Author: Ka K

စစ်ကောင်စီတပ်၏ ဗိုလ်မှူး ၁ ဦး အပါအဝင် ၂၁ ဦး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စစ်ဒေသများသို့ လက်နက်ချ ပူးပေါင်းလာကြောင်း စစ်ဒေသ ၂ ခု က ယနေ့ညတွင် ထုတ်ပြန်သည်။ ကရင်ပြည်နယ်၊ ဖာပွန် – ဘီးလင်း ကားလမ်းမအနီးရှိ စစ်ကောင်စီ လှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူး ၁ ဦး အပါအဝင် တပ်ဖွဲ့ဝင် ၁၆ ဦး ဇန်နဝါရီ ၇ ရက်က လက်နက်ချ ပူးပေါင်းလာကြောင်း တောင်ပိုင်းစစ်ဒေသ အမှတ် (၂) စစ်ဒေသခွဲက ယနေ့ညတွင် ထုတ်ပြန်သည်။ ၎င်းတို့နှင့်အတူ (၈၁)မမ စိန်ပြောင်း ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ မိုင်းများ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများကိုပါ သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါလှဂွန်းပျိုတပ်စခန်းမှာ ဖာပွန်ရှိ စစ်တပ်စခန်းများကို ထောက်ပို့ပေးသည့် လမ်းကြောင်းပေါ်တွင် တည်ရှိပြီး အရေးပါသည့် တပ်စခန်းတစ်ခုလည်းဖြစ်သည်။ လက်နက်ချသူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များက ကောင်းမွန်စွာ လက်ခံစောင့်ရှောက်ထားကြောင်းကို ဖော်ပြထားသည်။ အလားတူ ဇန်နဝါရီ ၉ နှင့် ၁၀ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ ဦး လက်နက်အပါဖြင့် PDF တပ်ရင်းများထံ လက်နက်ချခဲ့ကြသည်ဟု NUG အမှတ် (၁) စစ်ဒေသက ထုတ်ပြန်သည်။ ယမန်နေ့ (ဇန်နဝါရီ ၉)တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား…

Read More

မြန်မာစစ်တပ်မှာ ရုရှားထုတ် Su-30 SME တိုက်လေယာဉ် ၆ စီး ထပ်ရောက်လာတယ်လို့ eurasiantimes သတင်းမှာ ဇန်နဝါရီ ၁၀ ရက် သောကြာနေ့ ရက်စွဲနဲ့ ဖော်ပြထားပါတယ်။ မြန်မာစစ်တပ်က အမေရိကန်ဒေါ်လာ သန်း ၄၀၀ တန် ၂၀၁၈ စာချုပ်အရ ရုရှားတိုက်လေယာဉ် ၆ စီးကို အကြွေးနဲ့ဝယ်ယူခဲ့တာ ဖြစ်ပြီး တိုက်လေယာဉ် ၂ စင်းက ၂၀၂၄ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ မိတ္ထီလာလေတပ်စခန်းကို ရောက်ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ဒီ Su-30 တိုက်လေယာဉ်တွေဟာ နယ်မြေစည်းရိုးလုံခြုံရေးနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးမှာ မြန်မာနိုင်ငံရဲ့ အဓိကလေယာဉ်တွေအဖြစ် အသုံးပြုသွားမယ်လို့ ရုရှားကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကြီး Alexander Fomin အယ်လက်ဇန်းဒါး ဖိုမင်က ရုရှားသတင်းဌာန TASS ကို ပြောကြားပါတယ်။ Su-30SME တိုက်လေယာဉ်တွေ ကိုတော့ နေပြည်တော်လေတပ်စခန်းမှာ ထားရှိပြီး တနိုင်ငံလုံးအတွက် ဖြန့်ကျက်အသုံးပြုမယ်လို့လည်း ပြောပါတယ်။ စစ်ကောင်စီဟာ တော်လှန်ရေးတပ်ဖွဲ့တွေကို နှိမ်နင်းဖို့ လေကြောင်းစွမ်းရည် မြှင့်တင်နေပြီး ဒီဇင်ဘာ ၁၅ ရက်နေ့တရက်တည်းမှာတင် ရုရှားထုတ် Mi-17 ရဟတ်ယာဉ် ၆ စီး၊ တရုတ်ထုတ် FTC-2000G တိုက်လေယာဉ် ၆ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနဲ့ Y-8 ထောက်ပံ့ရေးလေယာဉ် ၁ စီးတို့ ရောက်ရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ အခုရောက်ရှိလာတဲ့ Su-30SME တိုက်လေယာဉ်ဟာ အင်ဂျင်နှစ်လုံးတပ်၊ လူနှစ်ယောက်ထိုင် Su-30 ရဲ့…

