Author: Ka K

ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို လူမှုကွန်ရက် Facebook မှ Live လွှင့် သရော်မှုဖြင့် ငါးမင်းဆွေကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ကြောင်း စစ်တပ်လော်ဘီချန်နယ်များက ဖော်ပြရေးသားထားသည်။ ယနေ့တွင် ကျိုက်ထိုရဲစခန်းက ငါးမင်းဆွေကို လာရောက်ခေါ်ယူသွားခြင်းဖြစ်ပြီး ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ရဲစခန်းတွင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကြောင်း ငါးမင်းဆွေက Live လွှင့်ပြောဆိုသွားသည်။ “ကျနော့်ကို ကျိုက်ထိုရဲစခန်းက စခန်းမှူးက လာခေါ်တယ်။ လာခေါ်ရတဲ့အကြောင်းအရင်းက ကျနော့်ကို ရန်ကုန်၊လှိုင်မြို့နယ်မှာ ၅၀၅ (က) နဲ့ အမှုဖွင့်”ထားပါတယ်တဲ့။ အဲဒီကိစ္စနဲ့ကျနော့်ကို လာခေါ်တာပေါ့ဗျာ။ ခေါ်ပြီးတော့ ကျနော့်ကို ရန်ကုန်ပို့မှာပေါ့။ အဲဒီလောက်တော့ အကြမ်းဖျဉ်းသိရတယ်။ အသေးစိတ်တော့ ကျနော်ဘာမှ မသိဘူး။ ချစ်လှစွာသော မြန်မာများအားလုံးကို ကျနော်နှုတ်ဆက်ပါတယ်” ဟု ငါးမင်းဆွေက ပြောဆိုသည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၊ လှိုင်မြင့်မိုရ်အိမ်ယာမှာနေထိုင်တဲ့ ဦးမင်းဆွေ(ခေါ်) ငါးမင်းဆွေဟာ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ငါးမင်းဆွေအမည် လူမှုကွက်ရက်တွင် “ချစ်လှစွာသော မြန်မာများအေးချမ်းကြပါစေ၊ ကျွန်တော် ငါးမင်းဆွေပါ၊ PDF များနှင့်တွေ့ဆုံညှိနှိုင်းပြီး တစ်နိုင်ငံလုံး ငြိမ်းချမ်းစေရမည်၊ ပုံ/ဗိုလ်ချုပ်မှူးကြီး ငါးမင်းဆွေ”ဟု စစ်ဝတ်စုံဝတ်ဆင်ထားသော မင်းအောင်လှိုင်၏ မျက်နှာနေရာတွင် ၎င်း၏ မျက်နှာကို ဖြတ်ညှပ်ကပ်လုပ်၍ လူမှုကွန်ရက်တွင် တင်ခဲ့ကြောင်း၊ ထို့ပြင် “စစ်ဗိုလ်ချုပ်မှူးကြီးတဲ့ သူ့လက်ထပ်အောင်ပွဲရတဲ့စစ်ပွဲတစ်ပွဲမှ မရှိဘူး”၊ “အစ်ကိုလှိုင်က နိုင်ငံအတွက် ဝင်ငွေ ဘက်ဂျက်တိုးအောင် စီးပွားရေးတော့လုပ်တတ်ပါတယ် တစ်သောင်းတန်တွေရိုက်ထုတ်ပြီးတော့”…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၉ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးပြီး ၁၁ ရက်အကြာတွင် NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်သည် မန္တလေးဆေးရုံကြီး ICU အထူးကြပ်မတ်ကုသဆောင်တွင် ကွယ်လွန်သွားကြောင်း NLD သတင်းရင်းမြစ်က အတည် ပြုသည်။ ယမန်နေ့ နိုဝင်ဘာလ ၈ ရက်နေ့ ည ၁၀ နာရီအချိန် NLD အစိုးရ ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နံ နက် ၁၁ နာရီအချိန် မန္တလေးဆေးရုံကြီး၊ ရေခဲတိုက်မှ ကြာနီကန်သုဿာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက ထုတ်လုပ်သည့် Ever တံဆိပ် လျှပ်စစ်မီတာများကို ဝယ်ယူရန် ငြင်းပယ်ခဲ့မှုဖြင့် စစ်ဗိုလ်ချုပ်များ၏ အငြိုးထား ထောင်ဒဏ်နှစ်ရှည်ချခံခဲ့ရသည့် NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကို