Author: Ka K

ရန်ကုန်၊ အောက်တိုဘာ ၂၂ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေမှာ ဦးမော့သော်လည်း အားနည်းနေဆဲဖြစ်ပြီး တွန်းအားပေးသော်လည်း တိုးတက်မှုမရှိကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် ကမ္ဘာ့ဂုဏ်ယူစရာနိုင်ငံဖြစ်အောင် လုပ်ရမည်ဖြစ်ကြောင်း ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် ကျင်းပပြုလုပ်သော စစ်ကောင်စီ၏ ၇ /၂၀၂၄ တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက်မင်းအောင်လှိုင်က ကိုဗစ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး ကျဆင်းခဲ့သော်လည်း ၎င်းတို့အနေဖြင့် စီးပွားရေး ပြန်လည် ဦးမော့ရေး ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပါားရေးမှာ ပြန်လည် ဦးမော့လာခဲ့ကြောင်း၊ သို့ရာတွင် ဒေသတွင်းနိုင်ငံများနှင့်နှိုင်းယှဉ်ပါက တိုးတက်မှု အားနည်းနေဆဲဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိသော်လည်း ထိုက်သင့်သလောက် တိုးတက်မှု မရှိကြောင်း ၎င်းက ပြောဆိုသည်။ နိုင်ငံ၏ စီးပွားရေးကို စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံ၍ ကုန်ထုတ်ုလပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ကြရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ပြီး ကမ္ဘာပေါ်တွင် စားရေရိက္ခာထတ်လုပ်သည့် နိုင်ငံတစ်ခုအဖြစ် ဂုဏ်ယူနိုင်ရန်လိုကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။ အကြမ်းဖက် မင်းအောင်လှိုင်က နိုင်ငံ၏ စီးပွားရေး ဦးမော့လာသည်ဟု ပြောဆိုသော်လည်း UNDP အပါအဝင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအရ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်နီးပါးသည် ဆင်းရဲမွဲတေမှု မျဉ်းအောက်တွင် နေထိုင်ရကြောင်း၊ နိုင်ငံ့စီးပွားရေး၏ အဓိကအင်အားဖြစ်သော လူလတ်တန်းစား များ ပျောက်ကွယ်နေပြီး…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၂ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် တပ်သားသစ် တစ်သောင်းကျော်ရရှိရေး အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပြီး သင်တန်းဆင်း တပ်သားသစ်များအားလုံးကိုလည်း ရှေ့တန်းစစ်မျက်နှာပြင်များနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယခုနှစ် မေလမှစတင်၍ ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ ကို စတင်ဖွင့်လှစ်ခဲ့ပြီး စတင်ဖွင့်လှစ်ချိန်က အကြမ်းဖက်စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းက လစဉ် စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် လူ ၅၀၀၀ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း လက်တွေ့တွင် လစဉ် စစ်မှုထမ်းအပတ်စဉ် တစ်ခုလျှင် စစ်အင်အားတစ်သောင်း ကျော် ရရှိရေး လုပ်ဆောင်လာခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်း တပ်သားသစ်များအားလုံးကိုလည်း ရှေ့တန်းနှင့် ထိုးစစ်ဆင်ရေးအတွက် အဓိက အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။ “လစဉ် စစ်အင်အားအရေအတွက် တစ်သောင်းကျော်ရဖို့ လုပ်နေတယ်လို့ သိရတယ်။ သင်တန်း ဆင်းအကုန်လုံးကိုလည်း ရှေ့တန်းနဲ့ ထိုးစစ် စစ်ကြောင်းတွေဆီကိုပဲ ပို့နေတယ်။ စစ်အင်အား တစ်သောင်းကျော်ဆိုတာမှာ စစ်မှုထမ်းတွေရော ပြည်သူ့စစ် ပြည်သူ့လုံခြုံရေးတွေရော ၊ စစ်မှုထမ်းဟောင်းတွေရော စုစုပေါင်း အင်အားအရေအတွက်ဖြစ်ပါတယ်”ဟု နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ဆိုသည်။ အကြမ်းဖက်စစ်ကောင်စီက အဓိက စစ်အင်အားများ ဖြည့်တင်းနေသော နေရာများတွင် ရှမ်းမြောက် မိုင်းရယ်နှင့် တန့်ယန်း၊ ပြင်ဦးလွင်နှင့်နောင်ချိုမြို့နယ်၊ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းတောင်၊ ကရင်ပြည်နယ် မြ၀တီမြို့နယ်နှင့်ကော့ကရိတ်၊ဘားအံ၊ ကချင်ပြည်နယ် မြစ်ကြီးနား၊ တနင်္သာရီတိုင်း ထားဝယ်၊ မြိတ်နှင့်လောင်းလုံးမြို့၊ ပဲခူးတိုင်း တောင်ငူမြို့များသို့ သင်တန်းဆင်း စစ်အင်အားများကို…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၂ ရန်ကုန်တိုင်းအတွင်းတွင် ယနေ့ ဒုတိယမြောက်နေ့ အဖြစ် မြို့နယ်အများအပြားတွင် ရေမြုပ်နေပြီး မိုးမှာလည်း အဆက်မပြတ် ရွာသွန်းနေဆဲကာ လမ်းများ ပိတ်ဆို့နေကြောင်း ရန်ကုန်မြို့မှ ပြည်သူများထံမှ သိရှိရသည်။ ယနေ့ အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများအပြားတွင် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် ရေများ ဆက်လက်ကြီးနေပြီး အထူးသဖြင့် ရန်ကုန်လမ်းမကြီးများတွင် ရေလျှံနေခြင်းကြောင့် လမ်းများ ပိတ်ဆို့နေကြောင်း၊ တချို့သော မြို့နယ်များတွင် ရေကြီးသဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များ ပြောင်းရွှေ့မှုများ လုပ်ဆောင်နေရကြောင်း သိရှိရသည်။ “အင်းလျားကန်လည်း ရေပြည့်တော့ ကမ္ဘာအေးဘုရားလမ်းဘက်က မြောင်းတွေက ရေကမဆင်းတော့ဘူး။ ကမ္ဘာအေးဘုရားလမ်း တစ် လျှောက် ရေတွေ အတော်ကို ကြီးနေတယ်။ ကားတွေ ရေနစ်နေတာ ၁၀ စီးလောက်ရှိမယ်။ သမိုင်းဘက်လမ်း ရေကြီးနေတယ်။ ဝေဇယန္တရာလမ်း၊ သစ္စာလမ်း အဲဒီဘက်တွေလည်း ရေတက်တယ်။ အင်းစိန်ပန်းခြံဘက်မှာလည်း ရေရှိတယ်။ ရွာမကျောင်းလမ်းကတော့ ချောင်းရှိတော့ ရေတက်တယ်။ တော်တော်များများ ရေကြီးနေတယ်။ လမ်းတွေပိတ် ကားတွေ သွားမရဘူး” ဟု ရန်ကုန်မြို့မှ တက္ကစီယာဉ်မောင်းတစ်ဦးက ရှင်းပြသည်။ ထို့ပြင် ရွှေပြည်သာမြို့နယ်အတွင်းတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သာဓုကန်(လှော်ကားကန်)၌ ဒီကနေ့ည လက်ရှိရေတက်အမှတ်ထက် ၁ ပေ ထပ်တက်ပါက ရေလွှဲဖောက်ချမည်ဖြစ်ကြောင်း ကျောင်းကုန်းရပ်ကွက်တွင် ညနေပိုင်းက လိုက်လံကြေညာခဲ့ကြောင်း၊ ယမန်နေ့ညပိုင်းအထိ အမှတ် ၂၇ ရပ်ကွက်၊ စမ်းချောင်းလေးရွာ၊ စမ်းချောင်းကြီးရွာ၊ စမ်းကရင်ရွာနှင့် အခြားရပ်ကွက် အနိမ့်ပိုင်းများ၌ ရေဝင်နစ်မြုပ်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ရွှေပြည်သာ…

