Author: Ka K

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနှစ်ဦး မိခင်အတွက် စိုးရိမ်နေ “မေမေလွတ်လာဖို့ မျှော်လင့်နေတယ်လို့ အစ်ကိုက ကျွန်တော့်ကို ပြောတယ်။” “မေမေက အခု အသက် ၇၉ နှစ်ပါ။ .. အသက်အရွယ်အရရော၊ ထောင်ထဲမှာ သူလိုအပ်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့အခြေအနေမျိုးမှာ ထောင်ထဲမှာပဲ မေမေ သေဆုံးသွားမှာကို ကျွန်တော် အထူးစိုးရိမ်နေမိတယ်။” “မေမေလွတ်တာနဲ့ ကျွန်တော် သွားတွေ့မှာပါ။ မေမေနဲ့အတူ နေချင်သေးတယ်။” နေပြည်တော်မှာ အကျဥ်းချခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်လို့ သားငယ် ကင်မ် အဲရစ် (ခ) ကိုထိန်လင်းနဲ့ သားကြီး အလက်ဇန္ဒား အဲရစ် (ခ) ကိုမြင့်ဆန်းအောင်တို့ဟာ မိခင် အတွက် စိုးရိမ်နေကြောင်း ကိုထိန်လင်းက ဘီဘီစီကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ သတင်းတု JC မဇ္ဈိမ။ ။ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လေဖြန်းပြီး စကားမပီတော့ဘူးဆိုတဲ့ ကောလဟလတွေ ဒီသီတင်းပတ်ထဲမှာ ပျံ့နှံ့နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့မှာ “Zai Lynn” ဖေ့စ်ဘုတ်အကောင့်တခုကနေ အကျဉ်းခန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ထိုင်နေတဲ့ ပုံတူပန်းချီ ရုပ်ပုံပေါ်မှာ “အမေနေမကောင်းပါ လေဖြန်းထားတယ် စကားမပီတော့ပါ” ဆိုတဲ့ စာသားပါဝင်တဲ့ပုံကို စတင်ဖြန့်ဝေခဲ့ပါတယ်။ ဒီပိုစ့်ဟာ ပြန်လည်မျှဝေမှု ၅၇ ခုရှိနေပါတယ်။ နောက်တရက်မှာပဲ “Sweet December” အကောင့်ကနေ ပြန်လည်ကူးယူဖော်ပြထားပြီး ဒီပိုစ့်ဟာတော့ ပြန်လည်မျှဝေမှု ၆၇၇ ခုရှိနေတာပါ။ ပုံထဲမှာ ပါဝင်တဲ့ တစ်တော့ (TikTok) လိပ်စာနဲ့ ရှာဖွေတဲ့အခါမှာ…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂ ကရင်နီရှိ ဘီလူးချောင်းလောပိတရေအားလျှပ်စစ်စက်ရုံများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ ရေအားလျှပ်စစ်စက်ရုံ ၉ ခု မလည်ပတ်နိုင်သဖြင့် တစ်နိုင်ငံဓာတ်အားထုတ်လုပ်မှု အလွန်လျော့နည်းနေပြီး လျှပ်စစ်မီးများ အချိန်ပိုမို ကြာမြင့်စွာ ပြတ်တောက်မည်ဖြစ်ကြောင်း လျှပ်စစ်ဝန်ကြီးဌာနထံမှ သိရှိရသည်။ စက်တင်ဘာလနှင့်အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံမှုများကြောင့် ဘီလူးချောင်းလောပိတ ရေအားလျှပ်စစ်စက်ရုံများ၊ ရွှေလီရေအားလျှပ်စစ်ထုတ်စက်ရုံ၊ ပေါင်းလောင်းရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေအားလျှပ်စစ်ထုတ်လုပ်သည့် စက်များ ရေဝင်ပျက်စီးခြင်း၊ ရေအားလျှပ်စစ်ထုတ်စက်ရုံများတွင် ရေကြီးမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ အဆိုပါ ပျက်စီးမှုများကို ယခုအချိန်အထိ မပြင်ဆင်နိုင်သေးဘဲ ရေအားလျှပ်စစ်ထုတ်လုပ်ရေးလုပ်ငန်းများ ရပ်နားထားရကြောင်း သိရှိရသည်။ “ဘီလူးချောင်း ရေကြီးတော့ လောပိတ ဘီလူးချောင်း ရေအားလျှပ်စစ်ထုတ်တဲ့ စက်ရုံတွေအထိ ရေဝင်တယ်။ ရေတွေကြီးတော့ စက်တွေ အကုန်ပျက်ကုန်တယ်။ ရေဝင်ထားလို့။ အဲဒီလိုပဲ အခြား ရေအားလျှပ်စစ်ထုတ်လုပ်ရေး စက်ရုံတွေလည်း သဘာ၀ဘေးအန္တရာယ်ဖြစ်တဲ့ ရုတ်တရက်ရေကြီးမှုတွေကြောင့် ပျက်စီးမှုတွေ အတော်များပါတယ်။ အဲဒါကြောင့် စက်ရုံတွေက စက်အပြည့် မလည်နိုင်သလို ရေအားက လျှပ်စစ် အပြည့်မထုတ်နိုင်ဘူး။ ပုံမှန် မိုးတွင်းကာလ ဆည်မှာ ရေရရင် ရေအားလျှပ်စစ်ပိုတိုးထွက်ပေမယ့် ဒီနှစ်က သဘာ၀ဘေးကြောင့် ရေအားလျှပ်စစ်စက်ရုံတွေ ပျက်စီးမှုတွေ အများကြီးကြုံရတယ်။ အဲဒါတွေကို ပြင်ဆင်ဖို့ကလည်း အချိန် တိုအတွင်း မပြီးနိုင်ဘူး။ တချို့ စက်ပစ္စည်းတွေက လဲလှယ်မှရမယ့် အခြေအနေမျိုးဖြစ်တော့ ဘတ်ဂျက်တင်ပြစောင့်ရတာမျိုးတွေနဲ့ Process တွေ ကရှိတော့ အလွယ်တကူတော့ မပြင်နိုင်သေးဘူး။ အလှည့်ကျနဲ့ အခု မီးထိန်းပေးနေပေမယ့် မီးပြတ်တာ အချိန်ပိုကြာပါလိမ့်မယ်” ဟု လျှပ်စစ်ဝန်ကြီးဌာနမှ သတင်းရင်းမြစ်က ရှင်းပြသည်။ လက်ရှိ…

