Author: Ka K

စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ဘီလီယံချီသည့်ယွမ်ငွေများ အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ စစ်ကောင်စီအသက်ဆက်နိုင်ရေးအတွက် ယွမ်ငွေ ဘီလီယံချီသည့် အကူအညီပေးရန် တရုတ်အစိုးရက ပြင်ဆင်နေကြောင်း ပေါက်ကြားလာသည့် စာရွက်စာတမ်းများအရ သိရသည်။ Myanmar Now က ရရှိသည့် စစ်ကောင်စီ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနတွင်း စာရွက်စာတမ်းများအရ သန်းခေါင်စာရင်းကောက်ယူရေးအပါအဝင် တရုတ်ယွမ်ငွေ ၁ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၃၀ သန်းကျော်) ကုန်ကျမည့် စီမံကိန်းအခု ၂၀ ကို တရုတ်အစိုးရပေးမည့် အကူအညီဖြင့်လည်ပတ်မည်ဟုဆိုသည်။ နှစ်ဖက်ဆွေးနွေးမှုသည် နိုဝင်ဘာလဆန်းတွင်စတင်ခဲ့ပြီး မကြာသေးမီက စစ်ခေါင်းဆောင်၏ တရုတ်ခရီးစဉ်အတွင်း ထိုစီမံကိန်းများကို သဘောတူခဲ့ကြောင်း နားလည်ရသည်။ စစ်ကောင်စီဘက်ကတောင်းဆိုသည့် နောက်ထပ်စီမံကိန်း ၇၇ ကိုလည်း အကူအညီပေးရန် တရုတ်နှင့်စစ်ကောင်စီတို့ အကြား ဆွေးနွေးဖွယ်ရှိကြောင်း ပေါက်ကြားလာသည့်မှတ်တမ်းများအ ရသိရသည်။ ထိုအထဲတွင် ရာနှင့်ချီသည့် ရဲကားများ၊ စစ်ဆေးရေးဂိတ်များတွင် မျက်နှာသွင်ပြင်မှတ်တမ်းတိုက်ဆိုင် စစ်ဆေးသည့်စနစ်များ အကူအညီပေးရန်လည်း ပါဝင်သည်။ စီမံကိန်းအားလုံးအတွက် တရုတ်၏အကူအညီသည် ယွမ်ငွေ ၄ ဘီလီယံ( အမေရိကန်ဒေါ်လာသန်း ၅၅၀ ကျော်) အထိရှိကြောင်း Myanmar Now ကရရှိသည့် စာရွက်စာတမ်းများတွင် ရေးသားထားသည်။ ၂၀၂၀ ဇန်နဝါရီလအတွင်းက တရုတ်သမ္မတရှီကျင့်ဖျင် နေပြည်တော်သို့ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့်တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံကို သုံးနှစ်အတွင်း ယွမ်ငွေ ၄ ဘီလီယံ အကူအညီပေးမည်ဟု သဘောတူခဲ့‌သည်။ စစ်ကောင်စီအတွက်တရုတ်၏အကူအညီသည် ထိုသဘောတူချက်အရ ပေးခြင်း ဟုတ်မဟုတ် ရှင်းရှင်းလင်းလင်းမသိရသေးပေ။ သန်းခေါင်စာရင်းအပါအဝင် ကနဦးစီမံကိန်း ၂၀…