Read More

မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၁ မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့ပြီး အသက် ၁ နှစ်ကျော်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း Wetlet Informational Networkက တာဝန်ခံ ကိုနဂါးလေးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီ ၇ မိနစ်၊ ၁၄ မိနစ်၊ ၄၈ မိနစ်နှင့် ၆ နာရီ ၂၆ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လားသည့် J-fighter ၁ စီး ၊ တံတားဦးမှ တက်လာသည့် J-Fighter ၃ စီး နှင့် Mi-35 ၂ စီး တို့ဖြင့် ဧရာဝတီ မြစ်ကမ်းတလျှောက်ရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “မတ္တရာမြို့နယ် အနောက်ခြမ်းမှာရှိတဲ့ ဧရာဝတီ မြစ်ကမ်းတလျှောက်က ရွာတွေကို ပထမအကြိမ် တံတားဦးတက်လာတဲ့ J-Fighter ၁ စီးဖြင့် ၄ နာရီ ၇ မိနစ်မှာ လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့တယ်။ ဒုတိယအကြိမ်ကတော့ တံတားဦးက တက်လာတဲ့ Mi-35…

Read More

ရန်ကုန်၊ အောက်တိုဘာ ၂၁ ကချင်ပြည်နယ်၊ ကန်ပိုက်တီးမြို့နှင့် ၇ မိုင်အကွာရှိ အမှတ် ၁၀၀၃ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၅ နာရီအချိန် ကန်ပိုင်တီးမြို့နှင့် ၇-မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ်-၁၀၀၃ BGF ဌာနချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့များအပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ထို့ပြင် အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်း KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်လိုက်သော ပန်ဝါမြို့မှ လက်နက်ကြီးငယ် ၅၀၀ ကျော်နှင့် ခဲယမ်းများ ရေတွက်မကုန်နိုင်အောင် ရရှိထားကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ “လက်နက်ကြီးငယ်က ၅၀၀ ကျော်တယ်။ ခဲယမ်းတွေကတော့ ရေတွက်လို့ကို မကုန်ဘူး။ များချက်က ရက်စက်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီက လက်ရှိတွင် ကန်ပိုက်တီးမြို့တွင် လက်နက်ခဲယမ်းနှင့်စစ်အင်အားတချို့ ဖြည့်တင်းနေကြောင်း သိရှိရသည်။ တရုတ် – မြန်မာနယ်စပ် ကန်ပိုက်တည်ဒေသရှိ နယ်ခြားစောင့်တပ် (၁၀၀၃)ဌာနချုပ်ကို KIA သိမ်းပိုက် ▪️ကန်ပိုက်တည်မြို့ရှိ ခလရ(၁၅)စခန်းကိုလည်း သိမ်းပိုက်ပြီးဟုဆို တရုတ် – မြန်မာနယ်စပ်မြို့ ကန်ပိုက်တည်ဒေသရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် – BGF (၁၀၀၃)တပ်ရင်းကို ယနေ့ ညနေပိုင်းတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ အောက်တိုဘာတတိယပတ်အတွင်းက…