ကျန်းမာရေးဆိုးရွားနေချိန်ရောက်မှ စစ်ကောင်စီက လွတ်ငြိမ်းပေးခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေပိုင်း NLD လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်တက်ရောက်ဆေးကုသနေရသည့် မန္တလေးဆေးရုံကြီး ၊ ICU ခန်းထဲသို့ စစ်အာဏာ ပိုင်များက လာရောက်ပြီး ထောင်ဒဏ် ၂၈ နှစ် ချမှတ်ထားမှုမှ လွတ်ငြိမ်းခွင့်ပေးခဲ့ကာ ၁၁ ရက်အကြာတွင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။ လွတ်ငြိမ်းခွင့်ပေးကြောင်း အမိန့်စာဖတ်နေချိန်တွင်လည်း NLD အစိုးရ လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်မှာ သတိမရှိတော့ဘဲ မေ့မျောနေချိန်လည်းဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းကလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို မန္တလေးဆေးရုံကြီး၊ ICU တွင် ကျန်းမာရေးဆိုးရွားနေ၍ ဆေးကုသချိန်ရောက်မှသာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပေးသည်ဆိုသော အမိန့်စာကို…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၉ ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီလေတပ်ကို ယနေ့ နံနက် ၁ နာရီဝန်းကျင်အချိန် ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်မှုဖြစ်ပွားပြီး ပေါက်ကွဲသံများကို ထွက်ပေါ်လာကြောင်း လေတပ်အနီးနေထိုင်သူ ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြော ဆိုသည်။ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန် မှော်ဘီလေတပ်အတွင်းသို့ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်သံများကြားရပြီး ပေါက်ကွဲသံ ၂ ကြိမ်ခန့်မှာ အလွန်ကျယ်လောင်ကြောင်း၊ ထပ်မံ၍ အနည်းငယ်သာ ကြားရသော ပေါက်ကွဲသံ တချို့ကိုလည်း ဆက်လက် ကြားရကြောင်း မှော်ဘီလေတပ်အနီးရှိ တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတချို့က ပြောဆိုကြသည်။ “ပေါက်ကွဲသံတွေကြားရတာ။ အဲဒါ လေတပ်ထဲက မိတ်ဆွေကို လှမ်းမေးတော့ ရှော့တိုက်ဒုံးနဲ့လာပစ်တာလို့ပြောတယ်။ ဘာတွေ ထိလဲမေးတော့ မသိသေးဘူးဆိုပြီးပြောတယ်။ ဒီမနက်အထိတော့ အဆက်အသွယ်မရသေးဘူး။ အရင် ပေါက်ကွဲသံအကျယ်ကြီး ၂ ချက်။ နောက်ပေါက်ကွဲသံ ခပ်သေးသေး ၁ ချက် ကြားရတယ်” ဟု တပ်ကြီးကုန်းကျေးရွာမှ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ရန်ကုန်အခြေစိုက် တော်လှန်ရေး သတင်းရင်းမြစ်တချို့ကလည်း မှော်ဘီလေ တပ်ကို ရှော့တိုက်ဒုံး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း အတည် ပြုပြောဆိုကြသည်။ အလားတူ ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ်၊ အဝိုင်းကြီးရှိ EPC ရုံး၌ စောင့်နေသော အကြမ်းဖက်စစ် ကောင် စီတပ်သားများကို လက်ပစ်ဗုံး ၂ လုံးဖြင့်ဖောက်ခွဲတိုက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။…