Read More

လှဂွန်းပျို စခန်းကို သိမ်းရာမှာ ဗိုလ်မှုးအပါအဝင် ၁၆ ဦး လက်နက်ချ People’s Spring ဖာပွန် – ဘီးလင်း ကားလမ်းမ အနီးက စစ်ကောင်စီတပ်ရဲ့ လှဂွန်းပျို စခန်းကနေ ဗိုလ်မှုး အဆင့်အပါအဝင် ၁၆ ဦး ဇန်နဝါရီလ ၇ ​ရက်က လက်နက်ချ အလင်းဝင်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲက ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ လက်နက်ချအလင်းဝင်လာသူတွေထံကနေ စိန်ပြောင်း တစ်လက်အပါအဝင် လက်နက်ကြီး ၊လက်နက်ငယ် နဲ့အခြားသောခဲယမ်းတွေ လက်ခံရရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ အခုလို စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှုးအဆင့် အပါအဝင် ၁၆ ဦး လက်နက်ချလာတဲ့ လှဂွန်းပျိုစခန်းဟာ ဖာပွန်က တပ်စခန်းတွေဆီ ထောက်ပို့ ပေးတဲ့ လမ်းကြောင်းပေါ်မှာရှိပြီး အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ လက်နက်ချ အလင်းဝင်လာသူတွေကို PDF နဲ့မဟာမိတ်တပ်တွေက လက်ခံစောင့်ရှောက်ထားတယ်လို့လည်း တောင်ပိုင်းစစ်ဒေသ ၊ အမှတ် (၂) စစ်ဒေသခွဲကဆိုထားပါတယ်။ လှဂွန်ပျိုတပ်စခန်းကို သိမ်းယူရာမှာ အဲဒီတပ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချသလို ၊ တချို့လည်းထွက်ပြေးသွားတယ်လို့ KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက People’s Spring ကို အသိပေးထားပါတယ်။ အဲဒီ တပ်စခန်းကိုဇန်နဝါရီလ ၇ ရက်ညနေပိုင်းမှာ သိမ်းယူလိုက်နိုင်တာလို့ တပ်မဟာ (၅)​ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ ဗိုလ်မှုးအဆင့်အပါအဝင်…

