Author: Ka K

(ထန်တလန်)၊ အောက်တိုဘာ ၂၇ ရက် ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းအများစုကို ပြန်လည်လက်လွှတ်ခဲ့ရကြောင်းသိရသည်။ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။ “ အခုလက်ရှိ ထန်တလန်မြို့မှာ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က တပ်စခန်းအကုန်လုံးနီးပါးပြန်လည် လက်လွှတ်လိုက်ရတယ်။ စုစုပေါင်း လေးခုလောက်ရှိမယ်။ အခု အော်တိုတောင်ကုန်း တစ်ခုကိုပဲ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က ထိန်းချုပ်ထားတယ်။ ဟားခါးကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းလည်း ထန်တလန်မြို့ထဲ ဝင်နိုင်ပြီ” ဟု မြေပြင်သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီတပ်က အော်တိုတပ်စခန်း(C3)၊ C2 အပါအဝင် အခြားတပ်စခန်းတို့ကို ထပ်မံရရှိထားပြီး လက်ရှိအချိန်အထိ ထန်တလန်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။ ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး မြေပြင်မှ ထိုးစစ်ဆင်နေကာ ဟားခါးမြို့မှ လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ပစ်ကူပေးနေကြောင်း သိရသည်။ ဧရာဝတီတိုင်းမ်

Read More

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးလာကြဲတိုက်ခိုက်မှုပြုလုပ်ပြီး တရုတ်ဘက်ကလည်း မြေပြင်ကနေ ပြန်လည်ခြိမ်းခြောက်ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၇ရက်နေ့ မနက် ၇နာရီကျော် နဲ့ ၈နာရီကျော်မှာ စစ်ကောင်စီက နမ့်ခမ်းမြို့ မန့်ဝိန်းကြီးနဲ့ စခန်းသစ်ကုန်းအနီးဝန်းကျင်မှာ လေယာဉ်နဲ့ ဗုံး ၆လုံးလာကြဲချတိုက်ခိုက်ခဲ့တယ်လို့ နမ့်ခမ်းမြို့မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။ “မနက် ၇နာရီ အကျော်မှာ မန့်ဝိန်းကို ၄လုံး ပစ်တယ်။ ၈နာရီအကျော်မှာတော့ လွယ်ဆာရွာမှာ လေယာဉ်လာဝဲပြီး တရုတ်သချိုင်းကုန်းဘက်မှာ လာကျတာ။ တရုတ်တွေကလည်း လေယာဉ်တွေပစ်နေတာပဲ ခုထိပဲ”လို့ ဆိုပါတယ်။ နမ်းခမ်းမြို့ကို လေယာဉ်တွေ ဆက်တိုက်ဝဲပြီး ‌လူထိခိုက်မှုအတိအကျကိုတော့ ရွှေဖီမြေက ဆက်လက်စုံစမ်းနေပါတယ်။ ဒီနေ့ အောက်တိုဘာလ ၂၇ရက်နေ့ဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် MNDAA၊ တအာင်းတပ်မတော် TNLAနဲ့ အာရက္ခတပ်တော် AA တို့ရဲ့ ၁၀၂၇စစ်ဆင်ရေးဟာ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။ အလားတူ ဒီမနက်အစောပိုင်း မနက်၁၂နာရီဝန်းကျင်မှာလည်း ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ လောက်ကိုင်မြို့ကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါ‌သေးတယ်။ ပို့လဘား၊ အောက်တိုဘာလ ၂၇ရက်၊ နမ့်ခမ်း ဗီဒီယို – Local   ဆက်လက်ဖတ်ရှုရန်

