Author: Ka K

🟥 ၁ နှစ်အတွင်း မြို့နယ် ၁၂ ခုသိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောတို့ကို သိမ်း ပိုက်ရန် လက်တစ်ကမ်းအလိုရောက်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး AA က ဆက်လက် အကောင်အထည်ဖော်နေကြောင်း တရားဝင် ကြေညာလိုက်သည်။ ရခိုင်ဒေသတွင် တိုက်ပွဲများ ၁ နှစ်ပြည့်သည့် ယမန်နေ့တွင် AA က ယင်းကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်ပြီး ၁ နှစ်ပြည့်သည့်အချိန်အထိ တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း၊ အာရက္ခဒေသနေ ပြည်သူလူထုနှင့် အာရက္ခတပ်တော်၏ အဓိက ရည်မှန်းချက်တစ်ခုဖြစ်သော အာရက္ခဒေသတွင်းရှိ “စစ်ကောင်စီတပ်ဖွဲ့များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” ကို AA ဆက်လက် အကောင်အထည်ဖော်လျက်ရှိကြောင်း AA က ထုတ်ပြန်ကြေညာသည်။ ရခိုင်ဒေသတွင် တိုက်ပွဲကာလမှာ ၁ နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်သော်လည်း ထိုးစစ်စတင်သည့်ရက်မှ ၁ နှစ်ပြည့်သည်အထိ တစ်ရက်မှ တိုက်ပွဲရပ်တန့်ခြင်း မရှိဟု ဆိုရလောက်သည်အထိ AA၏ ရက်ဆက်ထိုးစစ်များ၊ မြို့သိမ်းတိုက်ပွဲများနှင့်အတူ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ ခုခံစစ်၊ တန်ပြန်ထိုးစစ်များကြောင့် တိုက်ပွဲများမှာ အာရက္ခ နှင့် ပလက်ဝဒေသ တစ်ခွင်လုံး၌ ပြင်းထန်ခဲ့ကြောင်း သိရှိရသည်။ အာရက္ခဒေသတစ်ခုလုံး အာရက္ခပြည်သူ့လက်ထဲသို့ အမြန်ဆုံးရောက်ရှိစေရေး၊ စစ်ကောင်စီတပ်ဖွဲ့ဝင် များ ကင်းစင်ရေး အစရှိသည့် ရည်မှန်းချက်များအတွက် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန် စခန်းများကို အာရက္ခတပ်တော်မှ တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း၊…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း TNLA က သတင်းထုတ် ပြန်သည်။ အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။ TNLA အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ် က နှင့် ခ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ ၃ လကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ ၁၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဥ် ၆၆ (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ ၂၀၀ ဦးရေ ဝန်းကျင်ရှိပြီး…