Read More

မင်းထက် မဇ္စျိမ။ ။ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ မကျီးဇင်ကျေးရွာရဲစခန်းကို အာရက္ခတပ်တော်( AA )နှင့် ပူးပေါင်းတပ်ဖွဲ့များက ယမန်နေ့(ဇန်နဝါရီ ၉ ရက်) ညပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများ၏ အဆိုအရသိရပြီး AA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်ကို တောင့်မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးသွားကြသည်ဟု ဒေသခံတဦးကပြောသည်။ “စစ်တပ်က အရင်ရက်တွေတည်းက တဖြည်းဖြည်းတပ်ဆုတ်နေတာ အခုတော့ ဗောမိအထိ တပ်အကုန်ဆုတ်သွားပြီ၊ သူတို့(စစ်ကောင်စီတပ်)ဘက်က အခြေအနေမကောင်းမှန်းသိလို့ ထွက်ပြေးနေတာတွေလည်းအများကြီးပဲ တပ်ပြေးတွေပေါ့”ဟု ၎င်းကဆိုသည်။ စစ်ကောင်စီ၏ ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုများကြောင့် မကျီးစင်ကျေးရွာနှင့် ပတ်ဝန်းကျင်ရွာများ ထိခိုက်ပျက်စီးမှုများရှိသည်ဟုလည်း ဒေသခံများကပြောသည်။ ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်က ဧရာဝတီတိုင်းနှင့် ထိစပ်နေသည့် ရခိုင်ပြည်နယ်တောင်ပိုင်းအစွန်ဆုံး ဂွမြို့ကို အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၈ ရက် ညနေပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထို့နောက် ဂွမြို့နယ်မှ စစ်ကောင်စီတပ်ဖွဲ့များသည် ဂွမြို့တဖက်ကမ်း မကျီးငူ၊ ရွှေရချိုင်၊ သင်ပေါင်းတော၊ ချမ်းသာ၊ တာလောင်ကြီး၊ တောင်ပေါက်၊ ကျောက်ချွန် ကျေးရွာတို့မှတဆင့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေသောင်ယံမြို့၊ ချောင်းဝချိုင်ကျေးရွာအထိ ဆုတ်ခွာထွက်ပြေးခဲ့ကြပြီး အဆိုပါကျေးရွာသို့ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ စစ်ကူအင်အား အများအပြားပို့ကာ ခံစစ်ပြင်ခဲ့သည်။ ဒီဇင်ဘာလကုန်ခန့်တွင် AA နှင့် ပူးပေါင်းတပ်တို့က ဧရာဝတီတိုင်းအတွင်းသို့ ဝင်ရောက်လာသည့်အတွက် ချောင်းဝချိုင်ကျေးရွာတွင်…

Read More

လွယ်လွန်းလို့ဆိုပြီး ဆေးနည်းကိုအထင်မသေးပါနဲ့ ( ဒုတိယအကြိမ် ) ပျဉ်းမဖြူ နှင့် ကင်ဆာမျိုးစုံ သားအိမ် ကင်ဆာ ၊အူမကြီးကင်ဆာအသည်းကင်ဆာ ၊စသည့်ကင်ဆာမျိုးစုံလေးဘက်နာ၊လေဖြတ်လေငန်းရောဂါအစရှိသည့်ရောဂါဝေဒနာများအတွက် ပျဉ်းမဖြူ အမြစ် ပျဉ်းမဖြူ မြစ်ကို ဆန်ဆေးရေနဲ့သွေးသောက်ရုံပါ၊ တစ်ရက်( ၂)ကြိမ် ဟင်းစားဇွန်းတစ်ဇွန်းစာ ရောဂါဝေဒနာပျောက်ကင်းသည်ထိသောက်ပေးပါ။ ➳ မည်သည့်ဆေးမြစ်/ခေါက်ကိုမဆိုသန့်စင်ဆေးကြောပြီးရေနွေးဆူဆူမှာ(၁၅)မိနစ်ခန့်ပြုတ်၍ဖြစ်စေ ပေါင်းအိုးထဲထည့်ပေါင်း၍ဖြစ်စေ ပိုးသတ်ပြီးမှအသုံးပြုသင့်ပါသည်။ {တစ်နည်း} အသည်းကင်ဆာ သမားများပျဉ်းမဖြူ အခေါက်နှင့် နလင်ကျော် နှစ်မျိုးကိုဆန်ဆေးရေနှင့် သွေးပြီးတစ်ရက်နှစ်ကြိမ်ဟင်းစားဇွန်း တစ်ဇွန်းစာဝေဒနာသက်သာသည်ထိ နေ့စဉ်သောက်ပေးပါ။လေဖြတ်သူများ လိမ်းလည်းလိမ်းသောက်လည်းသောက်ပါ။ ဒူးနာ ခါးနာ ဇက်ကြောတက်ညောင်းညာကိုက်ခဲသူများ အခေါက်သွေးလိမ်းရုံနှင့်ပင် သက်သာပျောက်ကင်းပါသည်။