Read More

အာရက္ခတပ်တော်(AA)ထိုးစစ်ဆင်တိုက်ခိုက်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲတွင် မြေပြင်၌ တိုက်ရိုက်ကွပ်ကဲမည့် စစ်ကောင်စီထိပ်တန်းအရာရှိများစွန့်ခွာထွက်ပြေးနေကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)တိုင်းမှူးဗိုလ်ချုပ်ကျော်စွာဦးသည် ကျောက်ဖြူမြို့၌ရောက်ရှိနေသလို ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် အခြားအရာရှိများသည် မကွေးမြို့သို့ စစ်ရဟတ်ယာဉ်ဖြင့် ထွက်ပြေးသွားကြောင်းစုံစမ်းသိရသည်။ “ဗိုလ်မှူးချုပ်သောင်းထွန်းရယ်၊ ဒဏ်ရာရတဲ့ ခမရ(၃၇၂)တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးနဲ့အရာရှိကြီး‌တွေ၊ ထွေအုပ်မှာရှိတဲ့ ဒုညွှန်မှူးအဆင့်ကနေဒုဦးစီးအဆင့်အထိရဟတ်ယာဉ်နဲ့ခေါ်ထုတ်သွားတယ်။ ခေါ်သွားတဲ့အထဲမှာ ဒဏ်ရာရသူတွေပါတယ်” ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။ နိုဝင်လာလ ၄ရက်နေ့က နပခထဲရှိ ရဟတ်ယာဉ်ကွင်းသို့ စစ်ရဟတ်ယာဉ် ၂စီးဆင်းသက်ခဲ့ပြီး ရိက္ခာနှင့် လူအင်အား ပို့ဆောင်ကာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းဦးဆောင်သည့် ၂ဝဦးခန့်ကို မကွေးမြို့တပ်မ(၈‌‌၈)သို့ ခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ “တိုင်းမှူးက အမ်းမှာမရှိဘူး။ နောက်ဆုံးသတင်းရတာက ကျောက်ဖြူကို ရောက်နေတယ်။ သူလည်း အမ်းကျမှာသိလို့ ကျောက်ဖြူက တရုတ်စီမံကိန်းတွေလုံခြုံရေး အကြောင်းပြပြီး ထွက်ပြေးတာ လို့သိရတယ်”ဟု AAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးကပြောသည်။ AA၏ ၁၀၂၇ စစ်ဆင်​ရေးတွင် ရခိုင်ပြည်နယ်မှ မြို့နယ်အချို့ လက်လွှတ်ရပြီးနောက် နပခတိုင်းမှူးဗိုလ်ချုပ်ထင်လတ်ဦးကို စစ်ကောင်စီက ရာထူးမှထုတ်ပယ်ကာ ဗိုလ်ချုပ်ကျော်စွာဦးကိုအစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် တိုင်းစစ်ဦးစီးမှူးယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ဗိုလ်မှူးကြီးအောင်ရွှေ‌တို့ အမ်း၌ ရှိနေပြီး နပခထဲတွင် ရှိနေသည်ဟု သတင်းရ‌ထားကြောင်းAAနှင့် နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးက​သောကြာ်​နေ့ (နိုဝင်ဘာလ ၈ရက်) နံနက်တွင် ပြောသည်။ ယာယီဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် AAက နိုဝင်ဘာ ၅ရက်နေ့မှစသည့် နပခအနီးရှိ အမြောက်ကြီးတပ်နှင့် အရိုးတောင်လက်နက်ကြီးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲ၌ ဒဏ်ရာရပြီး သေဆုံးသွားခဲ့သည်ဟု စစ်ရေးသတင်းအရင်းမြစ်တစ်ခုကို ကိုးကား၍ နိရဉ္စရာသတင်းဌာနကရေးသားထားသည်။ ထိုဖြစ်စဉ်ကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။ လက်ရှိ အမ်းတိုက်ပွဲသည် နပခအနီး အနီးကပ်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေခြင်းဟု ဒေသခံတဦးကပြောသည်။ “စစ်ကောင်စီက…

Read More

ဒါကတော့လွန်ပြီ တရုတ်ရဲတွေပါ မြန်မာနိုင်ငံထဲ ဝင်ပြီးညီနောင် ၃ဖွဲကို နှိပ်ကွပ်ပြီ- ဆက်လက်ဖတ်ရှုရန်

