Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
မြန်မာပြည်ကြီး မင်းကောင်းမင်းမြတ်ပေါ်နေပြီး ဆိုတာ အခုအတိအကျဝါရင့်ဆရာတော်ကြီးတွေက ဟောကိန်းထုတ်ခဲ့တဲ့ရုပ်သံ ဆက်လက်ဖတ်ရှုရန်
၂၀၂၄ နိုဝင်ဘာလ ၇ရက်နေ့နှင့် ၈ရက်နေ့တွေမှာ ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်တစ်လုံးဖြစ်လာနိုင်ပြီး မြန်မာနိုင်ငံကိုမုန်တိုင်းဝင်ရောက်နိုင်ခြင်းမရှိနိုင်သော်လည်း အဆိုပါရက်တွေမှာ အဆိုပါမုန်တိုင်းငယ်ရဲ့ 850 mbar winds လေစီးကြောင်းတွေကနေပြီး ဧရာဝတီတိုင်း ရန်ကုန်တိုင်းပဲခူးတိုင်း မကွေးတိုင်းမန္တလေးတိုင်းဒေသကြီးတွေမှာမိုးရွာနိုင်ပြီး တောင်ငူခရိုင် နေပြည်တော် ကယားပြည်နယ် ရှမ်းပြည်နယ်တောင်ပိုင်း ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာ မိုးများစွာရွာသွန်းနိုင်သဖြင့် မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်ပါတယ် ကြိုတင်ခန့်မှန်းပေးထားတာဖြစ်တယ် အပြောင်းအလဲမရှိနိုင်ပါဘူး အတိအကျဖြစ်လာမှာပါ ကိုယ့်ပညာကို ကိုယ်ယုံကြည်တယ် ကြိုတင်ပြင်ဆင်ကြပါ ISSUED TIME 03/11/2024 12:31pm(MMT) တိကျမှန်ကန် Su Su San ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊နိုဝင်ဘာ ၃ လန်ဒန်မြို့၌ ကျင်းပသည့် တေးသံရှင် ဖြူဖြူကျော်သိန်း၏ “Phyu Phyu In London” နွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲကို နိုဝင်ဘာ ၂ ရက် နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာတစ်ထောင်ကျော် တက်ရောက်ခဲ့ကြောင်း ပွဲစီစဥ်သူ ဒေါက်တာသက်ကိုကို ကပြောပါသည်။ ယင်း “Phyu Phyu In London” တကိုယ်တော်ဂီတပွဲတွင် ရရှိမည့်ဝင်ငွေအားလုံးကို အနုပညာကြေး တပြားတချပ်မှမယူဘဲ NUG အစိုးရမှတဆင့် မြန်မာပြည်တွင်း လိုအပ်နေသည့်နေရာများကို လှူဒါန်းသွားရန် စီစဥ်ထားကြောင်း၊ ဂီတပွဲမှရရှိလာမည့် ငွေကြေးများကို ကုန်ကျစရိတ်နှုတ်ပြီး မြန်မာပြည်တွင်းရှိ IDP စခန်းများကို NUGလက်အောက် လူကယ်ပြန်ဝန်ကြီးဌာနမှ တဆင့်လှူဒါန်းသွားမှာဖြစ်ကြောင်း၊ NUG ဆေးကျောင်းနှင့် ခြေတု လက်တုများအသုံးပြုရာတွင်လည်း လှူဒါန်းသွားမှာဖြစ်ကြောင်း ဒေါက်တာ သက်ကိုကိုကပြောသည်။ ယင်းနွေဦးတော်လှန်ရေး ရန်ပုံငွေ ကိုယ်တော်ဂီတပွဲတွင် တေးသံရှင်ဖြူဖြူကျော်သိန်းနှင့် အတူတူတွဲဖက် တီးခတ်ပေးထားသည့် ကရင်၊ ချင်း၊ ကချင်၊ ရှမ်း လူမျိုးပေါင်းစုံ ပူးပေါင်းဖွဲ့စည်းထားသော UKအခြေစိုက် The Federal Music Band မှလည်း မေတ္တာဖြင့် ကူညီတီးခတ်ပေးထားကြောင်း သိရသည်။ ဆက်လက်ဖတ်ရှုရန်
သိန်းသုံးသောင်းကျော် လိမ်ပြေးခဲ့တဲ့လူလိမ်ကို ယူလိုက်မိလို့ ဒုက္ခလှလှတွေ့နေတဲ့MRTV4မင်းသမီး ဆက်လက်ဖတ်ရှုရန်
အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ (၈) စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ ပွိုင့်-၅ စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွေမှာ ပွိုင့်-၅ ထက် ပြောင်းအချင်း ပိုကြီးတဲ့ စက်သေနတ်တွေ၊ စက်အမြောက်တွေ သိမ်းပိုက်ရရှိထားတာကြောင့် နောက်ပိုင်းကာလတွေမှာ ရန်သူ့လေတပ်ကို လေထဲမှာ ချေမှုန်းရေး ယခုထက် ပိုမို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်လာရင်လည်း ရန်သူ့လေယာဉ်တွေကို ပိုမိုချေမှုန်းနိုင်မှာ ဖြစ်ပါတယ်။ မြေပြန့် မဟာဗျူဟာ ထိုးစစ်စတင်ပြီးလို့ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ပြောကြားထားပြီးဖြစ်လို့ မြေပြန့်ဒေသမှာရှိတဲ့ လေတပ်စခန်းတွေ ဖြစ်တဲ့ ဥပမာ-တောင်ငူလေတပ်၊ တံတားဦးလေတပ်၊ မိတ္ထီလာလေတပ်၊ ကျောက်ထုလေတပ်တွေ သိမ်းပိုက်ခံရရင်လဲ ရန်သူ့လေတပ်ကို ဝေဟင်မှာ သာမကဘဲ မြေပြင်မှာပါ ချေမှုန်းနိုင်လာမှာဖြစ်ပါတယ်။ ပစ်ချခံထားရတဲ့၊ ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့လေယာဉ် စာရင်းကို အောက်ပါ ဇယားမှာ ကြည့်နိုင်ပါတယ်။ K-8 ပစ်ချ ကရင်နီ (ဘောလခဲ) ၂၀၂၃၊ ဇွန် K-8 ထိခိုက် ကချင် (ဖားကန့်) ၂၀၂၄၊ ဖေဖော်ဝါရီ FTC-2000G…
လက်ရှိဓာတ်အားရရှိမှုအခြေအနေနှင့်ပတ်သတ်၍ ဝေဖန်သုံးသပ်ချက်တွေအများကြီး မြင်ရဖတ်ရပါတယ်။ အဓိက နှစ်ချက်ပြောရရင် မိုးရာသီမကုန်ခင် LDC များရခြင်းနဲ့ လာမည့်နွေအတွက် စိုးရိမ်သောကဖြစ်ကြရခြင်းဆိုပြီး နှစ်ချက် တွေ့ရပါတယ်။ (က)မိုးမကုန်ခင် LDCများနေရခြင်း မှန်ပါတယ်။ Install Capacity အရဖြစ်စေ။ ရေအားကို အားထားရတယ်ဆိုပေမဲ့ လက်ရှိ Generation အချိုးအဆအရ သိပ်မကွာလှပါပု။ လက်ရှိထုတ်လုပ်မှု Update အရဆိုရင် ရေအား 54%နဲ့ GTက 43%နဲ့ အခြား (Solar+ Coal) 3%လောက်နဲ့ မောင်းနှင်နေပါတယ်။ ဒါကိုကြည့်ရင်ပဲ ရေအားသည် ဓာတ်အားစနစ်၏ တဝက်ကျော်ယုံပဲ အလုပ်လုပ်နေရတဲ့လဏ္ခာကို ရှင်းလင်းစွာ မြင်ရပါမယ်။ ရေတမံများ၏ ရေဝင်ရောက်မှု အခြေအနေများကို လေ့လာကြည့်တဲ့အခါမှာလည်း ရေပိုလွှဲမှ ရေကျော်နေတဲ့အခြေအနေဟာ ယနေ့အထိရှိနေပြီး ရေအားစက်တွေ၏ သဘောသဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းအပြည့် လိုက်ပြီး မောင်းနှင်ပေးထားပါတယ်။ နောက်အထူးဖော်ပြချင်တာက ရွှေလီကဲ့သို့ စက်ရုံကြီးအပါ အဝင် ရေအားစက်ရုံ (၇)ခု ဓာတ်အားစနစ်ကို မဝင်နိုင်ပါဘူး။ ပမာဏများပါတယ်။ ဓာတ်အားစနစ်၏ အခြေအနေက အရင်လို နွေမိုးဆိုတာထက် အဲ့သလိုမမျှော်လင့်နိုင်သော အခြေအနေမှာ မူတည်နေတယ်လို့ပဲ ပွင့်ပွင့်လင်းလင်းပြောရမှာပဲ။ ရာသီဥတုအပြောင်းအလဲသည် ဓာတ်အားရရှိမှုကို သိသာသော အပြောင်းအလဲကို ဖြစ်စေပါတယ်။ အထူးသဖြင့် လူနေထူထပ်၍ သုံးစွဲမှုများသော ရန်ကုန်ဟာ Load Flow အတက်အကျ အကြမ်းဆုံးဟုဆိုနိုင်ပါတယ်။ ၎င်းအတွက်ကြောင့် ဌာနအလိုက်ဓာတ်အားခွဲမှုအချိုးအစားထက်ကျော် လွန်သုံးစွဲသည်ပဲဖြစ်စေ၊ အရေးပေါ်အခြေအနေအရ ဝန်အား ထိန်းညှိချင်လို့ပဲဖြစ်စေ Loadဖြုတ်ချရတာ အလွယ်ဆုံးဖြစ်တဲ့ ရန်ကုန်က ပိုခံရတဲ့သဘောမှာ ရှိပါတယ်။ အချုပ်ပြောရရင် လက်ရှိဓာတ်အားစနစ်သည် ရေအားကို 100%မှီခိုနေရတာမျိုးမဟုတ်ပဲ…
