Author: Ka K

တာမွေ၊ ဗျိုင်းရွာမ ရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က လူငယ်များ စစ်မှုမထမ်းလိုလျှင် ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံ၊ တောင်ငူနှင့်အုတ်တွင်းစစ်ဆေးရေးဂိတ်များတွင် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံနေရ ရန်ကုန်၊ အောက်တိုဘာ ၁၆ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက်အုပ်ချုပ်ရေးမှူး မောင်မောင်က စစ်မှုထမ်းရန် အကျုံးဝင်နေသည့် လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုဘဲယာယီ ရွှေ့ဆိုင်းလိုခြင်း၊ ရှောင်ရှားလိုပါက လူငယ် ၁ ဦးလျှင်ငွေကျပ် သိန်း ၄၀ ပေးရမည်ဟု တောင်းခံလာကြောင်း တာမွေမြို့နယ် အတွင်းမှ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ တာမွေမြို့နယ်အတွက် လစဉ် စစ်မှုထမ်းရမည့် လူငယ်များစာရင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အဓိက ကိုင်တွယ်ပြီး စာရင်းများ ထုတ်ပေးနေကြရကြောင်း၊ ထို့ကြောင့် ဗျိုင်းရွာမရပ်ကွက်အတွင်းမှ လူငယ်များအနေဖြင့် စစ်မှုမထမ်းလိုပါ ငွေကျပ် သိန်း ၄၀ ပေးရမည်ဖြစ်ကြောင်း၊ အကယ်၍ မပေးလိုလျှင် စစ်မှုထမ်းရမည့် လူငယ်စာရင်းသည် ၎င်း၏ လက်ထဲတွင်သာ ရှိပြီး ၎င်းစိတ်ကြိုက် မည်သူ့ကိုမဆို စစ်မှုထမ်းစာရင်း ထည့်သွင်းနိုင်သည်ဟု ဗျိုင်းရွာမ ရပ်ကွက် အုပ်ချုပ်ရေးမှူး မောင်မောင်က ပြောဆိုကြောင်း သိရှီရသည်။ “လူငယ်တွေ စစ်မှုထမ်းရမယ့် ကိစ္စမှာ စစ်ရှောင်ချင်ရင် သိန်း ၄၀ ပေးရမယ်။ မဟုတ်ရင် သူ့လက်ထဲမှာ ဘာမဆို လုပ်လို့ရတယ်ဆိုပြီး လူငယ်တွေနဲ့ မိဘတွေကို ခြိမ်းခြောက်တယ်။ စစ်မှုထမ်းစာရင်းဆိုတာ သူတို့က အဓိက လုပ်ပေးရတာဖြစ်လို့ မပေးရင်လည်း စာရင်းထည့်ရုံပဲဆိုပြီး ပြောတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။ ထို့ပြင် ဗျိုင်းရွာမရပ်ကွက်အတွင်း…

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက်တွေ့ဆုံသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Kanbalu Underground Warriors အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၁၅ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂ ဦးဖြစ်သည့် ဒုတပ်ကြပ် ကျော်မင်းနိုင် နှင့် ပျူစောထီး ဝေဖြိုးအောင် တို့သည် ဇီးကုန်းမြို့ပေါ်တွင် ရည်းစားဖြစ်သူနှင့် သွားရောက် တွေ့ဆုံစဉ် Kanbalu Underground Warriors အဖွဲ့မှ တော်လှန်ရေး ရဲဘော်များက အရှင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသည် တော်လှန်ရေး ရဲဘော်များကို လက်ပစ်ဗုံးဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့သော်လည်း ထိခိုက်မှုမရှိကြောင်း၊ ဒုတပ်ကြပ် ကျော်မင်းနိုင်သည် စစ်မှုထမ်း သက်တမ်း ၂၅ နှစ်ရှိသူဖြစ်ပြီး လက်နက်ကိုင် ပျူစောထီး ဝေဖြိုးအောင် သည် စစ်မှုထမ်း သက်တမ်း ၁ နှစ် ရှိသူဖြစ်ကြောင်း သိရှိရသည်။