Read More

မျက်မှောက်ခေတ်၊ နိုဝင်ဘာလ ၁၃ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ထဲမှာရှိတဲ့ ပုလဲမြို့ကို နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းက ဗမာအမျိုးသား တော်လှန်ရေးတပ်မတော်(BNRA)ကထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အရာရှိအချို့ ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ရေးသတင်းအရင်းအမြစ် တွေက မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ပုလဲမြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၄ နာရီအချိန်မှာ မြို့သိမ်းတိုက်ပွဲစတင်ခဲ့ပြီး ၃ ရက်အကြာမှာ မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ၊ နှစ်ဖက်ထိခိုက်မှုတွေရှိခဲ့ကြောင်း သိရပါတယ်။ “ပုလဲမြို့က သိမ်းပြီးပြီ။ မြို့ပျက်ကြီးဖြစ်နေပြီ။ လေယာဉ်ကတော့ မနက်ပိုင်း အကြိမ်ရေများတယ်။ပစ်တာရော ဗုံးသီးချတာရော။ ဒီနေ့ညနေကြတော့ လေယာဉ်နဲ့ ခြောက်ခေါက်လာပစ်တယ်။ဗုံးသီးလည်း ချတယ်။ မြို့ထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမရှိတော့ဘူးကြားတယ် ” လို့ စစ်ရေးသတင်းအရင်း အမြစ်က မျက်မှောက်ခေတ်သတင်းဌာနကို ပြောပါတယ်။ ဒါ့အပြင် ပုလဲမြို့သိမ်းတိုက်ပွဲကနေ စစ်ကောင်စီတပ်ဖွဲ့ဝင် အရှင် ၂၀ ဉီးနဲ့ စစ်တပ်အရာရှိ ၅ ဉီးကိုလည်း အသက်ရှင်လျှက် ဗမာအမျိုးသား တော်လှန်ရေးတပ်မတော် (BNRA)က ဖမ်းဆီးရမိခဲ့တဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီအခြေအနေနဲ့ ပက်သက်ပြီး မျက်မှောက်ခေတ်သတင်းဌာနအနေနဲ့ အတည်ပြုနိုင်ရန် စုံစမ်းနေဆဲဖြစ်ပါတယ်။ ယင်းမာပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်က ထိန်းချုပ်ထားတဲ့ မြို့နယ် လေးမြို့နယ်အထိရှိပြီး ယင်းမာပင် ၊ ဆားလင်းကြီး ၊ ကနီ ၊ ပုလဲ စတာတွေဖြစ်ကြပြီး ဒီလေးမြို့နယ်အထဲက ပုလဲမြို့ကို စစ်ကောင်စီတပ်ဘက်က လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။ ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၃ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တရုတ်နိုင်ငံတွင် မဲခေါင်အစည်းအဝေး တက်ရောက်၍ မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိလာပြီးနောက် ကယား(ကရင်နီ)၊ ရခိုင်နှင့် ရှမ်းမြောက်တို့တွင် စစ်ကူအင်အားများ အလုံး အရင်းဖြင့် ဖြည့်ဆည်းလာကြောင်း ဒေသသတင်းရင်းမြစ်များနှင့် တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မဲခေါင်အစည်းဝေး တက်ရောက်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ပြန် လည် ရောက်ရှိလာပြီးနောက် နိုဝင်ဘာလ ၁၁ ရက်နေ့၊ နိုဝင်ဘာလ ၁၂ ရက်နေ့တို့တွင် ရှမ်းမြောက်၊ ကရင်နီ နှင့် ရခိုင်တို့တွင် စစ်ကူအင်အားများကို မြေပြင်မှလည်းကောင်း၊ လေကြောင်းဖြင့် လည်းကောင်း အဆက်မပြတ် ဆက်တိုက်ပေးပို့မှုများရှိနေကြောင်း သိရှိရသည်။ “မိုင်းရယ်ဘက်ကို စစ်ကူအင်အားတွေ ဆက်တိုက် လွှတ်နေပါတယ်။ ရှမ်းတောင်ဘက်က တပ်တွေ တော်တော်များများ၊ ထုတ်နုတ်အင်အားတွေ ထပ်ပြီး ပေးခိုင်းတာရှိတယ်။ ပြည်သူ့စစ်၊ စစ်မှုထမ်းနဲ့ လက်ရုံးတပ်တွေက အင်အားတွေ ထုတ်နုတ်ပြီး ပေးခိုင်းနေတာ။ ဒီရက်ပိုင်းထဲ ပိုပြီးတော့ အင်အားတွေ ဆက်တိုက်ပို့နေတယ်။ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်အား ၄၀၀၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အင်အား ၂၀၀ ပို့ဆောင် တယ်လို့သိရပါတယ်” ဟု တပ်သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ အလားတူ ကရင်နီပြည်နယ်နှင့် ရှမ်းတောင် ဖယ်ခုံဘက်တွင်လည်း ယခု ၂ ရက်အတွင်း စစ်အင်အားများ မြေပြင်မှ ပေးပို့လျက်ရှိကြောင်း၊ ရရှိထားသော သတင်းအချက်အလက်များအရ ဖယ်ခုံမြို့သို့…