Read More

(မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ ဆန္ဒပြနေသော လူထု သပိတ်ခေါင်းဆောင် ကိုတေဇာစန်းအား တွေ့ရစဥ်။ဓာတ်ပုံ-Tayza San) လုံခြုံရေးတိုးမြှင့်ထားသည့် မန္တလေးမြို့တွင် ပြည်သူလူထုနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ယခုရက်ပိုင်းအတွင်းပြုလုပ်ခဲ့ကြောင်း သပိတ်ခေါင်းဆောင် ကိုတေဇာစန်းက ပြောသည်။ ၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်မှု သပိတ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတေဇာစန်းသည် ယနေ့(အောက်တိုဘာ ၂၆ရက်)တွင် “ဂန္ထဝင်မြို့ကြီးက တော်လှန်တိုက်ပွဲများ”ခေါင်းစဥ်ဖြင့် မန္တလေးမြို့လယ်တနေရာ၌ ရဲဘော်ရဲဘက်များ၊ ပြည်သူများနှင့်အတူ လူထုတိုက်ပွဲလှုပ်ရှားမှု ပြုလုပ်ခဲ့သည့်ဓာတ်ပုံများအား ၎င်း၏ Facebook စာမျက်နှာ၌ ဝေမျှခဲ့သည်။ “ကျနော်တို့ ပြည်သူတွေ၊ ကျနော်တို့ ရွှေမန်းသူ ရွှေမန်းသားတွေရဲ့ တော်လှန်စိတ်ကတော့ အံ့ဩဖို့ကောင်းလောက်အောင် ထက်သန်မြဲ၊ ပြင်းပြဆဲဗျို့။ “ငါတို့ မဖြစ်မနေ လွတ်မြောက်မှ ရမယ်”လို့ စိတ်နှလုံး ခိုင်ခိုင်မာမာ ဆုံးဖြတ်ထားပြီးဖြစ်တဲ့ လူထုရဲ့ တော်လှန်စိတ်ကို ဘယ်အရာ၊ ဘယ်အကြောက်တရားကမှ ဟန့်တားနိုင်တော့မှာ မဟုတ်ပါဘူး။”ဟု ကိုတေဇာစန်းက ရေးသားသည်။ မန္တလေးမြို့သည် နွေဦးတော်လှန်ရေး ခရီးကြမ်း၌ မြို့သူ၊မြို့သားများ၏ စုစည်းညီညွတ်အားနှင့်အတူ မယိုင်မလဲဘဲ ခိုင်မြဲစွာ ချီတက်နေကြောင်း ကိုတေဇာစန်းက ဆိုသည်။ “ကျနော်လည်း “အရေးတော်ပုံ တပ်သား” တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။”ဟု ရေးသားသည်။ တော်လှန်​ရေးကြီး အမြန်ဆုံးအောင်ပွဲဆင်နိုင်ရန်အတွက် စစ်ရေးတိုက်ပွဲများနှင့်အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ကြောင်း ကိုတေဇာစန်းက အကြံပြုသည်။ “ကျနော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့…

Read More

အောက်တိုဘာ ၂၆ ၊ ၂၀၂၄ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အောက်တိုဘာလ (၁၇) ရက် မနက်ပိုင်းက စီပါကျေးရွာကို အကြမ်းဖက်စစ်အုပ်စု စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ နမခ လက်အောက်ခံ ကလေးအခြေစိုက် ခလရ ၈၉ ၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာပါ။ အဲ့ဒီစစ်ကြောင်းဟာ ကျေးရွာက အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ပြည်သူ ၆ ယောက်ကိုလည်း ခေါင်းနဲ့ကိုယ်လက်တွေ ဖြတ်တောက်ခြင်း၊ သေနတ်နဲ့ ပစ်သတ်ခြင်း စတဲ့ပုံစံမျိုးစုံနဲ့ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဆက်လက်ဖတ်ရှုရန်

Read More

ဧရာဝတီ၊ အောက်တိုဘာ ၂၆၊ ၂၀၂၄ ရွှေဈေးနှုန်း တည်ငြိမ်မှန်ကန်စေရန်ဟု ဆိုကာ နေ့စဥ် ရွှေရည်ညွှန်းစျေးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်ပြီး ထုတ်ပြန်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ရွှေရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီကို အောက်တိုဘာလ ၂၄ ရက်စွဲဖြင့် ဖွဲ့ စည်းခဲ့ပြီး ယင်းကော်မတီတွင် ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ဒု-ဝန်ကြီး၊ ဒုဥက္ကဋ္ဌ အဖြစ် ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ဆောင်ရွက်မည်ဖြစ်ကာ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့က ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသော်လည်း ယင်းကော်မတီက မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ ရွှေဈေးနှုန်း ထုတ်ပြန်ရာတွင် ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရမည်ဖြစ်ပြီး ကမ္ဘာ့ရွှေစျေးနှုန်း ထူးခြားစွာ ပြောင်းလဲပါက ရွှေရည်ညွှန်းစျေးအား အချိန်နှင့်တပြေးညီ ညှိနှိုင်းထုတ်ပြန်ပေးရမည်ဟု စစ်ကောင်စီက ဆိုသည်။ ယနေ့နံနက်ပိုင်းအထိ နေ့စဉ်ရွှေရည်ညွှန်းဈေး သတ်မှတ်ခြင်းကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရုံး (YGEA)မှ ထုတ်ပြန်နေပြီး ယနေ့ နံနက်ပိုင်း အကယ်ဒမီအခေါက်ရွှေ တကျပ်သားလျှင် ၅,၆၂၆,၉၀၀ ကျပ် သတ်မှတ်ထားကာ ပြင်ပရွှေဈေးမှာ တကျပ်သားလျှင် ၆၅ သိန်းကျပ်ကျော်အထိရှိနေသဖြင့် ကျပ် ၈ သိန်းကျော် ဈေးကွာဟမှု ရှိနေသည်။ ပုံစာ- ယနေ့ YGEA သတ်မှတ်ဈေးအား တွေ့ရပုံ/ YGEA ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ကြောင်း ကြေညာပြီး ရွှေစျေးနှုန်း တည်ငြိမ်မှန်ကန်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရွှေရည်ညွှန်းစျေး သတ်မှတ်ရေးကော်မတီ ဖွဲ့စည်းကာ နေ့စဉ် ရွှေစျေး…

Read More