Read More

သီပေါတိုက်ပွဲ ဟောင်ဝစ်ဇာအပါအဝင်လက်နက်မျိုးစုံ ၁၇၀ကျော်ရဟု TNLA အသိပေး ▪️စစ်ကောင်စီ၏ အရပ်ဘက်ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၃၃ဦး သေဆုံး၊ ၈၀ ဒဏ်ရာရ (သီပေါမြို့တိုက်ပွဲအတွင်းမှ သိမ်းရသော လက်နက်ခဲယမ်းများနှင့် TNLA ရဲဘော်များ။ ဓာတ်ပုံ – TNLA) ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ် ခလရ(၂၃)ကို အောက်တိုဘာ ၁၃ ရက်တွင် သိမ်းနိုင်ခဲ့ပြီး မြို့နယ်တစ်ခုလုံးကို အလုံးစုံသိမ်းပိုက်နိုင်ပြီး တိုက်ပွဲအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင် လက်နက်ကြီး၊ငယ်မျိုးစုံ ၁၇၀ကျော်ရရှိခဲ့ဟု တအာင်းတပ်မတော်(TNLA)က ထုတ်ပြန်သည်။ သီပေါမြို့နယ်ရှိ တပ်စခန်းများကို တအာင်းတပ်မတော် TNLA မှ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) အတွင်း ဇူလိုင် ၂၀ ရက်မှ စတင်တိုက်ခိုက်ခဲ့ရာ (၂)လကျော်အကြာတွင် စစ်ကောင်စီတပ်စခန်းများဖြစ်ကြသည့် ခမရ (၅၀၃)၊ ခမရ(၅၀၄)နှင့် ခလရ(၂၃)တပ်စခန်း၊ ရဲစခန်းအပါအဝင် အစိုးရဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့သည်ဟု ဆိုသည်။ သီပေါမြို့သည် ပဉ္စမမြောက်အလုံးစုံထိန်းချုပ်နိုင်ခဲ့သည့် မြို့ဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းစတင်သည့် ဇွန်လ ၂၅ရက်မှ အောက်တိုဘာ ၁၃ရက်အတွင်း နောင်ချိုမြို့၊ မိုးကုတ်မြို့၊ မိုးမိတ်မြို့၊ ကျောက်မဲမြို့နှင့် သီပေါမြို့တို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်သည်ဟုလည်း TNLAက အသိပေးသည်။ တိုက်ပွဲကာလအတွင်း ဟောင်ဝစ်ဇာလက်နက်ကြီးအပါအဝင်၊ လက်နက်မျိုးစုံ (၁၅၅)လက်၊ 60 MM (၇)လက်၊ 81 MM (၁)လက်၊ RPG (၂)လက်၊ စက်လက် (၉)လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၇၄ လက်ထက်မနည်း သိမ်းရခဲ့ဟု အသိပေးသည်။…

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၅   လက်နက်ကိုင် တောင်းဆိုမှုများကို လိုက်လျောဖြေရှင်းပေးရန် မရှိဘဲ စစ်ကောင်စီက နိုင်ငံတစ်ဝန်း နှိမ်နင်းရေး ဆက်လုပ်မည်ဖြစ်၍ ပြည်သူများ သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က သတိပေးပြောဆိုသည်။ ယနေ့ ကျရောက်သည့် NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် ၉ နှစ်ပြည့်နှစ်ပတ်လည်အတွက် အထိမ်းအမှတ်အဖြစ် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ စစ်တပ်အနေဖြင့် နှိမ်နင်းရေးအတွက် လုပ်သင့် လုပ်ထိုက်တာများ ထပ်မံဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် သတိပြုကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုသွားသည်။ ” တပ်မတော်အနေနဲ့ အကြမ်းဖက် သောင်းကျန်းသူတွေကို နှိမ် နင်းဖို့လိုအပ်တဲ့ လုပ်ဆောင်သင့်လုပ်ဆောင်ထိုက်တာတွေကို ထပ်မံဆောင် ရွက်မှာဖြစ်တာကြောင့် ပြည်သူများအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ အသုံးချမှုမခံရအောင် သတိပြုကြဖို့ကိုလည်း ကျွန်တော့်အနေနဲ့ ထပ်မံအသိပေးပြောကြားလိုပါတယ်” ဟု မင်းအောင်လှိုင်က ဆိုသည်။ လက်ရှိတွင် NCA လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်များ က ကတိကဝတ်ကို ဖောက်ဖျက်ပြီး NUG ၊ CRPH တို့ကို ထောက်ခံအားပေးပြီး PDF များကို ထောက်ပံ့မှု မျိုးစုံပေးနေကြောင်း၊ MNDAA ၊ TNLA နှင့် AA တို့ လုပ်ဆောင်ချက်များကြောင့် အခြေအနေများ ပိုမိုဆိုးရွားလာနေကြောင်း ၊ တိုင်းရင်းသားလက်နက်ကိုင်များက ပါတီစုံ ဒီမိုကရေစီလမ်းကြောင်းဖြင့် ပြည်ထောင်စု အတူတကွ တည်ဆောက်ရေးထက် တစ်သီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြကြောင်း ၎င်းက ဆိုသည်။ “လက်နက်ကိုင်တိုက်ခိုက်မှုများဟာ နိုင်ငံရေးကိုအကြောင်းပြပြီး လက်နက်ကိုင် အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါတယ်။ သူတို့အနေနဲ့…