Read More

People’s Spring ရခိုင်ပြည်နယ်၊ ဂွမြို့နှင့်ဆက်စပ်နေသည့် ရွှေသောင်ယံမြို့နယ် ကုလားချောင်းကျေးရွာမှ စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ဧရာဝတီတိုင်းအတွင်း ပထမဆုံးအကြိမ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဇန်နဝါရီ ၈ရက် နံနက်က ကုလားချောင်းကျေးရွာအနီးကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက် ခြင်းဟု စစ်ဘေးရှောင်ဒေသခံများက ပြောသည်။ ” လေကြောင်းကနေ ဗုံးကြဲတယ်။ ရေတပ်ကနေလည်း ပစ်တယ်။ ဒေသခံတွေနေလို့ မရတော့လို့ ပြေးလာကြရတယ်ဗျ”ဟု ချောင်းသာသို့ရောက်ရှိနေသည့် ကုလားချောင်းရွာဒေသခံတစ်ဦးက ပြောသည်။ ဂွမြို့နှင့် ရွှေသောင်ယံမြို့သည် ကျောက်ချွန်ကျေးရွာတွင် နယ်မြေချင်းထ်ိစပ်နေသည်။ ယခု လေကြောင်းတိုက်ခိုက်ခံရသော ကုလားချောင်းရွာသည် ဂွမြို့နယ်စပ်နှင့် (၁၀)မိုင်ခန့်ဝေးသည်။ မြေပြင်အခြေအနေအသေးစိတ်ကို ပြောကြားခြင်းမရှိသော်လည်း ကုလားချောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။ ” ကုလားချောင်း မရောက်ခင် တောင်ကုန်းနှစ်ခုမှာ တိုက်ပွဲဖြစ်တာ။ စစ်ကောင်စီက လေယာဥ်လာကြဲတယ်။မကျီးဇင်က စစ်တပ်က ဘောမိကို တပ်ဆုတ်သွားတယ်”ဟု အဆိုပါရဲဘော်ကပြောသည်။ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိ၊ မရှိကို မသိရသေးပေ။ စစ်ကောင်စီသည် ဒီဇင်ဘာလဆန်းကစတင်၍ ရွှေသောင်ယံမြို့နှင့် မိုင်၂၀ခန့်ဝေးသော မကျီးဇင်ရွာ၌ ခံစစ်ပြင်ဆင်ခဲ့သည်။ ဒေသခံများသည် ရွှေသောင်ယံမြို့ပေါ်နှင့် အခြားမြို့များသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းပိုင်းတွင် ဂွမြို့မှထွက်ပြေးလာသော စစ်ကောင်စီတပ်သားများနှင့် မကျီးဇင်အခြေချစစ်ကောင်စီတပ်ဖွဲ့များ အချင်းချင်းပစ်ခတ်မှုဖြစ်ခဲ့သည်။ ထွက်ပြေးလာသူများကို ဟန့်တားခြင်းဖြစ်ပြီး အချင်းချင်းဖမ်းဆီးမှုများလည်းရှိကြောင်း၊ ဖမ်းဆီးထားသူ ၁၀ဦးထက်မနည်းကို ရွှေ သောင်ယံမြို့ရှိစစ်တပ်ရိပ်သာ၌ ထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။ ဂွမြို့နှင့် ကုန်းလမ်းချင်းဆက်စပ်နေသော ဂွ-ငါးသိုင်းချောင်းလမ်းတွင်လည်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်နေသည်။ ငါးသိုင်းချောင်းမြို့နှင့် ၂၂မိုင်အကွာ၌ စစ်ကောင်စီတပ်စွဲထားသည့်ဗေဒါဂိတ်ကို ပူးပေါင်းတပ်များက ဇန်နဝါရီ…