Read More

“ဒီနေ့စပြီ..မုန်တိုင်းမိုးတွေ ထပ်ကြမ်းတော့မယ်ရန်ကုန်အပါအဝငိပြည်နယ်နဲ့တိုင်း 12ခု….” လေဖိအားနည်းရပ်ဝန်း 98B INVEST update အောက်တိုဘာ ၂၁ ရက် နံနက် ၀၁:၀၀ နာရီ ==== 🔸 အောက်တိုဘာ ၂၁ ရက် နံနက် ၁ နာရီမှာ ကပ္ပလီပင်လယ်မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းကို ပို့ဘလဲယားနဲ့ ကိုကိုးကျွန်းကြားမှ ဖြတ်သန်းဝင်ရောက်သွားပြီဖြစ်ကြောင်း GFS Model ရဲ့ နောက်ဆုံးရတဲ့ update မှာတွေ့ရပါတယ်။ 🔸 ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အလယ်ပိုင်းပင်လယ်ပြင်မှာ မြောက်ဘက်ကို ကနဦးရွေ့လျားပြီး အနောက်-အနောက်မြောက်ယွန်းယွန်းကို ဆက်လက်ရွေ့လျားကာ အောက်တိုဘာ ၂၂ ရက် ည ပိုင်းမှာ အမည်ရဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)ဖြစ်လာနိုင်မယ်လို့ တွေ့ရပါတယ်။ 🔸 အဲ့ဒီကမှ – အနောက်မြောက်ဘက်ကို ချိုးကွေ့ရွေ့လျားပြီး အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီမှာ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာနိုင်ကြောင်း၊ ဆက်လက်၍ မြောက်-အနောက်မြောက်ကိုဆက်လက်ဦးတည်ရွေ့လျားပြီး အောက်တိုဘာ ၂၄ ရက် နံနက် ၉ နာရီခန့်မှာ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေအနီးကို ချဉ်းကပ်ရောက်ရှိမယ်လို့ တွေ့ရပါတယ်။ 🔸 အောက်တိုဘာ ၂၄ ရက် ညနေပိုင်းက စ ပြီး အောက်တိုဘာ ၂၅ ရက် နံနက်ပိုင်းအထိ အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် – အနောက်ဘင်္ဂလားပြည်နယ်ကမ်းခြေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်အနီးက ကမ်းခြေကိုကျော်ဖြတ်ဝင်ရောက်ကာ ကုန်းတွင်းမှာတဖြည်းဖြည်းအားပျော့ပျက်ပြယ်သွားမယ်လို့ နောက်ဆုံးရ NOAA ရဲ့ GFS ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။…

Read More

ပန်ဝါမြို့ကို KIA သိမ်း၊ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ကာ နယ်စပ်တွင် လုံခြုံရေးယူထား ကချင်ပြည်နယ် ပန်ဝါမြို့ကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက် တရုတ်-မြန်မာနယ်စပ်တွင်လည်း လုံခြုံရေးယူထားပြီး တရုတ်ဘက်ကလည်း ဂိတ်ပိတ်ချထားကြောင်း ဒေသခံများထံမှ သိရသည်။ ၂၀၂၄ခုနှစ် အောက်တိုဘာလ (၁၈)ရက်နေ့ ညနေပိုင်းတွင် ပန်ဝါမြို့တွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် နယ်ခြားစောင့်တပ်စခန်းများကို KIA ပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် မြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ “တိုက်ပွဲဖြစ်တော့ ဒေသခံတွေ တရုတ်ဘက်ကို တိမ်းရှောင်တာ တရုတ်ဘက်က ဂိတ်ပိတ်ထားလို့ လူဦးရေ ထောင်ချီပြီး ဂိတ်မှာပိတ်မိနေတာ။ ညပိုင်းရောက်တော့ KIA က မြို့ကို အပြီးသိမ်းပြီး တရုတ်-မြန်မာနယ်စပ်ဂိတ်အနားအထိ လုံခြုံရေးလာယူထားတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ KIA ပူးပေါင်းတပ်များ တိုက်ခိုက်မှုအတွင်း ပြည်သူ့စစ်နှင့် စစ်ကောင်စီတပ်သားများ အရပ်ဝတ်များဖြင့် တရုတ်ဘက်သို့ ထွက်ပြေးရာ KIA က နယ်စပ်တွင် ဖမ်းဆီးရရှိခြင်းများပင်ရှိခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ စခုန်တိန့်ယိန်း၏ နေအိမ်ကိုလည်း KIA က သိမ်းလိုက်ပြီဟု သိရသည်။ “ည (၁၂)နာရီလောက်မှာပဲ မြို့ထဲကို KIA က နေရာဝင်ယူလိုက်တာ။ စစ်ကောင်စီတပ်သားတွေက မရှိတော့ဘူး။ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်။ ဖမ်းမိတာတွေလည်းရှိတယ်။”ဟု စစ်ရေးသတင်းအရင်းအမြစ် က Tachileik News Agency ကိုပြောသည်။ ပန်ဝါမြို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ) လှုပ်ရှားစစ် ဗျူဟာမှူး ရဲခေါင်မှာ…

Read More