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၅ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ဇခုန်တန့်ယိန်း ဦးဆောင်သော ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိရာ ပန်ဝါမြို့ကို အဓိက ကာကွယ်ထားသည့် အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စန်းနှင့်အတူ တပ်စခန်း စုစုပေါင်း ၄ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ထပ်မံ တိုက်ခိုက် သိမ်းပိုက်ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလ ၁၄ ရက်နေ့ နှင့်အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်အချိန် လုပြည် အမှတ် ၁၀၀၂ ပင်မစခန်းကြီးနှင့် ကာကင်းစခန်း ၃ ခု စုစုပေါင်း တပ်စခန်း ၄ ခုစလုံးကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် ထပ်မံ သိမ်းပိုက်ရရှိခြင်းဖြစ်ကြောင်း သိရှိရသည်။ လတ်တလော သတင်းများအရ အမှတ် ၁၀၀၂ BGF တပ်စခန်းမှ ထိပ်ပိုင်းတာဝန်ရှိသူတချို့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးသွားပြီဟု သိရှိထားသော်လည်း အတိအကျကို အတည်ပြုရန် ခက်ခဲကြောင်း၊ လက်ရှိတွင် နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။ ပန်ဝါမြို့တွင် ဇခုန်တန့်ယိန်း ဦးဆောင်သော စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ဌာနချုပ်နှင့် ကချင်အထူးဒေသ ၁ ဌာနချုပ်တည်ရှိနေရာ အမှတ် ၁၀၀၂ BGF ဗျူဟာတပ်စန်းသည် ပန်ဝါမြို့ကို ကာကွယ်ထားသော စခန်းဖြစ်ရာ စစ်အရေးအရ အလွန်အရေးပါသည်ဟု စစ်ရေးသတင်းရင်းမြစ်ကဆိုသည်။ ဇခုန်တန့်ယိန်း ထိန်းချုပ်ထားသော ချီဖွေမြို့ကို စက်တင်ဘာလ ၂၉…

Read More

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံ ရန်ကုန်၊ အောက်တိုဘာ ၁၅ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် အောင်ပွဲရ တော်လှန်ရေးရဲဘော်များကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းတွေ့ဆုံကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်သည်။ အောက်တိုဘာလ ၁၀ ရက်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ် ရေးဝန်ကြီးဝန်ကြီး ဦးရည်မွန်က ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးတွင် ပါဝင်ခဲ့သော အောင်ပွဲရ ရဲဘော်များကို သွားရောက် တွေ့ဆုံ အားပေးခဲ့ကြောင်း၊ ခရီးစဥ်အတွင်း ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သိမ်းပိုက်ရရှိထားသော ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခြင်းနှင့် လက်နက်ချ အညံ့ခံ ပူးပေါင်းလာသော စစ်သုံ့ပန်းများအား တွေ့ဆုံခြင်း များလည်း ဆောင်ရွက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ပြည်သူ့ကာကွယ်ရေးတပ်များ အပါအဝင် တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များက ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ်လ၁၅ ရက်နေ့တွင် စတင်ခဲ့ပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက် သိမ်း ပိုက်နိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံး၍ ၂၂၅ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အလင်းဝင်ရောက် လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးရှိပြီး စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရမိကြောင်း သိရှိရသည်။

