Subscribe to Updates
Get the latest creative news from FooBar about art, design and business.
What's Hot
Author: Ka K
သတိုး/People’s Spring တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးဒုက္ခကြုံ နေရချိန်တွင် စစ်ကောင်စီသည် အကြမ်းဖက်မှုများပြုလုပ်၍ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းဖြစ်သောကြောင့် သမိုင်းဆိုးတွင်ခဲ့သည့်သန်းခေ့င်စာရင်းကောက်ယူမှုဟုအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB က ယနေ့(နိုဝင်ဘာ ၁၂ရက်) အသိပေးထားသည်။ စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ရက်မှ ၁၅ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့်ရက်ထက် ၁၅ ရက်ခန့်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ရသည်ဟု GSCB က ဆိုသည်။ “ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့် ကာလမှာ နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆယ်စုနှစ် ငါးခုအတွင်းတွင် အဆိုးဆုံး ဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့် ပြည်သူ (၁)သန်းကျော်အထိ ထိခိုက်ပျက်စီးနေမှုများ ကြုံနေရသည့် အချိန်ဖြစ်ပါသည်။”ဟု GSCB ကထုတ်ပြန်ထားသည်။ သန်းခေါင်စာရင်းအတွက် စစ်ကောင်စီက ပြည်သူ့ဘဏ္ဏာ ကျပ်သန်းပေါင်း ၅,၆၀၀ ကျော်အသုံးပြုခဲ့ပြီး ရေးဘေးသင့်နေသည့်ဒေသများ၌ပင် စစ်တပ် ၊ ရဲ ၊ ပျူစောထီးများကို အသုံးပြုကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်းအကျပ် ဖိအားပေးကာ ကောက်ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူမှုအတွက် ပညာရေးဝန်ထမ်းများကို အဓမ္မစေခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အပြသဘောဖြင့်လုပ်ဆောင်ခဲ့သလို ပြည်သူများဘက်ကလည်း ပူးပေါင်းပါဝင်မှုမရှိသောကြောင့် သမိုင်းတလျှောက် လုံး၌ အဆင့်အတန်းမရှိသော၊ အားကိုးယုံကြည်ဖွယ်ရာ…
ရဲခေါင်/People’s Spring အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO) က အရေးယူမှုစတင်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ILO ဌာန ချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက် တိုဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ “အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ ILO ရဲ့ အုပ်ချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံကို နည်းပညာအကူ အညီမပေးရဘူး။တခြားကူညီထောက်ပံ့မှု မပေးရဘူးဆိုတာ ဆုံးဖြတ်ချက်ထဲ ပါသွားပြီ။ပြောမယ်ဆို ဒါပထမအဆင့် အရေးယူမှုဖြစ်တယ်”ဟု ဒေါ်ခိုင်ဇာအောင် က ပြောသည်။ မြန်မာနိုင်ငံ(စစ်ကောင်စီ)အပေါ် ဆက်လက် အရေး ယူရန် ILO ၏ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ ဆောင်ရွက်သွားမည်ဟု သိရသည်။ ILO ၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်သည့် နည်းလမ်းများတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့် နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်တို့ကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ခြင်း၊ ကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် ခုံရုံးတင် စစ်ဆေး အရေးယူခြင်းစသည်တို့…