Read More

နိုဝင်ဘာ ၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ကနီမြို့နယ် တပုန်းကျေးရွာမှာ NUG ပညာရေးမှူးအပါအဝင်မိသားစုဝင် ၃ ဦးကို ယမန်နေ့က အသတ်ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိသားစုဝင်သုံးဦး အသတ်ခံရတဲ့အထဲမှာ ၃ လသားအရွယ်ရှိတဲ့မိန်းကလေးတဦးပါဝင်ခဲ့ပြီး သူ့တို့ကို ​ဘာ့ကြောင့် အသတ်ခံရတယ်ဆိုတာ ဘယ်သူမှမသိကြသေးဘူးလို့ ပြောပါတယ်။ “ကနီမြို့နယ် ပညာရေးမှူးပါ။ NUG က ခန့်အပ်ထားတဲ့ ပညာရေးမှူး။ တပုန်းရွာလည်ခေါင်မှာနေတာ။ သူတို့က မနက်ဆိုရင် ၈ နာရီလောက်မှ အိပ်ယာထကြတာ။ အိပ်ယာမထသေးတာနဲ့ သွားကြည့်တော့မှ မိသားစု ၃ ဦးစလုံး အသတ်ခံရတယ်ဆိုတာ သိရတာ။ လည်လှီးပြီး သတ်ခံရတာ” လို့ ဒေသခံတဦးက ပြောပါတယ်။ ကနီမြို့နယ် သုံးလောင်းပြိုင်လူသတ်မှုနဲ့ ပက်သက်ပြီး သက်ဆိုင်ရာအဖွဲ့အသီးသီးတွေက တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် စုံစမ်းထောက်လှမ်းနေတယ်လို့ သိရပါတယ်။ အသတ်ခံရတဲ့မိသားစုဝင်သုံးဦးမှာ NUG က ခန့်အပ်ထားတဲ့ ကနီမြို့နယ် ပညာရေးမှူး ဦးဝင်းဌေးဖြစ်ပြီး ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ၊ သမီးဖြစ်သူ ရွှေဝတ်ရည်လွှာတို့ဖြစ်ကြပါတယ်။ ကနီမြို့နယ် ပညာရေးတာဝန်ခံနဲ့ မိသားစု အသတ်ခံရမှု ကျူးလွန်သူများကို အရေးယူမယ်လို့ NUG ထုတ်ပြန် စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပညာရေးတာဝန်ခံဦးဝင်းဌေး မိသားစု အသတ်ခံရမှုနဲ့ပက်သက်လို့ ကျူးလွန်သူများကို အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးဝန်ကြီးဌာနအနေနဲ့ ဦးဝင်းဌေး၊ ဇနီးဖြစ်သူ မခြိမ့်ခြိမ့်သဲ ၊ သမီးဖြစ်သူဖြစ် ရွှေဝတ်ရည်လွှာတို့ သုံးဦး အသတ်ခံရမှုအတွက် လွန်စွာကြေကွဲဝမ်းနည်းရတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားတာပါ။…