Read More

အောက်တိုဘာ ၁၂ ၊ ၂၀၂၄ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်မှာ သန်းခေါင်စာရင်း ကောက်ယူဖို့ ရှေ့ပြေးထွက်လာတဲ့ အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တိုက်ဒေါင်း ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့ သတင်းတာဝန်ခံ ရဲဘော် ကြက်ဖ က မောင်းသတင်းဌာနကို ပြောပါတယ်။ အောက်တိုဘာ ၁၀ရက်၊ မနက်ပိုင်းက ရမည်းသင်းမြို့နယ်၊ ပေပင်ရှည်ရွာနဲ့ ကျောက်အိုးလေးရွာတို့မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာအနီးအနားရှိ ကျေးရွာတွေခဲ သန်းခေါင်စာရင်းလိုက်လံကောက်ယူနိုင်ဖို့ ရှေ့ပြေးကင်းထွက်လာရင်း တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ၂ ကြိမ်တိုင်တိုင် မိုင်းဆွဲ တိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အကြမ်းဖက်စစ်အုပ်စုတွေ ကျောက်အိုးလေး ကျေးရွာ အနောက်ဘက်အထွက်ကို ရောက်ရှိလာချိန်မှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပထမဆုံးအကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ အဲ့ဒီနောက် လည်ကျင်းခေါင်းကျေးရွာ၊ ကျေားလမ်းမကြီး အပေါ်ကို ရောက်လာတဲ့ အကြမ်းဖက်စစ်သားတွေကိုလည်း နောက်တစ်ကြိမ်​ထပ်ပြီး မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ “ဒီကောင်တွေ အရင်ဆုံးပေပင်ရှည်ရွာမှာ အထိုင်ချတယ်။ နောက်တော့ ကျောက်အိုး​လေးရွာကို ရောက်လာပြီး အဲ့မှာ ဂိတ်လုပ်စောင့်ရင်း စာရင်းကောက်ဖို့လုပ်ပါတယ်။ ပထမတစ်ခေါက်မိုင်းဆွဲတဲ့အချိန်က မနက် ၇ နာရီလောက်မှာပါ။ ညအိပ်စောင့်ပြီး မနက် ဒီကောင်တွေ ကွင်းထဲဝင်လာမယ့်အချိန်စောင့်ပြီး ဆွဲခဲ့တာ။ စခတွေချည်းပဲ ရှေ့ပြေးထွက်လာတာလို့ ပြောရမယ်။ ဒုတိယ​တစ်ခေါက်ကျ လည်ကျင်းခေါင်းရွာ၊ ကျောလမ်းဆုံမှာပေါ့။ မိုင်းကွင်းတွေကွဲပြီးနောက်ပိုင်း အဲ့ကောင်တွေ လျှောက်ပစ်နေတာ အချက် ၈၀ လောက်ရှိမယ်။ နေ့လည်ပိုင်းလောက်ကျ ရပ်သွားတယ်။ ညပိုင်းပြန်တက်လာပြီးပြန်ဖောက်သေးတယ်။ ကျနော်တို့ကတော့ ခဏပြန်ဆုတ်ထားပါတယ်။ ဒီကောင်တွေသေတာက ပထမ တစ်ခေါက် ၇ ယောက်၊…