Read More

ရန်ကုန်| နိုဝင်ဘာ ၂ ရခိုင်-မြန်မာ တေးသံရှင် မဆုမြတ်ထက်ကို အာဏာသိမ်း စစ်ကောင်စီက ရန်ကုန်တိုင်း မရမ်းကုန်မြို့နယ် စစ်ကြောရေးတွင် စစ်ဆေးပြီးနောက် တာမွေမြို့နယ် ရဲစခန်းတွင် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားကြောင်း စုံစမ်း သိရှိရသည်။ အောက်တိုဘာ ၇ ရက် နေ့လယ် ၁ နာရီတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့ရှိ နေအိမ်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်က ဖမ်းဆီးသွားပြီးနောက် မရမ်းကုန်းမြို့နယ် ၈ မိုင်ရှိ စစ်ကောင်စီ တပ်စခန်း စစ်ကြောရေးတွင် စစ်ဆေးခံခဲ့ရသည်။ လက်ရှိတွင် မဆုမြတ်ထက်ကို ရန်ကုန် တာမွေမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားပြီး ၎င်း၏ ဖုန်းကိုလည်း နေပြည်တော်တွင် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်နေကြာင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “မရမ်းကုန် စစ်ကြောရေးမှာ စစ်ဆေးခဲ့တယ်။ ပြီးတော့ တာမွေရဲစခန်းကို ဒီရက်ပိုင်းမှာ လွှဲလိုက်တယ်။ မဆုမြတ်ထက်ကို မရမ်းကုန်းစစ်ကြောရေးမှာ တစ်ခေါက်စစ်တယ်။ ပြီးတော့ သူမရဲ့ ဖုန်းကို နေပြည်တော်ကို ယူပြီးတော့ စစ်ဆေးနေတယ်လို့ သိရတယ်။ တစ်ခြား ကိစ္စတွေကိုတော့ ထပ်မသိရတော့ဘူး “ဟုပြောသည်။ တေးသံရှင် မဆုမြတ်ထက်ကို စစ်ကောင်စီက အကြမ်းဖက်မှု ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသော်လည်း မည်သည့်ပုဒ်မနှင့် မည်သည့်အတွက်ကြောင့် အမှုဖွင့်ခံရသည်ဆိုသည်ကို သီခြား သိရှိမှု မရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောသည်။ မဆုမြတ်ထက်ကို ဖမ်းဆီးပြီးနောက် ၎င်း၏ အိမ်ထဲဝင်မွှေကာ ဘဏ်စာအုပ်များနှင့် အချို့စာရွက်စာတမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းသွားပြီး သူမ၏ လူမှုကွန်ရက်အကောင့်များကိုလည်း ဝင်ရောက်ရှာဖွေ…

Read More

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်တွင် မြန်မာအမျိုးသမီးများအား တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် လူကုန်ကူးသူများအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၂)ရက်နေ့တွင် ထုတ်ပြန်သည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၂၄)ရက်နေ့က ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား ကောင်းဖိန်းရင်နှင့် မြန်မာအမျိုးသမီးငယ်(၃)ဦးအား ခေါ်ယူစစ်ဆေးရာက အဆိုပါအမျိုးသမီးငယ်(၃)ဦးမှာ လူမှုကွန်ရက် Facebookနှင့် TikTok များကိုအသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်နိုင်ငံသားများနှင့် လက်ထပ်ရန် စည်းရုံးခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရှိရသည်ဟု ဆို သည်။ ၎င်းတို့အပြင် လူကုန်ကူးရန်စည်းရုံးခံထားရသူ အခြားအမျိုးသမီးငယ် (၁၁)ဦးကိုလည်း မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၆၄) ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ လူကုန်ကူးသူများ ငှားရမ်းထားသောနေအိမ်တွင်ပင် စုစည်းထားကြောင်း ထုတ်ဖော်ပြောဆိုသည်ဟု သိရသည်။ အဆိုပါ အမျိုးသမီးငယ်(၁၁)ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်အမျိုးသားများနှင့် လက်ထပ်ရန်အတွက် စည်းရုံးသူ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမား ကိုလည်း ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။ ဒေါ်နန်းဆိုင်ခမ်း(ခ)မားမားသည် ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများနှင့်လက်ထပ်ယူရန် ပို့ဆောင်ပေးခဲ့ပြီးနောက် တရုတ်နိုင်ငံသားနှင့် လက်ထပ်မည့် မိန်းကလေးများ ထပ်မံရှာဖွေရန် Wechat Group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ လူပွဲစား မမေထက်နိုင်ဦး(ခ)မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့အား ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့သည် မန္တလေးမြို့၌ အခြေချနေထိုင်ရန် (၈၆)လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ (၃)ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ် (၆၄)ဒီလမ်း၊ (၁၁၅ x ၁၁၆)လမ်းကြားရှိ နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ…

Read More

ရန်ကုန်၊ နိုဝင်ဘာ ၂ ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိထားကြောင်း AA ၏ ပြောရေးဆိုခွင့်ရှိသည့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း၊ ခမရ ၃၇၃ ၊ ကံ့ကော်တစ်ထောင်ဘုရားစခန်း၊ ပူလောင်တောင်ဘုရားကုန်း ၊ စရဖတပ်၊ အမှတ် ၂ ကုတင် ၃၀၀ စစ်ဆေးရုံ၊ အမှတ် ၈ တိုက်ပွဲဝင်စည်းရုံးရေ သင်တန်းကျောင်း၊ နပခကာကင်းများ၊ အမ်း-မင်းဘူးတောင်ကြားလမ်းရှိ စစ်စခန်းများအားလုံးကို AAက သိမ်းပိုက်ရရှိပြီးနောက် လက်ကျန် စခန်းများနှင့် နပခ ဌာနချုပ်ဝန်းကျင်ရှိ စခန်းများကို ဆက်လက်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရှီရသည်။ ထို့ပြင် မောင်တောရှိ နောက်ဆုံးလက်ကျန် စစ်တပ်စခန်းဖြစ်သော နခခ ၅ ကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း၊ ဂွမြို့နယ်တွင်လည်း စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်လျက်ရှိကြောင်း ၊ တောင်ကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ပြီး စစ်စခန်းများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သိရှိရသည်။ “တောင်ကုတ်မှာ အောက်တိုဘာလ ၃၁ ရက်နေ့မှစ၍ စခန်းသိမ်းတိုက်ပွဲတွေ စတင်ပါတယ်။အမ်းဘက်မှာလည်း စခန်းတွေ သိမ်းပိုက်ရရှိထားပြီး လက်ကျန်စခန်းကို သိမ်းပိုက်ရရှိရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါတယ်။ အမ်း၊ ဂွ၊ တောင်ကုတ်နဲ့ မောင်တောအဓိက…