Read More

Yangon Army အဖွဲ့တစ်နှစ်ပြည့် အထိမ်းအမှတ် ပြည်သူများကိုလက်ဆောင်ပေးသည့် အနေဖြင့် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိစစ်ကောင်စီလက်အောက် ခံ မြဝတီအသံလွှင့်ဌာနကို ၄၀ မမ သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။ “တစ်လုံးကဂိတ်နားကျတယ်။ နှစ်လုံးက အထဲထိရောက်တယ်” ဟု ၎င်းကပြောသည်။ အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ Yangon Army အဖွဲ့ကို နိုဝင်ဘာ ၁၀ ရက် ၂၀၂၃ တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မစ်ရှင် နှစ်ဆယ်ကျော် ပြုလုပ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။ “အရင်နှစ်ကထက်၂ဆပိုပြီးတိုက်ခိုက်သွားမယ်လို့ဘဲပြောချင်ပါတယ်..။ရန်ကုန်သားတွေကိုယ့်အိမ်ကိုပြန်ချင်ကြပြီဗျာ” ဟု ၎င်းကပြောသည်။ Yangon Army အနေဖြင့် စစ်ကောင်စီ မပြုတ်မချင်း အခြားပစ်မှတ်ကြီးများကိုဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများကို ရှောင်ကြရန် သတိပေးထားသည်။ (ရန်ကုန်မြို့ ၊​မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်း​ခေါင်း​ဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွား​ရောက် ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ ) ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂၁   နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂)…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂၁ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ခြောက်အိမ်စုရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ရာ ခလရ ၈၄ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ကြောင်း KNDO တပ်ခွဲ ၄မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၁ မိနစ်ခန့်အချိန် ပျဉ်းမနားမြို့နယ်အတွင်းရှိ ခြောက်အိမ်စု ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို KNDO၊ PDF ပူးပေါင်း တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း ထိတွေ့ တိုက်ပွဲသည် ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ခလရ ၈၄ တပ်ရင်းမှ ဒုဗိုလ်မူးကြီး အဆင့်ရှိသူ ၁ ဦး အပါအဝင် ၈ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း NPT-PDF တပ်ရင်း ၈၀၆ မှ ရဲဘော် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။ အဆိုပါ တိုက်ခိုက်မှု အထူးတပ်ရင်း KNDO တပ်ခွဲ ၄ (KNU ၊ KNLAတပ်မဟာ ၂) နှင့်…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂၀ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီးမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်နေ (ရုပ်/သံ)   ကချင်ပြည်နယ်၊ စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိန်း ထိန်းချုပ်ထားသော တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်သည့် ကန်ပိုက်တီမြို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ယနေ့ ညနေ ၅ နာရီအချိန်တွင် အပြီး သတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး ညနေ ၅ နာရီအချိန်တွင် မြို့ကို အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက် အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံထဲသို့ ထွက်ပြေး သွားကြောင်း သိရှိရသည်။ “ကန်ပိုက်တီမြို့ကို ညနေ ၅ နာရီမှာ ကျနော်တို့ သိမ်းပိုက်လိုက်ပါပြီ။ ပြည်သူ့ စစ်တွေ စစ်သားတွေ ဝန်ထမ်းတွေ တရုတ်ထဲကို အကုန် ထွက်ပြေးကြပါတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ တရုတ်နိုင်ငံက ကန်ပိုက်တီမြို့ကို တိုက်ခိုက် သိမ်းပိုက်ခြင်းမပြုရန် ဖိအားပေးနေသည့်ကြားမှာ KIA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်း ပိုက်လိုက်ခြင်းဖြစ်သည်။ ကန်ပိုက်တီသည် စစ်တပ်လက်အောက်ခံ ကချင်အထူးဒေသ ၁ တွင် နောက်ဆုံး ကျန်ရှိနေသော မြို့ဖြစ်ပြီး KIA ဦးဆောင်သော တော် လှန်ရေးတပ်များက ကန်ပိုက်တီမြို့ကို သိမ်းပိုက်လိုက်သဖြင့်…

Read More

အီယိုရီ၊​ယောနသံ /People’s Spring ကိုးကန့်တပ်မတော်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ယနေ့(နိုဝင်ဘာ ၁၉ရက်)ကျင်းပသော သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ Lin Jian က MNDAA ခေါင်းဆောင်ဖုန်တာရွှင်သည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၌ ဆေးကုသမှုခံယူနေကြောင်း ပြောကြားသည်။ “မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ခေါင်းဆောင်ဖုန်တာရွှင်ဟာ ဆေးကုသမှုခံယူဖို့အတွက် တရုတ်နိုင်ငံလာရောက်ဖို့ အစောပိုင်းက လျှောက်ထားခဲ့ပါတယ်။ (သူဟာ)လက်ရှိ ဆေးကုသမှုခံယူနေဆဲဖြစ်ပြီး ပြန်လည်သက်သာလာပြီဖြစ်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ သို့သော် MNDAA ခေါင်းဆောင် မည်သည့်အချိန်က တရုတ်နိုင်ငံသို့ ရောက်ရှိလာပြီး တရုတ်အစိုးရ သို့မဟုတ် ယူနန်ပြည်နယ်အစိုးရက ဖုန်တာရွှင်ကို မည်သို့ထားရှိသည်ကိုမူ အသေးစိတ်ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ ယမန်နေ့(နိုဝင်ဘာ ၁၈ရက်)ညနေပိုင်းတွင် တရုတ်နိုင်ငံက MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို နေအိမ်အကျယ်ချုပ်ထားရှိကာ MNDAA သိမ်းပိုက်ထားသော လားရှိုးမြို့ကို စစ်ကောင်စီထံ ပြန်လည်ပေးအပ်ရန် ဖိအားပေးနေကြောင်း မြန်မာသတင်းဌာန ၄ ခုထက်မနည်းက တိုင်းရင်းသားတော်လှန်ရေးသတင်းရင်းမြစ်များအား ကိုးကားကာ ရေးသားဖော်ပြခဲ့ကြသည်။ ဖုန်တာရွှင်သည် ပြီးခဲ့သည့်အောက်တိုဘာလက တရုတ်နိုင်ငံသို့သွားရောက်ခဲ့စဉ် တရုတ်အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ပြန်ခွင့်မရတော့ဘဲ ထိန်းသိမ်းခံရခြင်းဟုMNDAAတရုတ် ရွှေလီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူ အချို့က ပြောသည်။ အဆိုပါသတင်းကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ပြီးနောက် မြန်မာနိုင်ငံရေးအပေါ် အကြီးအကျယ်ဝင်ရောက်စွက်ဖက်နေသည့် တရုတ်အစိုးရကို မြန်မာပြည်သူလူထုနှင့် နိုင်ငံရေးအသိုင်းအဝိုင်းက ဝေဖန်ခဲ့သည်။ ထို့နောက်နိုဝင်ဘာ ၁၉ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်အစိုးရက ဖုန်တာရွှင်အကြောင်း အသိပေးလာခြင်းဖြစ်သည်။သို့သော် တိကျသည့်အဖြေမဟုတ်ကြောင်း မန္တလေးမြို့မှ တရုတ်နွယ်ဖွားအချို့နှင့် ကိုးကန့်တိုင်းရင်းသားအချို့ကပြောသည်။ ” တရုတ်အစိုးရထုတ်ပြန်ချက်ကိုက ရှင်းရှင်းလင်းလင်းရှိမနေပါဘူး။…