Read More

ရန်ကုန်၊ အောက်တိုဘာ ၁၂ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက စက်သုံးဆီများကို စမတ်ကတ်ဖြင့် ကန့်သတ်ရောင်းချရန် ဆီဆိုင်များတွင် စမတ်ကတ်နှင့်ပတ်သက်သော စက်နှင့် နည်းပညာ Software များ မဝယ်မနေရ ရောင်းချနေကြောင်း စုံစမ်းသိရှိရသည်။ လာမည့်လအနည်းငယ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် စမတ်ကတ်များဖြင့် စက်သုံးဆီများ ရောင်းချရန် စစ်ကောင်စီနှင့် စက်သုံးဆီအသင်းတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အဆိုပါ စမတ်ကတ်များကို ဆီဆိုင်များတွင် အသုံးပြုရန် စမတ်ကတ်ဖတ်စက်များ၊ နည်းပညာနှင့် Software များကိုလည်း မဝယ်မနေရ ရောင်းချ တပ်ဆင်ခိုင်းနေကြောင်း သိရှိရသည်။ “အရင်တစ်ခေါက်တုန်းကလည်း Real time PO နဲ့ Normal PO သိရအောင်ဆိုပြီး RT Software တွေ တပ်ခိုင်းတယ်။ သိန်းရာချီ ဆိုင်တွေက ပေးရတာ။ အခု တစ်ခါ စမတ်ကတ်နဲ့ ဆီရောင်းဖို့ စမတ်ကတ် ဖတ်စက်၊ နည်းပညာနဲ့ Software တွေ တပ်ရမယ်ပြောတယ်။ အရင်တစ်ခေါက်ကတော့ ဒေါက်တာဝင်းမြင့် မြတ်မေတ္တာမွန်က ရောင်းတာ။ အခုလည်း သူပါပဲ။ ဘိုးတော်ကတော့ ထောပြီးရင်ထောပေါ့” ဟု စက်သုံးဆီအသင်း သတင်းရင်းမြစ်က ပြောဆိုသည်။ စက်သုံးဆီများကို စမတ်ကတ်ဖြင့် ရောင်းချမှု စတင်ပါက အမှန်တကယ် မော်တော်ယာဉ်များက အသုံးပြုနေသည့် နေ့စဉ် ဆီပမာဏကို သိရှိမည်ဖြစ်ပြီး တစ်နေ့လျှင် တစ်ကြိမ်သာ ဆီဝယ်ယူနိုင်မည်ဖြစ်ကြောင်း၊ လအနည်းငယ်အတွင်း မော်တော်ယာဉ်အရေအတွက်၏ တစ်နေ့တစ်ကြိမ်သာ ရောင်းချမည့် စက်သုံးဆီပမာဏကို အတိအကျသိရှိကာ စက်သုံးဆီတင်သွင်းမှုကို လိုအပ်သည့်ပမာဏအတိုင်းသာ တင်သွင်းမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီတင်သွင်းမှု…

Read More

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံး ရန်ကုန်၊အောက်တိုဘာ ၁၁ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၇၀ ဦးဝန်းကျင်သေဆုံးပြီး အလင်းဝင်သူနှင့် စစ်သုံ့ပန်း ၁၅၀ ဦး ဖမ်းဆီးရရှိကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်သည်။ ပင်လည်ဘူးမြို့ကို ဩဂုတ်လ ၁၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ကာ အောက်တိုဘာလ ၈ ရက်နေ့တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၇၀ ဦးခန့် သေဆုံးပြီး ၂၇၅ ဦး ပျောက်ဆုံးနေကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂၅ ဦး ထိခိုက်ဒဏ်ရာရကာ ၆၀ ဦးစိုးရိမ်ရကြောင်း၊ အလင်းဝင်လာသူ ၄၈ ဦးနှင့် စစ်သုံ့ပန်း ၁၀၂ ဦး ဖမ်းဆီးရရှိကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သုံးစွဲထားသည်များကိုလည်း တွေ့ရှိရပြီး စစ်တပ်၏ အဓိကအခြေပြုသည့် စခန်းဖြစ်သော ရဲစခန်းအတွင်းမှလည်း ဘိန်းမဲအထုပ် ၁၈ ထုပ်၊ ခမ ၁ ပိဿာထုပ်၊ ဘိန်းဖြူဆပ်ပြာခွက် ၁၃၅၂ ခု၊ ဘိန်းဖြူအထုပ်သေး ၁၂၈၅ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက် အမြောက်အများ၊ ကျောက်စိမ်းတုံး (လက် ကောက်)ဆိုဒ်စုံ ၂၃၄…

Read More