ရန်ကုန်၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့သို့ နောက်တန်းပြန်ဆုတ်လာသော အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းတွင် ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက် ကြီးအခြေစိုက်တပ် များ စုပေါင်းထားခြင်းဖြစ်ကြောင်း၊ တော်လှန် ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြာင့် စစ်သား ၃၀ ကျော်သေဆုံးပြီး ၂၀ မှာမူ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “ကျောက်ကြီး မူသယ် စစ်အခြေစိုက်စခန်းတွေကနေ နောက်တန်းပြန်ဝင်မယ့်တပ်တွေပါ။ ရက်အလိုက်ကြည့်လို့ရပါတယ်။ စုစုပေါင်း၅၀ကျော်မှာ သေဆုံး ၃၀လောက်ပါပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့ သေဆုံး ထိခိုက်များခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရှင်းလင်းပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ် ကျွန်းကုန်းရွာထိပ်တွင် စစ်အင်အားရာကျော်ပါသော စစ်တပ်စစ် ကြောင်းနှင့် ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ခွဲ ၂ တို့အကြား ထိတွေ့မှုစတင်ဖြစ်ခဲ့ကြောင်း၊ ယင်းနေ့ နံနက်၇နာရီခွဲအချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊…
ပခုက္ကူမှာ လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊ စစ်အုပ်စုကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် လေကြောင်းဗုံးကြဲခံရတာဖြစ်၊ အီသာရမ်/MFP၊ နိုဝင်ဘာ- ၁၀ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲလို့ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးတယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က MFP ကို ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်သုံးဦး ကျဆုံးတာလို့ ဆိုပါတယ်။ မြစ်ခြေတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ က စစ်အုပ်စုနဲ့ နယ်ခံ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ အတွက် ကင်းပုန်းဝပ်နေတဲ့အချိန် ဗုံးကြဲခံရတာလို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က ပြောပါတယ်။ “အမှန်တော့ Mission (မစ်ရှစ်- စစ်ဆင်ရေး သတင်း) ပေါက်တာပေါ့၊ မစ်ရှင်က အားလုံး ဖျက်သိမ်းပြီး နောက်ပိုင်းမှာ နောက်ရက်မှာ ဖြစ်တာပေါ့။ ကင်းဝပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့၊ လေယာဉ်နဲ့ ပစ်တာ ကလေးတွေက ကံဆိုးတော့ အုတ်တံတိုင်းရဲ့ အပြင်ဘက်မှာ ဝပ်တာပေါ့ဗျာ၊ ဘုရားနဲ့ အုတ်တံတိုင်းနဲ့ ကြားကို…
ရန်ကုန်၊ နိုဝင်ဘာ ၁၁ မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး ၁ ဦးကိုယ့်ကိုကိုယ်သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သွားကြောင်း ယောအလင်းတန်း မှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အသက် ၄၀ ကျော်အရွယ် တပ်ကြပ်ကြီးတစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော်လည်း နှုတ်ထွက်ခွင့်မရခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် အတွင်း မတရားဖိနှိပ်ခံရခြင်းတို့ကြောင့် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံး စီရင်သွားခြင်းဖြစ်ကြောင်း သိရသည်။ “သူက အရက်နဲနဲသောက်တယ်။ မနေ့ညကလည်း နည်းနည်းသောက်ထားတယ်လို့ သိရတယ်။ သူက စစ်တပ်ကနေ ထွက်ချင်နေတာကြာပြီ။ ထွက်ခွင့်မပေးလို့ စိတ်ညစ်နေတာ၊ အဲဒါကြောင့် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာပါ။ တစ်ချက်နဲ့ပဲ အပြီးစီရင်သွားပါတယ်” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အဆုံးစီရင်သူ တပ်ကြပ်ကြီးသည် ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်မှ ပြောင်းရွှေ့လာသူဖြစ် ကြောင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားအတော်တော်များများသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် လက်နက်၊ ခဲ ယမ်းများယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တို့ထံ ခိုလှုံဝင်ရောက်သူများလည်းရှိကြောင်း သိရ သည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။) Photo- Agency။ ဆက်လက်ဖတ်ရှုရန်
ရန်ကုန်၊ နိုဝင်ဘာ ၁၁ ရခိုင်ပြည်နယ်၊ အမ်းမြို့သိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်ရှိသူများ အပါအဝင် စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြောင်း ဒေသတွင်း စစ်ရေး သတင်းရင်းမြစ်များ ပြောဆိုသည်။ အမ်းမြို့ မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့မှစ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ စစ်ကောင်စီ တပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မဲတောင်တိုက်ပွဲ နောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်။ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့ ကမ်းလှမ်းလာတဲ့သူတွေလည်းပါတယ်” ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ အလင်းဝင်လာသူများ၏ တပ်ရင်းတပ်ဖွဲ့ အမည်များနှင့် သုံ့ပန်းထိန်းသိမ်းရေး စည်းကမ်း အရ အသက်အရွယ် အမည်နာမည်များကို စစ်ရေးသတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ အမ်းမြို့သိမ်းတိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားများထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ခေါ်ယူပြီး ၄၅ ရက်သင်တန်းပေးထားသော လက်နက်ကိုင်များလည်း ပါဝင်ကြောင်း သိရသည်။ “အမ်းတိုက်ပွဲမှာ ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ ဒုက္ခသည်စခန်းက ရွာတွေက ခေါ်ယူထားတဲ့ သူတွေလည်း ပါတယ်။ အခု စစ်ကောင်စီဘက်မှာ အဲလိုခေါ်ယူထားတဲ့ သူတွေ အကျအဆုံးများတယ်” ဟု…
ရခိုင်ပြည်နယ် ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့သို့ လာသည့် စစ်ရဟတ်ယာဉ်တစ်စီး ယမန်နေ့ (နိုဝင်ဘာ ၁၀) နေ့လယ်ပိုင်းတွင် ပစ်ခတ်ခံရပြီး မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ နပခဌာနချုပ်ထဲသို့ လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ခြင်း ဖြစ်နိုင်သည်၊ အပြန်တွင် ပစ်ခတ်ခံရပြီး မင်းဘူးခရိုင် ၊ စေတုတ္ထရာမြို့နယ် ၊ ကံပေါက်ရွာအနီး လယ်ကွင်းများအတွင်း အရေးပေါ် ဆင်းသက်ခဲ့ရသည်ဟု ဒေသတွင်း စစ်ရေးရင်းမြစ်များ၊ ဒေသခံများက ပြောသည်။ အာရက္ခတပ်တော် (AA)၏ ပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု ဒေသတွင်း သတင်းများက ဆိုကြသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ စစ်ရေးသတင်းရင်းမြစ်များနှင့် နီးစပ်သူ ရခိုင်ဒေသခံတစ်ဦးက ယမန်နေ့က အမ်းဘက်မှ ပြန်လာ သည့် ရဟတ်ယာဉ် ၂ စီးအနက် တစ်စီး ပစ်ခတ်ခံရပြီး လယ်ကွက်များအတွင်း ဆင်းသက်သွားသည် ဟု သိရကြောင်း ပြောသည်။ “အခု နွံနစ်နေလို့ လုံခြုံရေးကားတွေ၊ ဘက်ဟိုး ၊ ဘူဒိုဇာတွေနဲ့သွားကြတယ်လို့ သိရပါတယ်” ဟု ထိုသူ က ဆိုသည်။ အမ်းမြို့နယ်ဘက်မှ ပျံသန်းလာသော Mi 17 ရဟတ်ယာဉ်တစ်စီး မွန်းလွဲ ၂ နာရီခန့်အချိန်က မကွေးတိုင်းအတွင်း အရေးပေါ် ဆင်းသက်ခဲ့ပြီး ယခုအချိန်အထိရှိနေသေးကြောင်းသိရသည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ မကွေးတိုင်းအခြေစိုက် ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ထိုဖြစ်ရပ်အကြောင်း ကြားသိထားသော်လည်း အသေးစိတ်စုံစမ်းဆဲဟု ဆိုသည်။ “အချိန်ရော နေရာရော စုံစမ်းနေပါတယ်။ အမ်းမြို့နယ်ထဲမှာ မဟုတ်ပါဘူး။ မကွေးတိုင်းဘက်ထဲမှာ ကျတယ်လို့…