Read More

ရဲခေါင်/People’s Spring အာဏာသိမ်းခေါင်းဆောင်၏သား အောင်ပြည့်စုံ နှင့် အငြင်းပွားသဖြင့် ကားလောကတွင်ထိန်းတန်းလူငယ်လုပ်ငန်းရှင် ကိုကြည်သာဟန် ကို စစ်ကောင်စီက ဖမ်းဆီးထား​ကြောင်း သတင်းများထွက်ပေါ်နေသည်။ ကိုကြည်သာဟန်ကို နိုဝင်ဘာလဆန်းပိုင်းက ရန်ကုန်မြို့၊ရန်ကင်းမြို့နယ်၌ စစ်ကောင်စီက ဖမ်းဆီးသွားခြင်းဟု မော်တော်ယာဥ် ဝယ်ရောင်းအသင်း ဝင်အချို့က ​ပြောသည်။ “EV(လျှပ်စစ်ကား) ကိစ္စနဲ့ ငြိတာလို့ လောလောဆယ် သိရတယ်။EV ကား တွေ အာမခံ ကုမ္ပဏီတွေမှာ ထား မယ့်ကိစ္စတွေနဲ့ ပတ်သက်လို့ ကြားတယ်”ဟု မော်တော်ယာဥ် အသင်း အဖွဲ့ဝင်တစ်ဦးကလူထု​နွေဦးသို့ ပြောသည်။ စစ်ကောင်စီ၏ အထူးတင်သွင်းခွင့်ပေးသည့် လျှပ်စစ် ကား EV မူဝါဒထွက်ပေါ်လာပြီးနောက် ကိုကြည်သာဟန်သည် Amazing Auto ကုမ္ပဏီလီမိတက် ကို တည်ထောင်ခဲ့ Dayun EV နှင့် တိုယိုတာ EV ကားများတင်သွင်း​ရောင်းချနေခြင်းဖြစ်သည်။ ထို့အပြင် KL Seven Car အရောင်းစင်တာ နှင့် Great Big Boss ကားအရောင်းစင်တာတို့မှာလည်း ကိုကြည်သာဟန်၏ လုပ်ငန်းခွဲ များအဖြစ် မော်တော်ယာဥ် လောကတွင်လူသိများသည်။ ကိုကြည်သာဟန် ဖမ်းဆီးခံရမှုတွင် ဒရိုက်တာအဖွဲ့ဝင် များကိုမှ ငွေရေးကြေးရေးအရှုပ်အရှင်းများနှင့် ပတ်သက်၍ ပေးရန်ကျန်ရှိခြင်း လုံးဝမရှိဘဲ ဘဏ် ချေးငွေကိစ္စများနှင့်လည်း တရားဥပဒေအရ ရင်ဆိုင်ဖြေရှင်းရခြင်းမျိုး လုံးဝ မရှိကြောင်း Amazing Auto ကုမ္ပဏီက နိုဝင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ထားသည်။ ထို့အပြင် Amazing Auto ကုမ္ပဏီသည်တရားဝင်ဖွဲ့စည်းထားသော Company တစ်ခုဖြစ်ပြီး EV လုပ်…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၆ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပြည်ပထွက်ခွာရန် ကြိုးစားနေသည့် ပြည်သူများနှင့်လူငယ်များကို စစ်ကောင်စီက တားဆီးငွေညှစ်ဒုက္ခပေးနေမှုများ အပေါ် တန်ပြန်သည့်အနေဖြင့် မင်္ဂလာဒုံလေတပ်ကို မစ်ဇိုင်းဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း SHADOW SAF အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ ည ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် မင်္ဂလာဒုံ မြိုနယ် ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ လေကြောင်းရန်ကာကွယ်ရေးတပ် နှင့် လေတပ်ဝင်းအတွင်း သို့ အဆင့်မြင့်တင်ထားသော မစ်ဇိုင်း ဒုံးကျည် ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုမှာ စစ် ကောင် စီနှင့် လက်အောက်ခံများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အ‌ခြေပြုလျက် တိုင်းရင်းသား ပြည်သူလူထုအား နည်းမျိုးစုံ ဖြင့် ဒုက္ခပေး လျက်ရှိကြာင်း၊ စစ်ကောင်စီ၏ ဘက်ပေါင်းစုံမှ ဒုက္ခပေးနေမှု များကို မခံနိုင်သဖြင့် ပြည်ပသို ထွက်ခွာရန်ကြိုးစားလျက်ရှိကြသော တိုင်းရင်းသားပြည်သူလူထု နှင့် လူငယ်များကို နည်းမျိုးစုံဖြင့် ငွေညစ်ခြင်း၊ MAI နှင့် အခြားသော လေကြောင်းလိုင်းများမှ လတ်မှတ် ကို လေယာဉ်ဆန့်သည် ထက် လက်မှတ်များ ပိုရောင်းထားပြီး လေဆိပ်တွင် ပြည်ပထွက်ခွင့်မပေးဘဲ နည်းမျိုးစုံဖြင့် ညစ်ပတ် အိမ်ပြန်ခိုင်းများကို စစ်ကောင်စီက တောက်လျှောက် လုပ်ဆောင်နေကြောင်း၊ ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ နှင့် ဒေါက်တိုင်စီးပွားရေးသမားများ ပူးပေါင်း ကာ နည်းလမ်းမျိုးစုံဖြင့် ငွေကြေး…

Read More