Read More

ဇန်နဝါရီ ၉၊ ၂၀၂၅ လူကုန်ကူးခံရသည့် သရုပ်ဆောင် Xingxing အား ထိုင်းရဲတပ်ဖွဲ့က ကယ်တင်ပြီးနောက် ၎င်းအမှုနှင့်ဆင်တူသော ၂၀၂၄ ဒီဇင်ဘာလအတွင်း၌ ထိုင်း-မြန်မာနယ်စပ်တွင် ပျောက်ဆုံးသွားသည့် တရုတ်မော်ဒယ်လ် Yang Zeqi အမှုကို ထိုင်းရဲတပ်ဖွဲ့က အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲချုပ် Pol General Thatchai Pitaneelaboot က ယနေ့ ပြောသည်။ World Forum Facebook စာမျက်နှာ ဖော်ပြချက်အရ Yang Zeqi သည် ရုပ်ရှင် audition အောင်မြင်ကြောင်း WeChat မှတဆင့် အကြောင်းကြားစာရရှိပြီးနောက် ဒီဇင်ဘာ ၂၀ ရက်တွင် Beijing Daxing International Airport မှတဆင့် Suvarnabhumi Airport သို့ လာရောက်ခဲ့သည်။ လေဆိပ်မှ ကားတစီးဖြင့် ထွက်ခွာလာခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ်တွင် ရုပ်ရှင်အဖွဲ့က စီစဉ်ပေးသည့် နောက်ထပ် ကားတစီးနှင့် ခရီးဆက်ခဲ့သည်။ ဒီဇင်ဘာ ၂၁ ရက်တွင် Zeqi က ၎င်းစိတ်ဓာတ်ကျနေကြောင်း သူငယ်ချင်းများထံ မက်ဆေ့ခ်ျပို့ခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်၌ မိခင်နှင့် နောက်ဆုံးအကြိမ် ဗီဒီယိုဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ကြောင်း၊ ယင်းဗီဒီယိုခေါ်ဆိုမှုတွင် အနက်ရောင် အဝတ်အစား ဝတ်ဆင်ထားသော Zeqi အား စားပွဲတလုံးရှေ့ ကုလားထိုင်ပေါ်ထိုင်နေသည်ကို တွေ့ရှိရပြီး မျက်လုံးထောင့်၌ ဒဏ်ရာတခု ရှိနေသည်ကို တွေ့ရှိရသော်လည်း ဘေးကင်းလုံခြုံသည်ဟု မိခင်အား ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက်ပိုင်း Zeqi ၏ ဖုန်းပိတ်သွားပြီး…

Read More

မဲခေါင်၊ ဇန်နဝါရီ ၉ တရုတ်နိုင်ငံ ယန်ဇီပြည်နယ် ပူချန်းအရပ်က အသက်မွေးဝမ်းကျောင်းမှာ ဇန်နဝါရီ ၂ ရက်က ၁၇ နှစ်သား ကျောင်းသား သေဆုံးမှုနဲ့ ပတ်သက်ပြီး ဇန်နဝါရီ ၇ ရက်က ကျောင်းအတွင်း လူထုအုံကြွမှုကို တရုတ်အစိုးရက အင်အားသုံးပြီး ရက်ရက်စက်စက် နှိမ်နင်းနေကြောင်း တရုတ် လူ့အခွင့်အရေးအဖွဲ့တွေက ထုတ်ပြန်နေကြပါတယ်။ အခင်းဖြစ်ပွားမှုမှာ ကျောင်းအာဏာပိုင်တွေဟာ ကျောင်းသားအားလုံးရဲ့ ဖုန်းနဲ့ စမတ်နာရီအားလုံးကို သိမ်းဆည်းခဲ့ပြီး မျက်မြင်သက်သေတချို့ရဲ့ ဖွင့်ပြောမှုအရ အိမ်ဆောင်မှာ မသေဆုံးမီ ရုန်းရင်းဆန်ခတ်ဖြစ်သံ ကြားရကြောင်း၊ ဒါပေမဲ့ ကျောင်းအာဏာပိုင်တွေနဲ့ ဒေသခံ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုကို ၂၄ နာရီသာ လုပ်ဆောင်ပြီးနောက် ခေါင်မိုးပေါ်ကနေ ကိုယ့်ဘာသာ ခုန်ချ အဆုံးစီရင်တယ်လို့ ဆုံးဖြတ်ပြီး အမှု ပိတ်လိုက်ခဲ့ပါတယ်။ မိခင်ဖြစ်သူကိုလည်း သားအလောင်းကို မပြသဘဲ အသုဘအခမ်းအနားမှ ပြသမှုမှာ ညိုမဲစွဲနေတဲ့ ဒဏ်ရာတွေကို တွေ့ရှိရတာကြောင့် ကျောင်းသားမိဘတွေနဲ့ ဒေသခံထောင်ပေါင်းများစွာဟာ ကျောင်းထဲဝင်ရောက်ပြီး မကျေမနပ် အုံကြွဆန္ဒပြသခဲ့ရာမှာ ပြည်သူ့လုံခြုံရေးဗျူရိုကပါ နှိမ်နင်းရေးတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်နှိမ်နင်းရာက လူထု အုံကြွမှုဟာ ၃ ရက်မြောက်အထိ အရှိန်မရပ်တန့်ဘဲ ၂၀၂၅ နှစ်ဦးမှာပဲ တရုတ်နိုင်ငံရဲ့ အဆိုးရွားဆုံး လူထုအုံကြွမှုကို ဖြစ်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။ မသင်္ကာဖွယ်ရာများစွာရှိတဲ့ ဒီဖြစ်စဉ်မှာ ကျောင်းတွင်း စီစီတီဗီမှတ်တမ်းတွေကိုလည်း ဖျက်ထားပြီး ဒေသခံ အာဏာပိုင်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကလည်း သက်သေဖျောက်ဖျက်ပေးသလို ပွင့်လင်းမြင်သာမှုလုံး၀မရှိတဲ့ ဖြစ်ရပ်ကြောင့် လူထုအုံကြွမှုဖြစ်စဉ်မှာ သေဆုံးကျောင်းသားရဲ့ ဆွေမျိုးသားချင်းတစ်ယောက်ကိုပါ ဖမ်းဆီးထားလို့ ပြန်လွှတ်ပေးဖို့နဲ့ တရားမျှတမှုရရေး ပြည်သူထောင်ချီ…