ဟန်နွေ/People’s Spring မြန်မာ-တရုတ်နယ်စပ် ချီဖွေမြို့နယ်အတွင်းရှိ၊ ဖီမော်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က ယနေ့ (နိုဝင်ဘာ ၂) သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း ကနဦး သတင်းရရှိသည်။ နိုဝင်ဘာ ၂ရက် ညနေ ၅နာရီခွဲတွင် သိမ်းပိုက်နိုင်ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ ထွက်ပြေးသွားကြောင်း သတင်းရင်းမြစ်က ပြောသည်။ KIA ပူးပေါင်းတပ်သည် ဖီမောမြို့ သွားလမ်းရှိ နောက်ဆုံးလက်ကျန် နယ်ခြားစောင့်တပ်ဖွဲ့ BGF -၁၀၀၁ တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ ၃၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ပြီးနောက်နယ်စပ်မြို့ငယ်ဖြစ်သော ဖီမော်ကို မတိုက်ခိုက်ရဘဲ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ဖီမော်မြို့ကို သိမ်းပိုက်နိုင်ပြီဖြစ်သည်ဟု နိုဝင်ဘာ ၂ ရက် ညပိုင်း၌ အတည်ပြုသည်။ ထိုအပြင် တတိယမြောက်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း တရုတ်နယ်စပ် ဖီမောမြို့ကို နိုဝင်ဘာ ၂ရက် ညနေ ၆နာရီတွင်KIA ပူးပေါင်းတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက် နိုင်ပြီဖြစ်သည်ဟု ပြောသည်။ ဖီမော်ဒေသရှိ စစ်ကောင်စီတပ်အလံကို KIA တပ်ဖွဲ့ဝင်များက ဖြုတ်ချနေသည့် ရုပ်သံမှတ်တမ်းကိုလည်းသတင်းရင်းမြစ်က ပြသသည်။ ဖီမော်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁) တစ်ခုလုံးကို သိမ်းပိုက်နိုင်တော့မည်အခြေအနေဖြစ်လာသည်။ ကချင်အထူးဒေသ(၁)နယ်မြေရှိ ကန်ပိုက်တီမြို့နှင့် ဒေသအချို့သာKIAက သိမ်းရန် ကျန်ရှိတော့သည်။ KIA အနေဖြင့် ကန်ပိုက်တီမြို့လုံခြုံရေးတပ် ဖြစ်သည့် BGF ၁၀၀၃ တပ်ရင်းကိုလည်း အောက်တိုဘာ ၂၁ရက်က သိမ်းပိုက်ပြီးဖြစ်သည်။ ထို့ပြင် BGF ၁၀၀၂ နှင့် ပန်ဝါမြို့၊ချီဖွေမြို့၊ ဆော့လော်မြို့တို့ကို ပြီးခဲ့သည့် တစ်လအတွင်း တိုက်ခိုက်သိမ်းပိုက်ထားသည်။ ဆော့လော်မြို့နယ် မြန်မာ…