Read More

▪︎စစ်​ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးလက်နက်ချ အိမ်သွင်/People’s Spring ချင်းညီနောင်အဖွဲ့က တိုက်ခိုက်နေသည့် ဖလမ်းမြို့သိမ်းတိုက်ပွဲတွင် မြို့စွန်ရှိ အမှတ် ၂၆၈ ​​ခြေလျင်တပ်ရင်း( ခလရ၂၆၈) မှလွဲ၍ ဌာနဆိုင်ရာရုံးများကိုတိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး လက်နက်ချအလင်းဝင်ကြောင်း သတင်းရရှိသည်။ ” ရဲစခန်းနဲ့ထွေအုပ်ရုံးကို ရထားတာ၂ ရက်ရှိပြီ။ ချင်းရဲဘော်တွေက သတင်းမထုတ်ပြန်သေးတာ။ ကျန်နေတာက ခလရ ၂၆၈။ တိုက်ပွဲကဆက်ဖြစ်နေတယ်။ စစ်ကောင်စီကလည်း ကလေးမြို့ကနေ လက်နက်ကြီးတွေဆက်တိုက်ပစ်နေတာပါ” ဟု ဖလမ်းမြို့မှ စစ်ဘေး ရှောင်တစ်ဦးကပြောသည်။ လက်နက်ချအလင်းဝင်သူ ၄၀ဦးတွင် အရာရှိအချို့ပါဝင်ကြောင်း သိရသော်လည်း ချင်းညီနောင်အဖွဲ့က တရားဝင်သတင်းမထုတ်ပြန်သေး၍ အသေးစိတ်မသိရသေးပေ။တိုက်ပွဲအတွင်း၌ ချင်းညီနောင်အဖွဲ့ထိခိုက်ကျဆုံးမှု အချို့လည်းရှိနေကြောင်း သတင်းရရှိသည်။ ဖလမ်းမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလ၂၅ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ဒေသခံပြည်သူများ မှာဘေးလွတ်ရာသို့ထွက်​ပြေးတိမ်းရှောင်နေကြရသည်။ စစ်ကောင်စီတပ်က ကလေးမြို့ အမြောက်တပ်မှနေ၍ ဖလမ်းမြို့ ဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး မြို့မကျရေး ခုခံတိုက်ခိုက်နေကြောင်း ချင်းညီနောင် ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။ ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ (မင်းတပ်)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU)၊ ချင်းကာကွယ်ရေးတပ် (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ် (မတူပီ) တပ်မဟာ (၁)နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC) တို့ ပါဝင်သည်။ တချိန်တည်းတွင်ချင်းညီနောင်နှင့်ပူးပေါင်းအဖွဲ့များသည် မင်းတပ်မြို့မှ စစ်ကောင်စီစခန်းများကိုလည်း တိုက်ခိုက်နေပြီး စစ်ကောင်စီက တပ်စခန်းများမကျရန် လေကြောင်းအားပြု၍ အပြင်းအထန် ဗုံးကြဲခုခံနေသည်။ ချင်းညီနောင်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လတွင် မတူပီမြို့ရှိ စစ်ကောင်စီစခန်းများကိုအာရက္ခတပ်တော်(AA)၊Yaw Army (YA) နှင့်…