Read More

လျှာကင်ဆာ၊ ပါးစပ်အတွင်းအပူနာ၊ လည်းပင်းကင်ဆာ၊ သွားပိုးစား၊ သွားကိုက်၊သွားနာ၊ မဲ့ခရု၊ ပါးစပ်အတွင်း ရေယုံစတဲ့ ခံတွင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်း သက်သာစေသည်။ နွယ်မြက် သစ်ပင် ဆေးဖတ်ဝင်ဆိုသော ရှေးလူကြီးများ၏ ဆိုရိုးအတိုင်း ယခုပုံပါ ခရမ်းရောင်ပွင့်ပါ – ဆေးအိုးပုတ်ပင်သည် အင်မတန်မှ အစွမ်းထက်လှသော ဆေးပင်တစ်မျိုးဖြစ်ပေသည်။ ပျောက်ကင်းသော ရောဂါဝေဒနာများမှာ အထက်က တင်ပြထားသော ရောဂါဝေဒနာများအား ဆေးဖိုး အကုန်အကျခံ ခွဲစိတ်စရာမလိုပဲ ၃-၄ ကြိမ်ခန့် အသုံးပြုရုံဖြင့် ယူပစ်သလို ပြောက်ကင်းနိုင်သော အံ့မခန်း ဆေးပင် တစ်မျိုးဖြစ်ပါသည် ။ အသုံးပြုပုံ ၁။ ဆေးအိုးပုတ်ပင်၏ အရွက်လက်တစ်ဆုတ်ခန့်အား ရေဆေးပြီးလျှင် ဝါး၍ ပါးစပ်အတွင်း ၅ မိနစ်ခန့် ငုံထားခြင်းကို တစ်နေ့ ၃ ကြိမ်ခန့် ပြုလုပ်ပေးပါ။ ၂။ ဆေးအိုးပုတ်ရွက်အား အနည်းငယ်ခူးပြီး အရွက်များနှင့် ပဉ္စငါးပါးကို ရေဖြင့် ၃ခွက် ၁ခွက်တင် ကျိုပါ။ ကျိုပြီးလျှင် ထိုအရည်အား သောက်ပါ။ ငုံခြင်း ပလုတ်ကျင်းခြင်းကိုလည်း အချိန်ရသလို ပြုလုပ်ပေးပါ။ ထူးခြားစွာ သက်သာပျောက်ကင်းသွားမည်ကို အံ့သြစွာ တွေ့ရှိရမည် ဖြစ်ပါသည် ။ အပင်ပုံသဏ္ဍာန် – အရွက် ရှည်ရှည် ငရုပ်ကောင်း အရွက်ပုံသဏ္ဍာန်နှင့် ခပ်ဆင်ဆင်တူ၏။ အပွင့်မှာ ခရမ်းရောင်အပွင့်ဖြစ်ပြီး သစ်ခွပန်း အပွင့်နှင့်ဆင်၏။ အသီးမှာ သောက်ရေအိုး ပုံသဏ္ဍာန် အိုးပုတ်ငယ် ပုံသဏ္ဍာန် အဆင်းရှိ၏။အပွင့်အောက်ခံက အိုးပုတ်ပုံစံလေးပါ။ ရရှိနိုင်မည့်နေရာ – သန်လျင်ကျောက်တန်း တစ်ဝိုက်၊ လှည်းကူးမြို့နယ်…

