရုပ်ရှင်ရုံ၌ပြုလုပ်ရန်စီစဉ်ထားသော်လည်းအောက်တိုဘာ ၁၀ ရက်သို့ ပြောင်းလိုက်ကြောင်းယုန်လေးက ၎င်း၏ဖေ့စ်ဘွတ်ခ်၌ယနေ့(အောက်တိုဘာ ၅) အသိပေးထားသည်။ ရုပ်ရှင်အထူးပွဲကို အနုပညာသတင်းဖော်ပြသည့် မီဒီယာများ တတ်ရောက်ကြ​လေ့ရှိသည်။ယခုနောက်ပိုင်းတွင် အနုပညာ မီဒီယာအချို့ကရုပ်ရှင်အထူးပြပွဲများကိုအခကြေးငွေယူ၍ တိုက်ရိုက်ထုတ်လွှင်မှုလည်းရှိသည်။ တော်လှန်ရေးအင်အားစုများက မီဒီယာများကိုလည်း Social Punishment ပြုလုပ်သည့် အနုပညာရှင်များကို…

Read More