Read More

သတိုး/People’s Spring တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေဘေးဒုက္ခကြုံ နေရချိန်တွင် စစ်ကောင်စီသည် အကြမ်းဖက်မှုများပြုလုပ်၍ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းဖြစ်သောကြောင့် သမိုင်းဆိုးတွင်ခဲ့သည့်သန်းခေ့င်စာရင်းကောက်ယူမှုဟုအထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု-GSCB က ယနေ့(နိုဝင်ဘာ ၁၂ရက်) အသိပေးထားသည်။ စစ်ကောင်စီသည် ‌အတုအယောင်ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရည်ရွယ်၍ သန်းခေါင်စာရင်းကို အောက်တိုဘာ ၁ရက်မှ ၁၅ ရက်အတွင်း ကောက်ယူခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့်ရက်ထက် ၁၅ ရက်ခန့်ကြာမြင့်စွာ လုပ်ဆောင်ခဲ့ရသည်ဟု GSCB က ဆိုသည်။ “ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးကို အဓမ္မ ကြိုးပမ်းခဲ့သည့် ကာလမှာ နိုင်ငံအဝှမ်းရှိ မြို့နယ်ပေါင်း (၃၃၀)၌ မြို့နယ် (၂၃၃) ခုထက်မနည်း (နိုင်ငံ၏ ဧရိယာ (၇၀) ရာခိုင်နှုန်းကျော်)၌ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ဆယ်စုနှစ် ငါးခုအတွင်းတွင် အဆိုးဆုံး ဖြစ်ခဲ့သည့် စက်တင်ဘာလအတွင်းက ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၄၀၀) ကျော် သေဆုံးခဲ့ပြီး (၁၀၀) ဦးထက်မနည်း ပျောက်ဆုံးခဲ့၍ ရေဘေးသင့် ပြည်သူ (၁)သန်းကျော်အထိ ထိခိုက်ပျက်စီးနေမှုများ ကြုံနေရသည့် အချိန်ဖြစ်ပါသည်။”ဟု GSCB ကထုတ်ပြန်ထားသည်။ သန်းခေါင်စာရင်းအတွက် စစ်ကောင်စီက ပြည်သူ့ဘဏ္ဏာ ကျပ်သန်းပေါင်း ၅,၆၀၀ ကျော်အသုံးပြုခဲ့ပြီး ရေးဘေးသင့်နေသည့်ဒေသများ၌ပင် စစ်တပ် ၊ ရဲ ၊ ပျူစောထီးများကို အသုံးပြုကာ လက်နက်ဖြင့် ခြိမ်းခြောက်၍ အတင်းအကျပ် ဖိအားပေးကာ ‌ကောက်ယူမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။ သန်းခေါင်စာရင်းကောက်ယူမှုအတွက် ပညာရေးဝန်ထမ်းများကို အဓမ္မစေခိုင်းခဲ့ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းဆောင်ရွက်သူများအနေဖြင့် အပြသဘောဖြင့်လုပ်ဆောင်ခဲ့သလို ပြည်သူများဘက်ကလည်း ပူးပေါင်းပါဝင်မှုမရှိသောကြောင့် သမိုင်းတလျှောက် လုံး၌ အဆင့်အတန်းမရှိသော၊ အားကိုးယုံကြည်ဖွယ်ရာ…