Read More

▪️ကန်ပိုက်တီဘက်စစ်ရေး ထူးခြားမှုမရှိသေး၊ KIOအနေဖြင့် အထူးဂရုစိုက်နေဟုပြော ▪️ကချင် အထူး​ဒေသ (၁)တွင် ကန်ပိုက်တီ နှင့် ဖီ​မော်မြို့တို့သာ သိမ်းရန်ကျန်ရှိ ထားမြတ်/People’s Spring ကချင်ပြည်နယ် ချီဖွေမြို့နယ် တရုတ် – မြန်မာ နယ်စပ် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(၁၀၀၁) တပ်ရင်းဌာနချုပ်နှင့် ချီဖွေမြို့နယ် ပြည်သူ့စစ်စခန်းအား သိမ်းနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ” BGF အမှတ် (၁၀၀၁)တပ်ရင်းဌာနချုပ်ကို ဒီမနက်ပိုင်းသိမ်းရပြီးမှ လဂွေ ပြည်သူ့စစ်တပ်စခန်းကိုတော့ ဒီညနေ ၁နာရီခွဲ အချိန်လောက်မှာ အပြီးအစီးသိမ်းနိုင်တယ်ဆိုတဲ့ အတည်ပြုချက် အခုမှ ရပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ စစ်ရေးသတင်းမြစ်အချို့က BGF (၁၀၀၁) တပ်ရင်းကို အောက်တိုဘာ ၃၁ရက် ညနေကတည်းက သိမ်းထားနိုင်ခဲ့ကြောင်း ပြောထားသည်။ စခန်းသိမ်းပိုက်နိုင်ပြီးဖြစ်သော်လည်း ထိခိုက်ကျဆုံးနှင့် လက်နက်ခဲယမ်းသိမ်းရမှု အခြေအနေများ မသိရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “မြေပြင်အခြေအနေလို့ ပြောရမှာပေါ့။ သိမ်းဆည်းရမိတဲ့လက်နက်ခဲယမ်း နောက် ဒဏ်ရာရတဲ့ သေဆုံးတဲ့ ဒေတာပိုင်းတော့ ဘာမှ မရဘူး”ဟု ၎င်းက ဆိုသည်။ KIAအနေဖြင့် အောက်တိုဘာအတွင်းက ပန်ဝါဒေသ လုပီရွာအခြေစိုက် BGF(၁၀၀၂)တပ်ရင်းဌာနချုပ်နှင့် ကန်ပိုက်တီဒေသ စင်ကြိုင်ကျေးရွာ အခြေစိုက် (၁၀၀၃)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထားသည်။ KIAသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များကို သိမ်းပိုက်ထားပြီးဖြစ်သည်။ မြန်မာ -တရုတ်နယ်စပ်မြို့များဖြစ်သည့် ကန်ပိုက်တီနှင့် ဖီမော မြို့တို့သာ…

Read More

တောင်ပိုင်းမှာတဲ့နော်.. ငှက်ကင်နဲ့ရတော့မယ် CreditVD မာကျောလှသော စခန်းကုန်းများကို ဖြိုမည့် ဟာကျူလီဒရုန်းအသစ် လာပြီ ဆက်လက်ဖတ်ရှုရန်

Read More

ရန်ကုန်၊ နိုဝင်ဘာ ၁ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက တရားခံများကို ဖမ်းဆီးနိုင်ရေး စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ အနီးရှိ အုန္နဲပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ သေနတ် သမားများ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်လာစဉ် ကျောင်းအောက်ထပ်ရှိ ကိုရင်လေးများနှင့် ကျောင်းစောင့်ဖြစ်သူကို ဝမ်းလျားမှောက်ခိုင်ပြီး ဘုန်းကြီးကျောင်း အပေါ်ထပ်ကိုတက်၍ ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ အနီးကပ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်ခဲ့သော တရားခံများကို အမြန်ဆုံးဖမ်းဆီးနိုင်ရေး မြောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တော်လှန်ရေး တပ်ဖွဲ့ပေါင်းစုံ ပူးပေါင်း၍ စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ “ဘုန်းကြီးအပေါ်ကို နိုင်ငံရေးနဲ့ မသက်ဆိုင်ဘဲ အငြိုးကြီးကြီးနဲ့ ပစ်သတ်သွားတာလို့ ယူဆနေကြတယ်။ ဆရာတော်က တအားတော်တဲ့ ဘုန်းကြီးတစ်ပါး တစ်ရွာလုံးကလည်း ချစ်ခင်လေးစားကြတယ်။ ဆရာတော်က နိုင်ငံရေးနဲ့ မပတ်သက်ဘူး။ တရားကိစ္စတွေပဲ လုပ်တာပါ။ ဆေးခန်းကို လိုက်ပို့နိုင်ခဲ့ပေမယ့် ကျည်ထိမှန်ချက်တွေ များတာကြောင့် အသက်ပါ မလာတော့ဘူးလို့ သိရတယ်။…

Read More