Update News- မိထ္တီလာ၊ ရှမ်းတဲလေတပ် တိုက်ခိုက်ခံရမှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိပြီး စစ်ကောင်စီကမူ ဒရုန်းများဖြင့် လာရောက်တိုက်ခိုက်၍ ဒရုန်းလွှတ်သောနေရာများကို လိုက်လံရှာဖွေနေဟု သတင်းထုတ်ပြန် ရန်ကုန်၊ နိုဝင်ဘာ ၁၁ မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို ယနေ့ နံနက်ပိုင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ရာတွင် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုအချို့ရှိကြောင်း မိတ္တီလာအခြေစိုက် သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန် ရှမ်းတဲလေတပ်စခန်း အပါအဝင် တပ်နေရာများကို ဒုံး၊ ဗုံးများဖြင့် ပစ်ခတ်ခံရပြီး ပေါက်ကွဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ နောက် ဆက်တွဲ သတင်းများအရ ရှမ်းတဲလေတပ်စခန်းအတွင်း ပေါက်ကွဲမှုကြောင့် အရာရှိနှင့်စစ်သည်တချို့ သေဆုံးဒဏ်ရာရရှိမှုတချို့ ဖြစ်ပေါ်ခဲ့သည်ဟု သိရှိရကြောင်း ဒေသသတင်းရင်းမြစ်က ဆိုသည်။ “ရှမ်းတဲလေတပ်မှာ အရာရှိ ၁ ဦးနဲ့ စစ်သည်တချို့ သေဆုံးဒဏ်ရာရတယ်လို့ သိရတယ်။ အရေအတွက်တော့ မသိရဘူး။ သေဆုံးတာနဲ့ ဒဏ်ရာရတာတွေရှိတယ်လို့ပဲ သိရတယ်” ဟု ဒေသသတင်းရင်းမြစ်က ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်လာရာတွင် မန္တလေးတိုင်း၊ ရှမ်းတဲလေတပ်သို့ လာရောက်တိုက်ခိုက်သော Fixed Wing Drone များ ပေါက်ကွဲပျက်စီးသွားကြောင်း၊ မိတ္ထီလာမြို့၊ ပြည်သာယာ(မြောက်)ရပ်ကွက်နှင့်ဇောင်ချမ်းကုန်းရပ်ကွက်များပေါ်သို့ Fixed Wing Drone များ တိုက် ခိုက်ရန် ပျံသန်းလာစဉ် လေထဲတွင် ၈စီးခန့် ပေါက်ကွဲမှုဖြစ်ပွားပြီး အောက်သို့ ပြုတ်ကျခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ မိတ္ထီလာမြို့နယ်၊ရှမ်းတဲကျေးရွာမြောက်ဘက် ရှမ်းတဲလေတပ်ကို Fixed Wing Drone များဖြင့် တိုက်ခိုက်ရာ လေကြောင်းရန်…
ရန်ကုန်၊ နိုဝင်ဘာ ၁၀ ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လုံး၀ လက်လွှတ်မခံရန်နှင့် လုံး၀ ဆုတ်ခွာခြင်းမပြုရန် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက အမိန့်ပေးညွှန်ကြားထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်အတွင်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ တပ်ရင်းများ၊ ကာကင်းစခန်းများ၊ ဗျူဟာကုန်းများ၊ သင်တန်းကျောင်း အများအပြား သိမ်းပိုက်ခံထားရကြောင်း၊ လက်နက်ချ အလင်းဝင်သူများလည်းရှိနေပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ AA ၏ လက်ထဲသို့ ကျရောက်မည့်အခြေအနေ ဖြစ်ပေါ်လာချိန်တွင် ဒုစစ်ခေါင်းဆောင်စိုးဝင်းက မည်သည့်အကြောင်းနှင့်မျှ၊ မည်သည့်နည်းနှင့်မှ နပခကို စွန့်ခွာခြင်းမပြုကြရန်၊ လုံး၀ လက်လွှတ်မခံကြရန် အမိန့်ပေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။ “လိုအပ်တဲ့စစ်ကူ၊ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေ ရတဲ့နည်းနဲ့ ပေးပို့ဖို့၊ နပခဌာနချုပ်ကို လုံး၀(လုံး၀) အကျခံဖို့ မဖြစ်နိုင်ဘူး။ လက်လွှတ်မခံဖို့နဲ့ ဆုတ်ခွာခြင်းမပြုဖို့ ဒုတပ်ချုပ်က ညွှန်ကြားချက်ပေးပါတယ်။ နပခနဲ့သက်ဆိုင်တဲ့ ကစထမှူး ၃ ၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး စစ်တိုင်းဗျူဟာမှူးတွေ၊ လုံနယ်ဝန်ကြီးတွေပါ လမ်းညွှန်မှု ခံယူရပါတယ်” ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ ယခုနှစ်ဩဂုတ်လ ၃ ရက်နေ့တွင် MNDAA က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းပိုက်ပြီးနောက်ပိုင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)မှာ ဒုတိယမြောက် တိုက်ခိုက်ခံရသော စစ်တိုင်းဌာနချုပ်တစ်ခုဖြစ်ကာ ဆုံးရှုံးလက်လွှတ်ရမည့် အခြေအနေများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း သိရှိရသည်။ AA ၏ ထိုးစစ်ကြောင့် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ဗိုလ်မှူးကြီးအဆင့် အပါအဝင် အရာရှိကြီးများ ထိခိုက်ဒဏ်ရာရရှိမှုများ၊ စစ်အရာရှိများ သေဆုံးမှုများ မြင့်တက်လာနေသည့်အပြင် စစ်တိုင်းမှူး ဗိုလ်ချုပ်…
ဟာနာဆန်/People’s Spring စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲကင်းစခန်းရှိ စစ်ကောင်စီတပ်သားများဝမ်းပျက်၊ဝမ်းလျှောရောဂါ ဖြစ်ပွားနေပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကြောင်း မြောင်နယ်အခြေစိုက် Civilians Defense Security Organization Myaung အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ နိုဝင်ဘာပထမပတ်အတွင်းကစတင် ဝမ်းပျက်၊ဝမ်းလျောရောဂါဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံးကာ ရောဂါရသူများအား ရေစကြိုမြို့ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ “ဝမ်းပျက်ဝမ်းလျှောကြောင့် ဗိုလ်မှူးတစ်ဦးသေတယ်။ ကျန်တဲ့ ရောဂါဖြစ်တာတွေတော့ များတယ်ပြောတယ်။ ဖြစ်တဲ့သူတွေကို ဟိုဘက်(ရေစကြိုဘက်)ပို့ပြီးတော့ ကောင်းတဲ့သူတွေနဲ့ လူပြန်ချိန်းလိုက်တယ်။”ဟု ကိုနွေဦးက ပြောသည်။ ကျောက်ရစ်ရဲကင်းစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းတွင်းမှ အပြင်ထွက်လေ့မရှိဘဲ ဘန်ကာနှင့် ကတုပ်ကျင်းများအတွင်း၌သာ နေထိုင်ကြောင်း၊ထို့အပြင် မြစ်ရေဝင်ခြင်းနှင့် မိုးအဆက််မပြတ် ရွာသွန်းမှုတို့ကြောင့် ရေဝပ်ခဲ့၍ ရေမသန့်ရာမှ ဝမ်းပျက်၊ ဝမ်းလျှောရောဂါများ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က သုံးသပ်သည်။ ထို့အပြင် မြောင်မြို့နယ်အတွင်း ကျေးရွာ ၃ရွာရှိ အခြေခံပညာကျောင်းများတွင်လည်း ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမများ တုပ်ကွေးမိဖျားနာခြင်းများ ဖြစ်ပွားနေ၍ ဆေးကုသမှုများ ပြုလုပ်ပေးနေရကြောင်း CDSOM အဖွဲ့မှ ကိုနွေဦး(မြောင်)က ပြောသည်။ “ဆရာ၊ ဆရာမတွေပါ ဖြစ်နေကြတယ်။ မနက်ဖြန်ကို နောက်တစ်ကျောင်းသွားရမယ်။ ချက်ချင်းလုပ်မပေးရင် ကျောင်းက ပိတ်ရမယ့်အနေအထားမျိုး ရောက်လာတဲ့အတွက်ကြောင့် မနက်ဖြန်ကို ကျန်းမာရေးအဖွဲ့နဲ့ ချက်ချင်းသွားပေးရမယ်။”ဟု ကိုနွေဦး(မြောင်)က ပြောသည်။ ရောဂါဖြစ်ပွားနေသည့် ကလေးငယ်ပမာဏများပြားနေသည်ဟု မြောင်လူငယ်ကွန်ရက် – YFCက ပြောကြားပြီး အရေအတွက်ကိုမူ ဖြေကြားခြင်းမရှိသေးပေ။ အဆိုပါ ကလေးငယ်များအား ကုသပေးရန် ဆေးဝါးအကူအညီများလိုအပ်နေကြောင်း သိရသည်။ ကာလဝမ်းရောဂါသည်…