Read More

ရဲခေါင်/People’s Spring အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည့် စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာ အဖွဲ့ (ILO) က အရေးယူမှုစတင်နေပြီဖြစ်ကြောင်း မြန် မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ဗဟိုအလုပ်မှုဆောင် ဒေါ်ခိုင်ဇာအောင်က လူထုနွေဦးသို့ပြောသည်။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ အုပ်ချုပ်မှု ကော်မတီအစည်းအဝေးကို ILO ဌာန ချုပ်ရှိရာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့တွင် အောက် တိုဘာလ ၂၈ ရက်နေ့ မှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံကို အရေးယူရန် ဆုံးဖြတ်ခဲ့သည်ဟု ဆိုသည်။ “အောက်တိုဘာလ ၂၈ ရက်နေ့ကနေ နိုဝင်ဘာလ ၇ ရက်နေ့အထိ ILO ရဲ့ အုပ်ချုပ်ရေး အစည်းအဝေး ဆုံးဖြတ်ချက်ထဲမှာ မြန်မာနိုင်ငံကို နည်းပညာအကူ အညီမပေးရဘူး။တခြားကူညီထောက်ပံ့မှု မပေးရဘူးဆိုတာ ဆုံးဖြတ်ချက်ထဲ ပါသွားပြီ။ပြောမယ်ဆို ဒါပထမအဆင့် အရေးယူမှုဖြစ်တယ်”ဟု ဒေါ်ခိုင်ဇာအောင် က ပြောသည်။ မြန်မာနိုင်ငံ(စစ်ကောင်စီ)အပေါ် ဆက်လက် အရေး ယူရန် ILO ၏ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ ဆောင်ရွက်သွားမည်ဟု သိရသည်။ ILO ၏ ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်သည့် နည်းလမ်းများတွင် ကုလသမဂ္ဂ အေဂျင်စီများကထောက်ပံ့သည့် နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစသည်တို့ကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်ခြင်း၊ ကျူးလွန်သူများကို နိုင်ငံတကာတရားရုံးများတွင် ခုံရုံးတင် စစ်ဆေး အရေးယူခြင်းစသည်တို့…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် နောက်တန်းပြန် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၁ ရက်နေ့အထိ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့မှ နတ်သံကွင်းမြို့သို့ နောက်တန်းပြန်ဆုတ်လာသော အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အင်အား ၁၀၀ ကျော်ပါသော စစ်တပ်စစ်ကြောင်းတွင် ကမ်းရိုးတန်းတပ်၊ တြိဂံတိုင်းတပ်၊ ကျောက် ကြီးအခြေစိုက်တပ် များ စုပေါင်းထားခြင်းဖြစ်ကြောင်း၊ တော်လှန် ရေးတပ်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြာင့် စစ်သား ၃၀ ကျော်သေဆုံးပြီး ၂၀ မှာမူ ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။ “ကျောက်ကြီး မူသယ် စစ်အခြေစိုက်စခန်းတွေကနေ နောက်တန်းပြန်ဝင်မယ့်တပ်တွေပါ။ ရက်အလိုက်ကြည့်လို့ရပါတယ်။ စုစုပေါင်း၅၀ကျော်‌မှာ သေဆုံး ၃၀လောက်ပါပါတယ်။ ဒရုန်းတိုက်ခိုက်မှုနဲ့ သေ‌ဆုံး ထိခိုက်များခဲ့ပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတာ်၊ ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်းရုံးမှ ပြန်ကြားရေးတာဝန်ခံက ရှင်းလင်းပြောဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်အချိန် ကျောက်ကြီးမြို့နယ် ကျွန်းကုန်းရွာထိပ်တွင် စစ်အင်အားရာကျော်ပါသော စစ်တပ်စစ် ကြောင်းနှင့် ရိုးမ ၂ စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ခွဲ ၂ တို့အကြား ထိတွေ့မှုစတင်ဖြစ်ခဲ့ကြောင်း၊ ယင်းနေ့ နံနက်၇နာရီခွဲအချိန်တွင် တိုက်ပွဲပြီးဆုံးခဲ့ကြောင်း၊…