Read More

ဧရာဝတီတိုင်းမ် နိုဝင်ဘာ ၁၈ရက် ရခိုင်ပြည်နယ်၊ မောင်တောရှိ နောက်ဆုံးကျန်ရစ်သော စစ်ကောင်စီ၏ နယ်ခြားစောင့်စခန်းစခန်း နခခ-၅ မြို့သူကြီးနှင့် အဆက်အသွယ်ပြတ်တောက်သွား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ပေးပါရန် စစ်ကောင်စီတပ်လော်ဘီများနှင့် တပ်ဖွဲ့ဝင်မိသားစုများက တောင်းဆိုလျက်ရှိကြောင်း သိရသည်။ မောင်တော နခခ ၅ အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယနေ့ နိုဝင်ဘာ ၁၈ရက်နေ့တွင် အဆက်အသွယ် လုံးဝပြတ်တောက်သွားသည့်အတွက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကို ဖခင်ကယ်တင်ပေးပါ ဟု စစ်‌တပ်ထောက်ခံသူများက လူမှုကွန်ရက်စာမျက်နှာ များတွင် တောင်းဆိုထားသည်။ “လက်အောက်ငယ်သားတွေကို ဖုန်းပေးမသုံးလို့ အဆက်အသွယ်မရတာ တစ်လကျော်ပြီ။ အခုက စစ်အရာရှိတွေနဲ့ပါ အဆက်အသွယ်မရတော့တာလို့ ပြောပါတယ်။ အခြေအနေတွေဆိုးကုန်ပြီထင်ပါ တယ်” ဟု တပ်မိသားစုဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ နခခ-၅ မြို့သူကြီး၏ သုံးဆင့်ကာရံထားသည့် ခြံစည်းရိုးနှင့် မိုင်းကွင်းများမှာလည်း စစ်ကောင်စီတပ်က ပစ်ချသည့် ဗုံးများကြောင့် အချို့မှာ ပြိုကျပျက်စီးသွားပြီး အာရက္ခတပ်တော် (AA) ၏ အနီးကပ် တိုက်ခိုက်ခြင်းကို ခံနေရကြောင်း သိရသည်။ စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် “နခခ၅ ကျသွားပြီ။ တပ်ဆုတ်စရာ နတ်မြစ် လမ်းကြောင်းကို ကမ်းထိုးရေယာဉ်များကပ်ပြီး စစ်ကောင်စီတပ်ဖွဲ့များကို ကယ်ထုတ်ပေးပါ ဖခင်” ဟု ရေးသားတောင်းဆိုနေကြသည်။ AAအနေဖြင့် မောင်တောမြို့တစ်ခုလုံးကို ထိန်းချုပ်ထားပြီး မောင်တောမြို့ပြင်တွင် တစ်ခုတည်း ကျန်ရှိသည့် စစ်ကောင်စီ၏ နခခ ၅ ကို သိမ်းပိုက်ရန်ကြိုးစားလျက်ရှိကြောင်း ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်နေ့က ထုတ်ပြန်ထားသည်။ ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားသည်မှာ မောင်တောတစ်နေရာတည်းတွင်သာ မကဘဲ အမ်း…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ကိုးကန့် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်နိုင်ငံက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းကို MNDAA သတင်းရင်းမြစ်တစ်ခုက ငြင်းဆိုသည်။ ယနေ့ လူမှုကွန်ရက်တွင် လားရှိုးကို စစ်ကောင်စီထံသို့ ပြန်မပေးမှုဖြင့် တရုတ်အစိုးရက MNDAA ခေါင်းဆောင်ကို အကျယ်ချုပ်ဖမ်းဆီးထားပြီဆိုသော သတင်းများ ပြန့်နှံ့လာပြီး ယင်းသတင်းနှင့်ပတ်သက်၍ MNDAA သတင်းရင်းမြစ်က ငြင်းဆိုလိုက်ခြင်းဖြစ်သည်။ “မဟုတ်ပါဘူး။ အဲဒီသတင်းက” ဟု MNDAA သတင်းရင်းမြစ်က ဆိုသည်။ စစ်မြေပြင်တွင်ရှိနေသော MNDAA အခြားတပ်မှူး သတင်းရင်းမြစ်တစ်ခုကလည်း လားရှိုးမြို့တွင် ကိုးကန့်တပ်များက မြို့ ပြန်လည် ပုံမှန်အတိုင်း လည်ပတ်ရေး အားသွန်ခွန်စိုက် လုပ်ဆောင်လျက်ရှိပြီး ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး ၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်း မာရေး ကောင်း မွန်သော ယန္တရားများ ဖြစ်ပေါ်လာစေရန် ဆောင်ရွက်နေကြောင်း၊ လားရှိုးမြို့မှ ပြန်လည် ဆုတ်ခွာမည်ဆိုသော ကောလာဟလ သတင်းများ၊ လားရှိုးမြို့ကို ပြန်လည်ပေးအပ်မည်ဆိုသော သတင်းများမှာ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ပြိုကွဲပျက်စီးစေရန် ထုတ်လွှင့်နေခြင်းဖြစ်သည်ဟု ဆိုသည်။ “မြေပြင်မှာတော့ ပုံမှန်အတိုင်း လုပ်စရာရှိတာလုပ်နေကြပါတယ်။ လုံခြုံရေး၊ ပညာရေး ၊စီးပွားရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး ဒါတွေကို လည်ပတ်နိုင်အောင် လုပ်ဆောင်နေပါတယ်။ လားရှိုးမြို့ပေါ်မှာ လေယာဉ်တွေနဲ့သာ ဗုံးလာမကျဲရင် အခုထက်တောင် ပိုပြီးတော့ စည်းကားသိုက်မြိုက်နေပါပြီ။ လားရှိုးကို ဘယ်သူ့ကို ပြန်ပေးရမှာလဲ” ဟု အဆိုပါ သတင်းရင်းမြစ်က ဆိုသည်။ လောက်ကိုင်အခြေစိုက် MNDAA သတင်းရင်းမြစ်ကမူ…

Read More

ဧရာ၀တီတိုင်းမ် နိုဝင်ဘာ ၁၈ ရက်   အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း သိရသည်။ AA သည် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ရက်နေ့ကတည်းက ထပခ ၉၂၆ကို သိမ်းယူခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ “တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ် သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်‌ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ ‌AA သည် ထပခ ၉၂၆ တပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ပြီး မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။ ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ အထိ ခမရ ၃၇၁ ပျဉ်းတောရွာအနီးနှင့် အောက်ရွာတို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ တပ်ထိန်းတပ်ခွဲ တထခ-၁၀၊ အောက်ရွာ၊ ဆီဆိုင်ကုန်းနှင့် လေယာဉ်ကွင်း တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်နေ့က ဗုံးအလုံးရေ ၂၀ကျော် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။ “တစ်မိုင်ကုန်းက ဆုတ်လာတဲ့တပ်တွေ အောက်ရွာမှာ စီးပြီး ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတာလို့‌ ပြောပါတယ်”…

Read More