NUG တပ်များပူးပေါင်းပြီး မန္တလေးမြို့သိမ်းတိုက်ပွဲဆင်နွှဲမည်ဟုဆို 2 Nov 2024 By Htet Soe Lin/ MPA NUG တပ်များဖြင့်ပူးပေါင်းကာ မန္တလေးမြို့သိမ်းပိုက်ပွဲဆင်နွှဲမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ်(၁၂၂၂)တပ်ရင်းတာဝန်ခံ ကိုနွယ်နီကပြောသည်။ မန္တလေး PDF ကမန္တလေးမြို့ကိုသိမ်းခြင်းထက် မန္တလေးရှိတပ်များအပါအဝင် အားလုံးစုပေါင်းကာ မဟာဗျူဟာမြောက်သိမ်းပိုက်ခြင်းကို မျှော်လင့်ကြတာဖြစ်ပြီး MOD တပ်များတစ်စုတစ်စည်းတည်း ပူးပေါင်းသိမ်းပိုက်သည့်ပုံရိပ်ကို မျှော်လင့်ထားခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။ Video Edited- Mm Editor – Ko Lin ဆက်လက်ဖတ်ရှုရန်
အင်းတော်မြို့သိမ်းတိုက်ပွဲ ပြန်လည်စတင် အိမ်သွင်/People’s Spring ပြီးခဲ့သည့်ဩဂုတ်က တိုက်ခိုက်ခဲ့ပြီးနောက် ရပ်တန့်ထားခဲ့ရသည့် အင်းတော်မြို့သိမ်းတိုက်ပွဲကို တော်လှန်ရေးတပ်များက ပြန်လည်စတင်ပြီး တိုက်ပွဲပြင်းထန်နေသည်။ အင်းတော်မြို့ရှိ နေရာသုံးခု၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းတပ်ဖွဲ့များက နိုဝင်ဘာ ၁ရက်တွင် စတင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ” ပထမတခေါက်က မပြတ်တဲ့တိုက်ပွဲ အခုပြန်ချနေတာ။ စစ်တပ်က လေကြောင်းကနေချတာ၂ရက်ရှိပြီ။ တိုက်ပွဲကလည်းပြင်းထန်နေပါတယ်”ဟု မြို့အနီးဝန်းကျင်တွင် စစ်ဘေးရှောင် နေသည့် အင်းတော်မြို့ခံတစ်ဦးက ပြောသည်။ အင်းတော်မြို့သိမ်းတိုက်ပွဲကို ဩဂုတ် ၁၆ရက်က စတင်ခဲ့ပြီး နဘားလမ်းဆုံ စစ်ကောင်စီစခန်း၊ နဘားကျေးရွာ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စစ်ကောင်စီစခန်းနှင့် အင်းတော်မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပူးပေါင်းတပ်ဖွဲ့များက သိမ်းယူနိုင်ခဲ့သည်။ ဆုတ်ခွာသွားသည့် စစ်ကောင်စီသည် အင်းတော်မြို့မဘုန်းကြီးကျောင်း၊ စစ်တပ်ကုန်းနှင့် ဘုရားကုန်း၌ တပ်စွဲပြီး ဒေသခံများအား ဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုခဲ့သည်။ ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိုးစစ်ရပ်ခဲ့ရသည်။ ဩဂုတ်လနှောင်းပိုင်းမှစတင်၍ အောက်တိုဘာလကုန်အထိ တိုက်ပွဲရပ်ထားခဲ့ပြီး ယခုအခါ ပြန်လည်တိုက်ခိုက်ခြင်းဖြစ်သည်။ ” တိုက်ပွဲရပ်ထားတဲ့ကာလတွေထဲမှာတော့ အရပ်သားတွေ မြို့ကနေ ထွက်နိုင်ခဲ့တယ်လို့သိရတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။ လက်ရှိဖြစ်ပွားနေသောတိုက်ပွဲအတွင်း ထိခိုက်မှုအခြေအနေများကို မသိရှိရသေးပေ။ တိုက်ပွဲကြောင့် အင်းတော် – ကသာလမ်းပိုင်းနှင့် မန္တလေး – မြစ်ကြီးနား လမ်းပိုင်းကို ယာယီပိတ်ထားကြောင်း သတင်းရရှိသည်။ အင်းတော်မြို့တွင် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၇၇)လက်အောက်ခံတပ်များမှာ အင်အား ၅၀၀ခန့် ရှိနေသည်ဟု သတင်းရရှိသည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့များသည် စစ်ကိုင်းတိုင်းအတွင်း ကောလင်း၊ အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူး၊ ဒီပဲယင်း၊ရွှေပြည်အေး၊ ခမ်းပါတ်မြို့၊…