Read More

ပခုက္ကူမှာ လေကြောင်းဗုံးကြဲခံရလို့ တော်လှန်ရေးရဲဘော် သုံးဦးကျဆုံး၊ စစ်အုပ်စုကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် လေကြောင်းဗုံးကြဲခံရတာဖြစ်၊ အီသာရမ်/MFP၊ နိုဝင်ဘာ- ၁၀ မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေချိန် စစ်အုပ်စုက လေကြောင်းကနေ ဗုံးကြဲလို့ တော်လှန်ရေးရဲဘော် သုံးဦး ကျဆုံးတယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က MFP ကို ပြောပါတယ်။ နိုဝင်ဘာလ ၆ ရက်က ပခုက္ကူမြို့နယ်၊ မြစ်ခြေတိုက်နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ တော်လှန်ရေးတပ်တွေကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်သုံးဦး ကျဆုံးတာလို့ ဆိုပါတယ်။ မြစ်ခြေတိုက်နယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုး အကြမ်းဖက်နေတဲ့ ပခုက္ကူမြို့ တပ်မ ၁၀၁ က စစ်အုပ်စုနဲ့ နယ်ခံ ပျူစောထီးတွေ ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို တိုက်ခိုက်ဖို့ အတွက် ကင်းပုန်းဝပ်နေတဲ့အချိန် ဗုံးကြဲခံရတာလို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံ ကိုနောင်က ပြောပါတယ်။ “အမှန်တော့ Mission (မစ်ရှစ်- စစ်ဆင်ရေး သတင်း) ပေါက်တာပေါ့၊ မစ်ရှင်က အားလုံး ဖျက်သိမ်းပြီး နောက်ပိုင်းမှာ နောက်ရက်မှာ ဖြစ်တာပေါ့။ ကင်းဝပ်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့၊ လေယာဉ်နဲ့ ပစ်တာ ကလေးတွေက ကံဆိုးတော့ အုတ်တံတိုင်းရဲ့ အပြင်ဘက်မှာ ဝပ်တာပေါ့ဗျာ၊ ဘုရားနဲ့ အုတ်တံတိုင်းနဲ့ ကြားကို…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၁ မကွေးတိုင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အကြမ်းဖက်စစ်ကောင်စီတပ်သား တပ်ကြပ်ကြီး ၁ ဦးကိုယ့်ကိုကိုယ်သေနတ်ဖြင့်ပစ်ခတ်ပြီး အဆုံးစီရင်သွားကြောင်း ယောအလင်းတန်း မှ ကိုမင်းဒဿက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့နိုဝင်ဘာလ ၁၀ ရက်နေ့ ညပိုင်း ထီးလင်းမြို့၊ ရွှေထီးခန်းမ၌ တာဝန်ကျနေသော အသက် ၄၀ ကျော်အရွယ် တပ်ကြပ်ကြီးတစ်ဦးသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော်လည်း နှုတ်ထွက်ခွင့်မရခြင်း၊ အကြမ်းဖက်စစ်ကောင်စီတပ် အတွင်း မတရားဖိနှိပ်ခံရခြင်းတို့ကြောင့် မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ပြီး အဆုံး စီရင်သွားခြင်းဖြစ်ကြောင်း သိရသည်။ “သူက အရက်နဲနဲသောက်တယ်။ မနေ့ညကလည်း နည်းနည်းသောက်ထားတယ်လို့ သိရတယ်။ သူက စစ်တပ်ကနေ ထွက်ချင်နေတာကြာပြီ။ ထွက်ခွင့်မပေးလို့ စိတ်ညစ်နေတာ၊ အဲဒါကြောင့် သူ့ကိုယ်သူ သေနတ်နဲ့ပစ်ပြီး အဆုံးစီရင်သွားတာပါ။ တစ်ချက်နဲ့ပဲ အပြီးစီရင်သွားပါတယ်” ဟု ယောအလင်း တန်းမှ ကိုမင်းဒဿ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။ အဆုံးစီရင်သူ တပ်ကြပ်ကြီးသည် ဆောမြို့နယ်၊ ကျောက်ထုအမြောက်တပ်မှ ပြောင်းရွှေ့လာသူဖြစ် ကြောင်း၊ ထီးလင်းမြို့၊ ရွှေထီးခန်းမရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားအတော်တော်များများသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့သဖြင့် လက်နက်၊ ခဲ ယမ်းများယူဆောင်ကာ ပြည်သူ့ကာကွယ်ရေးတပ်တို့ထံ ခိုလှုံဝင်ရောက်သူများလည်းရှိကြောင်း သိရ သည်။ ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။) Photo- Agency။ ဆက်လက်ဖတ်ရှုရန်

Read More