Read More

People’s Spring ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ယနေ့ (ဇန်နဝါရီ ၉ရက်)တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ဖော်ပြကာ KIAနှင့်အတူ မြို့သိမ်းစစ်ဆင်ရေးဆင်နွှဲနေသည့် ကျောင်းသားတပ်မတော်(ABSDF)ရဲဘော်များ အောင်ပွဲခံနေသည့် ရုပ်သံထွက်ပေါ်လာသည့် အခြေအနေနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ပြောပြသည်။ “စကစ လေယာဉ်ကွင်းနားက ဆုတ်သွား။ ဒရုန်းပျံနေဆဲလို့ သိရ”ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်နှင့် မံစီမြို့သိမ်းတိုက်ပွဲကို KIAနှင့်အတူ ကျောင်းသားတပ် ABSDF ၊ KPDF တပ်များ ပါဝင်တိုက်ခိုက်နေဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဗန်းမော်လေဆိပ် သိမ်းပိုက်နိုင်မှုအခြေအနေအပါအဝင် ဗန်းမော်တိုက်ပွဲနှင့်ပတ်သက်ပြီး ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ KIA သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဗန်းမော်မြို့၌ တိုက်ပွဲဆက်ရှိနေပြီး မြို့ပေါ် ရပ်ကွက်အချို့ကို KIA ပူးပေါင်းတပ်များက ဝင်ရောက်နေရာယူထားနိုင်ကြောင်း ယမန်နေ့တွင် ပြောပြထားသည်။ ထို့ပြင် ဗန်းမော်မြို့ပေါ်ရှိ စစ်ကောင်စီ၏ တပ်ရင်းဌာနချုပ်များကို စောင့်ကြည့်နေဆဲဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်း “ဗန်းမော်လေဆိပ် ရန်သူ့လက်ကျပြီ” ဟု ယနေ့ နေ့လည်ပိုင်းက ရေးသားထားသည်။ ထို့ပြင် ဗန်းမော်အခြေစိုက် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁)ဘန်ကာအချို့ပေါက်ပြီး စကခမှူးထွက်ပြေးသွားဟုလည်း ရေးသားထားသည်။ ထို့ပြင် ဗန်းမော်မြို့ ခလရ (၄၇)တပ်ရင်းကို သိမ်းရပြီဟု ပူးပါင်းတပ်မှ တပ်မှူးတစ်ဦးပြောပြသည့် ရုပ်သံလည်း လူမှုကွန်ရက်၌ ယနေ့ တွေ့ရသည်။ KIAသည် ဗန်းမော်နှင့်မံစီမြို့နယ် တစ်ခုလုံးသိမ်းနိုင်ရေး ၂၀၂၄ ဒီဇင်ဘာ ၄ရက်က စတင်ထိုးစစ်ဆင်ခဲ့ရာ တစ်လကျော်အကြာ…

Read More